Sport
ဘာစီလိုနာ၊ရီးရဲမက်ဒရစ်၊ချဲဆီလ်းတို့ ကို မပြောင်း ဖြစ်ခဲ့ပုံကို ပြန်ပြောင်း ပြောပြခဲ့တဲ့ ဝိန်းရွန်းနီ
#muff
ဘာစီလိုနာ၊ရီးရဲမက်ဒရစ်၊ချဲဆီလ်းတို့ ကို မပြောင်း ဖြစ်ခဲ့ပုံကို ပြန်ပြောင်း ပြောပြခဲ့တဲ့ ဝိန်းရွန်းနီ
ယူနိုက်တတ် အသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှုးကြီး ဝိန်းရွန်းနီဟာ မန်ချက်စတာယူနိုက်တတ် ပရိတ်သတ်တိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားကို အပြည့်အ၀ လက်ခံရရှိထားသော ဂန္တ၀င်ကစားသမားကြီး တစ်ဦးဖြစ်ပါတယ်။သူဟာ မန်ချက်စတာ ယူနိုက်တတ် အသင်း၏ အမြဲတမ်း ဂိုးသွင်းအများဆုံး စာရင်းမှာ ထိပ်ဆုံး နေရပ်တည် နေသူ တစ်ဦးဖြစ်ပြီးတော့ မန်ချက်စတာ ယူနိုက်တတ် အသင်း၏
အသင်းခေါင်းဆောင် (Captain) ဟောင်းကြီး တစ်ဦးလည်းဖြစ်ပါတယ်။၎င်းဟာ ယခု အချိန်မှာ‌တော့ ဒါဘီကောင်တီ အသင်းမှာ ကစားသမား အဖြစ်သာ မက ယာယီ နည်းပြ အဖြစ် ပါတာ၀န်ယူနေသူလည်း ဖြစ်ပါတယ်။
ရွန်းနီက မန်ချက်စတာ ယူနိုက်တတ် အသင်းမှာ ရှိစဉ်
၂၀၁၀ တုန်းက သူ့ အပေါ် စပိန်အင်အားကြီး အသင်းတေရဲ့ ကမ်းလှမ်းမှု ကို ဖယ်ရှားပြီး မန်ချက်စတာ ယူနိုက်တတ် မှာ ဆက်နေ ဖြစ်ပုံကို MUTV နဲ့ အင်တာ ဗျူးမှာ အောက်ပါအတိုင်း ပြောပြ သွားခဲ့ပါတယ်။၎င်း က
” ကျနော် ကောင်းကောင်းမှတ်မိပါတယ်။2010 တုန်းက ချဲလ်ဆီးရယ် မော်ရင်ဟို ရယ် က ကျနော့် ကို လက်မှတ်ထိုးခြင်နေတယ်လို့ သိရတယ်လေ။ မန်စီးတီး၊ဘာစီလိုနာနဲ့ ရီးရဲမဒရစ်တို့ကလည်း စိတ်၀င်စားနေတယ် ဆိုတဲ့ ကောလဟာလ တေလည်း အကြီး အကျယ် ထွက်နေခဲ့တာလေ။ဒါပေမယ့် ကျနော့် အဲ့အသင်းတေကို သွားဖို့ အခွင့်အရေး မရခဲ့ပါဖူး။ ကောလဟာလတေ ကတော့ အများ ကြီးပေါ့ ။ဒါပေမယ့်လည်း အဲ့သုံးသင်းနဲ့တော့ ကျနော့် မှာ ရွေးချယ်စရာရှိခဲ့တာပေါ့။”
“အဲ့အချိန်တုန်းက ကျနော် နှစ်‌ရက်လောက် သေသေချာချာ လက်တွေ့ကျကျ စဉ်းစားခဲ့ပါတယ်။ပီးတော့ ကျနော် စပိန်ကို သွားပြီး ကစားတော့ ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။အမှန်တိုင်း ပြောတာပါ။ကျနော် ဘာစီလိုနာ ကိုသွားခြင်ခဲ့တာပေါ့။ရီးရဲ မက်ဒရစ်က ဘာစီလိုနာထက် ပိုအဆင်‌ပြေမယ်ဆိုတာ ကျနော် သိပါတယ်။ဒါပေမယ့် ကျနော် ဘာစီလိုနာ ကို သွခြင်ခဲ့တာလေ။ပီးတော့ ချဲလ်ဆီးကလည်း ကျနော့်ကို အမြဲ နားစွင့်ထားနေခဲ့တယ်လေ။ ”
” တစ်ပါတ်လောက်လည်းကြာရော ကျနော် ဒေးဗစ်ဂီလ်းနဲ့ နောက်တစ်ကြိမ် စကားပြောဖြစ်ခဲ့တယ်။ တကယ်ပါ ကျနော် အိမ်ရှေ့မှာ အဲ့အချိန် တုန်းက ကျနော့်ကို ထွက်မသွားဖို့ ဆန္ဒပြပွဲတေ ဖြစ်နေကြတယ်လေ။ဒါပေမယ့် အဲ့ အချိန်မှာ ကျနော် စာချုပ်သစ်အတွက် လက်မှတ်ရေး ထိုးပြီးနေပါပီ။ အချိန်က မနက် (၃) နာရီလောက်ရှိနေပီဗျ။အိုး ” ဂျီးဆပ်” လို့ ကျနော် ရေရွတ်လိုက်တယ်။ ပြီးတော့ ကျနော့် အိမ်ရှေ့က ဆန္ဒ ထုတ်ဖေါ် နေတဲ့ လူ အယောက် (၂၀) (၃၀) လောက်ရှိမယ် ထင်တယ်။ကျနော် သူတို့ ကို ငြိမ်သက်သွားအောင် လုပ်ဖို့ လည်းမျက်နှာ မပြရဲ ခဲ့ ပါဖူး။”
“တစ်နေ့ ကျနော် ထိုင်ပြီး စဉ်းစားနေခဲ့တယ်။ဘာစီလိုနာမှာ “ဇာဗီ၊မက်ဆီ၊အင်ဒီယေစတာ၊ဘတ်စကွက် တို့နဲ့ အသင်းဖေါ်တေ အဖြစ် ကစားနေခဲ့တာကို ပုံဖေါ်နေခဲ့တာလေ” ။အဲ့ အချိန်တုန်းက မက်ဆီက ဘာစီလိုနာမှာ အခု ပုံစံ အတိုင်း ကစားနေတာ မဟုတ်ဖူးလေ။ နံပါတ် (၉) နေရာမှာ သူကစားနေတာ။ဒါပေမယ့် ကျနော် စဉ်းစားမိတာ တစ်ခု က အမှန်တိုင်းဆို ဒါတေက အံစာတုန်း‌လှိမ့်တဲ့ ကစားနည်း ကစားနေသလိုဘဲပေါ့။ယူနိုက်တတ် မှာ ဆက်ရှိနေဖို့ဆိုတာ ကျနော့် အတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပါ။ဘာလိုဆို ဒီမှာကျနော်ဘောလုံးကောင်းကောင်းကစားနိုင်တယ်၊ပီးတော့ ကျနော့် အနောက်မှာ ပြေးလွှားနေတဲ့ ကစားသမားတေ အများကြီး ရှိနေတယ်လေ။ ပီးတော့ ဒေးဗစ်ဂီလ်းနဲ့ ကလည်း တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးတေ ရှိခဲ့တော့ ကျနော် ဒီလို အရေးကြီးဆုံး ဆုံးဖြတ် ချက်ကို ရွေးနိုင်ခဲ့တာပေါ့လေ။”
ဒါကတော့ မန်ချက်စတာ ယူနိုက်တတ် ဂန္တ၀င်တိုက်စစ်မှုးကြီး ဝိန်းရွန်းနီရဲ့ MUTV နဲ့ အင်တာဗျုးမှာ အသင်မပြောင်း ဖြစ်တဲ့ အကြောင်းကို သူကိုယ်တိုင်ပြောပြခဲ့တဲ့ အင်တာဗျူးလေး ထဲက တစ်ချို့ တစ်၀က်ဖြစ်ပါတယ်။
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X