Knowledge

မြန်မာနိုင်ငံက အထက်လူကြီးတွေ မှတ်သားသင့်တဲ့ စင်ကာပူဖခင်ကြီး လီကွမ်ယုရဲ့ စကားတခွန်း

 

မြန်မာနိုင်ငံက အထက်လူကြီးတွေ မှတ်သားသင့်တဲ့ စင်ကာပူဖခင်ကြီး လီကွမ်ယုရဲ့ စကားတခွန်း

ပထမပုံမှာ မြန်မာစစ်ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ရဲ့ အိမ်အတွင်းခန်း အပြင်အဆင်ဖြစ်ပြီး၊ ဒုတိယပုံမှာ စင်ကာပူရဲ့ လွတ်လပ်ရေးဗိသုကာ လီကွမ်းယူရဲ့ မသေခင်အထိနေသွားတဲ့ အိမ်အတွင်းခန်း အပြင်အဆင်ဖြစ်ပါတယ်။

မြန်မာဟာ စင်ကာပူထက် အပြတ်အသတ် သာနေခဲ့တာ ကြာလှပေါ့ဗျာ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် မဖြစ်ကြစေလို။

လီကွမ်းယူဟာ ပြည်ပကအလည်လာတဲ့ ဧည့်သည်တွေကို သူ့အိမ်ဧည့်ခန်းမှာလည်း ခေါ်တွေ့လေ့ရှိပါသတဲ့။ ဒီတော့ အစိုးရတာဝန်ရှိသူတွေက သူ့အိမ်ကို သူ့ဂုဏ်ဒြပ်နဲ့ ကိုက်ညီအောင်၊ စင်ကာပူအစိုးရရဲ့ ကြွယ်ဝချမ်းသာလာမှုနဲ့ ညီအောင် ခမ်းခမ်းနားနားပြင်ဆင်ပေးချင် ခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့ လီကွမ်းယူဟာ လက်မခံဘဲ ပြန်ပြောတာလေးက စိတ်ဝင်စားစရာပါပဲ။

နေပါစေကွာ၊ ရိုးရိုးပဲကောင်းပါတယ်။ ငါ့လာတွေ့သူတွေထဲက စင်ကာပူချမ်းသာမှန်းသိလို့ ပိုက်ဆံချေးဖို့ကြံရင် ခုလိုအခြေအနေလေးမြင်ရင် မချေးတော့ဘဲ စိတ်ပြောင်းသွားနိုင်တယ်။ ပါးစပ်ကနေ ထုတ်ပြောချေးလာခဲ့ရင်လည်း ငြင်းရလွယ်စေတယ်တဲ့။ မင်း မြင်တဲ့အတိုင်း ငါတောင်ခုလိုအဆင့်နဲ့ပဲ နေနေရတယ်လို့ ငြင်းလွှတ်ရကောင်းသတဲ့ကွ

တွေ့လား၊ မျိုးချစ်စိတ်ဓါတ်ဆိုတာ လူထင်ကြီးအောင် ရုပ်ဝတ္ထုပစ္စည်းတွေသုံး ကြွားရတာ မဟုတ်ဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ဆင်းရဲဟန်ဆောင်သင့်ရင်လည်း ဆောင်တတ်ရတာမျိုးပါ။

ကျွန်တော်တို့အဖြစ်က တိုင်းပြည်ကသာ အကြွေးပါတ်လည်ဝိုင်းနေတာ၊ ပြည်ပဧည့်သည်တွေကို ဧည့်ခံဆောင်တွေက ရွှေရောင်တဝင်းဝင်းနဲ့ ဟီးဟီး ထနေတော့တာပါပဲ။ သဘောပါရဲ့လား။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X