Dahama News

ရွှေတိဂုံစေတီတော်မြတ်ကြီးပြန်ဖွင့်ဖို့အဆင့်သင့်ပြုလုပ်ထားဟု ဂေါပကအဖွဲ့မှပြော

ရွှေတိဂုံစေတီတော်မြတ်ကြီးပြန်ဖွင့်ဖို့အဆင့်သင့်ပြုလုပ်ထားဟု ဂေါပကအဖွဲ့မှပြော
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်ကြလာပါက ရွှေတိဂုံစေတီကို ဖွင့်လှစ်ရန် အဆင်သင့်ပြုလုပ်ထားတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက MyanmaPlatform Media ကို ယနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

“ကိုဗစ်ဗဟိုကော်မတီကနေ သူတို့သတ်မှတ်တဲ့ ညွှန်ကြားချက်နဲ့အညီ ဖွင့်ပါဆိုရင် ကျွန်တော်တို့ဖွင့်ပေးရမှာပေါ့။ အခုလောလောဆယ်တော့ ဘာမှမညွှန်ကြားသေးဘူး။ တကယ်လို့ ညွှန်ကြားချက်ကြပြီဆိုတော့နဲ့ ဘုရားကိုအဆင့်သင့် ဖူးမြော်နိုင်အောင် ကြိုးစားပြီး ဆောင်ရွက်ထားပါတယ်။ အားလုံး အဆင်သင့်ပါပဲ။” လို့ ဦးအေးထွန်းကပြောပါတယ်။

ရွှေတီဂုံစေတီတော်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါက အွန်လိုင်းကတစ်ဆင့် စာရင်းပေးသွင်းပြီးမှ တစ်နေ့လျှင် လူဦးရေ ၂၀၀၀ ခန့် ဖူးမြော်ခွင့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ယင်းကဲ့သို့ စာရင်းပေးသွင်းနိုင်ဖို့အတွက် နည်းပညာပိုင်းတွေမှာလည်း အဆင့်သင့့် ဖြစ်နေပြီလို့ ဦးအေးထွန်းက ဆက်ပြောပါတယ်။

ရွှေတိဂုံစေတီတော်ကို COVID-19 ရောဂါ အခြေအနေများကြောင့် မတ်လ ၂၅ ရက်မှစတင်ကာ အချိန်အကန့်အသတ်ဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးခဲ့ပြီး မတ်လ ၃၁ရက်နေ့မှာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဧပြီ ၉ ရက်မှ စတင်ပြီး ယနေ့အချိန်အထိ ရွှေတိဂုံစေတီတော်ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi***

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးျပန္ဖြင့္ဖို႔အဆင့္သင့္ျပဳလုပ္ထားဟု ေဂါပကအဖြဲ႕မွေျပာ
Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ ၫႊန္ၾကားခ်က္ၾကလာပါက ေ႐ႊတိဂုံေစတီကို ဖြင့္လွစ္ရန္ အဆင္သင့္ျပဳလုပ္ထားတယ္လို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ဝင္ ဦးေအးထြန္းက MyanmaPlatform Media ကို ယေန႔ ေန႔လယ္ပိုင္းက ေျပာပါတယ္။

“ကိုဗစ္ဗဟိုေကာ္မတီကေန သူတို႔သတ္မွတ္တဲ့ ၫႊန္ၾကားခ်က္နဲ႔အညီ ဖြင့္ပါဆိုရင္ ကြၽန္ေတာ္တို႔ဖြင့္ေပးရမွာေပါ့။ အခုေလာေလာဆယ္ေတာ့ ဘာမွမၫႊန္ၾကားေသးဘူး။ တကယ္လို႔ ၫႊန္ၾကားခ်က္ၾကၿပီဆိုေတာ့နဲ႔ ဘုရားကိုအဆင့္သင့္ ဖူးေျမာ္ႏိုင္ေအာင္ ႀကိဳးစားၿပီး ေဆာင္႐ြက္ထားပါတယ္။ အားလုံး အဆင္သင့္ပါပဲ။” လို႔ ဦးေအးထြန္းကေျပာပါတယ္။

ေ႐ႊတီဂုံေစတီေတာ္ကို ျပန္လည္ဖြင့္လွစ္ခဲ့ပါက အြန္လိုင္းကတစ္ဆင့္ စာရင္းေပးသြင္းၿပီးမွ တစ္ေန႔လွ်င္ လူဦးေရ ၂၀၀၀ ခန္႔ ဖူးေျမာ္ခြင့္ေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိမွာ ယင္းကဲ့သို႔ စာရင္းေပးသြင္းႏိုင္ဖို႔အတြက္ နည္းပညာပိုင္းေတြမွာလည္း အဆင့္သင့့္ ျဖစ္ေနၿပီလို႔ ဦးေအးထြန္းက ဆက္ေျပာပါတယ္။

ေ႐ႊတိဂုံေစတီေတာ္ကို COVID-19 ေရာဂါ အေျခအေနမ်ားေၾကာင့္ မတ္လ ၂၅ ရက္မွစတင္ကာ အခ်ိန္အကန္႔အသတ္ျဖင့္ နံနက္ ၉ နာရီမွ ညေန ၄ နာရီအထိ ဖြင့္လွစ္ေပးခဲ့ၿပီး မတ္လ ၃၁ရက္ေန႔မွာ နံနက္ ၁၀ နာရီမွ ညေန ၃ နာရီအထိ ေျပာင္းလဲဖြင့္လွစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဧၿပီ ၉ ရက္မွ စတင္ၿပီး ယေန႔အခ်ိန္အထိ ေ႐ႊတိဂုံေစတီေတာ္ဖူးေျမာ္ခြင့္ကို ယာယီပိတ္ထားခဲ့တာပဲ ျဖစ္ပါတယ္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X