Sport
ပရိတ်သတ်တေ အံ့အားသင့် ခဲ့ရတဲ့ လင်ဒီလောဒ့်ရဲ့ စွမ်းရည် အသစ်
UNICIDE
ပရိတ်သတ်တေ အံ့အားသင့် ခဲ့ရတဲ့ လင်ဒီလောဒ့်ရဲ့ စွမ်းရည် အသစ်
မန်ချက်စတာယူနိုက်တတ် အသင်းရဲ့ နောက်ခံလူ ဖြစ်သူ ဗစ်တာလင်ဒီလောဒ့် ဟာ အစ္စတန်ဘူလ်အသင်း နဲ့ ပွဲစဉ်မှာ တတိယမြောက်သွင်း ဂိုးကို ရရှိဖို့ အတွက် ရက်ဖို့ ရဲ့ ပင်နယ်တီကို ဖန်တီးပေးခဲ့ သူဖြစ်ပါတယ်။
အဆိုပါ ပွဲစဉ်ရဲ့ မိနစ် ၃၀ မှာ ယူနိုက်တတ် အသင်းက ၂ ဂိုးပြတ် နဲ့ ဦးဆောင် နေခဲ့ပြီး ယူနိုက်တတ် နောက်ခံလူ လင်ဒီလောဒ် ဟာ မိမိတို့ အသင်းရဲ့ ဧရိယာ Box ထဲ မှ နေပြီး တော့ ကွင်းလည်စည်း တစ်၀က်မှာ ရှိတဲ့ ရက်ဖို့ ရဲ့ ပြေး လမ်းကြောင်း ဆီသို့ တိတိကျကျ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ဘောလုံးကို ရက်ဖို့ က တစ်ဖက် အသင်းရဲ့ ပင်နယ်တီ ဧရိယာထဲ အထိ အပြင်းအထန် ဆွဲသွင်း ယူခဲ့ပြီး နောက် တဖက်အသင်းရဲ့ ပြစ်ဒဏ်ကို ကျူးလွန်ခံရပြီး ပင်နယ်တီ ရရှိခဲ့တာ ဖြစ်ပါတယ်။အဆိုပါ လင်ဒီလောဒ့် ရဲ့ ဖြတ်တင်ဘော ပေးပို့ မှု နဲ့ပါတ်သတ်ပြီး ယူနိုက်တတ် အသင်းရဲ့ ပရိတ်သတ်များက လင်ဒီလောဒ် ကို ဝိုင်း၀န်း ချီးကျူး နေကြတာ ဖြစ်ပါတယ်။
MaX MUFC ဆိုတဲ့ တစ်ယောက် က
ကျနော် ဒီရာသီ တွေ့ဖူးသမျှ အကောင်းဆုံး ပထမ ပိုင်း ပါဘဲ။ တစ်ချက်ထိ တိုက်စစ် ဆင်မှု တေက ဟိုအရင်နှစ်တေက မြင်တွေ့ခဲ့ ဖူးတဲ့ ယူနိုက်တတ် လိုပါဘဲ။‌
လင်ဒီလောဒ် ရဲ့ ရက်ဖို့ ဆီ ဖြတ်တင် ပေးပို့မှု က ရင်သပ်ရှုမောစရာပါ ၊ဒုတိယပိုင်းလည်း ဒါမျိုးလေးမြင်ခြင်ပါသေးတယ် လို့ Tweet လုပ်သွားခဲ့ပါတယ်။
Timharmer ဆိုတဲ့ တစ်ယောက် ကတော့ ဒီပေးပို့မှု အတွက် လင်ဒီလောဒ့်ကို အလေးပြု လိုက်ကြရအောင်လို့ ဆိုသွားခဲ့ပြီး
Naldo ဆိုတဲ့ တစ်ယောက် ကတော့ လုံး၀ Sexy Pass လို့ ရေးသားသွားခဲ့ ပါတယ်။
ပရိတ်သတ်တစ်ယောက် ကတော့ ဒီ Pass ကို လုပ်တာ လင်ဒီလောဒ် မှ ဟုတ်ရဲ့ လားလို့ ဆိုခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ယူနိုက်တတ် တို့ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီ ဒုတိယပိုင်းတွင် လင်ဒီလောဒ်နဲ့ ၀မ်ဘစ်စာကာ တို့ မှာ ဒါဏ်ရာ ပြဿနာ အသီးသီးရရှိခဲ့ကြ ကြောင်း ပွဲအပြီး မှာ ဆိုလ်းရှား က အတည်ပြု သွားခဲ့ ပါသည်။
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X