News

 ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ဇနီးေမာင္ႏွံ ထိုင္းထီ ပထမဆု ဘတ္ေငြ ၆ သန္း ဆုေပါက္

Zawgyi

 ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ဇနီးေမာင္ႏွံ ထိုင္းထီ ပထမဆု ဘတ္ေငြ ၆ သန္း ဆုေပါက္

ထိုင္းႏိုင္ငံ၊ လေယာင္းခ႐ိုင္ရွိ စက္မႈဇုန္ လုပ္ငန္းခြင္၌ ေဆာက္လုပ္ေရးလုပ္ကိုင္ေနေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားျဖစ္သည့္ ကရင္တိုင္းရင္းသား ဇနီးေမာင္ႏွံသည္ ႏိုဝင္ဘာ ၁၆ ရက္က ထြက္သည့္ ထိုင္းထီတြင္ ပထမဆု ဘတ္ေငြ ၆ သန္းဆုကို ဆြတ္ခူးခဲ့သည္။

အဆိုပါထီဆုေငြမ်ားကို ထိုင္းေရာက္ ျမန္မာလုပ္သားအေရး လုပ္ကိုင္ေနသည့္ AAC မဟာမိတ္အဖြဲ႕က ႏိုဝင္ဘာ ၁၇ ရက္ေန႔တြင္ သြားေရာက္ ထုတ္ယူေပးခဲ့ၿပီး ျမန္မာႏိုင္ငံရွိမိသားစုမ်ားထံ သို႔ ဘဏ္မွတစ္ဆင့္ ျမန္မာေငြက်ပ္သိန္းေပါင္း ၂၃၀၀ကို လႊဲေျပာင္းေပးလိုက္ ၿပီျဖစ္ေၾကာင္း AAC မဟာမိတ္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းကေျပာသည္။

ကံထူးရွင္ ဇနီးေမာင္ႏွံအေနျဖင့္ ထီလက္မွတ္ေနာက္ေက်ာတြင္ အလုပ္ရွင္မွ လက္မွတ္ထိုးေပး ထားသျဖင့္ ရႈပ္ေထြးမႈမ်ားျဖစ္လာႏိုင္သျဖင့္ AAC အဖြဲ႕သို႔ ဆက္သြယ္အကူအညီေတာင္းရာမွ AAC အဖြဲ႕မွ သြားေရာက္ ကူညီေပးခဲ့ျခင္းျဖစ္သည္။

” ထိုင္းမွာက ထီေပါက္ရင္ အမ်ားအားျဖင့္လြယ္လင့္တကူ မထုတ္တတ္ၾကဘူး။ သူတို႔က ထိုင္းသူေဌးမကို လက္မွတ္ထိုးခိုင္းထားေတာ့ လက္မွတ္ထိုးထားတဲ့သူသာလွ်င္ ထုတ္ယူခြင့္ရွိတာေလ။ အဲဒီအခါတစ္စုံတစ္ရာ စိတ္ေျပာင္းသြားလို႔ ညစ္ခ်င္လို႔ တရား႐ုံးတက္ရင္လည္း လက္မွတ္ထိုးထားတဲ့သူသာလွ်င္ အတည္အျဖစ္သတ္မွတ္မွာေလ။ အဲ့ဒါေၾကာင့္ သူတို႔ကလည္း ဖုန္းဆက္အကူအညီေတာင္းေတာ့ ကြၽန္ေတာ္တို႔က သြားၿပီးစီမံခန႔္ခြဲေပးတာပါ။ အဲ့ေတာ့ ထိုင္းသူေဌးက ပိုက္ဆံအမ်ားႀကီးယူမွာေတာင္ မယူေတာ့ဘူး။ ဘတ္တစ္သိန္းခြဲပဲ ယူေတာ့တယ္၊ အရင္ကဆိုရင္ သူေဌးက သုံးသန္း ထီေပါက္တဲ့လူက သုံးသန္း အဲ့လိုပဲေပးတာေတြႀကဳံခဲ့ရတယ္၊ အဲ့ဒါေတြေၾကာင့္ကြၽန္ေတာ္တို႔က သြားကူညီေပးတာ ” ဟု ကိုရဲမင္းကေျပာသည္။

ထိုင္းႏိုင္ငံတြင္ ထီဆုေငြေပါက္သည့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ထီဆုေငြကို ကိုယ္တိုင္မထုတ္တတ္သျဖင့္ အလုပ္ရွင္သူေဌး သို႔မဟုတ္ အျခားသူတစ္ဦးဦးႏွင့္ ထုတ္ယူရာတြင္ လိမ္လည္ခံရမႈမ်ား၊ ေခါင္းပုံျဖတ္ခံရမႈမ်ားရွိခဲ့သျဖင့္ AAC မဟာမိတ္အဖြဲ႕မွ ကူညီထုတ္ယူေပးခဲ့မႈမွာ ယခုတစ္ႀကိမ္အပါအဝင္ ဘတ္ေငြ ၆ သန္းဆု ၂၁ ႀကိမ္ထုတ္ယူေပးခဲ့ၿပီးျဖစ္သည္။

အဆိုပါျမန္မာေ႐ႊ႕ေျပာင္း ဇနီးေမာင္ႏွံႏွစ္ဦးမွာ ပဲခူးတိုင္းေဒသႀကီး ေက်ာက္ႀကီးၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ကရင္တိုင္းရင္းသားဇနီးေမာင္ႏွံျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕၌ ထီဆုေငြမ်ား ထုတ္ယူၿပီးေနာက္ AAC အဖြဲ႕႐ုံးခန္းမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လာမည္ျဖစ္သည္။

Unicode

 မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ထိုင်းထီ ပထမဆု ဘတ်ငွေ ၆ သန်း ဆုပေါက်

ထိုင်းနိုင်ငံ၊ လယောင်းခရိုင်ရှိ စက်မှုဇုန် လုပ်ငန်းခွင်၌ ဆောက်လုပ်ရေးလုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်သည့် ကရင်တိုင်းရင်းသား ဇနီးမောင်နှံသည် နိုဝင်ဘာ ၁၆ ရက်က ထွက်သည့် ထိုင်းထီတွင် ပထမဆု ဘတ်ငွေ ၆ သန်းဆုကို ဆွတ်ခူးခဲ့သည်။

အဆိုပါထီဆုငွေများကို ထိုင်းရောက် မြန်မာလုပ်သားအရေး လုပ်ကိုင်နေသည့် AAC မဟာမိတ်အဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့တွင် သွားရောက် ထုတ်ယူပေးခဲ့ပြီး မြန်မာနိုင်ငံရှိမိသားစုများထံ သို့ ဘဏ်မှတစ်ဆင့် မြန်မာငွေကျပ်သိန်းပေါင်း ၂၃၀၀ကို လွှဲပြောင်းပေးလိုက် ပြီဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကပြောသည်။

ကံထူးရှင် ဇနီးမောင်နှံအနေဖြင့် ထီလက်မှတ်နောက်ကျောတွင် အလုပ်ရှင်မှ လက်မှတ်ထိုးပေး ထားသဖြင့် ရှုပ်ထွေးမှုများဖြစ်လာနိုင်သဖြင့် AAC အဖွဲ့သို့ ဆက်သွယ်အကူအညီတောင်းရာမှ AAC အဖွဲ့မှ သွားရောက် ကူညီပေးခဲ့ခြင်းဖြစ်သည်။

” ထိုင်းမှာက ထီပေါက်ရင် အများအားဖြင့်လွယ်လင့်တကူ မထုတ်တတ်ကြဘူး။ သူတို့က ထိုင်းသူဌေးမကို လက်မှတ်ထိုးခိုင်းထားတော့ လက်မှတ်ထိုးထားတဲ့သူသာလျှင် ထုတ်ယူခွင့်ရှိတာလေ။ အဲဒီအခါတစ်စုံတစ်ရာ စိတ်ပြောင်းသွားလို့ ညစ်ချင်လို့ တရားရုံးတက်ရင်လည်း လက်မှတ်ထိုးထားတဲ့သူသာလျှင် အတည်အဖြစ်သတ်မှတ်မှာလေ။ အဲ့ဒါကြောင့် သူတို့ကလည်း ဖုန်းဆက်အကူအညီတောင်းတော့ ကျွန်တော်တို့က သွားပြီးစီမံခန့်ခွဲပေးတာပါ။ အဲ့တော့ ထိုင်းသူဌေးက ပိုက်ဆံအများကြီးယူမှာတောင် မယူတော့ဘူး။ ဘတ်တစ်သိန်းခွဲပဲ ယူတော့တယ်၊ အရင်ကဆိုရင် သူဌေးက သုံးသန်း ထီပေါက်တဲ့လူက သုံးသန်း အဲ့လိုပဲပေးတာတွေကြုံခဲ့ရတယ်၊ အဲ့ဒါတွေကြောင့်ကျွန်တော်တို့က သွားကူညီပေးတာ ” ဟု ကိုရဲမင်းကပြောသည်။

ထိုင်းနိုင်ငံတွင် ထီဆုငွေပေါက်သည့် မြန်မာလုပ်သားများအနေဖြင့် ထီဆုငွေကို ကိုယ်တိုင်မထုတ်တတ်သဖြင့် အလုပ်ရှင်သူဌေး သို့မဟုတ် အခြားသူတစ်ဦးဦးနှင့် ထုတ်ယူရာတွင် လိမ်လည်ခံရမှုများ၊ ခေါင်းပုံဖြတ်ခံရမှုများရှိခဲ့သဖြင့် AAC မဟာမိတ်အဖွဲ့မှ ကူညီထုတ်ယူပေးခဲ့မှုမှာ ယခုတစ်ကြိမ်အပါအဝင် ဘတ်ငွေ ၆ သန်းဆု ၂၁ ကြိမ်ထုတ်ယူပေးခဲ့ပြီးဖြစ်သည်။

အဆိုပါမြန်မာရွှေ့ပြောင်း ဇနီးမောင်နှံနှစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် နေထိုင်သည့် ကရင်တိုင်းရင်းသားဇနီးမောင်နှံဖြစ်ပြီး ဘန်ကောက်မြို့၌ ထီဆုငွေများ ထုတ်ယူပြီးနောက် AAC အဖွဲ့ရုံးခန်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X