Sport

ပင်နယ်တီ ပေးကန်ခြင်းအပေါ် ပရိတ်သတ်အကြိုက်စကားနဲ့ဖြေကြားသွားတဲ့ Fernandes ရဲ့ပြောစကား


ZAWGYI






 


#muff

UNICODE

 

ပင်နယ်တီ ပေးကန်ခြင်းအပေါ် ပရိတ်သတ်အကြိုက်စကားနဲ့ဖြေကြားသွားတဲ့ Fernandes ရဲ့ပြောစကား

ယနေ့ည မန်ချက်စတာယူနိုက်တတ် ၄-၁
အစ္စတန်ဘူလ် ပွဲစဉ်တွင် ယူနိုက်တတ် အသင်းမှ ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်သည် ပွဲချိန် (၇) မိနစ် နှင့် (၁၅) မိနစ် တို့ မှာ (၂) ဂိုးဆက် သွင်း ယူပြီး
နောက် ပွဲချိန် ၃၉ မိနစ် မှာတော့ ယူနိုက်တတ် တို့ ပယ်နယ်တီ အခွင့် အရေး ရရှိခဲ့ပါတယ်။ သို့ပေမယ့် အားလုံးက ဖာနန်ဒက်ပင်နယ်တီကန်မယ် ထင်ခဲ့ပေမယ့် နောက် ဆုံးမှာ ရက်ဖို့ က ပင်နယ်တီ ကို အဆုံးသတ်သွားခဲ့ပါတယ်။

အဆိုပါပွဲမှာ ပယ်နယ်တီကို မကန်ရတဲ့ အကြောင်းနဲ့ ပါတ်သတ်ပြီး ဖာနန်ဒက်က

” ကစားသမားတိုင်းဟာ Hat-Trickရယူလိုချင်ကြပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ပင်နယ်တီကန်ပြီးကတည်းက ကျတော် ကတိပြုထားပါတယ် နောက်တစ်ကြိမ်ပင်နယ်တီရတဲ့အခါ Rashyကို ပေးကန်မယ်ဆိုတဲ့အကြောင်းပေါ့ ဒါကြောင့် ခု ပင်နယ်တီ ရချိန်မှာ ကျတော် ဒါကို သတိရမိခဲ့ပါတယ်

ခုဆို သူဟာ ချန်ပီယံလိဂ်ဂိုးသွင်းဇယားရဲ့ ထိပ်ပိုင်းနားမှာ ရှိနေပြီး ဒါဟာ သူ့ကို ယုံကြည်မှု ပိုတိုးလာစေပါတယ် အဓိကက အသင်းဂိုး ရဖို့ပါပဲ ဘယ်သူဂိုးသွင်းစေချင်တယ်ဆိုတဲ့ အစွဲမျိုး ကျတော့်မှာ မရှိပါဘူး

ပင်နယ်တီတွေကိုဘယ်သူကန်ကန်အရေးမကြီးပါဘူး။ အရေးကြီးတာဝင်အောင်ကန်ဖို့ပဲ။ ဒါကြောင့် အသင်းဂိုးသွင်းနိုင်ရင် ကျနော်ဂိုးသွင်းနိုင်တာနဲ့အတူတူပဲပေါ့

ခုဆို အုပ်စုကို ကျတော်တို့ ဆက်လက်ဦးဆောင်ထားဆဲပါ

ဒါပေမယ့် နောက်ထပ် အမှတ်လိုနေသေးတာကြောင့် ကောင်းကောင်းအနားယူလို့ မဖြစ်သေးပါဘူး” ဟုပြောကြားသွားခဲ့တယ်။

#muff

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X