News

၂၈ ဈေးချိုစင်တာမှာ အခွန်တွေဆောင်ရင် ပစ္စည်းတွေ ထုတ်ခွင့်ပေးမယ်ဆိုလို့ အခွန်ဆောင်ပေမယ့်ခုထိ ထုတ်ခွင့်မရသေးတဲ့ဈေးသူဈေးသားများ

ပိတ္ထားတဲ့ ၂၈ ေဈးခ်ိဳစင္တာမွာ အခြန္ေတြေဆာင္ရင္ ပစၥည္းေတြ ထုတ္ခြင့္ေပးမယ္ဆိုလို႔ ေဆာင္ေပမယ့္ခုထိ ထုတ္ခြင့္မရ

မႏၲေလးၿမိဳ႕က MGW ကုမၸဏီပိုင္ျဖစ္တဲ့ ၂၈ ေဈးခ်ိဳစင္တာအတြင္းက ေဈးသူေဈးသားေတြဟာ ကုန္ပစၥည္း ထုတ္ယူခြင့္ရရွိဖို႔ ေဈးခ်ိဳမန္ေနဂ်ာဆီကို အေၾကာင္းၾကားတဲ့အခါမွာ တစ္ႏွစ္စာေပးေဆာင္ရမယ့္ အခြန္ေတြနဲ႔ ကုန္သြယ္ခြန္၊ အျခားအခြန္ေတြကို ေပးေဆာင္ရင္ ကုန္ပစၥည္းေတြကို ထုတ္ယူခြင့္ျပဳမယ္ေျပာလို႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

ဆိုင္ရွင္ေတြက အခြန္ေတြအကုန္လုံးကို ေပးေဆာင္ခဲ့ေပမယ့္ ၁ လေက်ာ္ၾကာတဲ့အထိ ထုတ္ယူခြင့္ မရေသးတဲ့အေၾကာင္း ဆိုင္ရွင္ေတြက ဒီကေန႔ မႏၲေလးမီဒီယာစင္တာမွာ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ေျပာပါတယ္။

“ကုမၸဏီက ထုတ္ယူခြင့္လက္မွတ္ေတြကို တစ္ဆိုင္ကို တစ္ေဆာင္ႏႈန္းနဲ႔ ေပးပို႔ခဲ့ေပမယ့္ ဒီလက္မွတ္ေတြကို က်ေနာ္တို႔ ကိုင္သာထားတာ အခုအခ်ိန္ထိ ထုတ္ယူခြင့္ မရေသးဘူး ၁ လေတာင္ေက်ာ္ေနၿပီ”လို႔ ၂၈ ေဈးခ်ိဳစင္တာ TOP-အဝတ္အထည္ဆိုင္ ဆိုင္ရွင္ ဦးေက်ာ္ေက်ာ္စိုးေအာင္က ေျပာပါတယ္။

၂၈ ေဈးခ်ိဳစင္တာအတြင္းမွာရွိတဲ့ ဆိုင္ေတြက ကုန္ပစၥည္းေတြကို ထုတ္ယူဖို႔ တင္ျပထားတာ ဆိုင္ခန္းေပါင္း ၃၀ ေက်ာ္ ရွိတယ္လို႔ ဆိုင္ပိုင္ရွင္ေတြကေျပာပါတယ္။

ဆိုင္ပိုင္ရွင္တစ္ဦးမွလည္းအခုလိုေျပာပါတယ္

တိုင္းေဒသႀကီး အမိန္႔နဲ႔ ပိတ္တုန္းက ေစ်းခ်ိဳ ပတ္လည္ေစ်း အကုန္ပိတ္ရတုန္းက ပိတ္ခဲ့ရပီး
အခု ေစ်းခ်ိဳ တိုက္တန္း မန္းျမန္မာ အေပၚထပ္ ေအာက္ထပ္ ေျမညီထပ္ေတြ အကုန္ ဖြင့္ေပးပီး ပစၥည္း ထုပ္ယူၾကရေတာ့ က်ေနာ္တို႔ 28 မပါပါဘူး

က်န္တဲ့ေစ်းေတြကို စည္ပင္က ဖြင့္ေပးလို႔ဖြင့္ရေပမယ့္ က်ေနာ္တို႔ဘက္ကက် မန္ေနဂ်ာ က သူ႔MD ဆီတင္ထားေပးတယ္ စာရင္းစစ္တုန္း အေၾကာင္းျပန္ေပးမယ္ဆိုပီး ေန႔ေ႐ႊ႕ ညေ႐ႊ႕နဲ႔ ေ႐ႊ႕ပါတယ္ ဖုန္းဆက္ေျပာတာလည္း အေၾကာင္းျပန္ေပးမယ္ပဲေျပာပါတယ္ အဲ့ အေၾကာင္းျပန္ေပးမယ္ဆိုတဲ့စကားေျပာလာတာ ပထမအႀကိမ္ သူမ်ားေစ်းေတြ ဖြင့္ပီး ေပးယူကတည္းကပါ အခု ၁၉ရက္ သူမ်ားေတြ ဒုတိယ အႀကိမ္ ထုပ္ယူခြင့္ရေနခ်ိန္ထိပါ

သူမ်ားေတ ပထမ တခါဖြင့္ယူပီး ၁ ရက္ ၂ရက္အၾကာမွာကုမၸဏီ ဘက္က ဆက္သြယ္ပီး ၈ လပိုင္း မီတာေဘလ္ ၉ လပိုင္း မီတာေဘလ္ နဲ႔ ကုန္သြယ္ခြန္ ေဆာင္ဖို႔က် ဆက္သြယ္ခဲ့ပါတယ္ ( 9လပိုင္း ၁၂ရက္ေန႔ထိပဲ ဆိုင္ဖြင့္ခဲ့တာပါ ) မီတာေဘလ္ နဲ႔ ကုန္သြယ္ခြန္ ေတြကိုလည္းေပးေဆာင္ခဲ့ပါတယ္

အမ်ားနည္းတူ ကိုယ့္ပစၥည္းကိုယ္ယူခ်င္တာေတာင္ သူ႔ MD က ဘာေၾကာင့္ သေဘာ မတူရတာလဲ မန္ေနဂ်ာက ေျပာတဲ့ စာရင္းစစ္တုန္း အေၾကာင္းျပန္ေပးမယ္ဆိုတာနဲ႔ က်ေနာ္တို႔ ကိုယ့္ပစၥည္းကိုယ္ ထုပိယူခ်င္တာနဲ႔ ဘယ္မွာ သင္ဆိုင္သြားလဲ လဲ မသိပါဘူး

Ps.: ေစ်းဖြင့္ဖို႔ေတာင္းဆိုေနတာ မဟုတ္ပါဘူးေနာ္ မိမိပိုင္ ပစၥည္း ထုပ္ယူလို႔ရေအာင္ ေစ်းတံခါးဖြင့္ေပးဖို႔ကို ေတာင္းဆိုေနၾကတာပါဗ်ာ

Unicode

၂၈ ဈေးချိုစင်တာမှာ အခွန်တွေဆောင်ရင် ပစ္စည်းတွေ ထုတ်ခွင့်ပေးမယ်ဆိုလို့ အခွန်ဆောင်ပေမယ့်ခုထိ ထုတ်ခွင့်မရသေးတဲ့ဈေးသူဈေးသားများ

မန္တလေးမြို့က MGW ကုမ္ပဏီပိုင်ဖြစ်တဲ့ ၂၈ ဈေးချိုစင်တာအတွင်းက ဈေးသူဈေးသားတွေဟာ ကုန်ပစ္စည်း ထုတ်ယူခွင့်ရရှိဖို့ ဈေးချိုမန်နေဂျာဆီကို အကြောင်းကြားတဲ့အခါမှာ တစ်နှစ်စာပေးဆောင်ရမယ့် အခွန်တွေနဲ့ ကုန်သွယ်ခွန်၊ အခြားအခွန်တွေကို ပေးဆောင်ရင် ကုန်ပစ္စည်းတွေကို ထုတ်ယူခွင့်ပြုမယ်ပြောလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဆိုင်ရှင်တွေက အခွန်တွေအကုန်လုံးကို ပေးဆောင်ခဲ့ပေမယ့် ၁ လကျော်ကြာတဲ့အထိ ထုတ်ယူခွင့် မရသေးတဲ့အကြောင်း ဆိုင်ရှင်တွေက ဒီကနေ့ မန္တလေးမီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပါတယ်။

“ကုမ္ပဏီက ထုတ်ယူခွင့်လက်မှတ်တွေကို တစ်ဆိုင်ကို တစ်ဆောင်နှုန်းနဲ့ ပေးပို့ခဲ့ပေမယ့် ဒီလက်မှတ်တွေကို ကျနော်တို့ ကိုင်သာထားတာ အခုအချိန်ထိ ထုတ်ယူခွင့် မရသေးဘူး ၁ လတောင်ကျော်နေပြီ”လို့ ၂၈ ဈေးချိုစင်တာ TOP-အဝတ်အထည်ဆိုင် ဆိုင်ရှင် ဦးကျော်ကျော်စိုးအောင်က ပြောပါတယ်။

၂၈ ဈေးချိုစင်တာအတွင်းမှာရှိတဲ့ ဆိုင်တွေက ကုန်ပစ္စည်းတွေကို ထုတ်ယူဖို့ တင်ပြထားတာ ဆိုင်ခန်းပေါင်း ၃၀ ကျော် ရှိတယ်လို့ ဆိုင်ပိုင်ရှင်တွေကပြောပါတယ်။

ဆိုင်ပိုင်ရှင်တစ်ဦးမှလည်းအခုလိုပြောပါတယ်

တိုင်းဒေသကြီး အမိန့်နဲ့ ပိတ်တုန်းက စျေးချို ပတ်လည်စျေး အကုန်ပိတ်ရတုန်းက ပိတ်ခဲ့ရပီး အခု စျေးချို တိုက်တန်း မန်းမြန်မာ အပေါ်ထပ် အောက်ထပ် မြေညီထပ်တွေ အကုန် ဖွင့်ပေးပီး ပစ္စည်း ထုတ်ယူကြရတော့ ကျနော်တို့ 28 မပါပါဘူး

ကျန်တဲ့စျေးတွေကို စည်ပင်က ဖွင့်ပေးလို့ဖွင့်ရပေမယ့် ကျနော်တို့ဘက်ကကျ မန်နေဂျာ က သူ့MD ဆီတင်ထားပေးတယ် စာရင်းစစ်တုန်း အကြောင်းပြန်ပေးမယ်ဆိုပီး နေ့ရွှေ့ ညရွှေ့နဲ့ ရွှေ့ပါတယ် ဖုန်းဆက်ပြောတာလည်း အကြောင်းပြန်ပေးမယ်ပဲပြောပါတယ် အဲ့ အကြောင်းပြန်ပေးမယ်ဆိုတဲ့စကားပြောလာတာ ပထမအကြိမ် သူများစျေးတွေ ဖွင့်ပီး ပေးယူကတည်းကပါ အခု ၁၉ရက် သူများတွေ ဒုတိယ အကြိမ် ထုပ်ယူခွင့်ရနေချိန်ထိပါ

သူများတေ ပထမ တခါဖွင့်ယူပီး ၁ ရက် ၂ရက်အကြာမှာကုမ္ပဏီ ဘက်က ဆက်သွယ်ပီး ၈ လပိုင်း မီတာဘေလ် ၉ လပိုင်း မီတာဘေလ် နဲ့ ကုန်သွယ်ခွန် ဆောင်ဖို့ကျ ဆက်သွယ်ခဲ့ပါတယ် ( 9လပိုင်း ၁၂ရက်နေ့ထိပဲ ဆိုင်ဖွင့်ခဲ့တာပါ ) မီတာဘေလ် နဲ့ ကုန်သွယ်ခွန် တွေကိုလည်းပေးဆောင်ခဲ့ပါတယ်

အများနည်းတူ ကိုယ့်ပစ္စည်းကိုယ်ယူချင်တာတောင် သူ့ MD က ဘာကြောင့် သဘော မတူရတာလဲ မန်နေဂျာက ပြောတဲ့ စာရင်းစစ်တုန်း အကြောင်းပြန်ပေးမယ်ဆိုတာနဲ့ ကျနော်တို့ ကိုယ့်ပစ္စည်းကိုယ် ထုတ်ယူချင်တာနဲ့ ဘယ်မှာ သက်ဆိုင်သွားလဲ မသိပါဘူး

Ps.: စျေးဖွင့်ဖို့တောင်းဆိုနေတာ မဟုတ်ပါဘူးနော် မိမိပိုင် ပစ္စည်း ထုပ်ယူလို့ရအောင် စျေးတံခါးဖွင့်ပေးဖို့ကို တောင်းဆိုနေကြတာပါဗျာ

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X