Dahama Knowledge

အပါယ္က်ေစေသာ အလႉ (၁၀) မ်ိဳး

Zawgyi

အပါယ္က်ေစေသာ အလႉ (၁၀) မ်ိဳး

၁။ သမဇၨဒါန-ကေခ်အလႉ ( အၿငိမ့္ဇာတ္ပြဲ )။

၂။ မဇၨဒါန -ေသရည္ေသရက္အလႉ။

၃။ ဣတၳိဒါန – မိန္းမအလႉ။

၄။ ဥသဘဒါန -ႏြားလား၊ ျမင္းလား အလႉ။

၅။ စိတၱကမၼဒါန – ကာမဂုဏ္ကို ႏိုးႂကြေစေသာ ပန္ခ်ီေဆးေရး အလႉ။

၆။ သတၳဒါန – လက္နက္ ခဲယမ္းမီးေက်ာက္ အလႉ။

၇။ ၀ိသဒါန – အဆိပ္အလြဴ။

၈။ သခၤလိကဒါန – လက္ထိတ္ သံေျခခ်င္း ေႏွာင္ႀကိဳးအလႉ။

၉။ ကုကၠဳရ သူကရ ဒါန-ၾကက္ ဝက္ သားေကာင္အလႉ။

၁၀။ တုလာကူဋ မာနကူဋ – ခ်ိန္စဥ္းလဲ၊ တင္းစဥ္းလဲအလႉ။ တို႔ျဖစ္ပါတယ္။

(၁) – သမဇၨဒါန လို႔ေခၚတဲ့ ကေခ်အလႉ (အၿငိမ့္ဇာတ္ပြဲ)ကေတာ့ ယခုေခတ္ ရွင္ျပဳ ရဟန္းခံ ပြဲေတြမွာ မ်ားစြာမွေတြ႕ရပါတယ္။ ဆိုင္းဝိုင္းေတြ ဇာတ္ပြဲေတြ ထည့္သြင္းၿပီး က်င္းပၾကပါတယ္။

ရင္းႏွီးသူအခ်င္းခ်င္းလည္း “သူငယ္ခ်င္း’ မင္းရဲ႕ ရွင္ျပဳ ရဟန္းခံ ပြဲမွာ ငါလည္း ကုသိုလ္ျဖစ္ေစဖို႔ ဇာတ္ပြဲေလး ဆိုင္းေလးေတာ့ ထည့္ဝင္ လႉဒါန္းပါရေစ ဆိုၿပီး” အျပစ္ကင္းတဲ့ အလႉဟု ထင္မွတ္ၿပီး အျပစ္မကင္းေသာ အပၸါယ္ေလးပါး ေရာက္ေစတတ္ေသာ မေကာင္းေသာ အလႉကို ေပးလႉတတ္ၾကပါတယ္။

အဲဒီအလႉဒါနသည္ ကုသိုလ္ မရသည့္အျပင္ အပၸါယ္ေလးပါးကို ေရာက္ေစတတ္ပါေသာေၾကာင့္ ထိုထိုေသာ အလႉကို မေပးလႉမိဖို႔ တိုက္တြန္းအပ္ပါတယ္။

(၂) မဇၨဒါန– ေသရည္ ေသရက္အလႉ (ဘီယာ ထန္းရည္ ေဆးေျခာက္ စသည္)လို႔ ေခၚတဲ့ မဇၨဒါနပါ။ အဲဒီအလႉကိုလည္း ယခုေခတ္မွာ အမ်ားႀကီး ေတြ႕ရတတ္ပါတယ္။

မိမိရဲ႕ေမြးေန႔မွာ ေသာ္လည္းေကာင္း အလုပ္အကိုင္ အဆင္ေျပလို႔ ေသာ္လည္း သူငယ္ခ်င္း မိတ္ေဆြ မ်ားကို ၊ ဖိတ္ၿပီး ေသရည္ ေသရက္ ဘီယာစသျဖင့္ ျပဳလုပ္ေကာင္း လႉဒါန္းေကာင္း အျပစ္ကင္းသည္ဟု ထင္မွတ္ၿပီး ဒါနျပဳ ေကြၽးေမြးတဲ့အလႉဒါနကို ေျပာလိုတာပါ။

တကယ္ေတာ့ အဲဒီဒါနဟာလည္း အျပစ္မကင္းတဲ့ဒါန ကုသိုလ္မရတဲ့ဒါန အကုသိုလ္ျဖစ္တဲ့ဒါန အပၸါယ္ေလးပါးေရာက္ေစတတ္တဲ့ ဒါနပါ။ ဒါေၾကာင့္ ထိုထိုေသာ ဒါနကိုလည္း မေပးလႉမိဖို႔ တိုက္တြန္းအပ္ပါတယ္။

(၃) – ဣတၳိဒါန မ႐ိုေသစကား ယခုေခတ္ အတိုင္းတာနဲ႔ ေျပာရမယ္ဆိုရင္ မိမိ၏ မိတ္ေဆြသူငယ္ခ်င္း ညီအစ္ကိုမ်ား ကာမဂုဏ္ ေပ်ာ္ပါးေစဖို႔အတြက္ မိမိက အခေၾကးေငြ အကုန္က်ခံၿပီး ငွားရမ္းေပးတဲ့ (prostitute) အလႉဒါန ကို ေျပာလိုျခင္း ျဖစ္ပါတယ္။

အဲဒီလို အခေၾကးေငြ အကုန္က်ခံၿပီး လုပ္လိုက္တဲ့ အလႉဟာလည္း အျပစ္မကင္း ကုသိုလ္မရ အပၸါယ္ေလးပါး ေရာက္ေစတတ္တဲ့ ဒါနျဖစ္လို႔ ထိုထိုေသာ အလႉဒါနမ်ိဳးကို မေပးလႉမိဖို႔ တိုက္တြန္းပါတယ္။

(၄) – ဥသဘဒါန ကေတာ့ ႏြားတို႔မွာ ဦးေဆာင္ႏြားလား.. ျမင္းတို႔မွာလည္း ဦးေဆာင္ျမင္းလား တို႔ကို ေပးလႉတဲ့ အလႉဒါနပါ။ ယခုေခတ္မွာ အနည္းငယ္ ရွားပါးပါတယ္။

၅။ စိတၱကမၼဒါန –ကာမဂုဏ္ကို ႏိုးႂကြေစေသာ ပန္ခ်ီေဆးေရး အလႉ။ ဆိုတာက မိမိမိတ္ေဆြ အေပါင္းသင္းနဲ႔ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ ကာမဂုဏ္ စိတ္ကာမရာဂ စိတ္ေတြ ျဖစ္ေပၚေစတတ္ေသာ အမ်ိဳးသမီးဓာတ္ပုံမ်ား ။ျပကၡဒိန္မ်ား။ ပန္းခ်ီ႐ုပ္မ်ားကို ေပးလႉတဲ့ အလႉဒါနကို ဆိုလိုျခင္းျဖစ္ပါတယ္။

ထိုထို အလႉသည္လည္း အျပစ္မကင္းေသာ ကုသိုလ္မရေသာ အပၸါယ္ေလးပါး ေရာက္ေစတတ္ေသာ အလႉဒါန ျဖစ္သည့္အတြက္ ထိုအလႉဒါနကိုလည္း မေပးလႉမိဖို႔ တိုက္တြန္းပါတယ္။

၆။ သတၳဒါန –လက္နက္ ခဲယမ္းမီးေက်ာက္ အလႉ။ လူတစ္ဦးတစ္ေယာက္ ဒါမွမဟုတ္ အုပ္စုတစ္စု ဒါမွမဟုတ္ အဖြဲ႕တစ္ဖြဲ႕ စသည္ျဖင့္ေပါ့ေလ သတ္ျဖတ္ဖို႔အတြက္ ေသေစႏိုင္ေသာ လက္နက္မ်ားကို အခမဲ့ လုပ္ေပးျခင္း ေပးလႉျခင္း အလႉဒါနကို ေျပာျခင္းျဖစ္ပါတယ္။

၇။ ဝိသဒါန – အဆိပ္အလႉ။ ဆိုတာက တစ္ဦးတစ္ေယာက္ကို ေသေစလိုေသာ ေစတနာျဖင့္ ေသေစႏိုင္ေသာ အဆိပ္ ေဆးမ်ားကို ေပးလႉတဲ့ဒါနကို ေခၚဆိုျခင္း ျဖစ္ပါတယ္။

Unicode

အပါယ်ကျစေသော အလှူ (၁၀) မျိုး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန – မိန်းမအလှူ။

၄။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန – ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန – လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန – အဆိပ္အလွဴ။

၈။ သင်္ခလိကဒါန – လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ – ချိန်စဉ်းလဲ၊ တင်းစဉ်းလဲအလှူ။ တို့ဖြစ်ပါတယ်။

(၁) – သမဇ္ဇဒါန လို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေ ထည့်သွင်းပြီး ကျင်းပကြပါတယ်။

ရင်းနှီးသူအချင်းချင်းလည်း “သူငယ်ချင်း’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ ထည့်ဝင် လှူဒါန်းပါရစေ ဆိုပြီး” အပြစ်ကင်းတဲ့ အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါး ရောက်စေတတ်သော မကောင်းသော အလှူကို ပေးလှူတတ်ကြပါတယ်။

အဲဒီအလှူဒါနသည် ကုသိုလ် မရသည့်အပြင် အပ္ပါယ်လေးပါးကို ရောက်စေတတ်ပါသောကြောင့် ထိုထိုသော အလှူကို မပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၂) မဇ္ဇဒါန– သေရည် သေရက်အလှူ (ဘီယာ ထန်းရည် ဆေးခြောက် စသည်)လို့ ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီး တွေ့ရတတ်ပါတယ်။

မိမိရဲ့မွေးနေ့မှာ သော်လည်းကောင်း အလုပ်အကိုင် အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ၊ ဖိတ်ပြီး သေရည် သေရက် ဘီယာစသဖြင့် ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟု ထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကို ပြောလိုတာပါ။

တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ ဒါနပါ။ ဒါကြောင့် ထိုထိုသော ဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းအပ်ပါတယ်။

(၃) – ဣတ္ထိဒါန မရိုသေစကား ယခုခေတ် အတိုင်းတာနဲ့ ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေသူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ် ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေ အကုန်ကျခံပြီး ငှားရမ်းပေးတဲ့ (prostitute) အလှူဒါန ကို ပြောလိုခြင်း ဖြစ်ပါတယ်။

အဲဒီလို အခကြေးငွေ အကုန်ကျခံပြီး လုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါး ရောက်စေတတ်တဲ့ ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) – ဥသဘဒါန ကတော့ နွားတို့မှာ ဦးဆောင်နွားလား.. မြင်းတို့မှာလည်း ဦးဆောင်မြင်းလား တို့ကို ပေးလှူတဲ့ အလှူဒါနပါ။ ယခုခေတ်မှာ အနည်းငယ် ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန –ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ် စိတ်ကာမရာဂ စိတ်တွေ ဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကို ပေးလှူတဲ့ အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။

ထိုထို အလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါး ရောက်စေတတ်သော အလှူဒါန ဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန –လက်နက် ခဲယမ်းမီးကျောက် အလှူ။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကို ပြောခြင်းဖြစ်ပါတယ်။

၇။ ဝိသဒါန – အဆိပ်အလှူ။ ဆိုတာက တစ်ဦးတစ်ယောက်ကို သေစေလိုသော စေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကို ပေးလှူတဲ့ဒါနကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X