Uncategorized

အမုန်းဂိုးသွင်းပြီး လက်စားချေလိုက်တဲ့ မန်ချက်စတာယူနိုက်တတ် ၄-၁ အစ္စတန်ဘူလ် ပွဲပြီး သုံးသပ်ချက် အပြည့်စုံ

 


 

ZAWGYI

 


 


 


 


ဂိုးသမားအဖြစ်

ဒီဂီယာ

နောက်တန်းတွင်

ဘစ်စာကာ
လင်ဒီလောဒ့်
မက်ဂွားယား
တဲလက်စ်

အလယ်တွင်

ဖာနန်ဒက်
ဗန်ဒီဘီ
ဖရက်


မာရှယ်
ကာဗာနီ နှင့်

 






 



 



#muf

မန်ချက်စတာ ယူနိုက်တတ် ၃-၁ အစ္စတန်ဘူလ် ပွဲအပြီး သုံးသပ် ချက် အပြည့် အစုံ

 

UNICODE
မန်ချက်စတာယူနိုင်တတ် အသင်းနှင့် လက်ရှိတွင် ယူနိုက်တတ် အသင်း၏ အချစ်တော် ကစားသမားဟောင်း
ရာဖေလ်း ကစားလျက်ရှိနေသည့်

 

တူရကီ ကလပ် အစ္စတန်ဘူလ် အသင်းတို့ သည် ယနေ့မနက် (၂:၃၀) အချိန်တွင် မန်ချက်စတာ ယူနိုက်တတ် အသင်း၏

 

အိုးထရက်ဖိုဒ် ကွင်းအတွင်း၌ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၄) အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ ကြပါသည်။

 

အဆိုပါ ပွဲစဉ်မှာ အစ္စတန်ဘူလ်အသင်းကလည်း မိမိတို့ အသင်းအမှတ်ရရှိရေး အတွက် အစွမ်းကုန် ကြိုးစားကစားသွားခဲ့ပါတယ်။

 

United အသင်းမှ ပွဲထွက် ကစားသမား များ အဖြစ်

ဂိုးသမားအဖြစ်

ဒီဂီယာ

နောက်တန်းတွင်

ဘစ်စာကာ
လင်ဒီလောဒ့်
မက်ဂွားယား
တဲလက်စ်

အလယ်တွင်

ဖာနန်ဒက်
ဗန်ဒီဘီ
ဖရက်

တိုက်စစ် ကစားသမားများ အဖြစ်

မာရှယ်
ကာဗာနီ နှင့်
ရက်ဖို့တို့ က ပွဲထွက် ပါ၀င်လာခဲ့ပါတယ်။

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တတ် အသင်း က ၄-၁ ဂိုး ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

United အသင်းရဲ့ သွင်း ဂိုးများ ဖာနန်ဒက် ( ၂ ) ဂိုး၊ရက်ဖို့ (ပင်) (၁) ဂိုး၊ ဂျိမ်း(၁)တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်းဘရူနို ဖာနန်ဒက်စ် က ရရှိသွားပါတယ်။

ပထမပိုင်း ပွဲကစားချိန်အတွင်း မှာ ယူနိုက်တတ် အသင်းက ဧည့်သည် အစ္စတန်လ်ဘူ အသင်းကို (၃-၀) ဖြင့် ဦးဆောင်ထားတာဖြစ်ပါတယ်။

ယူနိုက်တတ် အသင်းမှ ပွဲစကတည်း က ဖိအားပေးတိုက်စစ် ဆင်သွားပြီး ဦးဆောင်ဂိုး ကို တော့ ပွဲကစား
ချိန် (၇) မိနစ်မှာ ကွင်းလယ်လူ ဖာနန်ဒက် က တဲလက်စ်ရဲ့ ဒေါင့် ကန်ဘောမှ တစ်ဆင့် လျံကျလာတဲ့ ဘောလုံးကို Rocket ကစ်နဲ့ လှလှ ပပ သွင်းယူသွားပေးခဲ့တာ ဘဲဖြစ်ပါတယ်။

ပထမ ဂိုး သွင်းယူပြီး မကြာမှီမှာ ဘဲ ပွဲချိန် (၁၉) မိနစ်မှာ လည်း ဖာနန်ဒက်ကဘဲ တဲလက်ရဲ့ ဖြတ်တင်ဘောကို ဂိုးသမားဖမ်းရာ မသေသတ်ရာ ကနေ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်အသင်းပလည်း တိုက်စစ် ပြန်ဖွင့် လာခဲ့တဲ့ အလျောက် ယူနိုက်တတ် ဘက် မှလည်း ‌ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရရှိခဲ့ပါတယ်။

ရက်ဖို့ရဲ့ သွင်းဂိုးတစ်ဂိုးကလည်း လူကျွံနေတာ ကြောင့် ပယ်ဖျက် ခံခဲ့ရပီး မကြာခင် ပွဲကစားချိန် (၃၅) မိနစ်
မှာတော့ ရက်ဖို့ရဲ့ တစ်ကိုယ်တော် ထိုးဖေါက်မှုကနေ ပင်နယ်တီရရှိခဲ့ပါတယ်။အဆိုပါ ပင်နယ်တီကို ဖာနန်ဒက် ကန်မယ် လို့ အားလုံးက ထင်ခဲ့ပေမယ် ရက်ဖို့ ကအဆုံး သတ်ပေး ခဲ့ပြီး တတိယ ဂိုးကို ရယူသွားခဲ့ပါတယ်။

 

ယူနိုက်တတ် အသင်းရဲ့ လူစာရင်းက ဒီကနေ့ ပွဲမှာ ပရိတ်သတ် အကြိုက်ဖြစ်သည့်အလျောက် ကစားသမား များကလည်း ကိုယ့်တာ၀န်ကိုယ်ကျေအောင်ကစားနိုင်ခဲ့ကြပြီး တကယ်ကို ကောင်းမွန်တဲ့ ကစားဟန်နဲ့ အတူ ပထမပိုင်း ပြီး ဆုံးသွားခဲ့ပါတယ်။

ဒုတိယ ပိုင်း ပြန်စချိန်မှာတော့ လင်ဒီလောဒ့်အစား တွမ်ဇွန်ဘီ က အစား၀င်လာခဲ့ပြီး ပွဲကစားချိန် ၅၈ မိနစ် မှာတော့ ရက်ဖို့၊ဖာနန်ဒက်၊ဘစ်စာကာတို့ အစား ဂရင်းဝုဒ်၊ဒန်နီရယ်ဂျိမ်း၊ ဝီလီယံ တို့ ၀င်ရောက် လာခဲ့ပါတယ်။ တဲလက်စ်ရဲ့ ဖြတ်တင်ဘောတေ က‌ဒီပွဲမှာ ရှယ်ကောင်းခဲ့ပြီး တော့ ပထမသွင်း ဂိုး (၂) ဂိုးစလုံးကလည်း သူ့ရဲ့ ဖြတ်တင်ဘောတေ ကရရှိခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်း မှာလည်း သူ့ဖြတ်တင်ဘောတေ ကနေ ဂိုးရဖို့ အခွင့်အရေးတေ ရရှိခဲ့ပြီး တစ်ဖက် နောက်တန်းကောင်းမွန်မှု ကြောင့် သာ ယူနိုက်တတ် တို့ နစ်နာ ခဲ့ရတာ ဖြစ်ပါတယ်။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်စစ် ဆင်ရင်းပွဲကစားချိန် (၇၅) မိနစ်မှာတော့ ယူနိုက်တတ်တို့ ပြစ်ဒဏ်ဘောကနေ တစ်ဆင့်ခြေပ ဂိုးတစ်ဂိုး ပြန်လည်ခွင့်ပြုပေး လိုက်ကပါတယ်။ ယူနိုက်တတိ ဘက်ကလည်း ခံစစ်ကို ပိုမို တည်ငြိမ်စေဖို့ မာရှယ်ကို ထုတ်ပြီး မာတစ်ကို ထည့်ကာ ပွဲကို ထိန်းကစားသွားပြီး ပွဲပြီး ခါနီး 3 မိနစ် အလို မှာတော့ ဂျိမ်းက တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ယူနိုက်တတ် အတွက် သွင်းဂိုး တစ်ဂိုး ထပ်မံ ရယူပေးခဲ့ ကာ 4-1 ဂိုးဖြင့် ပွဲပြီး ဆုံးသွားခဲ့ပါတယ်။

#muf

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X