Uncategorized

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (19.11.2020 မှ 25.11.2020 အထိ)

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (19.11.2020 မှ 25.11.2020 အထိ)

 

19.11.2020 မှ 25.11.2020 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းအပင်ပန်းခံမှအဆင်ပြေမဲ့ကာလတစ်ခုပါပဲ။မိမိတို့ဆီမှာရှိတဲ့ အဖိုးတန်ပစ္စည်းများ လွယ်လင့်တကူ မထားမိပါစေနဲ့။သူများခိုးသွားတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်ဂရု စိုက်ဖို့လိုအပ်ပါတယ်။

ကျန်းမာရေးအားနည်းယုတ်လျော့နေ တတ်တဲ့ကာလပါပဲ။မိမိလေးစားရတဲ့ဆရာတွေက မိမိကိုလိမ်သွားတတ်ပါ တယ်။အဝေးနဲ့ချိတ်ဆက်လုပ်ရတဲ့အလုပ်တွေအဆင်မပြေနိုင်သေးပါ။

မိမိအတွက်ကောင်းတာတွေရှိသလို ဆိုးတာ တွေလဲ ရှိနေတတ်ပါတယ်။ အဓိကတော့ ဘယ်သူကိုမှ အထက်စီးကမဆက်ဆံမိပါစေနဲ့။ အောက်လက်ငယ်သားတွေ ပြန်တော်လှန်တာမျိုးတွေကြုံရတတ်ပါ တယ်။

အလုပ်အကြွေးတွေများနေတာကြောင့်လဲ ဖိအားပေးခံရတတ်ပါ တယ်။ တတ်နိုင်သမျှ သည်းခံပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေမှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ်တွေကို တစ်ခု လက်စသတ်ပြီးမှ နောက်အလုပ်ကိုလုပ်ကိုင်ပါ။

ဟိုစပ်စပ်ဒီစပ်စပ်လုပ်တာမျိုးတွေကိုတော့ ရှောင်လိုက်စေချင်ပါ တယ်။ အချစ်ရေးကတော့ အကောင်းဆုံး အနေအထားကိုဦးတည်နေပါလိမ့်မယ်။ တတ်နိုင်သ၍ချစ်သူထံကအကူ အညီရ လာတတ်ပါတယ်။

အိမ်ထောင်ရေးကတော့ မိမိနဲ့အိမ်ထောင်ဘက် ဆန်ကျင့်ဘက်တွေဖြစ်နေတာများနေတတ်ပါတယ်။ ပညာရေးမှာတော့ အညံ့မရှိပေမယ့် အားရစရာကောင်းတဲ့အနေအထားမရောက်သေးပါ။

အကျိုးပေးဂဏန်း 7/2/1 အထူးဟော ကံအားနည်းနေမည်။ ယတြာ ကြက်ဥကြော်နှင့်ထမင်းသုတ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

တနင်္လာ

ဒီလိုရက်တွေမှာတော့ မိမိအတွက်အရင်ကာလတွေနဲ့မတူတဲ့ အသစ်အဆန်းတွေကို လုပ်ကိုင်ဆောင်ရွက် ရတတ်ပါတယ်။ စီးပွားသစ်၊အလုပ်သစ်၊နေရာသစ်၊ဒေသအသစ်နဲ့ အံဝင်ခွင်ကျဖြစ်နေမဲ့ကာလပါပဲ။

ကောင်းတာတွေ လုပ်မယ်ဆိုရင် အဖျက်ဝင်လာတတ်ပါတယ်။ မိမိလုပ်ချင်တာကို တတ်နိုင်သမျှသူများကိုမပြောလိုက်ပါနဲ့။ လုပ်ငန်း ခွင်မှာမိမိလိုချင်တဲ့ကိစ္စတွေကို ဆရာသမားတွေ၊လူကြီးတွေဆီကနေတဆင့်ခံပြီး ဆောင်ရွက်မှအဆင်ပြေတတ်ပါတယ်။

လူမျိုးခြား၊တစ်စိမ်းတရံတွေကိုဇွတ်မယုံသင့်ပါဘူး။ မိမိကံက ဒီကာလမှာအလိမ်ခံရတတ်လို့ သတိပေးတာပါ ဗျ။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။

မိမိလုပ်ကိုင်နေတဲ့ ကိုယ်ပိုင်စီးပွားရေးတွေလဲ အထူးပဲတိုးတတ်ပါလိမ့်မယ်။ ဘာသာရေးမမေ့သူတွေ၊ကုသိုလ်မပြတ်လုပ်နေသူတွေ ပိုမို အဆင်ပြေမဲ့ကာလပါပဲ။ မိမိသွားလိုတဲ့ဘုရားဖူးခရီးတွေရှိရင်လဲ ဒီကာလမှာသွားခွင့်ကြုံတတ်ပါတယ်။

ကျန်းမာ ရေးကတော့ အပူကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်လွယ်တယ်။ အရေပြားမှာအပူနာလေးတွေပေါက်တတ်ပါတယ်။ အချစ်ရေးကတော့ မိမိဆန္ဒတွေကို ချစ်သူကအကောင်အထည်ဖော်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးရန်ဖြစ်လိုက် ပြန်တည့်လိုက်ပါပဲ ။

ပညာရေးကံအထူးကောင်းမွန်တာကိုလဲ တွေ့ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/5 အထူးဟော ကံသင့်ပါလိမ့်မယ်။ ယတြာ ထန်းလျက်ခဲလေးတွေ နီးစပ်ရာခွေးလေးတွေကိုကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းကံကောင်းနေပေမဲ့ နာမည်ကြီးထမင်းငတ်ဆိုတာမျိုးဖြစ်တတ်ပါ တယ်။ ငွေကိုအသုံးမလွယ် ပါနဲ့။ဘယ်သူနဲ့ဖြစ်​ဖြစ် ဆက်ဆံရေးပြေလည်နိုင်တဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။ လူချစ်လူခင်များမယ့်နေ့ရက်တွေပါ ပဲ။

မိမိလိုအပ်တဲ့အရင်းအနှီးတွေ ချေးငှားလွယ်တဲ့ကာလပါ။ ခရီးကိစ္စတွေအဆင်ပြေတတ်ပါတယ်။ အနုပညာနဲ့ ပတ်သက်သောအလုပ်များနှင့် ရေနှင့်ဆက်နွယ်သောအလုပ်များ ပိုမိုတိုးတတ်နိုင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေး ကတော့ အညံ့မရှိသလောက် ရှားပါတယ်။

မိမိရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။အလုပ်တွေ ချဲ့ထွင်နိုင်ပါလိမ့် မယ်။ အထူးသတိထားစေချင်တာက ဘာလုပ်လုပ် ငွေနိုင်မနိုင်ပြန်ကြည့်ပါ။ အလုပ်တွေကကြီးလာပြီးငွေကမနိုင်တာ ၊အရောင်းအဝယ်တွေကောင်းပေမဲ့ အကြွေးကျတာမျိုးတွေဖြစ်ရတတ်ပါတယ်။

လူငယ်များ အလုပ်ခွင်အတွင်း ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာနိုင်လေ အဆင်ပြေလေပါပဲ။ ဆရာသမားတွေ၊ မိမိရဲ့ အထက် လူကြီးတွေဆီ ကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူက အလုပ် အကြောင်းပြပြီး မိမိကိုရှောင်နေတတ်ပါတယ်။ အိမ်ထောင်ရေးကံအညံ့မရှိပေမဲ့ အိမ်ထောင်ဘက် ကျန်းမာ ရေး အားနည်းနိုင်တာကိုတွေ့ရပါတယ်။ ပညာရေးမှာတော့ မိမိအတွက်အညံ့နည်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/6/9 အထူးဟော စီးပွားတိုးတတ်မည်။ ယတြာ ငါးပါးသီလမြဲအောင်နေတာ ဒီတစ်ပါတ်အတွက်ယတြာပါပဲ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းကိုယ်ပိုင်အလုပ်များ ပုံမှန်အတိုင်းလည်ပတ်ပါ။ အသစ်မစပါနဲ့။ ကုန်ပစ္စည်းအသစ်တင် မရောင်းပါ နဲ့။အွန်လိုင်းစီးပွားရေးတွေ ထင်သလောက်အဆင်မပြေတဲ့ကာလတစ်ခုပါပဲ။ ရပ်ဝေးကနေ ပစ္စည်းတွေ မှာမယ်ဆို သတိထားပါ။

လမ်းမှာပျက်စီးတတ်ပါတယ်။ စက်ကားနဲ့ ခရီးသွားလုပ်ကိုင်နေသူများ အလုပ်အဆင်ပြေ ပေမဲ့ စက်ကားပျက်တတ်တာကြောင့် ခရီးမတွင်သလိုဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်း ချက်တွေက ဒီကာလမှာများပါတယ်။

ကိုယ်တိုင်နေကောင်းကျန်းမာ အောင်ဂရုစိုက်ပါလို့ပဲမှာချင်ပါတယ်။ မိမိ အတွက် လိင်ကိစ္စတွေမရှုပ်ဖို့အထူးသတိပေးချင်ပါတယ်။ ခပ်ကင်းကင်းနေသူတွေက ပြဿနာမရှိပေမဲ့အနည်းငယ်ပါဝင်ပတ်သက်မိရင်တော့ပြဿနာဖြစ်လာတတ်တဲ့နေ့ရက်တွေပါပဲ။

ရပ်ဝေးနဲ့ဆက်စပ် လုပ်ကိုင်ရတဲ့ အလုပ် တွေကအဆင်မပြေတတ်ပါဘူး။ ရပ်ဝေးကမိတ်ဆွေတွေဖုန်းဆက်ပိုက်ဆံချေးရင်သတိထားပါ။ အစားအသောက် တွေ စားရင် စားနေကျအရာမဟုတ်ရင်သတိထားပါလို့တိုက်တွန်းလိုက်ပါရစေ။

အောက်လက်ငယ်သားတွေက မိမိ မခိုင်းဘဲနဲ့ အလိုက်တသိလုပ်ပေးထားတဲ့ ကိစ္စတွေကသူတို့ကစေတနာနဲ့ လုပ်ပေမဲ့ အလွဲတွေဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံမညံ့ပါ။အဆင်ပြေပါလိမ့်မယ်။

အိမ်ထောင်ရေးလဲ သာယာပျော် ရွင်ရ ပါလိမ့်မယ်။ ပညာရေး အထူး တိုးတတ်နိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 4/8/3 အထူးဟော ငြိမ်နေတာအကောင်းဆုံးပါပဲ။ ယတြာ ဓာတ်ဆားရည်တစ်ထုပ် မိတ်ဆွေတစ်ဦးကို လှူဒါန်းလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း သားသမီးများအတွက်ငွေ ထွက်ရတတ်ပါတယ်။ ခရီးတွေလဲ မထင်မှတ်ဘဲ ထွက်ရတတ်ပါ တယ်။ မိမိမသွားလိုတဲ့ ခရီးမျိုးလဲဖြစ်ရင် ဖြစ်ပါလိမ့် မယ်။ စိတ်ပင်ပန်းရာကနေ လူနုန်းပြီး ဖျားနာရတတ်ပါတယ်။

ဒီကာလမှာဖျားနာမိရင် အဖျားနာတာရှည်ဖြစ်လွယ် ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ လူယုံဒုက္ခပေးတတ်ပါတယ်။ ဝန်ထမ်းမမြဲတာ၊ လုပ်သက်ကြာနေပြီဖြစ်တဲ့ ဝန်ထမ်း တွေထွက်သွားတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ငွေကြေး ကို မလိုအပ်တာတွေဝယ်ပြီး သုံးနေမိတတ်ပါတယ်။

လိုချင်တာနဲ့လိုအပ်တာမကွဲပြားတဲ့ကာလပါ။ မိမိ အတွက် ရည်ရွယ်ထားတာလေးတွေ၊စိတ်ကူးထားတာလေးတွေရှိရင် အကောင်အထည် မဖော်ပါနဲ့အုံး။ လုပ်လက်စ အလုပ် တွေနဲ့တင် မအားလပ်နိုင်ဖြစ်ရတတ်လို့ပါပဲ။

လူငယ်တွေဆိုရင်တော့ လုပ်သလောက်အကျိုးမခံစားရဘူး ဆို ပြီး မိမိအလုပ်အပေါ်အပြစ်မြင်နေမိတတ်ပါတယ်။ ဒါကကောင်းတဲ့လက္ခဏာ တော့မဟုတ်ပါဘူး။ အထက် လူကြီး နဲ့ ပြဿနာတတ်ရသည်ထိဖြစ်ရတတ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးအလွန်မှစိတ်ချမ်းသာရမှာလိမ့်မယ်။ ဝေးကွာ အဆက်အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ပြန်ဆုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်မပြေတာ များပါတယ်။ တစ်ယောက်ကအလျော့ပေးသည်းခံမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးအားနည်းနေချိန်ပါ။

အကျိုးပေးဂဏန်း 1/5/8 အထူးဟော အနည်းငယ်ပင်ပန်းရတတ်ပါတယ်။ ယတြာ ဘုရားကျောင်းဆောင်ကို သန့်ရှင်းပါ။ ဘုရားရှင်ကိုရေသပ္ပာယ်ပါ။

သောကြာ

ဒီကာလအတွင်း နိုင်ငံခြားနဲ့တိုက်ရိုက်ဆက်စပ်လုပ်ကိုင်ရသောအလုပ်တွေကိုတော့ သတိနဲ့ယှဉ်ပြီးဆောင် ရွက် လိုက်ပါ။အထားမှားပြီးပျောက်ရှနေတာတွေပြန်တွေ့ရတတ်ပါတယ်။ ဘဏ်ကိစ္စများဆောင်ရွက်လို့အဆင်ပြေ တဲ့ကာလပါပဲ။

သမထ၊ဝိပဿနာ ပွားများသူများ အရင်ကမခံစားဘူးတဲ့ငြိမ်းအေးမှုတွေကိုရရှိတတ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်ပြီးညံ့နေတာမျိုးမတွေ့မိပါဘူး။ ဆရာအလုပ်ဖြင့် ရပ်တည်အသက်မွေးသူများ ပိုမို အဆင် ပြေတိုးတတ်ပါလိမ့် မယ်။

ကံကြမ္မာကမိမိကိုမျက်နှာသာပေးပါလိမ့်မယ်။မိမိလုပ်ချင်တာတွေလုပ်နိုင်သလို မိမိရင်ထဲ ကဆန္ဒတွေရှိရင်လဲပြည့်ဝရတတ်ပါတယ်။ အလုပ်တွေနဲ့ ပတ်သက်ပြီး အကူအညီတွေအထူးရမယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။

ကုသိုလ်ရေးလုပ်မယ်ဆိုလဲ အဘက်ဘက် ဝိုင်းဝန်ကူညီမဲ့သူတွေနဲ့ ကြုံရတတ်ပါတယ်။ ပရဟိတကိစ္စများအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီးအောင်မြင် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။

မိမိတတ်လမ်းမှာနှောင့်ယှက်နေတဲ့ ကိစ္စတွေကို ကောင်းစွာဖြေရှင်းသွားနိုင်ပါ လိမ့်မယ်။ အချစ်ရေးကံကောင်းနေပေမဲ့ ချစ်သူနဲ့ဆုံဖို့ခက်ခဲပါလိမ့်မယ်။ အိမ်ထောင်ရေးအတွက်စိတ်ပူစရာမလို သေးတဲ့ နေ့ရက်တွေပါပဲ။ ပညာရေး ကံအမြင့်မားဆုံးကာလတွေပါပဲ။

အကျိုးပေးဂဏန်း 2/5/9 အထူးဟော ကံမြင့်နေမည်။ ယတြာ ဒီကာလအတွင်း ပရိတ်ပဋ္ဌာန်းများများရွတ်ပွားပါ။

စနေ

ဒီကာလအတွင်းမိမိအတွက် အဆင်ပြေတာတွေများနေပါလိမ့်မယ်။ မိမိသွားချင်တာတွေသွားခွင့်ရသလို မိမိစားချင်တာတွေကိုလဲ စားခွင့်ရလာပါလိမ့်မယ်။ ပင်ပန်းခဲ့သမျှ အပန်းဖြေအနားယူခွင့်တွေရလာတတ်ပါတယ်။

အောက်လက်ငယ်သားတွေကို လွန်စွာမှအားကိုးရတတ်ပါတယ်။ အိမ်ထောင်သည်များ မိမိထက်အရမ်းငယ်သူတွေနဲ့ ငြိစွန်းတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လာဘ်ရွှင်ပါလိမ့်မယ်။ ပိတ်နေတဲ့ငွေကံတွေပြန်ပွင့်လာပါလိမ့်မယ်။

မိမိစိတ်ပါဝင်စားစွာ လုပ်နေတဲ့အလုပ်တွေကနေ အကျိုးအမြတ်ကောင်းစွာရရှိပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းနိုင်ပါ လိမ့်မယ်။ ခံစားချက်နဲ့လုပ်ရတဲ့ အလုပ်တွေက ပိုမိုတိုးတတ်ပါလိမ့်မယ်။

တတ်နိုင်သမျှအလုပ်ပင်ပန်း နေသူတွေ ဒီကာလအတွင်း အဆင်ပြေတဲ့ တစ်ရက်ရက်မှာ relax ဖြစ်အောင်နေလိုက်တာက အားသစ်တွေကို ရလာပါလိမ့် မယ်။ မြေ၊ခြံ၊တိုက်တာအိုးအိမ်များ ဝယ်ယူမယ်ဆိုရင်လဲ ဒီကာလဟာ ဝယ်ယူလို့အထူးကောင်းပါတယ်။

ကျန်းမာ ရေးကတော့ အညံ့နည်းပါလိမ့်မယ်။ ဒါပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းကိုတော့ ဒီကာလမှာရှောင် လိုက်စေ ချင်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး ချစ်သူသစ်ရလွယ်သလို မိမိကိုယ်တိုင်လဲ စန်းပွင့်နေပါလိမ့် မယ်။

အိမ်ထောင် ရေးကံကတော့ သင့် ပါတယ်။ ပညာရေးကံအားနည်းချက်မတွေ့ရပါဘူး။

အကျိုးပေးဂဏန်း 0/3/6 အထူးဟော စိတ်အေးချမ်းမည်။ ယတြာ နှင်းဆီပန်း၃ပွင့်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X