News

အမေစုကိုယ်တိုင်ပြောတဲ့ ကိုဗစ်ကာကွယ်ဆေး ဘယ်အချိန်ရမလဲဆိုတာ

Unicode

အမေစုကိုယ်တိုင်ပြော ကိုဗစ်ကာကွယ်ဆေး ဘယ်အချိန်ရမလဲဆိုတာ

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်စမ်းသပ်တဲ့အဆင့်ဟာ ၉၇ရာခိုင်နှုန်းလောက်အထိပြီးစီးနေပြီဖြစ်တယ်လို့သိရပြီး နောက်လအတွင်းရနိုင်ကာ မြန်မာနိုင်ငံအတွက်လည်းအမြန်ဆုံးရရှိနိုင်ရန်အတွက် အကူအညီတွေကနေတဆင့် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂၀ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉နောက်ဆုံးရအခြေအနေတွေကို ပြည်သူတွေထံတင်ပြအစီရင်ခံတဲ့အစီအစဉ်မှာထည့်သွင်းပြောကြားခဲ့တာပါ။ “ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးက ဘယ်တော့ရမလဲ၊ ဘယ်တော့ထွက်မလဲဆိုတာ တချို့ကတော့သိချင်မှာပေါ့။ နောက်ဆုံးရတဲ့သတင်းအရတော့ ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခုကဆိုရင် ကိုဗစ်နဲ့ပတ်သက်တဲ့ကာကွယ်ဆေးထုတ်လုပ်စမ်းသပ်တဲ့အဆင့်ဟာ ၉၇ရာခိုင်နှုန်းရောက်နေပြီလို့ပြောပါတယ်။ တချို့ကဆိုရင်နောက်လလောက်ကစပြီးတော့ ဒီကုမ္ပဏီကနေထုတ်နိုင်မယ့်အနေအထားရှိတယ်လို့ တွက်ကြပါတယ်။ ဘယ်လိုပဲပြောပြောပေါ့ ကုမ္ပဏီကြီးတစ်ခုကနေစထုတ်နိုင်ပြီဆိုရင် တခြားကုမ္ပဏီတွေကလည်းထုတ်ကြမှာပဲ။ ဒီတစ်ခုတည်းထုတ်မှာမဟုတ်ပါဘူး။ ဒီကုမ္ပဏီကြီးက သူတို့နိုင်ငံသားကိုတော့ပိုဦးစားပေးမှာပေါ့။ ဒါတော့သဘာဝကျပါတယ်။ သို့သော်လည်း ကျွန်မတို့အနေနဲ့လည်း စောစောစီးစီးကာကွယ်ဆေးပေါ်ရင် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအထောက်အကူပြုအဖွဲ့တွေရဲ့အကူအညီနဲ့မြန်မြန်ဆန်ဆန်ကျွန်မတို့ပြည်သူတွေအတွက် ကာကွယ်ဆေးရအောင်လုပ်ဖို့ အစီအစဉ်တွေလုပ်ထားပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

Zawgyi

အေမစုကိုယ္တိုင္ေျပာ ကိုဗစ္ကာကြယ္ေဆး ဘယ္အခ်ိန္ရမလဲဆိုတာ

ေနာက္ဆုံးရရွိထားတဲ့သတင္းေတြအရ ေဆးဝါးထုတ္လုပ္တဲ့ကုမၸဏီႀကီးတစ္ခုရဲ႕ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္စမ္းသပ္တဲ့အဆင့္ဟာ ၉၇ရာခိုင္ႏႈန္းေလာက္အထိၿပီးစီးေနၿပီျဖစ္တယ္လို႔သိရၿပီး ေနာက္လအတြင္းရႏိုင္ကာ ျမန္မာႏိုင္ငံအတြက္လည္းအျမန္ဆုံးရရွိႏိုင္ရန္အတြက္ အကူအညီေတြကေနတဆင့္ ျပင္ဆင္ေဆာင္႐ြက္ၿပီးျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က အသိေပးေျပာၾကားလိုက္ပါတယ္။

ႏိုဝင္ဘာလ ၂၀ရက္ေန႔ကထုတ္လႊင့္ခဲ့တဲ့ ကိုဗစ္-၁၉ေနာက္ဆုံးရအေျခအေနေတြကို ျပည္သူေတြထံတင္ျပအစီရင္ခံတဲ့အစီအစဥ္မွာထည့္သြင္းေျပာၾကားခဲ့တာပါ။ “ကိုဗစ္နဲ႔ပတ္သက္ၿပီး ကာကြယ္ေဆးက ဘယ္ေတာ့ရမလဲ၊ ဘယ္ေတာ့ထြက္မလဲဆိုတာ တခ်ိဳ႕ကေတာ့သိခ်င္မွာေပါ့။ ေနာက္ဆုံးရတဲ့သတင္းအရေတာ့ ေဆးဝါးထုတ္လုပ္မႈကုမၸဏီႀကီးတစ္ခုကဆိုရင္ ကိုဗစ္နဲ႔ပတ္သက္တဲ့ကာကြယ္ေဆးထုတ္လုပ္စမ္းသပ္တဲ့အဆင့္ဟာ ၉၇ရာခိုင္ႏႈန္းေရာက္ေနၿပီလို႔ေျပာပါတယ္။ တခ်ိဳ႕ကဆိုရင္ေနာက္လေလာက္ကစၿပီးေတာ့ ဒီကုမၸဏီကေနထုတ္ႏိုင္မယ့္အေနအထားရွိတယ္လို႔ တြက္ၾကပါတယ္။ ဘယ္လိုပဲေျပာေျပာေပါ့ ကုမၸဏီႀကီးတစ္ခုကေနစထုတ္ႏိုင္ၿပီဆိုရင္ တျခားကုမၸဏီေတြကလည္းထုတ္ၾကမွာပဲ။ ဒီတစ္ခုတည္းထုတ္မွာမဟုတ္ပါဘူး။ ဒီကုမၸဏီႀကီးက သူတို႔ႏိုင္ငံသားကိုေတာ့ပိုဦးစားေပးမွာေပါ့။ ဒါေတာ့သဘာဝက်ပါတယ္။ သို႔ေသာ္လည္း ကြၽန္မတို႔အေနနဲ႔လည္း ေစာေစာစီးစီးကာကြယ္ေဆးေပၚရင္ ကမာၻလုံးဆိုင္ရာက်န္းမာေရးအေထာက္အကူျပဳအဖြဲ႕ေတြရဲ႕အကူအညီနဲ႔ျမန္ျမန္ဆန္ဆန္ကြၽန္မတို႔ျပည္သူေတြအတြက္ ကာကြယ္ေဆးရေအာင္လုပ္ဖို႔ အစီအစဥ္ေတြလုပ္ထားပါတယ္။” လို႔ ေဒၚေအာင္ဆန္းစုၾကည္ကဆိုပါတယ္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X