Celebrity News

ခဏေလးနဲ႔ နာမည္ႀကီးတဲ့သူေတြကို အႏၲရာယ္ရွိေၾကာင္း သတိေပးစကားဆိုလိုက္တဲ့ေဇာ္ဝင္းထြဋ္

ခဏေလးနဲ႔ နာမည္ႀကီးတဲ့သူေတြကို အႏၲရာယ္ရွိေၾကာင္း သတိေပးစကားဆိုလိုက္တဲ့ေဇာ္ဝင္းထြဋ္

Cele Weekly ပရိတ္သတ္ႀကီးေရ…ဂီတေလာကမွာ ႏွစ္ကာလၾကာရွည္စြာ သီခ်င္းေကာင္းေတြနဲ႔ ရပ္တည္ခဲ့ သူေဇာ္ဝင္းထြဋ္ကေတာ့ ခဏေလးနဲ႔နာမည္ႀကီးလာတဲ့လူေတြအေပၚ အႏၲရာယ္ႀကီးတယ္လို႔ သူ႔အေတြ႕အႀကဳံနဲ႔ယွဥ္ၿပီးေျပာျပခဲ့ပါတယ္။

နာမည္တစ္ခုရသြားတယ္ဆိုတဲ့ေနရာမွာ ဘယ္လိုရသြားလဲဆိုတာ အေရးႀကီးတယ္ ကြၽန္ ေတာ္ တို႔က ခ်က္ခ်င္းနာမည္ရခဲ့တဲ့ေကာင္မဟုတ္ဘူးေလ သီခ်င္း၄ေခြထြက္ၿပီးမွ နာမည္ရလာတာ အေကာင္းဆုံးေတးထြက္ၿပီးေတာ့မွ ေရွ႕ကအေခြေတြနဲ႔ ကြၽန္ေတာ့္အသံကေနရာတစ္ခုေရာက္လာတာ

ကြၽန္ေတာ္သီခ်င္းတစ္ပုဒ္ေကာက္ဆိုၿပီးေအာင္ျမင္သြားရင္ ေနာက္ဆက္သြား မယ့္ေနရာေတြ အခက္အခဲရွိတာေပါ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္ေတာင္ဒီလိုျဖစ္တယ္ ေဆးဆိုးပန္း႐ိုက္ကစြတ္ၿပီး ေအာင္ျမင္လာေရာ ကြၽန္ေတာ္ေတာ္ ေတာ္စိတ္ညစ္သြားတယ္ အဲဒီ့အေခြေပါက္သြားေတာ့ျပႆနာ ငါတို႔သီခ်င္းလည္းမဟုတ္ဘူး မင္းမင္းလတ္သီခ်င္းေတြကငါတို႔ဆိုတယ္ ကိုယ္ကအေပ်ာ္ဝင္ဆိုေပးတာ ေပါက္သြားေတာ့ ငါတို႔ေနာက္တစ္ေခြထပ္ထုတ္ဖို႔က ေတာ္ေတာ္ဒုကၡေရာက္မယ္ဆိုၿပီးေတာ့ ေျပာဖူးတယ္”

“ျပန္လုပ္ေတာ့လည္း အဲ့တာကိုေမ့ခ်င္ေယာင္ေဆာင္ၿပီး ျပန္လုပ္ရတာကိုး အဲ့လိုထေပါက္ သြားတာေတာ့ ေကာင္းတဲ့လကၡဏာေတာ့မဟုတ္ဘူး ဒီကေလးေတြလည္း အႏၲရာယ္မ်ားတယ္ေပါ့ေနာ္ ဒီသီခ်င္းနဲ႔ေပါက္သြားၿပီဆိုရင္ ဒီသီခ်င္းက ကိုယ္တကယ္ဆိုခ်င္တာလည္းမဟုတ္ဘူး ကိုယ္နဲ႔လည္းသိပ္မလိုက္ဘူး အေၾကာင္းေၾကာင္းေၾကာင့္ဆိုလိုက္တာ အဲဒီ့သီခ်င္းေပါက္သြားေတာ့ဘယ္လိုလုပ္မလဲ သူ႔ရဲ႕ဘဝတစ္ေလွ်ာက္လုံဖန္တီးလိုက္တဲ့ဟာက ကိုယ့္အတြက္ ဝန္ထုပ္ဝန္ပိုးႀကီးျဖစ္ေနမွာေပါ့

“ကြၽန္ေတာ္ကေတာ့ ေမ့လိုက္တာ လူေတြကႀကိဳက္ေပမယ့္ ကြၽန္ေတာ္မ ႀကိဳက္တာဆို မသိခ်င္ေယာင္ေဆာင္ၿပီး ကြၽန္ေတာ္ေမ့လိုက္တာ ကိုယ္ကေတာ့သီခ်င္းအမ်ားႀကီးရွိေတာ့ လူႀကိဳက္မ်ားတာေပါ့ ခဏေလးနဲ႔ေအာင္ျမင္တာ အႏၲရာယ္မ်ားတာေပါ့” လို႔ Pannpwint မီဒီယာနဲ႔အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ။

သူ႔ရဲ႕vocal နဲ႔ပတ္သတ္ၿပီးေတာ့ “ေထြေထြထူးထူးေတာ့ထိန္း တာမရွိပါဘူး ေကာင္းေကာင္းမြန္မြန္စားတယ္ ေကာင္းေကာင္းအိပ္တယ္ စိတ္ခ်မ္းသာေအာင္ထားတယ္ေပါ့” လို႔ဆိုပါတယ္။

အဆိုၿပိဳင္ပြဲေတြရွိလာက ေကာင္းပါတယ္အေတြ႕အႀကဳံတစ္ခုေပါ့ ကိုယ္ေတြေတာင္မၿပိဳင္ရဲဘူး သူတို႔ကိုလည္း ခ်ီးက်ဴးတယ္ ေနာက္တစ္ခါ သူတို႔ကိုစမ္းသပ္တာပဲေလ ဘယ္ေလာက္ခံႏိုင္ရည္ရွိလဲဆိုတာ တစ္ခ်ိဳ႕ဆိုငယ္ေသးတယ္ ဒီလိုေလာကဓံတစ္ခုကို ရင္ဆိုင္ရတာ မလြယ္ပါဘူး ခဏခဏဝမ္းနည္းၿပီးငိုရတာေတာ့မေကာင္းဘူး

“ကိုယ္က်ရႈံးတာ ကိုယ္ဝမ္းနည္းသြားတာ သူမ်ားေတြမျမင္ရင္ေတာ့ ပိုေကာင္းတာေပါ့ ကြၽန္ေတာ္တို႔ဆိုလည္း ကိုယ္ဘာမွလုပ္လို႔ရေတာ့တဲ့အခ်ိန္ရွိတယ္ ဘာမွမတတ္ႏိုင္ေတာ့ဘူး အဲဒီ့အခါဘ ာလုပ္ရလဲဆိုေတာ့ ကိုယ္ခံစားေနတာသူမ်ားမျမင္ေအာင္ ေအးေအးေဆးေဆးေနၿပီး သိမ္းငွက္ေတြလို အေတာင္စုံေအာင္ျပန္ေစာင့္ရတာေပါ့ ဒီကေလးေတြလည္း ဒီလိုေပါ့ ေပ်ာ္လို႔ဝင္ၿပိဳင္တယ္ လူေတြလည္းေပ်ာ္လို႔အားေပးၿပီး vote လုပ္တယ္ ဒီလိုပဲဂိမ္းလို႔သေဘာထားေပါ့”

“ကြၽန္ေတာ္ကေတာ့ လက္တြဲေခၚတယ္ဆိုတာ ဘယ္သူမွ အတင္းႀကီးလက္တြဲေခၚမေနပါဘူး ကိုယ္တတ္ႏိုင္လို႔လမ္းႀကဳံကူညီေပ းတဲ့သေဘာပဲ ကိုယ့္ဆီခိုလႈံလာတယ္ဆိုရင္ေတာ့ တတ္ႏိုင္သေလာက္ ကိုယ္ေစာင့္ေရွာက္တာေပါ့ ဒီသေဘာပဲေလ တစ္ခ်ိဳ႕ကေလးေတြက သူ႔ဘာသာပါလာၿပီးသား ဒီေကာင္ျဖစ္မယ့္ေကာင္ဆိုကိုယ္လုပ္ေပးစရာေတာင္မလိုပါဘူး” လို႔သူ႔အျမင္ေတြကိုပြင့္ပြင့္လင္းလင္းဆိုထားတာပါ။

ေဇာ္ဝင္းထြဋ္ကေတာ့
ကိုယ္မယုံၾကည္တဲ့အလုပ္မလုပ္ပါနဲ႔ ကိုယ္ယုံၾကည္တာကိုလုပ္ပါ ကိုယ့္ကိုကိုယ္စိတ္ခ်မ္းသာေအာင္ထားပါ အဲ့တာပဲအေရးႀကီးတယ္ လူကကိုယ့္ကိုကိုယ္ေလးစားမွ ပတ္ဝန္းက်င္ကိုလည္းေလးစားႏိုင္မွာ ဒါဆိုရင္ အားလုံးအတြက္အေရးႀကီးတယ္” လို႔ လူငယ္ေတြအတြက္ စကားဆိုထားပါေသးတယ္

ခဏလေးနဲ့ နာမည်ကြီးတဲ့သူတွေကို အန္တရာယ်ရှိကြောင်း သတိပေးစကားဆိုလိုက်တဲ့ဇော်ဝင်းထွဋ်

Cele Weekly ပရိတ်သတ်ကြီးရေ…ဂီတလောကမှာ နှစ်ကာလကြာရှည်စွာ သီချင်းကောင်းတွေနဲ့ ရပ်တည်ခဲ့ သူဇော်ဝင်းထွဋ်ကတော့ ခဏလေးနဲ့နာမည်ကြီးလာတဲ့လူတွေအပေါ် အန္တရာယ်ကြီးတယ်လို့ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြခဲ့ပါတယ်။

နာမည်တစ်ခုရသွားတယ်ဆိုတဲ့နေရာမှာ ဘယ်လိုရသွားလဲဆိုတာ အရေးကြီးတယ် ကျွန် တော် တို့က ချက်ချင်းနာမည်ရခဲ့တဲ့ကောင်မဟုတ်ဘူးလေ သီချင်း၄ခွေထွက်ပြီးမှ နာမည်ရလာတာ အကောင်းဆုံးတေးထွက်ပြီးတော့မှ ရှေ့ကအခွေတွေနဲ့ ကျွန်တော့်အသံကနေရာတစ်ခုရောက်လာတာ

ကျွန်တော်သီချင်းတစ်ပုဒ်ကောက်ဆိုပြီးအောင်မြင်သွားရင် နောက်ဆက်သွား မယ့်နေရာတွေ အခက်အခဲရှိတာပေါ့ ကျွန်တော်တို့ကိုယ်တိုင်တောင်ဒီလိုဖြစ်တယ် ဆေးဆိုးပန်းရိုက်ကစွတ်ပြီး အောင်မြင်လာရော ကျွန်တော်တော် တော်စိတ်ညစ်သွားတယ် အဲဒီ့အခွေပေါက်သွားတော့ပြဿနာ ငါတို့သီချင်းလည်းမဟုတ်ဘူး မင်းမင်းလတ်သီချင်းတွေကငါတို့ဆိုတယ် ကိုယ်ကအပျော်ဝင်ဆိုပေးတာ ပေါက်သွားတော့ ငါတို့နောက်တစ်ခွေထပ်ထုတ်ဖို့က တော်တော်ဒုက္ခရောက်မယ်ဆိုပြီးတော့ ပြောဖူးတယ်”

“ပြန်လုပ်တော့လည်း အဲ့တာကိုမေ့ချင်ယောင်ဆောင်ပြီး ပြန်လုပ်ရတာကိုး အဲ့လိုထပေါက် သွားတာတော့ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး ဒီကလေးတွေလည်း အန္တရာယ်များတယ်ပေါ့နော် ဒီသီချင်းနဲ့ပေါက်သွားပြီဆိုရင် ဒီသီချင်းက ကိုယ်တကယ်ဆိုချင်တာလည်းမဟုတ်ဘူး ကိုယ်နဲ့လည်းသိပ်မလိုက်ဘူး အကြောင်းကြောင်းကြောင့်ဆိုလိုက်တာ အဲဒီ့သီချင်းပေါက်သွားတော့ဘယ်လိုလုပ်မလဲ သူ့ရဲ့ဘဝတစ်လျှောက်လုံဖန်တီးလိုက်တဲ့ဟာက ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေမှာပေါ့

“ကျွန်တော်ကတော့ မေ့လိုက်တာ လူတွေကကြိုက်ပေမယ့် ကျွန်တော်မ ကြိုက်တာဆို မသိချင်ယောင်ဆောင်ပြီး ကျွန်တော်မေ့လိုက်တာ ကိုယ်ကတော့သီချင်းအများကြီးရှိတော့ လူကြိုက်များတာပေါ့ ခဏလေးနဲ့အောင်မြင်တာ အန္တရာယ်များတာပေါ့” လို့ Pannpwint မီဒီယာနဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

သူ့ရဲ့vocal နဲ့ပတ်သတ်ပြီးတော့ “ထွေထွေထူးထူးတော့ထိန်း တာမရှိပါဘူး ကောင်းကောင်းမွန်မွန်စားတယ် ကောင်းကောင်းအိပ်တယ် စိတ်ချမ်းသာအောင်ထားတယ်ပေါ့” လို့ဆိုပါတယ်။

အဆိုပြိုင်ပွဲတွေရှိလာက ကောင်းပါတယ်အတွေ့အကြုံတစ်ခုပေါ့ ကိုယ်တွေတောင်မပြိုင်ရဲဘူး သူတို့ကိုလည်း ချီးကျူးတယ် နောက်တစ်ခါ သူတို့ကိုစမ်းသပ်တာပဲလေ ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ တစ်ချို့ဆိုငယ်သေးတယ် ဒီလိုလောကဓံတစ်ခုကို ရင်ဆိုင်ရတာ မလွယ်ပါဘူး ခဏခဏဝမ်းနည်းပြီးငိုရတာတော့မကောင်းဘူး

“ကိုယ်ကျရှုံးတာ ကိုယ်ဝမ်းနည်းသွားတာ သူများတွေမမြင်ရင်တော့ ပိုကောင်းတာပေါ့ ကျွန်တော်တို့ဆိုလည်း ကိုယ်ဘာမှလုပ်လို့ရတော့တဲ့အချိန်ရှိတယ် ဘာမှမတတ်နိုင်တော့ဘူး အဲဒီ့အခါဘ ာလုပ်ရလဲဆိုတော့ ကိုယ်ခံစားနေတာသူများမမြင်အောင် အေးအေးဆေးဆေးနေပြီး သိမ်းငှက်တွေလို အတောင်စုံအောင်ပြန်စောင့်ရတာပေါ့ ဒီကလေးတွေလည်း ဒီလိုပေါ့ ပျော်လို့ဝင်ပြိုင်တယ် လူတွေလည်းပျော်လို့အားပေးပြီး vote လုပ်တယ် ဒီလိုပဲဂိမ်းလို့သဘောထားပေါ့”

“ကျွန်တော်ကတော့ လက်တွဲခေါ်တယ်ဆိုတာ ဘယ်သူမှ အတင်းကြီးလက်တွဲခေါ်မနေပါဘူး ကိုယ်တတ်နိုင်လို့လမ်းကြုံကူညီပေ းတဲ့သဘောပဲ ကိုယ့်ဆီခိုလှုံလာတယ်ဆိုရင်တော့ တတ်နိုင်သလောက် ကိုယ်စောင့်ရှောက်တာပေါ့ ဒီသဘောပဲလေ တစ်ချို့ကလေးတွေက သူ့ဘာသာပါလာပြီးသား ဒီကောင်ဖြစ်မယ့်ကောင်ဆိုကိုယ်လုပ်ပေးစရာတောင်မလိုပါဘူး” လို့သူ့အမြင်တွေကိုပွင့်ပွင့်လင်းလင်းဆိုထားတာပါ။

ဇော်ဝင်းထွဋ်ကတော့
ကိုယ်မယုံကြည်တဲ့အလုပ်မလုပ်ပါနဲ့ ကိုယ်ယုံကြည်တာကိုလုပ်ပါ ကိုယ့်ကိုကိုယ်စိတ်ချမ်းသာအောင်ထားပါ အဲ့တာပဲအရေးကြီးတယ် လူကကိုယ့်ကိုကိုယ်လေးစားမှ ပတ်ဝန်းကျင်ကိုလည်းလေးစားနိုင်မှာ ဒါဆိုရင် အားလုံးအတွက်အရေးကြီးတယ်” လို့ လူငယ်တွေအတွက် စကားဆိုထားပါသေးတယ်

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X