Health Knowledge

ကိုယ္ဝန္ေဆာင္ မိခင္ေတြနဲ႔ ကိုဗစ္ အႏၲရာယ္ (မိခင္ေလာင္းေတြ အတြက္)

Zawgyi

ကိုယ္ဝန္ေဆာင္ မိခင္ေတြနဲ႔ ကိုဗစ္ အႏၲရာယ္ (မိခင္ေလာင္းေတြ အတြက္)

ကိုယ္ဝန္ေဆာင္ မိခင္ေတြ ကိုဗစ္ ကူးစက္ခံရရင္ ဘယ္ေလာက္ စိုးရိမ္ရသလဲ?

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္သူေတြ တစ္ေန႔တျခားပိုမို မ်ားျပားလာေနၿပီး ေသဆုံးသူေတြလည္း ပိုမ်ားလာခ်ိန္မွာ အသက္ ၄၃ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ကေလးမီးဖြားၿပီး ၇ ရက္ အၾကာမွာ ေသဆုံးသြားခဲ့ပါတယ္။

ရန္ကုန္ ဗဟို အမ်ိဳးသမီးေဆး႐ုံႀကီးကို ကေလးေမြးဖြားဖို႔ သူ ေရာက္လာခ်ိန္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ရွိေနတာ မသိခဲ့ပါဘူး။ ကေလးကိုလည္း ဗိုက္ခြဲၿပီး ေမြးခဲ့ရပါတယ္။ အေရးေပၚ ခြဲစိတ္ ေမြးထုတ္ေပးခဲ့ အၿပီး ေနာက္တစ္ရက္မွာ ကိုဗစ္-၁၉ ေရာဂါ လကၡဏာေတြ ရွိလာလို႔ ဓာတ္ခြဲနမူနာယူၿပီး စစ္ေဆးခဲ့ရာမွာ ပိုးရွိေနေၾကာင္း သိရွိခဲ့ရတာ ျဖစ္ပါတယ္။

ပိုးရွိေနတာ သိရၿပီးေနာက္ ေဖာင္ႀကီး ကုသေရးဌာနကို ပို႔လႊတ္ခဲ့တယ္လို႔ နာမည္ ထုတ္ေဖာ္ မေျပာလိုၾကတဲ့ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးက ဆရာဝန္ အသိုင္းအဝိုင္းက တစ္ဆင့္ သိရပါတယ္။ ကေလးမိခင္ အမ်ိဳးသမီးက စက္တင္ဘာလ ၂၂ ရက္ေန႔က ေသဆုံးသြားခဲ့တာပါ။ ကေလးကေတာ့ ေရာဂါကူးစက္မႈ မရွိဘဲ အခု အခ်ိန္အထိ က်န္းက်န္းမာမာ ရွိေနတယ္လို႔ သိရပါတယ္။

ကိုယ္ဝန္ေဆာင္ မိခင္ေတြနဲ႔ ကိုဗစ္ အႏၲရာယ္

ကမာၻတစ္ဝန္း ရင္ဆိုင္ေနရတဲ့ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရရင္ နာတာရွည္ ေရာဂါအခံရွိသူေတြမွာ အႏၲရာယ္ ရွိသလို ကိုယ္ဝန္ေဆာင္မိခင္ေတြဟာလည္း အဲဒီလူေတြလိုပဲ သတိထား ဂ႐ုစိုက္သင့္တဲ့ အုပ္စုထဲမွာ ပါတယ္လို႔ ကမာၻ႔ က်န္းမာေရး အဖြဲ႕ခ်ဳပ္က သတ္မွတ္ထားပါတယ္။

ကိုယ္ဝန္ေဆာင္ မိခင္ေတြမွာ အသက္ရႉလမ္းေၾကာင္းနဲ႔ ဆိုင္တဲ့ ေရာဂါေတြ ကူးစက္ခံရတဲ့ အခါ ျပင္းျပင္းထန္ထန္ ျဖစ္ေလ့ရွိတယ္ဆိုတာ အရင္က ျဖစ္ခဲ့တဲ့ တုပ္ေကြးေရာဂါ (Influenza)နဲ႔ SARS ကူးစက္ျမန္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါတို႔တုန္းက ေဆးပညာရွင္ေတြ ေတြ႕ရွိခဲ့ထားၿပီး ျဖစ္ပါတယ္။

ကိုယ္ဝန္ ဘယ္အခ်ိန္မွာ အႏၲရာယ္ အႀကီးဆုံးလဲ

ကိုယ္ဝန္ေဆာင္ မိခင္ေတြမွာ ကိုယ္ဝန္ ရင့္လာခ်ိန္ တစ္နည္းအားျဖင့္ ကိုယ္ဝန္ ၂၈ ပတ္ေက်ာ္လာခ်ိန္မွာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါကူးစက္ခံရရင္ ေတာ္ေတာ္ ျပင္းျပင္းထန္ထန္ ျဖစ္ေလ့ရွိတာေၾကာင့္ အခုလတ္တေလာ ကူးစက္မႈ မ်ားေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မယ္ ဆိုရင္လည္း အႏၲရာယ္ႀကီးတယ္လို႔ သားဖြားနဲ႔ မီးယပ္ဆိုင္ရာ ဆရာဝန္ႀကီးေတြက ေျပာပါတယ္။

အဲဒီ အဆင့္မွာ သူ႔ဗိုက္ထဲက သေႏၶသားက ေမြးဖြားဖို႔ လုံေလာက္တဲ့ ႀကီးထြားမႈ မရွိေသးရင္လည္း မိခင္အသက္ရႉရ လြယ္ေအာင္ ေစာေစာ ေမြးထုတ္ေပးရတတ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး ကိုယ္ဝန္အရင့္အမာ ရွိေနတဲ့ မိခင္ေတြကို Ventilator စက္ႀကီးေတြေပၚ တင္ၿပီး ကုသတဲ့ အခါမွာ အခက္အခဲေတြ ရွိႏိုင္လို႔ ဗိုက္ထဲက ကေလးကို ေမြးထုတ္ၿပီးမွသာ ကိုယ္ဝန္ေဆာင္မိခင္ကို အဲဒီ စက္ေတြေပၚ တင္ၿပီး ကုသႏိုင္မွာ ျဖစ္တယ္လို႔ ၿဗိတိန္ႏိုင္ငံ လူတန္ၿမိဳ႕ ေဆး႐ုံက သားဖြားနဲ႔ မီးယပ္ဆိုင္ရာ အထူးကု ဆရာဝန္ ေဒါက္တာ ျမၾကာျဖဴက ေျပာပါတယ္။

ဒီအခါမွာ ကေလးေတြဟာ premature birth အခ်ိန္မတိုင္ခင္ေမြးရတဲ့ ကေလးေတြ ျဖစ္လာၿပီး သူတို႔မွာ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြ ရွိလာႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေတြ အေနနဲ႔ ဆိုရင္ေတာ့ ကိုယ္ဝန္ ၂၈ ပတ္ေက်ာ္ မိခင္ေလာင္းေတြက ၂၈ ပတ္မျပည့္ေသးတဲ့ မိခင္ေလာင္းေတြထက္ ပို အႏၲရာယ္ႀကီးတယ္လို႔ ေဒါက္တာ ျမၾကာျဖဴက ေျပာပါတယ္။

ကိုဗစ္ မိခင္ရဲ႕ ဝမ္းထဲက ကေလးကို ေရာဂါကူးႏိုင္လား?

ေလာေလာဆယ္မွာ မိခင္က ကို႐ိုနာ ဗိုင္းရပ္စ္ ရွိေနရင္ေတာင္ သူ႔ ဗိုက္ထဲက ကေလးကို ေရာဂါကူးေစတဲ့ အေထာက္အထား ခိုင္ခိုင္လုံလုံ မေတြ႕ရဘူးလို႔ ရင္ခြင္မဲ့ ကေလးငယ္မ်ား ေလွ်ာ့ခ်ေရးနဲ႔ ျပဳစုေစာင့္ေရွာက္ေရးဌာန အေထြေထြအတြင္းေရးမႉး သားဖြားနဲ႔ မီးယပ္ အထူးကု ဆရာဝန္ႀကီး ျဖစ္တဲ့ အၿငိမ္းစား ပါေမာကၡ ေဒါက္တာ ျမသီတာက ေျပာပါတယ္။

လက္ရွိ ျဖစ္ပြားခဲ့တဲ့ ကူးစက္ျပန႔္ပြားမႈေတြကို ေလ့လာၿပီးသေလာက္ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေနတဲ့ မိခင္ေၾကာင့္ သေႏၶသား ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈ ေႏွာင့္ေႏွးတာ ကိုယ္ဝန္ပ်က္က်တာတို႔ ျဖစ္တယ္ဆိုတဲ့ အေထာက္အထား ခိုင္ခိုင္လုံလုံ မရွိေသးဘူးလို႔ သိထားရေၾကာင္းလည္း ၿဗိတိန္က သားဖြားနဲ႔ မီးယပ္ အထူးကု ဆရာဝန္ ေဒါက္တာ ျမၾကာျဖဴက ေျပာပါတယ္။

ကိုဗစ္လူနာ မိခင္က မီးဖြားၿပီးရင္ ကေလးနဲ႔ အတူေနသင့္လား ?

သာမန္အားျဖင့္ ကိုယ္ဝန္သည္ေတြ မီးဖြားၿပီးၿပီဆိုရင္ ဆရာဝန္ေတြက သူတို႔ ရင္ေသြးေလးေတြနဲ႔ ခ်က္ခ်င္းေတြ႕ခြင့္ ေပးၿပီး မိခင္ႏို႔ခ်ိဳ တိုက္ေကြၽးဖို႔ အားေပးၾကေလ့ ရွိပါတယ္။ မိခင္နဲ႔ ကေလးၾကားက ေႏွာင္ႀကိဳး ခိုင္မာေစဖို႔နဲ႔ ေမြးကင္းစကေလးက ႏို႔ခ်ိဳစို႔ျခင္းအားျဖင့္ မိခင္ ႏို႔ပိုထြက္ေအာင္ လႈံ႕ေဆာ္ရာေရာက္တဲ့ အတြက္ျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ ကူးစက္ျပန႔္ပြားခါစ ကာလတုန္းကေတာ့ ပိုးရွိတဲ့ မိခင္က ကေလး ေမြးလာၿပီ ဆိုရင္ သူ႔ဆီကေန ကေလးကို ကူးမွာ စိုးရိမ္တဲ့ အတြက္ ကေလးနဲ႔ အေမကို ႏွစ္ပတ္ၾကာ ခြဲထားခဲ့ေပမဲ့ အခုေတာ့ မိခင္ေတြရဲ႕ ဆႏၵအရ ဆုံးျဖတ္ခြင့္ေပး တယ္လို႔ ေဒါက္တာ ျမၾကာျဖဴက ေျပာပါတယ္။

မိခင္ႏို႔ တိုက္လိုတဲ့ မိခင္ေတြက ကေလးအထူးကု ဆရာဝန္၊ သားဖြားနဲ႔ မီးယပ္ ဆရာဝန္တို႔နဲ႔ တိုင္ပင္ၿပီး သူတို႔ ၫႊန္ၾကားခ်က္အရ တိတိက်က် လိုက္နာ ၿပီး ႏို႔ခ်ိဳ တိုက္ေကြၽးႏိုင္ပါတယ္။ ျမန္မာ ႏိုင္ငံမွာလည္း ပိုးရွိတဲ့ မိခင္က ကေလးနဲ႔ အတူေနၿပီး ႏို႔ခ်ိဳတိုက္ေကြၽးခ်င္ရင္ ကေလးကို ေရာဂါ မကူးရေအာင္ က်န္းမာေရးဝန္ႀကီးဌာနက အႀကံျပဳထားတဲ့ ၫႊန္ၾကားခ်က္ေတြ အတိုင္း လိုက္နာၿပီး လုပ္ေဆာင္ႏိုင္တယ္လို႔ ပါေမာကၡ ေဒါက္တာ ျမသီတာက ေျပာပါတယ္။

ပိုးရွိ မိခင္က ကေလးကို ႏို႔တိုက္ရင္ ပိုး မကူးေအာင္ ဘယ္လို အထူးဂ႐ုစိုက္ရမလဲ ?

ပိုးရွိတဲ့ မိခင္ေတြက ေမြးကင္းစ သားသမီးေတြကို ႏို႔ခ်ိဳတိုက္ေကြၽးခ်င္တယ္ဆိုရင္ ရင္ခြင္ထဲ ေထြးေပြ႕ၿပီးမွ တိုက္ႏိုင္မွာ ျဖစ္လို႔ အထူးဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

ကေလးနဲ႔ မထိေတြ႕ခင္ ကိုဗစ္ေရာဂါသည္ မိခင္က မျဖစ္မေန လက္ေဆးရပါမယ္။ ကေလးနဲ႔ အတူရွိေနတဲ့ အခ်ိန္ တစ္ေလွ်ာက္လုံးမွာ မိခင္က ပါးစပ္နဲ႔ ႏွာေခါင္းကို ေသေသခ်ာခ်ာ အုပ္ထားရပါမယ္။ ကေလးေပၚကို ႏွာေခ်တာ၊ ေခ်ာင္းဆိုးတာမ်ိဳး မလုပ္မိေအာင္ အထူးဂ႐ုစိုက္ရပါမယ္။

ၿဗိတိန္ မွာေတာ့ Fluid Resistant Face Mask ျဖစ္တဲ့ Filtering Face Piece FFP 2 အဆင့္ ႏွာေခါင္းစည္း သုံးရင္ ေကာင္းတယ္လို႔ အႀကံျပဳေၾကာင္း ေဒါက္တာ ျမၾကာျဖဴက ေျပာပါတယ္။ ကေလးကိုေတာ့ အသက္ရႉၾကပ္မွာစိုးတဲ့အတြက္ Mask မတပ္ဖို႔ ၿဗိတိန္ႏိုင္ငံ က်န္းမာေရး ဌာနက အႀကံျပဳပါတယ္။

တကယ္ေတာ့ ကေလးကို ေရာဂါကူးတယ္ဆိုရင္ေတာင္ ကေလးေတြက ဒီဗိုင္းရပ္စ္ကို ခုခံတိုက္ထုတ္ႏိုင္တဲ့ ကိုယ္ခံအားေကာင္းတဲ့ အတြက္ ေရာဂါကူးစက္မခံရေအာင္ အထူးသတိထားဖို႔ လိုသူေတြ ဆိုၿပီး က်န္းမာေရး ဌာန အသီးသီးက သတ္မွတ္ သတိေပးထားတဲ့ အုပ္စုထဲက လူေတြေလာက္ မစိုးရိမ္ရပါဘူး။

ကေလးေတြနဲ႔ လူငယ္ေတြမွာ ပင္ကိုယ္ေရာဂါ အခံ မရွိဘူး ဆိုရင္ ဗိုင္းရပ္စ္ အကူးခံရရင္လည္း မျပင္းထန္ဘဲ သာမန္ ေရာဂါ လကၡဏာေလာက္ပဲ ခံစားတတ္ၾကရတာ ေတြ႕ရတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

Unicode

ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကိုဗစ် အန္တရာယ် (မိခင်လောင်းတွေ အတွက်)

ကိုယ်ဝန်ဆောင် မိခင်တွေ ကိုဗစ် ကူးစက်ခံရရင် ဘယ်လောက် စိုးရိမ်ရသလဲ?

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ တစ်နေ့တခြားပိုမို များပြားလာနေပြီး သေဆုံးသူတွေလည်း ပိုများလာချိန်မှာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ယောက်ကတော့ ကလေးမီးဖွားပြီး ၇ ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံကြီးကို ကလေးမွေးဖွားဖို့ သူ ရောက်လာချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိနေတာ မသိခဲ့ပါဘူး။ ကလေးကိုလည်း ဗိုက်ခွဲပြီး မွေးခဲ့ရပါတယ်။ အရေးပေါ် ခွဲစိတ် မွေးထုတ်ပေးခဲ့ အပြီး နောက်တစ်ရက်မှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ရှိလာလို့ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးခဲ့ရာမှာ ပိုးရှိနေကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။

ပိုးရှိနေတာ သိရပြီးနောက် ဖောင်ကြီး ကုသရေးဌာနကို ပို့လွှတ်ခဲ့တယ်လို့ နာမည် ထုတ်ဖော် မပြောလိုကြတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးက ဆရာဝန် အသိုင်းအဝိုင်းက တစ်ဆင့် သိရပါတယ်။ ကလေးမိခင် အမျိုးသမီးက စက်တင်ဘာလ ၂၂ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ ကလေးကတော့ ရောဂါကူးစက်မှု မရှိဘဲ အခု အချိန်အထိ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကိုဗစ် အန္တရာယ်

ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရရင် နာတာရှည် ရောဂါအခံရှိသူတွေမှာ အန္တရာယ် ရှိသလို ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း အဲဒီလူတွေလိုပဲ သတိထား ဂရုစိုက်သင့်တဲ့ အုပ်စုထဲမှာ ပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေ ကူးစက်ခံရတဲ့ အခါ ပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိတယ်ဆိုတာ အရင်က ဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါ (Influenza)နဲ့ SARS ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့တုန်းက ဆေးပညာရှင်တွေ တွေ့ရှိခဲ့ထားပြီး ဖြစ်ပါတယ်။

ကိုယ်ဝန် ဘယ်အချိန်မှာ အန္တရာယ် အကြီးဆုံးလဲ

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကိုယ်ဝန် ရင့်လာချိန် တစ်နည်းအားဖြင့် ကိုယ်ဝန် ၂၈ ပတ်ကျော်လာချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရရင် တော်တော် ပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိတာကြောင့် အခုလတ်တလော ကူးစက်မှု များနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မယ် ဆိုရင်လည်း အန္တရာယ်ကြီးတယ်လို့ သားဖွားနဲ့ မီးယပ်ဆိုင်ရာ ဆရာဝန်ကြီးတွေက ပြောပါတယ်။

အဲဒီ အဆင့်မှာ သူ့ဗိုက်ထဲက သန္ဓေသားက မွေးဖွားဖို့ လုံလောက်တဲ့ ကြီးထွားမှု မရှိသေးရင်လည်း မိခင်အသက်ရှူရ လွယ်အောင် စောစော မွေးထုတ်ပေးရတတ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကိုယ်ဝန်အရင့်အမာ ရှိနေတဲ့ မိခင်တွေကို Ventilator စက်ကြီးတွေပေါ် တင်ပြီး ကုသတဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်လို့ ဗိုက်ထဲက ကလေးကို မွေးထုတ်ပြီးမှသာ ကိုယ်ဝန်ဆောင်မိခင်ကို အဲဒီ စက်တွေပေါ် တင်ပြီး ကုသနိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ လူတန်မြို့ ဆေးရုံက သားဖွားနဲ့ မီးယပ်ဆိုင်ရာ အထူးကု ဆရာဝန် ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

ဒီအခါမှာ ကလေးတွေဟာ premature birth အချိန်မတိုင်ခင်မွေးရတဲ့ ကလေးတွေ ဖြစ်လာပြီး သူတို့မှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆိုရင်တော့ ကိုယ်ဝန် ၂၈ ပတ်ကျော် မိခင်လောင်းတွေက ၂၈ ပတ်မပြည့်သေးတဲ့ မိခင်လောင်းတွေထက် ပို အန္တရာယ်ကြီးတယ်လို့ ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

ကိုဗစ် မိခင်ရဲ့ ဝမ်းထဲက ကလေးကို ရောဂါကူးနိုင်လား?

လောလောဆယ်မှာ မိခင်က ကိုရိုနာ ဗိုင်းရပ်စ် ရှိနေရင်တောင် သူ့ ဗိုက်ထဲက ကလေးကို ရောဂါကူးစေတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးလို့ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနဲ့ ပြုစုစောင့်ရှောက်ရေးဌာန အထွေထွေအတွင်းရေးမှူး သားဖွားနဲ့ မီးယပ် အထူးကု ဆရာဝန်ကြီး ဖြစ်တဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြသီတာက ပြောပါတယ်။

လက်ရှိ ဖြစ်ပွားခဲ့တဲ့ ကူးစက်ပြန့်ပွားမှုတွေကို လေ့လာပြီးသလောက်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ မိခင်ကြောင့် သန္ဓေသား ကလေးရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာ ကိုယ်ဝန်ပျက်ကျတာတို့ ဖြစ်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးဘူးလို့ သိထားရကြောင်းလည်း ဗြိတိန်က သားဖွားနဲ့ မီးယပ် အထူးကု ဆရာဝန် ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

ကိုဗစ်လူနာ မိခင်က မီးဖွားပြီးရင် ကလေးနဲ့ အတူနေသင့်လား ?

သာမန်အားဖြင့် ကိုယ်ဝန်သည်တွေ မီးဖွားပြီးပြီဆိုရင် ဆရာဝန်တွေက သူတို့ ရင်သွေးလေးတွေနဲ့ ချက်ချင်းတွေ့ခွင့် ပေးပြီး မိခင်နို့ချို တိုက်ကျွေးဖို့ အားပေးကြလေ့ ရှိပါတယ်။ မိခင်နဲ့ ကလေးကြားက နှောင်ကြိုး ခိုင်မာစေဖို့နဲ့ မွေးကင်းစကလေးက နို့ချိုစို့ခြင်းအားဖြင့် မိခင် နို့ပိုထွက်အောင် လှုံ့ဆော်ရာရောက်တဲ့ အတွက်ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ပြန့်ပွားခါစ ကာလတုန်းကတော့ ပိုးရှိတဲ့ မိခင်က ကလေး မွေးလာပြီ ဆိုရင် သူ့ဆီကနေ ကလေးကို ကူးမှာ စိုးရိမ်တဲ့ အတွက် ကလေးနဲ့ အမေကို နှစ်ပတ်ကြာ ခွဲထားခဲ့ပေမဲ့ အခုတော့ မိခင်တွေရဲ့ ဆန္ဒအရ ဆုံးဖြတ်ခွင့်ပေး တယ်လို့ ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

မိခင်နို့ တိုက်လိုတဲ့ မိခင်တွေက ကလေးအထူးကု ဆရာဝန်၊ သားဖွားနဲ့ မီးယပ် ဆရာဝန်တို့နဲ့ တိုင်ပင်ပြီး သူတို့ ညွှန်ကြားချက်အရ တိတိကျကျ လိုက်နာ ပြီး နို့ချို တိုက်ကျွေးနိုင်ပါတယ်။ မြန်မာ နိုင်ငံမှာလည်း ပိုးရှိတဲ့ မိခင်က ကလေးနဲ့ အတူနေပြီး နို့ချိုတိုက်ကျွေးချင်ရင် ကလေးကို ရောဂါ မကူးရအောင် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားတဲ့ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာပြီး လုပ်ဆောင်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ မြသီတာက ပြောပါတယ်။

ပိုးရှိ မိခင်က ကလေးကို နို့တိုက်ရင် ပိုး မကူးအောင် ဘယ်လို အထူးဂရုစိုက်ရမလဲ ?

ပိုးရှိတဲ့ မိခင်တွေက မွေးကင်းစ သားသမီးတွေကို နို့ချိုတိုက်ကျွေးချင်တယ်ဆိုရင် ရင်ခွင်ထဲ ထွေးပွေ့ပြီးမှ တိုက်နိုင်မှာ ဖြစ်လို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကလေးနဲ့ မထိတွေ့ခင် ကိုဗစ်ရောဂါသည် မိခင်က မဖြစ်မနေ လက်ဆေးရပါမယ်။ ကလေးနဲ့ အတူရှိနေတဲ့ အချိန် တစ်လျှောက်လုံးမှာ မိခင်က ပါးစပ်နဲ့ နှာခေါင်းကို သေသေချာချာ အုပ်ထားရပါမယ်။ ကလေးပေါ်ကို နှာချေတာ၊ ချောင်းဆိုးတာမျိုး မလုပ်မိအောင် အထူးဂရုစိုက်ရပါမယ်။

ဗြိတိန် မှာတော့ Fluid Resistant Face Mask ဖြစ်တဲ့ Filtering Face Piece FFP 2 အဆင့် နှာခေါင်းစည်း သုံးရင် ကောင်းတယ်လို့ အကြံပြုကြောင်း ဒေါက်တာ မြကြာဖြူက ပြောပါတယ်။ ကလေးကိုတော့ အသက်ရှူကြပ်မှာစိုးတဲ့အတွက် Mask မတပ်ဖို့ ဗြိတိန်နိုင်ငံ ကျန်းမာရေး ဌာနက အကြံပြုပါတယ်။

တကယ်တော့ ကလေးကို ရောဂါကူးတယ်ဆိုရင်တောင် ကလေးတွေက ဒီဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားကောင်းတဲ့ အတွက် ရောဂါကူးစက်မခံရအောင် အထူးသတိထားဖို့ လိုသူတွေ ဆိုပြီး ကျန်းမာရေး ဌာန အသီးသီးက သတ်မှတ် သတိပေးထားတဲ့ အုပ်စုထဲက လူတွေလောက် မစိုးရိမ်ရပါဘူး။

ကလေးတွေနဲ့ လူငယ်တွေမှာ ပင်ကိုယ်ရောဂါ အခံ မရှိဘူး ဆိုရင် ဗိုင်းရပ်စ် အကူးခံရရင်လည်း မပြင်းထန်ဘဲ သာမန် ရောဂါ လက္ခဏာလောက်ပဲ ခံစားတတ်ကြရတာ တွေ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X