News


Zawgyi





Unicode

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားဝန်ကြီး ကိုဗစ်ကူးစက်ခံရ (အစိုးရအဖွဲ့နဲ့ ထိစပ်မှုရှိခဲ့)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ က ကိုဗစ် ရောဂါ ပိုးတွေ့တယ်လို့ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က အတည်ပြုပါတယ်။ ဘယ်ကနေ ဘယ်လိုကူးတွေဆိုတာကိုတော့ အတည်ပြုပြောကြားတာ မရှိခဲ့ပါဘူး။

ဦးစိုင်းပန်းဆိုင်အနေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က လုပ်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း အဆောက်အဦးဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အတူ တက်ရောက်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ဟာ မန္တလေးတိုင်းဒေသကြီး ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းမှန်ပြန်ကြားရေးနှင့်သတင်းမှားများဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ရေး သတင်းစောင့်ကြည့်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ် ။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X