News

ဦးဝီရသူကို Video Conferencing ဖြင့် ရုံးထုတ်၊ ရမန်ကြီးနှစ်ပတ်ထပ်ပေး

 

Unicode

ဦးဝီရသူကို Video Conferencing ဖြင့် ရုံးထုတ်၊ ရမန်ကြီးနှစ်ပတ်ထပ်ပေး

ရဲတပ်ဖွဲ့ထံ လာရောက် အဖမ်းခံခဲ့သည့် ဆရာတော် ဦးဝီရသူကို ရုံးထုတ်ခေါ်ဆောင်လာခြင်း မရှိဘဲ Video Conferencing ဖြင့်ရုံးထုတ်ပြီး အနောက်ပိုင်းတရား ရုံးက ရမန်ကြီးနှစ်ပတ် ထပ်မံပေး လိုက်သည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်က Video Conferencing ဖြင့် ပြုလုပ်ပြီး ချုပ်ရက်အဖြစ် ရမန်ကြီး နှစ်ပတ်ထပ်ပေးကာ ဒီဇင်ဘာ ၁ ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားသည်။

တရားသူကြီးကတော့ လာမယ့်ရုံးချိန်းမှာ တရားလိုပြသက် သေတွေကို စစ်ဆေးမယ်လို့တော့ ပြောတယ်ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဇော်က ကိုဗစ်ကာလဖြစ် တဲ့အတွက်လေ ကျန်းမာရေးအရ တော့ လက်ရှိတော့ အချုပ်သားအားလုံးကိုလေ Video Con-ferencing နဲ့ပဲ သွားပါတယ် ခင်ဗျာ။ အားလုံးကို ဒီပုံစံအတိုင်း သွားနေပါတယ်’’ဟု ပြောသည်။

ဦးဝီရသူသည် ဖမ်းဝရမ်း ထုတ်ခံရပြီးနောက် ၁၇ လကြာ ပုန်းရှောင်နေရာမှ နိုဝင်ဘာ ၂ ရက်က ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်း ခံခဲ့ခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာ ၃ ရက်တွင် Video Conferencing ဖြင့်ရမန်ယူပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ဦးဝီရသူသည် နိုင်ငံတော် အကြီးအကဲများအပေါ် မဖွယ်မရာစကားလုံးများ သုံးနှုန်းပြော ဆိုခြင်းနှင့် နိုင်ငံတော်တရားရေး နှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများ မှ တာဝန်ရှိသူများအပေါ် အကြည် ညိုပျက်အောင် ပြောဆိုမှုကြောင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်၍ နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် တရားစွဲဆိုရန် ၂၀၁၉ မေလ ၂၈ ရက်တွင် တိုင်တန်းထားခြင်း ဖြစ်သည်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X