Sport

Black list ထဲ ထည့်သွင်းခံရတဲ့ ရက်ဖို့ ကစားသမား ၂ ယောက် ခေါ်ယူလိုက်တဲ့ အကြောင်း အပါအဝင် မနက်ခင်း သတင်းတိုများ

UNICODE

Black list ထဲ ထည့်သွင်းခံရတဲ့ ရက်ဖို့ ကစားသမား ၂ ယောက် ခေါ်ယူလိုက်တဲ့ အကြောင်း အပါအဝင် မနက်ခင်း သတင်းတိုများ

-ယူနိုက်တက်အသင်းသည် အသက်(15)နှစ်အရွယ် ဂိုးသမား Tom Wooster ကို ဘန်စလေ အသင်းမှခေါ်ယူခဲ့ပြီး အသက်(15)နှစ်အရွယ်နောက်ခံလူ Jack Kingdon ကို လည်းမော်ရီကန်ဘီ အသင်းမှ ခေါ်ယူလိုက် ကြောင်းသိရသည်။

-လွန်ခဲ့သည့် (1992) ခုနှစ် ဒိလိုနေ့မျိုးတွင် ဂန္တဝင် ကစားသမား အဲရစ်ကန်တိုနာသည် ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ခဲ့သည့်နေ့တစ်နေ့ဖြစ်သည်။

-ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ကို ချီးမြှင့်ခြင်းခံထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးလောကရဲ့ ထိပ်တန်းလူမည်းပုဂ္ဂိုလ်များစာရင်းဖြစ်တဲ့ Football Black List မှာ ထည့်သွင်းဂုဏ်ပြုခံခဲ့ရ‌ကြောင်းသိရပါသည်။


– နယ်သာလန်နောက်ခံလူ တီမိုသီ ဖိုဆူမန်ဆင်ကို ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖို့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေ ဆုံးဖြတ်ထားကြောင်းသိရပါသည်။

– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်သင့်ကြောင်း ပေါလ်စခိုလကဆိုခဲ့ပြီး သူ့ရဲ့ ဂိုးကို ကျောပေးကစားပုံတွေဟာ ဆိုးရွားပြီး အခွင့်အရေးတွေကို အသုံးချမှုမှာလည်း တွေဝေနေသည်ဟုဆိုပါတယ်။

Diego Maradona: :အကယ်၍ မန်ယူနိုက်တတ်ကများနည်းပြတစ်ဦးလိုအပ်လို့ရှိရင် နည်းပြအဖြစ်နဲ့ကျနော်လုပ်ပေးနိုင်ပါတယ်။
သူတို့ကကမ္ဘာတလွှားမှာ သူတို့အသင်းရဲ့ရှပ်အကျီတွေအများကြီးရောင်းကြရတယ်။ဒါပေမဲ့ သူတို့ဆုဖလားတွေလဲယူဖို့လိုအပ်ပါတယ်။ကျနော်သူတို့အတွက်အလုပ်လုပ်ပေးနိုင်ပါတယ်။

လွန်ခဲ့သော ၁နှစ်ခန့်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
Rip Legend ???

-ယနေ့ ဟာ ယူနိုက်တက်ရဲ့ညာနောက်ခံလူ ဝမ်ဘစ် ဆာကာရဲ့ အသက် (23) နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိ ရပါတယ်။ မွေးနေ့မှာပျော်ရွှင်ပါစေ။
HAPPY BIRTHDAY TO AARON! ❤

 

-ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် BBC သတင်း ဌာနမှပေးအပ်မည့် (2020) Sport Personality ဆုကို ရရှိခဲ့ကြောင်းသိရသည်။ ယင်းဆုကို လမည့်လ၌ ချီးမြှင့် သွားမည်ဖြစ်ပြီး အထူးသဖြင့် (2020) ခုနှစ်အတွင်း ရပ်ရှ်ဖို့ဒ်၏ ကလေးသူငယ်များအတွက် အစားအစာလုံလောက်ရေး လုံ့ဆော်ချက်ကြောင့် ယင်းဆုကိုရရှိခဲ့ ခြင်းပင်ဖြစ်ကြောင်း သိရသည်။
#MUFF

ZAWGYI







– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်သင့်ကြောင်း ပေါလ်စခိုလကဆိုခဲ့ပြီး သူ့ရဲ့ ဂိုးကို ကျောပေးကစားပုံတွေဟာ ဆိုးရွားပြီး အခွင့်အရေးတွေကို အသုံးချမှုမှာလည်း တွေဝေနေသညျ ဆိုပါတယ်။


Rip Legend ???


 

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X