Sport
ယနေ့ညချန်ပီယံလိဂ်ပွဲစဉ်မှာ ဗန်ဒီဘီ ပါ၀င်လာနိုင်ကြောင်း အရိပ်အမွက်ပြောသွားတဲ့ ဆိုလ်းရှား
ZAWGYI
#muff
UNICODE
ယနေ့ညချန်ပီယံလိဂ်ပွဲစဉ်မှာ ဗန်ဒီဘီ ပါ၀င်လာနိုင်ကြောင်း အရိပ်အမွက်ပြောသွားတဲ့ ဆိုလ်းရှား
မန်ချက်စတာယူနိုက်တတ် အသင်းသည် ပြီးခဲ့ သည့် နွေရာသီ က အေဂျက် အသင်းရဲ့ အဓိက လူငယ် ကွင်းလယ် ကစားသမား ဖြစ်သူ ဗန်ဒီဘီ ကို ခေါ် ယူခဲ့ပါသည်။အဆိုပါ ကစားသမား အား ခေါ်ယူ ထားသော်လည်း အရန်ခုံပေါ်မှာ သာ အချိန်ကုန် နေစေ ခြင်းကြောင့် မန်ချက်စတာ ယူနိုက်တတ် နည်းပြ ဖြစ် သူ ဆိုလ်းရှားတစ်ယောက် ပရ်တ်သတ် များသာ မက ယူနိုက်တတ် ကစားသမား ဟောင်းကြီး များ ၏ ပြစ်တငိပြောဆို ဝေ ဖန်မှု များ ကို အနည်း နဲ့ အများ ခံနေ ရသူ ဖြစ်သည်။
ကစားသမား ဘက်ကလည်း ကိုယ်တိုင် ပွဲထွက် ခွင့်ရဖို့ ကြိုးစားသွားမည် ဖြစ်ကြောင်း မိမိကိုယ်ကိုယ် တိုက်ပွဲ၀င်မည် ဖြစ်ကြောင်း ကြိမ်ဖန်များစွာပြောထားပြီး ဖြစ်သည်။ ထို့ ပြင် ပြီးခဲ့သည့် ၀က်စ်ဘရွန်းနဲ့ ပွဲစဉ်တွင် လည်း ပွဲထွက် လူစာရင်းမှာ ၎င်းပါ၀င်ခဲ့ပေ။ ထို့ကြောင့် ယနေ့ ညချန်ပီယံလိဂ် ပွဲစဉ်တွင် အဆိုပါ နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘီ အနေဖြင့် ပွဲထွက်ပါ၀င်လာနိုင်ကြောင်းကို မန်ချက်စတာ ယူနိုက်တတ် နည်းပြ ဆိုလ်းရှားက အောက်ပါကဲ့ သို့ သွယ်ဝိုက်ပြီးပြောသွားခဲ့ပါတယ်။
ဆိုးလ်ရှားက ” ကျွန်တော်တို့အတွက် ပွဲတစ် ပွဲတိုင်း ပွဲတိုင်း အားလုံးကိုပါ ဘရူနိုဖာနန်ဒက်က ပါဝင်ကစားပေး နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူဟာ ပေါ်တူဂီအသင်း နဲ့ တစ်ပွဲခွဲပါဝင်ကစားပေးပြီးတော့ နောက် မန်ချက်စတာ ယူနိုက်တတ်ကို ပြန်လာတယ်။ပြီးတော့
အဲ့အချိန်မှာ ချက်ခြင်း ကျွန် တော်တို့နဲ့ တစ်ပွဲ ပါဝင်ကစားပေးနိုင်ခဲ့တာပဲ အရမ်းပဲဝမ်းသာမိပါတယ်။
ပြီးတော့ ဗန်ဒီဘီ အနေနဲ့ လည်း ဒီထက်ပို ပြီး အခွင့်အရေးရ လာဦးမှာပါ။ သူ က နေ့စဉ်ထရိန်နင်မှာ အရမ်းကို ကြိုးစား တဲ့ လူငယ် တစ်ဦးလေ။ သူက တစ်ချိန်ချိန်မှာ ယူနိုက်တတ် ရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်လာဦးမှာ ပါ။အဲ့ဒီအတွက် သူရော ကျနော် တို့ပါ အလုပ်ကို ကြိုးစားလုပ်ကိုင် နေပါတယ်
ပီးတော့ ချန်ပီယံလိဂ်မှာက (5)ဦးအထိ လူစားလှယ်ခွင့်ရတဲ့ ပုံစံကိုကျွန်တော်ကြိုက်တယ်လေ။ အကြောင်းကတ ကစားသမားတိုင်း ပါဝင်ကစားနိုင်မယ်လို့ထင်ကြမှာပါ။ တစ်ခါတစ်လေ ဒီလိုမျိုး Lock Downကာလမျိုး မှာ ခင်ဗျာဟာ အသင်းရဲ့လူစာရင်းမှာပါဝင် ကစားခွင့်မရဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ ခင်ဗျာကို အိမ်မှာပဲ သီးသန့်နေခိုင်းမှာပါ။ ဒါဆို ခင်ဗျာရဲ့ ကျန်းမာရေးအတွက် ဘယ်မှသွား ခွင့်ရမှာမဟုတ်သလို ခင်ဗျာရဲ့မိတ်ဆွေနဲ့လည်းတွေ့ရမှာ မဟုတ်ဘူးဗျ။ ”
” ဒါက နောက်ထပ် စိတ်ဓာတ်ရေးရာနဲ့ဆိုင်တဲ့ ကန့် သတ်ချက်ပဲ ဖြစ်တယ်။ ဒါမျိုးပုံစံနဲ့ပဲ ကျွန်တော်တို့ရဲ့ကစားသမားတွေကို စောင့်ကြည့်ရပါတယ်။ ဒါကြောင့် မို့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကျွန်တော်ကြိုက်တယ်။ ” ဟု ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ကဲပရိတ်သတ်ကြီး ကရော ဗန်ဒီဘီ ပါမယ်လို့ ထင်လားဆို တာ ပြောသွားကြပါဦးဗျ၊ကျေးဇူးတင်ပါတယ်ဗျ။
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X