Sport

အိုးထရက်ဖို့ဒ် ကို ပြန်လာကတဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ရင်ဖွင့်သွားခဲ့တဲ့ ရာဖေလ်း








#muff

အိုးထရက်ဖို့ဒ် ကို ပြန်လာကတဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ရင်ဖွင့်သွားခဲ့တဲ့ ရာဖေလ်း

ရာဖေလ်းဆိုတဲ့ ဘရားဇီးသားလေးဟာ ကျနော် တို့ လို မန်ချက်စတာ ယူနိုက်တတ် အမာခံပရိတ်သတ်တေ အတွက် လုံး၀ မေ့ပျောက်လို့ မရတဲ့ ကစားသမားလေးတစ်ဦးပါ။သူ့ရဲ့ စိတ်ဓါတ်ပြင်းထန်ပုံတေ တွန်းတွန်းတိုက်တိုက်ကစားဟန်တေ ဆိုတာ ကလည်း ရာဖေလ်း ကို ကျနော် တို့ အားလုံး သဘော ကျ ခဲ့ရတဲ့ အကြောင်း အရင်း ဖြစ်မယ် ဆိုရင် မမှားလောက်ပါဖူး။ အရှုံးမပေးလိုစိတ် အများနဲ့ တစ်ယောက်ကြားဖြစ်နေရင်တောင် သရဲနီဆန်တဲ့ရဲရင့် တဲ့ စိတ်တေ ကြောင့် တကယ်ကို မန်ချက်စတာယူနိုက်တတ်ပရိတ်သတ်တိုင်းရဲ့ ၁၀၀% အသဲကျော်ဖြစ်ခဲ့ သူ ဆိုရင် လည်း မှားမယ် မထင်ပါဖူး။
အခုချိန်မှာတော့ အသက်သုံးဆယ် ရှိနေပြီ ဖြစ်တဲ့ ရာဖေလ်းဟာ ပထမဆုံးအကြိမ်အဖြစ် တူရကီကလပ် အစ္စတန်ဘူလ် အသင်းနှင့် အတူ သူအချစ်ဆုံး အသင်းဖြစ် တဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းကို


အိမ်ကွင်း အိုးထရက်ဖိုဒ့် ကွင်းထဲမှာ ပြိုင်ဘက် အဖြစ် ပထမဆုံးအကြိမ် ရင်ဆိုင်သွားရတော့ မှာဘဲ ဖြစ်ပါတယ်။ဒီလို ရင်ဆိုင်ရမည့် အပေါ် ရာဖေလ်းက မည့်သို့မည်မျှ စိတ်လှုပ်ရှားနေရ ကြောင်း ကို အောက်ပါ အတိုင်းရင်ဖွင့် သွားခဲ့ပါတယ်။

 

ရာဖေလ်း “ကျနော် Old Trafford ကို ပြန်လာရတဲ့ ခံစားချက်က တော့ပြောမပြတတ်အောင်ပါပဲဗျာ။ကျတော့ရဲ့ မက်ခဲ့ရတဲ့ အိမ်မက်တွေ တကယ်ဖြစ်ခဲ့တဲ့ ကျတော်ဘ၀ရဲ့ အချစ်ဆုံးဖြစ်တဲ့ ပျော်စရာကောင်းခဲ့တဲ့ ဒီနေရာ ကို နောက်တစ်ကြိမ် ထပ်ခြေချမိလိုက်ရတာ တကယ် အမေးဇင်း ပါဘဲဗျာ

Twitter,IG တို့မှာလည်း စာတွေ အများကြီး ရခဲ့တယ် ဒါတွေကို ဖတ်ပြီး ကျတော် ကျေနပ်မိပါတယ် ဒီအတွက် United ဖန်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ကျတော်ဟာ Manchester United ရဲ့ Supporterတစ်​ယောက်ပါ အရင်တုန်းက လို့ ပြောတာ မဟုတ်ဘူးနော် ထာဝရအတွက် ပြောတာပါ။”လို့ ပြောကြားသွားခဲ့ တာပဲ ဖြစ်ပါတယ်။

ထို့ပြင်မန်ချက်စတာ ယူနိုက်တတ် နည်းပြ ဖြစ်သူ ဆိုလ်းရှားမှ “ရာဖေးလ်လို ကစားသမားမျိုးကိုလက်လွှတ်လိုက်တာဟာ အင်မတန်မှ နစ်နာမိပါတယ် ဒါမျိုးဖြစ်ရတဲ့ အကြောင်းကတော့ သူဟာအသင်းအတွက် တန်ဖိုးအရမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါ တယ်။ ဒါနဲ့ သူဟာအသင်းရဲ့လူစာရင်းထဲမှာ စိတ်ဓာတ်အရမ်း မိုက်တဲ့ ကစားသမားလည်းဖြစ်ခဲ့တယ်။ သူက ယူနိုက်တက်ရဲ့ သရဲနီ DNA ရှိတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ဒါ ကြောင့်မို့ သူနဲ့ပတ်သတ်လာရင် ကျွန်တော်တို့အင်မတန် မှ ခံစားရပါတယ်” ဟုပြောကြားသွားခဲ့ပါသည်

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X