News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနားယူတော့မည်လော၊တပ်ချုပ်အသစ်အဟောင်း ဘယ်အချိန်ပြောင်းမလဲ

တပ်ချုပ်အသစ်အဟောင်း ဘယ်အချိန်ပြောင်းမလဲ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅ နှစ်ပြည့်မည်ဖြစ်သည်။ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
လာမယ့်အစိုးရသစ်လက်ထက်မှာ ထူးခြားမှု တစ်ခုရှိနေပါတယ်။အဲဒီထူးခြားမှုကတော့ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဟာ အစိုးရသစ်ဖွဲ့ပြီး လေးလလောက်နေရင် အသက် (၆၅) နှစ်ပြည့်လို့ အငြိမ်းစားယူ ချိန်ရောက်လာမှာမို့ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဟာ မူလနိုင်ငံ့ကာကွယ်ရေး တာဝန်အပြင် အစိုးရအဖွဲ့မှာ ဒုသမ္မတတစ်ဦးနဲ့ ဝန်ကြီးသုံးဦး အမည်တင်သွင်းခွင့်၊ ပြည် ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ် အဆင့် လွှတ်တော်တွေမှာ တပ် မတော်သားကိုယ်စားလှယ်အ မည်စာရင်းတင်သွင်းခွင့်၊ စစ် ဘက်တရားစီရင်ခွင့်နဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ လုံ ခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး တွေ ခန့်ဖို့ အမည်စာရင်းတင်သွင်း ခွင့်တွေပါ တာဝန်ယူထားတာပါ။
အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရာထူးကို ယူခဲ့တာ အစိုးရ သက်တမ်း နှစ်ဆက်ရှိခဲ့ပါပြီ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် (မတ်လ ၂၀၁၁ ကနေ မတ်လ ၂၀၁၆ အထိ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် (မတ်လ ၂၀၁၆ ကနေ မတ်လ ၂၀၂၁ အထိ) ဖြစ်ပါတယ်။
အမှန်ဆို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၆ ခု ဇူလိုင်လမှာကတည်းက အသက် ၆၀ နှစ် ပြည့်လို့ အငြိမ်းစားယူ ရမှာပါ။ ဒါပေမဲ့ တပ်မတော်ဥပ ဒေတွေအရ နောက်ထပ်ငါးနှစ် သက်တမ်း ထပ်တိုးခဲ့တာကြောင့် ယခုထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခွင့်ရ တာဖြစ်ပါတယ်။ ၂၀၂၁ ခု ဇူလိုင် လမှာ အသက်(၆၅)နှစ်ပြည့်တော့ မှာပါ။

များပြားလှတဲ့ တာဝန်တွေ ကို ယူထားတဲ့ တပ်မတော်ရဲ့ ခေါင်းဆောင်ဖြစ်သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ရာ ထူးကနေ အငြိမ်းစား တကယ်ယူ မလား၊ မယူဘူးလား၊ သက်တမ်း ထပ်တိုးမှာလား၊ အငြိမ်းစားယူ ရင် ဘယ်ချိန်ယူမလဲ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်အ သစ်ကို ဘယ်လိုပြန်ခန့်ထားမလဲ ဆိုတာတွေကို ဆွေးနွေးမှာဖြစ်ပါ တယ်။

အခြေခံဥပဒေအရ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ခန့် အပ်ဖို့ကို အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတဆီ အမည်စာရင်းတင် သွင်းရပါတယ်။ အမျိုးသားလုံခြုံ ရေးကောင်စီမှာ တပ်မတော်ဘက် လို့ ပြောရမယ့်သူခြောက်ဦးရှိပါ တယ်။ အဲဒီခြောက်ဦးစလုံးက လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပဲ အခရာပါ။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ဘယ်တော့ အငြိမ်းစားယူ မလဲဆိုတဲ့ မေးခွန်းအပေါ် ၂၀၁၆ ခုတုန်းကလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦးက အခုလို ဖြေကြားခဲ့ ဖူးပါတယ်။ ၂၀၁၄ ခုတုန်းက ထုတ်ခဲ့တဲ့ တပ်မတော် ကကန ကောင်စီအမိန့်ညွှန်ကြားလွှာအရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နဲ့ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ဟာ တာဝန် ကို အသက်(၆၅)နှစ်ထက် ပိုပြီး တာဝန်ထမ်းဆောင်ခွင့်မပြုတော့ ဘူးဆိုတဲ့အကြောင်း ဖြေကြားခဲ့ တာပါ။

ဒီဖြေကြားချက်အရ အစိုးရ သက်တမ်းနှစ်ကြိမ်ဆက် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နောက်ထပ် ငါးနှစ် သက်တမ်းတိုးဖို့ အလားအ လာနည်းပါတယ်။

ဒါပေမဲ့ ကကနကောင်စီအ မိန့်ညွှန်ကြားလွှာကို ပြင်ဆင်ပြီး သက်တမ်းတိုးမယ်ဆိုရင်လည်း ရနိုင်တာမို့ အငြိမ်းစားတကယ်ယူ၊ မယူဆိုတာကလည်း မသေချာ သေးတဲ့ အခြေအနေပါ။

၂၀၁၁ ခု ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စတင်တာဝန်ယူခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရာထူးနဲ့ပါ။ တရား ဝင်တာဝန်ယူတာက ၂၀၁၁ ခု မတ်လ ၃၀ ရက်လို့ ဆိုကြပေမယ့် အဲဒီရက်မတိုင်ခင်ကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဖြစ်ခဲ့တဲ့သဘောပါ။ ပြည် ထောင်စုအစိုးရအဖွဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အမည်စာရင်းတင်သွင်း ခွင့်ရှိတဲ့ ဝန်ကြီးသုံးဦးစာရင်းကို လည်း တင်သွင်းခဲ့ပါတယ်။ အဲဒီ သုံးဦးကတော့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ဖြစ်ပြီး အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှာ ပါဝင်ကြပါတယ်။

၂၀၁၅ ခု အထွေထွေရွေး ကောက်ပွဲမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနိုင်ရပြီး ၂၀၁၆ ခုမှာ အစိုးရဖွဲ့ခဲ့တယ်။ အစိုးရဖွဲ့တဲ့ အခါမှာ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဟာ ၂၀၁၆ခု ဇူလိုင် လမှာ အသက်(၆၀)ပြည့်ခဲ့ပေ မယ့် အငြိမ်းစားမယူဘဲသက်တမ်း တိုးကာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် ဆက်တာဝန် ယူခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့တဲ့အ ခါမှာ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကပဲ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးသုံးဦးအမည်စာရင်းကို သမ္မတဆီ တင်သွင်းခဲ့တယ်။

အာဏာရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း မှာလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် တစ်ဦးတည်း ကပဲ ဆက်တာဝန်ယူခဲ့တာ ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ခန့်ထားရေးကို သိပ်စိတ်မဝင်စားခဲ့ကြပါဘူး။

အခု ၂၀၂၀ ခု အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ထပ်မံ အနိုင်ရခဲ့ပြီး လာမယ့် ၂၀၂၁ ခု မတ်လဆို အစိုးရသစ်ပြန်ဖွဲ့တော့ မှာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပြန်ဖွဲ့ တဲ့အစိုးရသစ်သက်တမ်းအတွင်း မှာတော့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အငြိမ်းစားယူရ တော့မယ့်ကာလနဲ့ တိုက်ဆိုင်နေ တာမို့ အများက စိတ်ဝင်တစားရှိနေကြပါတယ်။

ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဟာ ဘယ်အချိန်မှာ အငြိမ်းစားယူမလဲ။ အခုအစိုးရ လက်ထက်မှာပဲ အငြိမ်းစားယူ မလား၊ လာမယ့်အစိုးရသစ်ဖွဲ့ပြီး ဇူလိုင်လသက်တမ်းကုန်မှ အငြိမ်း စားယူမှာလား၊ စဉ်းစားစရာပါ။ ဒါ့အပြင် တပ်မတော်က တင်လာ မယ့် ဒုတိယသမ္မတတစ်ဦးအဖြစ် ပါလာရင်ကော ဘယ်အချိန် အငြိမ်းစားယူမလဲ။

အထက်က မေးခွန်းတွေအ တွက် ဖြစ်နိုင်ခြေအမျိုးမျိုးရှိပါ တယ်။

ပထမဖြစ်နိုင်ခြေကတော့ ပုံမှန်အတိုင်း အသစ်ရှိလာမယ့် လွှတ်တော်အသီးသီးအတွက် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တွေရဲ့ အမည်စာရင်း တင်သွင်းတာတွေ၊ အစိုးရအသစ် အတွက် ဝန်ကြီးသုံးဦးရဲ့ အမည် စာရင်းတင်သွင်းတာတွေကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပဲ လုပ်မယ့် ဖြစ်နိုင် ခြေပါ။

အစိုးရသစ်ဖွဲ့ပြီး လေးလအ ကြာ သူအငြိမ်းစားယူရမယ့်အချိန် ရောက်မှ သူကိုယ်တိုင်အမည်စာရင်းတင်သွင်းခဲ့တဲ့ ဝန်ကြီးအသစ် သုံးဦးပါတဲ့ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအသစ် ကပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နေရာကို ဆက်ခံမယ့် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်အ သစ်အမည်စာရင်းကို အစိုးရသစ် သမ္မတဆီ တင်သွင်းမယ့်သဘော ပါ။သမ္မတဆီကို အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အသစ်က တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အသစ်အမည်စာ ရင်း တင်သွင်းတဲ့အခါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီထဲရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ပါထည့်တွက်မလား၊ ဒါမှမဟုတ် ထည့်မတွက်ဘဲနဲ့ အ ဖွဲ့ဝင် ၁၀ ဦးတည်းနဲ့တင် တင် သွင်းမလားဆိုတာကတော့ မရေ ရာပါဘူး။

ဒုတိယဖြစ်နိုင်ခြေကတော့ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ အစိုးရအသစ်နဲ့ ပါ မသွားတော့ဘဲ လက်ရှိ သမ္မတဦး ဝင်းမြင့်နဲ့ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအ ဟောင်းလက်ထက်မှာပဲ အငြိမ်း စားယူတာမျိုးပါ။ အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဟောင်းကပဲ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အသစ်အမည် စာရင်းကို လက်ရှိသမ္မတ ဦးဝင်း မြင့်ဆီ တင်သွင်းရမှာပါ။

အဲဒီအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကပဲ အသစ်ရှိလာမယ့် လွှတ်တော်အ သီးသီးအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတင်သွင်းတာတွေ၊ အစိုးရအသစ်အတွက် ဝန်ကြီးသုံး ဦးအတွက် အမည်စာရင်းတွေကို ဆက်လက်တင်သွင်းရမှာ ဖြစ်ပါ တယ်။

ဖြစ်နိုင်ခြေနည်းပေမယ့် တ ကယ်လို့များ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ဟာ တပ်မတော်က တင်လာမယ့် ဒုတိယသမ္မတတစ် ဦးဖြစ်လာမယ်ဆိုရင်တော့ လွှတ် တော်အသစ်အတွက် တပ်မ တော်သားကိုယ်စားလှယ်တွေရဲ့ အမည်စာရင်း တင်သွင်းပြီးပြီး ချင်းအချိန်၊ ဒုတိယသမ္မတအမည် စာရင်းမတင်သွင်းခင်မှာပဲ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ရာ ထူးကနေ အငြိမ်းစားယူရမှာဖြစ် ပါတယ်။

ဘာလို့လဲဆိုတော့ အခြေခံ ဥပဒေပုဒ်မ ၆၃ အရ သမ္မတနဲ့ဒုတိ ယသမ္မတတွေအဖြစ် အရွေးချယ် ခံရတဲ့နေ့ကစပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေရင် လွှတ် တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်၊ နိုင်ငံ့ဝန်ထမ်းဖြစ်နေ ရင် နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီး မှတ်ယူရမယ်လို့ ပြဋ္ဌာန်းထားလို့ပါ။ ဒါမှသာ အစိုးရသစ်မပေါ် သေးခင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဟောင်း ကပဲ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်အသစ်အမည်စာရင်းကို လက်ရှိသမ္မတ ဦးဝင်းမြင့်ဆီကို အချိန်မီ တင်သွင်းနိုင်မှာပါ။ အ စိုးရအသစ်ဖွဲ့တဲ့အခါ ရှိလာမယ့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အသစ်က အမည်စာရင်းတင် သွင်းရတဲ့ ဝန်ကြီးသုံးဦးအမည်စာ ရင်းကို ရှောရှောရှူရှူတင်သွင်း နိုင်မှာဖြစ်ပါတယ်။ နိုမို့ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အသစ်ရှိလာရေး လုပ်ငန်းစဉ် တွေဟာ ရှုပ်ထွေးမှုတွေ ရှိလာနိုင် ပါတယ်။

ဒီနေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတ လုပ်၊မလုပ်ကို ခန့်မှန်းခြင်းမဟုတ် ပါ။ ဒုတိယသမ္မတအဖြစ်အမည် စာရင်းတင်သွင်းလာရင် အငြိမ်း စားယူဖို့ သင့်တော်တဲ့အချိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အသစ်ခန့်ထားနိုင်တဲ့ အခြေ အနေကိုသာ ပြောလိုခြင်းဖြစ်ပါ တယ်။

ချုပ်ပြောရရင်တော့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရာ ထူးဟာ တာဝန်ယူရတာများပါ တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးတာဝန်တွေမှာ ဦးဆောင်ရသလို နိုင်ငံ့ကာကွယ် ရေးကိုလည်း တာဝန်ယူရပါ တယ်။

ဒီလိုများပြားစွာ တာဝန်ယူ ထားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ရာထူးခန့်ထားရေးအ တွက်၊ သက်တမ်းအတွက်၊ အ ခြားအရေးကြီးတဲ့ အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပရေးအ တွက် လုပ်ထုံးလုပ်နည်းတွေ တိ တိကျကျ ရှင်းရှင်းလင်းလင်းရှိ စေဖို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေကို ပြည် ထောင်စုလွှတ်တော်က အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းသင့်နေပြီဖြစ်ပါ တယ်။

Zawgyi

တပ္ခ်ဳပ္အသစ္အေဟာင္း ဘယ္အခ်ိန္ေျပာင္းမလဲ
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၂၀၂၁ ခုႏွစ္တြင္ အသက္ ၆၅ ႏွစ္ျပည့္မည္ျဖစ္သည္။ ဓာတ္ပုံ−ေဂ်ေမာင္ေမာင္(အမရပူရ)
လာမယ့္အစိုးရသစ္လက္ထက္မွာ ထူးျခားမႈ တစ္ခုရွိေနပါတယ္။အဲဒီထူးျခားမႈကေတာ့ လက္ရွိ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ဟာ အစိုးရသစ္ဖြဲ႕ၿပီး ေလးလေလာက္ေနရင္ အသက္ (၆၅) ႏွစ္ျပည့္လို႔ အၿငိမ္းစားယူ ခ်ိန္ေရာက္လာမွာမို႔ ျဖစ္ပါတယ္။

၂၀၀၈ အေျခခံဥပေဒအရ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ဟာ မူလႏိုင္ငံ့ကာကြယ္ေရး တာဝန္အျပင္ အစိုးရအဖြဲ႕မွာ ဒုသမၼတတစ္ဦးနဲ႔ ဝန္ႀကီးသုံးဦး အမည္တင္သြင္းခြင့္၊ ျပည္ ေထာင္စုအဆင့္၊ တိုင္းနဲ႔ျပည္နယ္ အဆင့္ လႊတ္ေတာ္ေတြမွာ တပ္ မေတာ္သားကိုယ္စားလွယ္အ မည္စာရင္းတင္သြင္းခြင့္၊ စစ္ ဘက္တရားစီရင္ခြင့္နဲ႔ တိုင္းနဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြမွာ လုံ ၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ေတြ ခန႔္ဖို႔ အမည္စာရင္းတင္သြင္း ခြင့္ေတြပါ တာဝန္ယူထားတာပါ။
အခုဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ လက္ရွိ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ရာထူးကို ယူခဲ့တာ အစိုးရ သက္တမ္း ႏွစ္ဆက္ရွိခဲ့ပါၿပီ။ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အစိုးရလက္ထက္ (မတ္လ ၂၀၁၁ ကေန မတ္လ ၂၀၁၆ အထိ)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္ (မတ္လ ၂၀၁၆ ကေန မတ္လ ၂၀၂၁ အထိ) ျဖစ္ပါတယ္။
အမွန္ဆို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ၂၀၁၆ ခု ဇူလိုင္လမွာကတည္းက အသက္ ၆၀ ႏွစ္ ျပည့္လို႔ အၿငိမ္းစားယူ ရမွာပါ။ ဒါေပမဲ့ တပ္မေတာ္ဥပ ေဒေတြအရ ေနာက္ထပ္ငါးႏွစ္ သက္တမ္း ထပ္တိုးခဲ့တာေၾကာင့္ ယခုထိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရ တာျဖစ္ပါတယ္။ ၂၀၂၁ ခု ဇူလိုင္ လမွာ အသက္(၆၅)ႏွစ္ျပည့္ေတာ့ မွာပါ။

မ်ားျပားလွတဲ့ တာဝန္ေတြ ကို ယူထားတဲ့ တပ္မေတာ္ရဲ႕ ေခါင္းေဆာင္ျဖစ္သူ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ရာ ထူးကေန အၿငိမ္းစား တကယ္ယူ မလား၊ မယူဘူးလား၊ သက္တမ္း ထပ္တိုးမွာလား၊ အၿငိမ္းစားယူ ရင္ ဘယ္ခ်ိန္ယူမလဲ၊ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အ သစ္ကို ဘယ္လိုျပန္ခန႔္ထားမလဲ ဆိုတာေတြကို ေဆြးေႏြးမွာျဖစ္ပါ တယ္။

အေျခခံဥပေဒအရ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ခန႔္ အပ္ဖို႔ကို အမ်ိဳးသားကာကြယ္ ေရးနဲ႔ လုံၿခဳံေရးေကာင္စီက သမၼတဆီ အမည္စာရင္းတင္ သြင္းရပါတယ္။ အမ်ိဳးသားလုံၿခဳံ ေရးေကာင္စီမွာ တပ္မေတာ္ဘက္ လို႔ ေျပာရမယ့္သူေျခာက္ဦးရွိပါ တယ္။ အဲဒီေျခာက္ဦးစလုံးက လည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကပဲ အခရာပါ။

တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ ဘယ္ေတာ့ အၿငိမ္းစားယူ မလဲဆိုတဲ့ ေမးခြန္းအေပၚ ၂၀၁၆ ခုတုန္းကလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲတစ္ခုမွာ ဗိုလ္ခ်ဳပ္ႀကီး ျမတ္ထြန္းဦးက အခုလို ေျဖၾကားခဲ့ ဖူးပါတယ္။ ၂၀၁၄ ခုတုန္းက ထုတ္ခဲ့တဲ့ တပ္မေတာ္ ကကန ေကာင္စီအမိန႔္ၫႊန္ၾကားလႊာအရ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္နဲ႔ ဒုတိယတပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္တို႔ဟာ တာဝန္ ကို အသက္(၆၅)ႏွစ္ထက္ ပိုၿပီး တာဝန္ထမ္းေဆာင္ခြင့္မျပဳေတာ့ ဘူးဆိုတဲ့အေၾကာင္း ေျဖၾကားခဲ့ တာပါ။

ဒီေျဖၾကားခ်က္အရ အစိုးရ သက္တမ္းႏွစ္ႀကိမ္ဆက္ တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ေနာက္ထပ္ ငါးႏွစ္ သက္တမ္းတိုးဖို႔ အလားအ လာနည္းပါတယ္။

ဒါေပမဲ့ ကကနေကာင္စီအ မိန႔္ၫႊန္ၾကားလႊာကို ျပင္ဆင္ၿပီး သက္တမ္းတိုးမယ္ဆိုရင္လည္း ရႏိုင္တာမို႔ အၿငိမ္းစားတကယ္ယူ၊ မယူဆိုတာကလည္း မေသခ်ာ ေသးတဲ့ အေျခအေနပါ။

၂၀၁၁ ခု ႀကံ့ခိုင္ေရးပါတီ အစိုးရလက္ထက္မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က စတင္တာဝန္ယူခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးရာထူးနဲ႔ပါ။ တရား ဝင္တာဝန္ယူတာက ၂၀၁၁ ခု မတ္လ ၃၀ ရက္လို႔ ဆိုၾကေပမယ့္ အဲဒီရက္မတိုင္ခင္ကတည္းက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟာ တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္ျဖစ္ခဲ့တဲ့သေဘာပါ။ ျပည္ ေထာင္စုအစိုးရအဖြဲ႕အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္က အမည္စာရင္းတင္သြင္း ခြင့္ရွိတဲ့ ဝန္ႀကီးသုံးဦးစာရင္းကို လည္း တင္သြင္းခဲ့ပါတယ္။ အဲဒီ သုံးဦးကေတာ့ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးတို႔ျဖစ္ၿပီး အမ်ိဳးသားကာ ကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ မွာ ပါဝင္ၾကပါတယ္။

၂၀၁၅ ခု အေထြေထြေ႐ြး ေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရ စီအဖြဲ႕ခ်ဳပ္အႏိုင္ရၿပီး ၂၀၁၆ ခုမွာ အစိုးရဖြဲ႕ခဲ့တယ္။ အစိုးရဖြဲ႕တဲ့ အခါမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ဟာ ၂၀၁၆ခု ဇူလိုင္ လမွာ အသက္(၆၀)ျပည့္ခဲ့ေပ မယ့္ အၿငိမ္းစားမယူဘဲသက္တမ္း တိုးကာ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္အျဖစ္ ဆက္တာဝန္ ယူခဲ့တယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အစိုးရဖြဲ႕တဲ့အ ခါမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္ကပဲ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးသုံးဦးအမည္စာရင္းကို သမၼတဆီ တင္သြင္းခဲ့တယ္။

အာဏာရ အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ အစိုးရသက္တမ္း မွာလည္း တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္အျဖစ္ တစ္ဦးတည္း ကပဲ ဆက္တာဝန္ယူခဲ့တာ ေၾကာင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အသစ္ ခန႔္ထားေရးကို သိပ္စိတ္မဝင္စားခဲ့ၾကပါဘူး။

အခု ၂၀၂၀ ခု အေထြေထြ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ပါတီက ထပ္မံ အႏိုင္ရခဲ့ၿပီး လာမယ့္ ၂၀၂၁ ခု မတ္လဆို အစိုးရသစ္ျပန္ဖြဲ႕ေတာ့ မွာ ျဖစ္ပါတယ္။ ဒီတစ္ခါ ျပန္ဖြဲ႕ တဲ့အစိုးရသစ္သက္တမ္းအတြင္း မွာေတာ့ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က အၿငိမ္းစားယူရ ေတာ့မယ့္ကာလနဲ႔ တိုက္ဆိုင္ေန တာမို႔ အမ်ားက စိတ္ဝင္တစားရွိေနၾကပါတယ္။

ဒါဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ဟာ ဘယ္အခ်ိန္မွာ အၿငိမ္းစားယူမလဲ။ အခုအစိုးရ လက္ထက္မွာပဲ အၿငိမ္းစားယူ မလား၊ လာမယ့္အစိုးရသစ္ဖြဲ႕ၿပီး ဇူလိုင္လသက္တမ္းကုန္မွ အၿငိမ္း စားယူမွာလား၊ စဥ္းစားစရာပါ။ ဒါ့အျပင္ တပ္မေတာ္က တင္လာ မယ့္ ဒုတိယသမၼတတစ္ဦးအျဖစ္ ပါလာရင္ေကာ ဘယ္အခ်ိန္ အၿငိမ္းစားယူမလဲ။

အထက္က ေမးခြန္းေတြအ တြက္ ျဖစ္ႏိုင္ေျခအမ်ိဳးမ်ိဳးရွိပါ တယ္။

ပထမျဖစ္ႏိုင္ေျခကေတာ့ ပုံမွန္အတိုင္း အသစ္ရွိလာမယ့္ လႊတ္ေတာ္အသီးသီးအတြက္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္ စားလွယ္ေတြရဲ႕ အမည္စာရင္း တင္သြင္းတာေတြ၊ အစိုးရအသစ္ အတြက္ ဝန္ႀကီးသုံးဦးရဲ႕ အမည္ စာရင္းတင္သြင္းတာေတြကို လက္ရွိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ကပဲ လုပ္မယ့္ ျဖစ္ႏိုင္ ေျခပါ။

အစိုးရသစ္ဖြဲ႕ၿပီး ေလးလအ ၾကာ သူအၿငိမ္းစားယူရမယ့္အခ်ိန္ ေရာက္မွ သူကိုယ္တိုင္အမည္စာရင္းတင္သြင္းခဲ့တဲ့ ဝန္ႀကီးအသစ္ သုံးဦးပါတဲ့ အမ်ိဳးသားကာကြယ္ ေရးႏွင့္ လုံၿခဳံေရးေကာင္စီအသစ္ ကပဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္ေနရာကို ဆက္ခံမယ့္ တပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အ သစ္အမည္စာရင္းကို အစိုးရသစ္ သမၼတဆီ တင္သြင္းမယ့္သေဘာ ပါ။သမၼတဆီကို အမ်ိဳးသားကာ ကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အသစ္က တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္အသစ္အမည္စာ ရင္း တင္သြင္းတဲ့အခါ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္ စီထဲရွိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္ ပါထည့္တြက္မလား၊ ဒါမွမဟုတ္ ထည့္မတြက္ဘဲနဲ႔ အ ဖြဲ႕ဝင္ ၁၀ ဦးတည္းနဲ႔တင္ တင္ သြင္းမလားဆိုတာကေတာ့ မေရ ရာပါဘူး။

ဒုတိယျဖစ္ႏိုင္ေျခကေတာ့ လက္ရွိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ အစိုးရအသစ္နဲ႔ ပါ မသြားေတာ့ဘဲ လက္ရွိ သမၼတဦး ဝင္းျမင့္နဲ႔ အမ်ိဳးသားကာကြယ္ ေရးႏွင့္ လုံၿခဳံေရးေကာင္စီအ ေဟာင္းလက္ထက္မွာပဲ အၿငိမ္း စားယူတာမ်ိဳးပါ။ အမ်ိဳးသားကာ ကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အေဟာင္းကပဲ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္အသစ္အမည္ စာရင္းကို လက္ရွိသမၼတ ဦးဝင္း ျမင့္ဆီ တင္သြင္းရမွာပါ။

အဲဒီအခါ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္ကပဲ အသစ္ရွိလာမယ့္ လႊတ္ေတာ္အ သီးသီးအတြက္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အမည္စာရင္းတင္သြင္းတာေတြ၊ အစိုးရအသစ္အတြက္ ဝန္ႀကီးသုံး ဦးအတြက္ အမည္စာရင္းေတြကို ဆက္လက္တင္သြင္းရမွာ ျဖစ္ပါ တယ္။

ျဖစ္ႏိုင္ေျခနည္းေပမယ့္ တကယ္လို႔မ်ား ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္ဟာ တပ္မေတာ္က တင္လာမယ့္ ဒုတိယသမၼတတစ္ ဦးျဖစ္လာမယ္ဆိုရင္ေတာ့ လႊတ္ ေတာ္အသစ္အတြက္ တပ္မ ေတာ္သားကိုယ္စားလွယ္ေတြရဲ႕ အမည္စာရင္း တင္သြင္းၿပီးၿပီး ခ်င္းအခ်ိန္၊ ဒုတိယသမၼတအမည္ စာရင္းမတင္သြင္းခင္မွာပဲ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ရာ ထူးကေန အၿငိမ္းစားယူရမွာျဖစ္ ပါတယ္။

ဘာလို႔လဲဆိုေတာ့ အေျခခံ ဥပေဒပုဒ္မ ၆၃ အရ သမၼတနဲ႔ဒုတိ ယသမၼတေတြအျဖစ္ အေ႐ြးခ်ယ္ ခံရတဲ့ေန႔ကစၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ေနရင္ လႊတ္ ေတာ္ကိုယ္စားလွယ္အျဖစ္ကေန ႏုတ္ထြက္၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ေန ရင္ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ကေန အၿငိမ္းစားယူၿပီး မွတ္ယူရမယ္လို႔ ျပ႒ာန္းထားလို႔ပါ။ ဒါမွသာ အစိုးရသစ္မေပၚ ေသးခင္ အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီအေဟာင္း ကပဲ တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္အသစ္အမည္စာရင္းကို လက္ရွိသမၼတ ဦးဝင္းျမင့္ဆီကို အခ်ိန္မီ တင္သြင္းႏိုင္မွာပါ။ အ စိုးရအသစ္ဖြဲ႕တဲ့အခါ ရွိလာမယ့္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္အသစ္က အမည္စာရင္းတင္ သြင္းရတဲ့ ဝန္ႀကီးသုံးဦးအမည္စာ ရင္းကို ေရွာေရွာရႉရႉတင္သြင္း ႏိုင္မွာျဖစ္ပါတယ္။ ႏိုမို႔ဆိုရင္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္အသစ္ရွိလာေရး လုပ္ငန္းစဥ္ ေတြဟာ ရႈပ္ေထြးမႈေတြ ရွိလာႏိုင္ ပါတယ္။

ဒီေနရာမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဒုတိယသမၼတ လုပ္၊မလုပ္ကို ခန႔္မွန္းျခင္းမဟုတ္ ပါ။ ဒုတိယသမၼတအျဖစ္အမည္ စာရင္းတင္သြင္းလာရင္ အၿငိမ္း စားယူဖို႔ သင့္ေတာ္တဲ့အခ်ိန္နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္အသစ္ခန႔္ထားႏိုင္တဲ့ အေျခ အေနကိုသာ ေျပာလိုျခင္းျဖစ္ပါ တယ္။

ခ်ဳပ္ေျပာရရင္ေတာ့ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရာ ထူးဟာ တာဝန္ယူရတာမ်ားပါ တယ္။ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး နဲ႔ တရားစီရင္ေရးတာဝန္ေတြမွာ ဦးေဆာင္ရသလို ႏိုင္ငံ့ကာကြယ္ ေရးကိုလည္း တာဝန္ယူရပါ တယ္။

ဒီလိုမ်ားျပားစြာ တာဝန္ယူ ထားတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ရာထူးခန႔္ထားေရးအ တြက္၊ သက္တမ္းအတြက္၊ အ ျခားအေရးႀကီးတဲ့ အမ်ိဳးသားကာ ကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝး က်င္းပေရးအ တြက္ လုပ္ထုံးလုပ္နည္းေတြ တိ တိက်က် ရွင္းရွင္းလင္းလင္းရွိ ေစဖို႔ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီဥပေဒကို ျပည္ ေထာင္စုလႊတ္ေတာ္က အျမန္ဆုံး ေရးဆြဲျပ႒ာန္းသင့္ေနၿပီျဖစ္ပါ တယ္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X