Sport
ရာဖေးလ်လို ကစားသမားမျိုးကိုလက်လွှတ်လိုက်တာဟာ အင်မတန်မှ နစ်နာမိပါတယ်-ဆိုးလ်ရှား
WITH ZAWGYYI
#muff
WITH UNICODE
ရာဖေးလ်လို ကစားသမားမျိုးကိုလက်လွှတ်လိုက်တာဟာ အင်မတန်မှ နစ်နာမိပါတယ် ဆိုးလ်ရှား
ရာဖေလ်းဆိုသည့်ကစားသမားမှာ ယူနိုက်တတ်ရဲ့ သမိုင်းမှာ ပရိတ်သတ်တိုင်းရဲ့ အချစ်တော် ဖြစ်ခဲ့ဖူးသူ ‌လူကောင်သေးသေးကွေးကွေးနဲ့ သရဲနီစိတ်ဓါတ်အပြည့် ရှိသူ ဘရာဇီးကစားသမား‌တစ်ယောက်ဖြစ်ပါတယ်။မန်ချက်စတာ ယူနိုက်တတ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ လူးဝစ်ဗန်ဟားရဲ့ ဘရာဇီးသားတေကို ကြည့်မရတဲ့ ပြဿနာနဲ့ ပါတ်သတ်ပြီး သူတစ်သက်လုံးကစားသမားဘ၀ ပြီးဆုံးသည်အထိကစားခြင်ပါတယ်ဆိုတဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းမှ ထွက်ခွာခဲ့ရသူ တစ်ဦးလည်းဖြစ်ပါတယ်။
ထို့အပြင် ယနေ့ ည (၂:၃၀) အချိန်မှာ မန်ချက်စတာယူနိုက်တတ် ၏ အိမ်ကွင်း အိုးထရက်ဖို့ ကို သရဲနီဟောင်းကြီး ရာဖေလ်း ပါ၀င်တဲ့ အစ္စတန်ဘူ အသင်းမှ ချန်ပီယံလိဂ် ပွဲစဉ်ကို လာရောက်ကစားရမှဖြစ်ပါတယ်။ပထမ အကျော့မှာ ယူနိုက်တတ် အသင်း ကရှုံးနိမ့်ထားတာ ဖြစ်တဲ့ အတွက် ယနေ့ ညပွဲစဉ်မှာတော့ ပြန်လည် လက်စားခြေရမှာလည်း ဖြစ်ပါတယ်။
ရာဖေလ်းကိုယ် တိုင်ကလည်း အိုးထရက်ဖို့ ကိုဘပြန်လာရတာ အရမ်း ရင်ခုန်မိကြောင်း ပရိတ်သတ်များ မရှိပေမယ့် လည်း ပရိတ်သတ်များကို အမှန်တကယ် လွမ်းဆွတ်မိကြောင်းကို ပြောထားသူ ဖြစ်ပါတယ်။
ထိုကဲ့သို့ အဆိုပါကစားသမား မျိုးကို ဆူံရှုံးခဲ့ရခြင်း ဟာ အင်မတန်မှ စိတ်မကောင်း စရာ ဖြစ်ကြောင်းကို မန်ချက်စတာ ယူနိုက်တတ် နည်းပြဖြစ်သူ ဆိုလ်းရှားက ယခုကဲ့သို့ ပြန်ပြောင်း ပြောသွားပေးခဲ့ပါတယ်။
ဆိုလ်းရှားက ” တကယ်တမ်းတော့ ပွဲပြီးချိန်မှာ မြင်ရမယ့် သူ့မျက်နှာထက်မှာ သူပြုံး‌နေတာကိုပဲ ကျွန်တော်မြင်ချင်ပါတယ်။အမှန်တိုင်းပြောတာပါ ရာဖေလ်းနဲ့ပြန်ဆုံရတာကတကယ်ကောင်း ပါတယ်
ဟုတ်တာပေါ့။ သူက မန်ချက်စတာယူနိုက်တတ်ရဲ့ အမာခံ ကစား သမားတစ်ဦးဖြစ်ခဲ့ဖူးတယ်လေ။
သူ့လိုကစားသမားမျိုးကို ကျွန်တော်တို့ထွက်ခွာခွင့်ပေးတဲ့အပေါ်ကျွန်တော့် ဘက်က အင်မတန်မှ စိတ်ပျက်မိပါတယ်။ ပြီးတော့ သူ့ကို လက်လွှတ်ရတာလည်း အင်မတန်မှ နစ်နာပါသေးတယ်။ ဒါမျိုးဖြစ်ရတဲ့ အကြောင်းကတော့ သူဟာအသင်းအတွက် တန်ဖိုးအရမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါ တယ်။ ဒါနဲ့ သူဟာအသင်းရဲ့လူစာရင်းထဲမှာ စိတ်ဓာတ်အရမ်း မိုက်တဲ့ ကစားသမားလည်းဖြစ်ခဲ့တယ်။ သူက ယူနိုက်တက်ရဲ့ သရဲနီ DNA ရှိတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ဒါ ကြောင့်မို့ သူနဲ့ပတ်သတ်လာရင် ကျွန်တော်တို့အင်မတန် မှ ခံစားရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဥ်ပြီးတုန်းက ကျွန်တော် တို့ဆီမှာ စကားပြောဆိုမှုကောင်းတွေရှိခဲ့ပါတယ်။ သူတို့ တွေက ထူးခြားတဲ့မိသားစုတစ်စုပါ။ ဖာဘီအိုကိုလည်း ကျွန်တော်ခေါ်ခဲ့ဖူးတယ်။ ဒါကြောင့်မို့ သူတို့ညီအစ်ကို နှစ်ယောက်အပေါ် ကျွန်တော့်ဘက်က အင်မတန်မှဝမ်း သာမိပါတယ်။ ” ဟု မန်ချက်စတာ ယူနိုက်တတ် နည်းပြ ဖြစ်သူ ဆိုလ်းရှားမှ မှတ်ချက်ပြုသွားပေးခဲ့ပါတယ်။
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X