Knowledge News

အမေစုကိုဂုဏ်ပြုပြီး စင်္ကာပူက ထုတ်ဝေခဲ့တဲ့ T Shirt Collection

စင်္ကာပူနိုင်ငံကနေတောင် ဂုဏ်ပြုထုတ်ဝေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ T Shirt Collection

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာလူမျိုးတွေ လေးစားချစ်ခင်မြတ်နိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြီး အမှတ်တရ ပစ္စည်းတွေ အမျိုးမျိုးထုတ်တာ အားလုံးလည်းသိကြမှာပါ။











Credit yangonday

Unicode

 

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာလူမျိူးတွေ လေးစားချစ်ခင်မြတ်နိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြီး အမှတ်တရ ပစ္စည်းတွေ အမျိူးမျိူးထုတ်တာ အားလုံးလည်းသိကြမှာပါ။

ခုတစ်ခေါက်မှာတော့ စင်္ကာပူ နိုင်ငံကတောင် Mother Suu ဆိုတဲ့ Brand လေးနဲ့အတူ အမိုက်စား T Shirt တွေထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ခု Collection ဟာလူငယ်တွေအကြိုက် ခပ်မိုက်မိုက်ပုံစံလေးတွေဖြစ်ပြီး Hoodie တွေ Tote Bag တွေလည်း ရရှိနိုင်မှာပါ။


T Shirt တွေ ထုတ်ရတဲ့ရည်ရွယ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိရအားပေးဖို့နဲ့ ဒီ T Shirt တွေကတစ်ဆင့် Empower ပြုလုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

ထုတ်ဝေထားတဲ့ T Shirt တစ်ထည်ချင်းစီမှာလည်း Story လေးတွေ အသီးသီးရှိနေတာမို့ လူအများ စိတ်ဝင်စားစရာကောင်း ပါတယ်။

The Mother Suu Collection ကို ရောင်းချလို့ရတဲ့ ဝင်ငွေရဲ့ (၁၀) ရာခိုင်နှုန်းကို Suu Foundation ကို လှုဒါန်းမှာလို့ သိရပါတယ် ခင်ဗျာ။

Suu Foundation ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် (၂၀၁၄) ခုနှစ်က တည်ထောင်လာခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေးစနစ်တိုးတက်ဖို့အတွက် ရည်ရွယ်တာပဲဖြစ်ပါတယ်။

နိုင်ငံရေးတွေ ခဏထား ကိုယ့်မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ဒီ T Shirt လေးတွေဝယ်ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီအားဖြည့်နိုင်တာမို့ ကျွန်တော်က သဘောကျမိပါတယ်။ ဒီအထာကျကျ ( T Shirt ) တွေကို ဝယ်ယူနိုင်မယ့် နေရာလေးတွေကိုလည်း မျှဝေလိုက်ရပါတယ်။


ပရိတ်သတ်ကြီးအားလုံးလည်း ပုံရိပ်လေးတွေကို နှစ်သက်သဘောကျမယ်လို့ ထင်ပါတယ်။ ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit yangonday

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X