Dahama Knowledge

ငရဲကြီး ရှစ်ထပ်အကြောင်းသိကောင်းစရာ မျှဝေပါတယ်နော် ချစ်တို့ရေ

Unicode

၁၂၆၃ ခုနှစ်တွင် ဘီးလင်းမြို့နေ စစ်ကဲတော်ကြီး ဦးရွှေနော်စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်းအလိုအားဖြင့် ငရဲဘုံ ဖြစ်တည်ခြင်းအကြောင်းမှာ ဤသို့တည်း။ ကမ္ဘာဖြစ်တည်ခြင်းနှင့် တစ်ပြိုင်နက်ဖြစ်သော အပါယ်ငရဲရှစ်ထပ်တို့၏ တည်ရာအရပ် အစောက်သည်ကား အပေါ်ပထမဖြစ်သော သိဉ္ဇိုဝ်းငရဲ၏ တည်ရာဌာနသည်ကား ယူဇနာ ရှစ်ထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် ဒုတိယဖြစ်သော ကာလသုတ်ငရဲ တည်ရာဌာနသည်ကား ယူဇာနာရှစ်ထောင့်ရှစ်ရာရှိ၏။ ယင်းအောက် တတိယဖြစ်သော သင်္ဃာငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင်ရှိ၏။ ယင်းအောက် စတုတ္ထငရဲဖြစ်သော ရောရုဝ ငရဲတည်ရာဌာနသည်ကား ယူဇနာကိုးထောင့် နှစ်ရာ ရှိ၏။ ယင်းအောက် ပဉ္စမဖြစ်သော မဟာရောရုဝငရဲ တည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့်လေးရာ ရှိ၏။

ယင်းအောက် ဆဋ္ဌမဖြစ်သောတာပန်ငရဲသည်ကား ယူဇနာကိုးထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် သတ္တမဖြစ်သော မဟာတာပန ငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့် ရှစ်ရာရှိ၏။ ယင်းအောက် အဋ္ဌမဖြစ်သော မဟာအဝီစိ ငရဲ တည်ရာဌာနသည်ကား ယူဇနာ တစ်သောင်းရှိ၏။ ထိုငရဲ တစ်ဘုံနှင့် တစ်ဘုံအခြား အကွာယူဇနာ ခုနစ်ရာစီချည်းနှင်နှင်ခြား ကွာ၏။ ထိုငရဲရှစ်ထပ်တို့၌ တစ်ခဲနက် သံမြေခံကုန်၏။ နံရံလေးဖက်သည်လည်း တစ်ခဲနက် သံမြေပင်ကာရံလျက် ဖြစ်၏။ အထက် အပေါ်ကလည်း ထို့အတူ တစ်ခဲနက် သံမြေ လွှမ်းမိုး၏။ ထိုငရဲဲရှစ်ထပ်နှင့် တစ်ပြိုင်နက်တည်ရာ အသူရကာယ်တို့သည် ဝေဟပ္ဖိုလ် ဗြဟ္မာ့ဘုံမှ မိမိတို့ ကုသိုလ်ကံကုန်သည် ဖြစ်၍၊ မိမိတို့ ပြုဘူးသော ကုသိုလ်ကံ တိုက်တွန်းသဖြင့်၊ ကမ္မက္ခယစုတေခြင်းဖြင့် စုတေခဲ့ပြီးလျှင်၊ မိမိတို့အကုသိုလ်ကံနှင့် လျော်သင့်ရာ၊ နှစ်ကြိမ် သုံးကြိမ်ကာလ အခြားမရှိ၊ စုတိ ပဋိသန္ဓေဖြစ်၍ သိဉ္ဇိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ မဟာအဝီစိ ဟူသော ငရဲကြီးရှစ်ထပ် တို့၌ အသူရကာယ်ဖြစ်သော ငရဲသူတို့သည် ရွှေအဆင်းကဲ့သို့ ချည်းနှင်နှင် အသီးအသီး များစွာ ဖြစ်ကြကုန်၏။

ထိုနှင့် တစ်ပြိုင်နက် ဘုံနန်းဗိမာန်၊ ရေကန်ဥယျာဉ်၊ သစ်ပင်နွယ်ကြိမ်၊ တောအုံ ချုံမြက်၊ အိုင်အင်း တောင်ကမ်းနှင့် တကွ၊ ဓား၊ လှံ၊ ခက်ရင်း၊ ရဲတင်း၊ ပုဆိန်၊ သံတံကျင်၊ သန်လျက်၊ သနတည်းဟူသော အသုံးအဆောင်မျိုးတို့သည် ဖြစ်ကြကုန်၏။ အဝန်း ယူဇနာ ကိုးဆယ်၊ အစောက်ယူဇနာ သုံးဆယ်ရှိသော တစ်ခဲနက် သံအိုးကင်းကြီးတစ်ခု၊ ယင်း သံအိုးကင်းကြီးတစ်ခုကို အဝန်း ယူဇနာသုံးဆယ်၊ အစောက် ယူဇနာ တစ်ဆယ်၊ တစ်ခဲနက် ပြီးသော သံအိုးကင်းငယ် တစ်ဆယ့်ခြောက်လုံး စီရံလျက်၊ ငရဲကြီးတစ်ထပ် တစ်ထပ်တို့ ဖြစ်ကြကုန်၏။ ထိုပြင် ငရဲကြီး ရှစ်ထပ်တို့တွင် တစ်ထပ် တစ်ထပ်မှာ ရှစ်မျက်နှာ၊ ရှစ်မျက်နှာတို့တွင် အငယ်ဖြစ်သော ဥဿဒ္ဒရက်ငရဲ၊ တစ်မျက်နှာကို နှစ်လုံးနှစ်လုံးစီ၊ ယူဇနာ တစ်ထောင့်ငါးရာစီ ခြားလျက် ရံ၍ ဖြစ်ကြကုန်၏။

ငရဲကြီးရှစ်ထပ်တို့တွင် မည်သို့ပင် သတ်ဖြတ် ညှဉ်းဆဲသောလည်း ကံမကုန်သမျှ အဖန်ဖန် အသက်ရှည်၍ ခံရသောငရဲကား၊ သိဉ္ဇိုဝ်းငရဲတည်း။ မည်းနက်သော တစ်မျဉ်းကြိုးဖြင့် ချတိုင်း၍ သစ်ရွေ သကဲ့သို့ လှီးဖြတ်ခြင်းခံရသော ငရဲကား ကာလသုတ် ငရဲတည်း။ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန် လှိမ့်မွှေကြိတ်ချေ ညှဉ်းဆဲခြင်းခံရသော ငရဲကား သင်္ဃာတ ငရဲတည်း။ မီးတောက် မီးလျှံတို့ဖြင့် အဖန်ဖန် လောင်ကျွမ်းနှိပ်စက်ခံရ၍ ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးသော အသံ ရှိသည့် ငရဲကား ရောရုဝ ငရဲတည်း။ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံး နှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာ အော်မြည်နေရသော ငရဲကား မဟာရောရုဝတည်း။ သံတံကျင်ကြီးတို့ဖြင့် ထိုးဖောက်ခြင်းကို ခံရ၍ တစ်ကိုယ်လုံး မီးလျှံစွဲအောင် သံတွေခဲထဲ၌ အမြဲကင်ဖုတ် ခံရေသော ငရဲကား တာပနငရဲတည်း။ အလျှံ ရဲပြောင်နေသော သံတောင်ကြီးပေါ်သို့ ရိုက်နှက် မောင်းတင်ခြင်း ခံနေရ၍ မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျသော ငရဲကား မဟာတာပန တည်း။ မီးလျှံနှင့် ငရဲသားပါ ဆင်းရဲဒုက္ခနှင့်အတူ အကြားမရှိ ပြည့်နှက်နေသော ငရဲကား အဝီစိငရဲတည်း။

ဒေဝဒူတသုတ်အရ ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ လေးမျက်နှာစီရှိရာ တစ်မျက်နှာလျှင် ဥဿဒ္ဒရက် ငရဲငယ် ငါးမျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂ဝ ရှိလေသည်။ ထိုငရဲငါးမျိုးကား ဂူထပုတိက ခေါ် ဘင်ပုတ်ငရဲ၊ ကုက္ကုလုဏှခေါ် ပြာပူငရဲ၊ သိမ္ဗလိခေါ် လက်ပံတော်ငရဲ၊ အသိပတ္တခေါ် သန်လျက်တောငရဲ၊ ခါရောဒက ခေါ် ကြိမ်ပိုက်မြစ်ငရဲ ဟူလေသည်။

မန်လည်ဆရာတော်ဘုရား၏ မဃဒေဝလင်္ကာစကားအရ တစ်နည်းအားဖြင့် ငရဲငယ် ဆယ်ပါးရှိ၏။ ယင်းတို့ကား သားငါးတို့ကို ကျိုဘိသကဲ့သို့သော လောဟကုမ္ဘီခေါ် ကြေးနီအိုးငရဲ၊ သင်ဓုန်းဓားဦးဖျားကဲ့သို့ အဆူးရှိသော လက်ပံငရဲ၊ သန်လျက်ဖြင့် ဖြတ်သကဲ့သို့သော အသိခနငရဲ၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဖြင့် လောင်းသကဲ့သို့သော တမ္ဗောဒကငရဲ၊ မီးကျီလျှံသို့ ပူသော အယောဂုဠငရဲ၊ သံမီးရောင်ထသော ကျောက်တောင်ကဲ့သို့သော သေလပဗ္ဗတငရဲ၊ ဆူပွက်သည့် မြစ်ချောင်းကဲ့သို့သော ဘုသနဒီငရဲ၊ ရိုးတွင်းခြင်ဆီ ချမ်းအောင်အေးသော သီတနဒီငရဲ၊ ခွေးဘီလူးတို့ ကိုက်ခဲသော ခွေးငရဲ၊ သွေးချောင်း စီးသော ယန္တပါသာငရဲဟူတည်း။

သိုးဆောင်းစာပေတွင် ဒန်တီ၏ ငရဲခန်းသည် ထင်ပေါ်ကျော်ကြားသကဲ့သို့ မြန်မာစာပေတွင် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်က ရှင်အဂ္ဂသမာဓိ ရေးသားသော နေမိငရဲခန်းပျို့သည် ထင်ပေါ်ကျော်ကြားပေသည်။ ရှင်အဂ္ဂသမာဓိသည် နေမိဇာတ်တော်ကို နိက္ခမခန်း (နေမိမဂ္ဃစိုးခန်း)ပျို့၊ ငရဲခန်းပျို့၊ ဘုံခန်းပျို့ဟူ၍ သုံးပိုင်းခွဲကာ ပျို့သုံးစောင် စီရင်ခဲ့ရာ၊ ယင်းပျို့ သုံးစောင်စလုံးသည် မြန်မာစာပေသမိုင်းတွင် ဥဒါန်းတွင်ရစ် ခဲ့ပေသည်။

အထူးသဖြင့် ငရဲခန်းပျို့နှင့် ဘုံခန်းပျို့တို့ကို ‘ငရဲခန်းက ခြောက်လွန်းသည်၊ ဘုံခန်းက မြေ|ာက်လွန်းသည်’ဟု မြန်မာတို့ ဆိုစမှတ်ပြုကြကုန်၏။ သို့သော် ရှင်အဂ္ဂသမာဓိ၏ ရည်ရွယ်ချက်ကား ငရဲခန်း၌ သတိသံဝေဂ ရကြစေ၍ ဘုံခန်း၌ ကောင်းမှုကုသိုလ်ဖြင့် ကောင်းမြတ်ရာ သုဂတိသို့ လားကြရန် ရည်သန်ရင်းဖြစ်လေရာ အထူးသဖြင့် ငရဲခန်းကို ထိတ်လန့်၍ ကြက်သီးမွေးညင်း ထလောက်သော စကားတို့ဖြင့် ဖွဲ့နွဲ့စပ်ဆိုခဲ့ လေသည်။

ငရဲ၏ ဒုက္ခကို လူတို့စိတ်၌ ကွင်းကွင်းကွက်ကွက် ပေါ်လေအောင် ဖွဲ့နွဲ့ရာ၌ ‘မျက်ဆန်ခါတုတ်လေ၏တည်း’၊ ‘အရေခွာဆုတ်လေ၏တည်း’၊ ‘လွေ့လွေ့သတ်ပုတ်လေ၏တည်း’၊ ‘ဦးခေါင်းဖြတ်ခုတ်လေ၏တည်း’၊ ‘ဆင်းရဲ အလှေ အလှောင်းတည်း’၊ ‘ကြွေးဟစ်ငိုကြ သောင်းသောင်းတည်း’ ဟူသော သာမန် အရပ်သူအရပ်သားတို့ အဓိပ္ပါယ် သိလွယ်မြင်လွယ်သော စကားတို့ကို သုံးနှုန်းထားလေရာ လူ၏စိတ်ကိုများစွာ ထိခိုက်စေလေသည်။ ယင်းသို့ သံဝေဂတရား ပွားများစေသော စိတ်ကို နှိုးဆွပြီးမှ၊ ‘ထွေထွေပြားပြား၊ မှတ်သားကုန်ပါ၊ လူတကာတို့၊ ဇရာမရဏ၊ အနိစ္စသည်၊ မြဲမတည်သည့်၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာမလွတ်၊ ဖြစ်ပျက်တတ်၏၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ခန္ဓာဟူသည်၊ အတည်မရ၊ မရဏတည့်၊ ဒုက္ခရောက်မည်၊ အမှတ် တည်၍၊ ရွှေပြည်နိဗ္ဗာန်၊ ချမ်းသာမွန်သို့၊အမှန်ရောက်ကြောင်း၊ ဘုန်းသစ်လောင်း၍၊ ကောင်းကောင်း ကျင့်ကုန်ကျရာ၏တည်း’ ဟု သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကို ညွှန်ပြလေသည်။

Zawgyi

၁၂၆၃ ခုႏွစ္တြင္ ဘီးလင္းၿမိဳ႕ေန စစ္ကဲေတာ္ႀကီး ဦးေ႐ႊေနာ္စီရင္ေသာ အာဒိကပၸ ကမာၻဦးက်မ္းအလိုအားျဖင့္ ငရဲဘုံ ျဖစ္တည္ျခင္းအေၾကာင္းမွာ ဤသို႔တည္း။ ကမာၻျဖစ္တည္ျခင္းႏွင့္ တစ္ၿပိဳင္နက္ျဖစ္ေသာ အပါယ္ငရဲရွစ္ထပ္တို႔၏ တည္ရာအရပ္ အေစာက္သည္ကား အေပၚပထမျဖစ္ေသာ သိၪၨိဳဝ္းငရဲ၏ တည္ရာဌာနသည္ကား ယူဇနာ ရွစ္ေထာင့္ေျခာက္ရာ ရွိ၏။ ယင္းေအာက္ ဒုတိယျဖစ္ေသာ ကာလသုတ္ငရဲ တည္ရာဌာနသည္ကား ယူဇာနာရွစ္ေထာင့္ရွစ္ရာရွိ၏။ ယင္းေအာက္ တတိယျဖစ္ေသာ သဃၤာငရဲတည္ရာဌာနသည္ကား ယူဇနာ ကိုးေထာင္ရွိ၏။ ယင္းေအာက္ စတုတၳငရဲျဖစ္ေသာ ေရာ႐ုဝ ငရဲတည္ရာဌာနသည္ကား ယူဇနာကိုးေထာင့္ ႏွစ္ရာ ရွိ၏။ ယင္းေအာက္ ပၪၥမျဖစ္ေသာ မဟာေရာ႐ုဝငရဲ တည္ရာဌာနသည္ကား ယူဇနာ ကိုးေထာင့္ေလးရာ ရွိ၏။

ယင္းေအာက္ ဆ႒မျဖစ္ေသာတာပန္ငရဲသည္ကား ယူဇနာကိုးေထာင့္ေျခာက္ရာ ရွိ၏။ ယင္းေအာက္ သတၱမျဖစ္ေသာ မဟာတာပန ငရဲတည္ရာဌာနသည္ကား ယူဇနာ ကိုးေထာင့္ ရွစ္ရာရွိ၏။ ယင္းေအာက္ အ႒မျဖစ္ေသာ မဟာအဝီစိ ငရဲ တည္ရာဌာနသည္ကား ယူဇနာ တစ္ေသာင္းရွိ၏။ ထိုငရဲ တစ္ဘုံႏွင့္ တစ္ဘုံအျခား အကြာယူဇနာ ခုနစ္ရာစီခ်ည္းႏွင္ႏွင္ျခား ကြာ၏။ ထိုငရဲရွစ္ထပ္တို႔၌ တစ္ခဲနက္ သံေျမခံကုန္၏။ နံရံေလးဖက္သည္လည္း တစ္ခဲနက္ သံေျမပင္ကာရံလ်က္ ျဖစ္၏။ အထက္ အေပၚကလည္း ထို႔အတူ တစ္ခဲနက္ သံေျမ လႊမ္းမိုး၏။ ထိုငရဲဲရွစ္ထပ္ႏွင့္ တစ္ၿပိဳင္နက္တည္ရာ အသူရကာယ္တို႔သည္ ေဝဟပၹိဳလ္ ျဗဟၼာ့ဘုံမွ မိမိတို႔ ကုသိုလ္ကံကုန္သည္ ျဖစ္၍၊ မိမိတို႔ ျပဳဘူးေသာ ကုသိုလ္ကံ တိုက္တြန္းသျဖင့္၊ ကမၼကၡယစုေတျခင္းျဖင့္ စုေတခဲ့ၿပီးလွ်င္၊ မိမိတို႔အကုသိုလ္ကံႏွင့္ ေလ်ာ္သင့္ရာ၊ ႏွစ္ႀကိမ္ သုံးႀကိမ္ကာလ အျခားမရွိ၊ စုတိ ပဋိသေႏၶျဖစ္၍ သိၪၨိဳဝ္း၊ ကာလသုတ္၊ သဃၤာတ၊ ေရာ႐ုဝ၊ မဟာေရာ႐ုဝ၊ တာပန၊ မဟာတာပန၊ မဟာအဝီစိ ဟူေသာ ငရဲႀကီးရွစ္ထပ္ တို႔၌ အသူရကာယ္ျဖစ္ေသာ ငရဲသူတို႔သည္ ေ႐ႊအဆင္းကဲ့သို႔ ခ်ည္းႏွင္ႏွင္ အသီးအသီး မ်ားစြာ ျဖစ္ၾကကုန္၏။

ထိုႏွင့္ တစ္ၿပိဳင္နက္ ဘုံနန္းဗိမာန္၊ ေရကန္ဥယ်ာဥ္၊ သစ္ပင္ႏြယ္ႀကိမ္၊ ေတာအုံ ခ်ဳံျမက္၊ အိုင္အင္း ေတာင္ကမ္းႏွင့္ တကြ၊ ဓား၊ လွံ၊ ခက္ရင္း၊ ရဲတင္း၊ ပုဆိန္၊ သံတံက်င္၊ သန္လ်က္၊ သနတည္းဟူေသာ အသုံးအေဆာင္မ်ိဳးတို႔သည္ ျဖစ္ၾကကုန္၏။ အဝန္း ယူဇနာ ကိုးဆယ္၊ အေစာက္ယူဇနာ သုံးဆယ္ရွိေသာ တစ္ခဲနက္ သံအိုးကင္းႀကီးတစ္ခု၊ ယင္း သံအိုးကင္းႀကီးတစ္ခုကို အဝန္း ယူဇနာသုံးဆယ္၊ အေစာက္ ယူဇနာ တစ္ဆယ္၊ တစ္ခဲနက္ ၿပီးေသာ သံအိုးကင္းငယ္ တစ္ဆယ့္ေျခာက္လုံး စီရံလ်က္၊ ငရဲႀကီးတစ္ထပ္ တစ္ထပ္တို႔ ျဖစ္ၾကကုန္၏။ ထိုျပင္ ငရဲႀကီး ရွစ္ထပ္တို႔တြင္ တစ္ထပ္ တစ္ထပ္မွာ ရွစ္မ်က္ႏွာ၊ ရွစ္မ်က္ႏွာတို႔တြင္ အငယ္ျဖစ္ေသာ ဥႆဒၵရက္ငရဲ၊ တစ္မ်က္ႏွာကို ႏွစ္လုံးႏွစ္လုံးစီ၊ ယူဇနာ တစ္ေထာင့္ငါးရာစီ ျခားလ်က္ ရံ၍ ျဖစ္ၾကကုန္၏။

ငရဲႀကီးရွစ္ထပ္တို႔တြင္ မည္သို႔ပင္ သတ္ျဖတ္ ညႇဥ္းဆဲေသာလည္း ကံမကုန္သမွ် အဖန္ဖန္ အသက္ရွည္၍ ခံရေသာငရဲကား၊ သိၪၨိဳဝ္းငရဲတည္း။ မည္းနက္ေသာ တစ္မ်ဥ္းႀကိဳးျဖင့္ ခ်တိုင္း၍ သစ္ေ႐ြ သကဲ့သို႔ လွီးျဖတ္ျခင္းခံရေသာ ငရဲကား ကာလသုတ္ ငရဲတည္း။ သံေတာင္သံခဲႀကီးတို႔ျဖင့္ အဖန္ဖန္ လွိမ့္ေမႊႀကိတ္ေခ် ညႇဥ္းဆဲျခင္းခံရေသာ ငရဲကား သဃၤာတ ငရဲတည္း။ မီးေတာက္ မီးလွ်ံတို႔ျဖင့္ အဖန္ဖန္ ေလာင္ကြၽမ္းႏွိပ္စက္ခံရ၍ က်ယ္ေလာင္စြာ ေအာ္ဟစ္ျမည္ေႂကြးေသာ အသံ ရွိသည့္ ငရဲကား ေရာ႐ုဝ ငရဲတည္း။ မီးခိုးမီးအုံတို႔ျဖင့္ ပိတ္ဖုံး ႏွိပ္စက္ခံရ၍ ကယ္ပါယူပါ ျပင္းစြာ ေအာ္ျမည္ေနရေသာ ငရဲကား မဟာေရာ႐ုဝတည္း။ သံတံက်င္ႀကီးတို႔ျဖင့္ ထိုးေဖာက္ျခင္းကို ခံရ၍ တစ္ကိုယ္လုံး မီးလွ်ံစြဲေအာင္ သံေတြခဲထဲ၌ အၿမဲကင္ဖုတ္ ခံေရေသာ ငရဲကား တာပနငရဲတည္း။ အလွ်ံ ရဲေျပာင္ေနေသာ သံေတာင္ႀကီးေပၚသို႔ ႐ိုက္ႏွက္ ေမာင္းတင္ျခင္း ခံေနရ၍ ေျမထက္၌ စိုက္ေထာင္ထားေသာ လွံသြားမ်ားေပၚသို႔ ဦးေခါင္းေျပာင္းျပန္က်ေသာ ငရဲကား မဟာတာပန တည္း။ မီးလွ်ံႏွင့္ ငရဲသားပါ ဆင္းရဲဒုကၡႏွင့္အတူ အၾကားမရွိ ျပည့္ႏွက္ေနေသာ ငရဲကား အဝီစိငရဲတည္း။

ေဒဝဒူတသုတ္အရ ငရဲႀကီးရွစ္ထပ္တြင္ တစ္ထပ္တစ္ထပ္၌ ေလးမ်က္ႏွာစီရွိရာ တစ္မ်က္ႏွာလွ်င္ ဥႆဒၵရက္ ငရဲငယ္ ငါးမ်ိဳးစီ ၿခံရံေနရကား ငရဲႀကီးတစ္ထပ္၏ ပတ္ဝန္းက်င္၌ ငရဲငယ္ေပါင္း ၂ဝ ရွိေလသည္။ ထိုငရဲငါးမ်ိဳးကား ဂူထပုတိက ေခၚ ဘင္ပုတ္ငရဲ၊ ကုကၠဳလုဏွေခၚ ျပာပူငရဲ၊ သိမၺလိေခၚ လက္ပံေတာ္ငရဲ၊ အသိပတၱေခၚ သန္လ်က္ေတာငရဲ၊ ခါေရာဒက ေခၚ ႀကိမ္ပိုက္ျမစ္ငရဲ ဟူေလသည္။

မန္လည္ဆရာေတာ္ဘုရား၏ မဃေဒဝလကၤာစကားအရ တစ္နည္းအားျဖင့္ ငရဲငယ္ ဆယ္ပါးရွိ၏။ ယင္းတို႔ကား သားငါးတို႔ကို က်ိဳဘိသကဲ့သို႔ေသာ ေလာဟကုမၻီေခၚ ေၾကးနီအိုးငရဲ၊ သင္ဓုန္းဓားဦးဖ်ားကဲ့သို႔ အဆူးရွိေသာ လက္ပံငရဲ၊ သန္လ်က္ျဖင့္ ျဖတ္သကဲ့သို႔ေသာ အသိခနငရဲ၊ ပြက္ပြက္လွ်ံေဝ၊ ေၾကးနီေရျဖင့္ ေလာင္းသကဲ့သို႔ေသာ တေမၺာဒကငရဲ၊ မီးက်ီလွ်ံသို႔ ပူေသာ အေယာဂုဠငရဲ၊ သံမီးေရာင္ထေသာ ေက်ာက္ေတာင္ကဲ့သို႔ေသာ ေသလပဗၺတငရဲ၊ ဆူပြက္သည့္ ျမစ္ေခ်ာင္းကဲ့သို႔ေသာ ဘုသနဒီငရဲ၊ ႐ိုးတြင္းျခင္ဆီ ခ်မ္းေအာင္ေအးေသာ သီတနဒီငရဲ၊ ေခြးဘီလူးတို႔ ကိုက္ခဲေသာ ေခြးငရဲ၊ ေသြးေခ်ာင္း စီးေသာ ယႏၲပါသာငရဲဟူတည္း။

သိုးေဆာင္းစာေပတြင္ ဒန္တီ၏ ငရဲခန္းသည္ ထင္ေပၚေက်ာ္ၾကားသကဲ့သို႔ ျမန္မာစာေပတြင္ ျမန္မာသကၠရာဇ္ ၉ဝဝ ခန႔္က ရွင္အဂၢသမာဓိ ေရးသားေသာ ေနမိငရဲခန္းပ်ိဳ႕သည္ ထင္ေပၚေက်ာ္ၾကားေပသည္။ ရွင္အဂၢသမာဓိသည္ ေနမိဇာတ္ေတာ္ကို နိကၡမခန္း (ေနမိမဂၣစိုးခန္း)ပ်ိဳ႕၊ ငရဲခန္းပ်ိဳ႕၊ ဘုံခန္းပ်ိဳ႕ဟူ၍ သုံးပိုင္းခြဲကာ ပ်ိဳ႕သုံးေစာင္ စီရင္ခဲ့ရာ၊ ယင္းပ်ိဳ႕ သုံးေစာင္စလုံးသည္ ျမန္မာစာေပသမိုင္းတြင္ ဥဒါန္းတြင္ရစ္ ခဲ့ေပသည္။

အထူးသျဖင့္ ငရဲခန္းပ်ိဳ႕ႏွင့္ ဘုံခန္းပ်ိဳ႕တို႔ကို ‘ငရဲခန္းက ေျခာက္လြန္းသည္၊ ဘုံခန္းက ေျမ|ာက္လြန္းသည္’ဟု ျမန္မာတို႔ ဆိုစမွတ္ျပဳၾကကုန္၏။ သို႔ေသာ္ ရွင္အဂၢသမာဓိ၏ ရည္႐ြယ္ခ်က္ကား ငရဲခန္း၌ သတိသံေဝဂ ရၾကေစ၍ ဘုံခန္း၌ ေကာင္းမႈကုသိုလ္ျဖင့္ ေကာင္းျမတ္ရာ သုဂတိသို႔ လားၾကရန္ ရည္သန္ရင္းျဖစ္ေလရာ အထူးသျဖင့္ ငရဲခန္းကို ထိတ္လန႔္၍ ၾကက္သီးေမြးညင္း ထေလာက္ေသာ စကားတို႔ျဖင့္ ဖြဲ႕ႏြဲ႕စပ္ဆိုခဲ့ ေလသည္။

ငရဲ၏ ဒုကၡကို လူတို႔စိတ္၌ ကြင္းကြင္းကြက္ကြက္ ေပၚေလေအာင္ ဖြဲ႕ႏြဲ႕ရာ၌ ‘မ်က္ဆန္ခါတုတ္ေလ၏တည္း’၊ ‘အေရခြာဆုတ္ေလ၏တည္း’၊ ‘ေလြ႕ေလြ႕သတ္ပုတ္ေလ၏တည္း’၊ ‘ဦးေခါင္းျဖတ္ခုတ္ေလ၏တည္း’၊ ‘ဆင္းရဲ အေလွ အေလွာင္းတည္း’၊ ‘ေႂကြးဟစ္ငိုၾက ေသာင္းေသာင္းတည္း’ ဟူေသာ သာမန္ အရပ္သူအရပ္သားတို႔ အဓိပၸါယ္ သိလြယ္ျမင္လြယ္ေသာ စကားတို႔ကို သုံးႏႈန္းထားေလရာ လူ၏စိတ္ကိုမ်ားစြာ ထိခိုက္ေစေလသည္။ ယင္းသို႔ သံေဝဂတရား ပြားမ်ားေစေသာ စိတ္ကို ႏႈိးဆြၿပီးမွ၊ ‘ေထြေထြျပားျပား၊ မွတ္သားကုန္ပါ၊ လူတကာတို႔၊ ဇရာမရဏ၊ အနိစၥသည္၊ ၿမဲမတည္သည့္၊ လူ႔ျပည္နတ္႐ြာ၊ ျဗဟၼာမလြတ္၊ ျဖစ္ပ်က္တတ္၏၊ လူနတ္ျဗဟၼာ၊ သတၱဝါတို႔၊ ခႏၶာဟူသည္၊ အတည္မရ၊ မရဏတည့္၊ ဒုကၡေရာက္မည္၊ အမွတ္ တည္၍၊ ေ႐ႊျပည္နိဗၺာန္၊ ခ်မ္းသာမြန္သို႔၊အမွန္ေရာက္ေၾကာင္း၊ ဘုန္းသစ္ေလာင္း၍၊ ေကာင္းေကာင္း က်င့္ကုန္က်ရာ၏တည္း’ ဟု သံသရာဝဋ္ဆင္းရဲအေပါင္းမွ လြတ္ကင္းရာ လြတ္ကင္းေၾကာင္းကို ၫႊန္ျပေလသည္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X