News

ေထာက္ပံ့ေငြ (၄၀၀၀၀) ကိစၥ အျငင္းပြားမႈေတြေၾကာင့္ ေမွာ္ဘီၿမိဳ႕နယ္မွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္(၂၀) နီးပါး ႏႈတ္ထြက္

ေထာက္ပံ့ေငြ (၄၀၀၀၀) ကိစၥ အျငင္းပြားမႈေတြေၾကာင့္ ေမွာ္ဘီၿမိဳ႕နယ္မွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္(၂၀) နီးပါး ႏႈတ္ထြက္

ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္ထဲက ေ႐ႊျမယာေက်း႐ြာမွာ အစိုးရကေထာက္ပံ့တဲ့ ေငြက်ပ္ ၄ေသာင္းနဲ႔ပတ္သက္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ေဒသခံေတြအၾကား အျငင္းပြားဖြယ္ရာကိစၥရပ္ေတြျဖစ္ပြားခဲ့တာေၾကာင့္ဘဲ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕က

အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ရာအိမ္မႉး ၊ ဆယ္အိမ္မႉး၊ တာဝန္ခံနဲ႔ အေယာက္ ၂၀ နီးပါး တာဝန္ကေန ႏႈတ္ထြက္ထားတယ္လို႔ သိရပါတယ္။ဒါ့အျပင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ ေဒသခံေတြ အျငင္းပြားဖြယ္ျဖစ္ခဲ့တာေၾကာင့္

ေဒသခံေတြဟာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အထိ တိုင္ၾကားတာေတြရွိေနတယ္လို႔လည္းသိရွိရတာပါ။ဒီကိစၥနဲ႔ပတ္သက္ၿပီး ေ႐ႊျမယာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ကိုေဝမိုးကေတာ့ ဒီေငြ ၄၀၀၀၀ ႏႈန္းကို ေ႐ြးေကာက္ပြဲမတိုင္ခင္ ေပးမယ္ဆိုၿပီး အသံထြက္တယ္၊ ဒါေပမယ့္မေပးျဖစ္ဘူး။

ဒါကို ႏိုင္ငံေတာ္ကေထာက့္ပံ့မယ့္ ၄၀၀၀၀ကို အုပ္ခ်ဳပ္ေရးမႉးကရထားပါလ်က္နဲ႔ ထုတ္မေပးဘဲ ဘတ္ထားတယ္၊ ထိန္ခ်န္ထားပါတယ္ဆိုၿပီး အဂတိေကာ္မရွင္ကိုတင္တယ္ဗ်၊ ဝန္ႀကီးခ်ဳပ္ဘာညာလည္း တင္တယ္ၾကားတယ္။ အဲ့ဒါေတြက ၿမိဳ႕နယ္ေထြအုပ္ကိုဝင္လာေတာ့ ေထြအုပ္ကေန က်ေနာ့္ကိုစစ္ဖို႔ခုံအဖြဲ႕ဖြဲ႕ထားတယ္။

အဲ့ဒီအခ်ိန္ က်ေနာ္သိသြားေတာ့ သူနာမည္စာရင္းေတာင္းေတာ့ မေပးဘူး။ ဒါနဲ႔က်ေနာ္က ၄၀၀၀၀က ခုမွရတာကို မရေသးလို႔ဆိုၿပီး တိုင္တယ္ဆိုေတာ့ မရေသးဘူးဆိုတဲ့လူေတြကိုေျပာေပါ့။

က်ေနာ္က ၁၇၇၃ အိမ္တင္ခဲ့တယ္။အဲ့ဒီမွာ ၇၈၅ အိမ္ပဲခ်ေပးေတာ့ အိမ္ေခ် ၁၀၀၀ ေလာက္ ဟသြားတယ္။ အရင္တုန္းကေငြသားရဖူးတာက ၁၀၀၀ ဝန္းက်င္ေလာက္ရွိေတာ့ က်ေနာ္ကေန ဒီ ၇၀၀ ေလာက္ကိုမွန္းၿပီးေတာ့ ေငြလည္းမေလ်ာ့ေအာင္အိမ္ေထာင္စုဇယားနဲ႔ထိန္းၿပီးေတာ့ အေမစုေျပာတဲ့တစ္အိမ္ခ်င္းေပးရမယ္ တစ္အိမ္ခ်င္းဆိုတာကို အိမ္ေထာင္စုဇယားနဲ႔သက္ေသထူရမယ္၊

မိသားစုဆိုတာကို အိမ္ေထာင္စုဇယားနဲ႔သက္ေသထူရမယ္ဆိုၿပိးေတာ့ အိမ္ထာင္စုဇယားနဲ႔ခ်ိန္ေတာ့႐ြာထဲက ပိုက္ဆံရွိတဲ့သူေတြ ကား ၅ စီး ၊ ၁၀စီး ရွိတဲ့သူေတြက က်ေနာ့္အိမ္ေရွ႕ကို ႐ုံးကို ဝုန္းဒိုင္းနဲ႔လုပ္ေစာင့္ၿပီးေတာ့ ငါမပါဘူးလား၊ ငါ့မေပးရင္ေတြ႕မယ္ လုပ္တဲ့အခါက်ေတာ့ က်ေနာ့္လို တျခားရာအိမ္မႉးေတြလည္း မတတ္ႏိုင္ပဲ သူတို႔ေတြကိုပါေပးလိုက္ရတယ္။ အားလုံးစုံလင္သြားတယ္။

အိမ္ေထာင္စုနဲ႔ဆို မရတဲ့သူမရွိေသလာက္ပဲ။ လိုအပ္ခ်က္ရွိတာေတြလည္းက်ေနာ္ စိုက္ခဲ့ရတယ္။ အဲ့ဒါေတြအကုန္လုံး လုပ္ၿပီးသြားေတာ့ အုပ္ခ်ဳပ္ေရးမႉး တာဝန္ခံေရာ၊ ရာအိမ္မႉး ဆယ္အိမ္မႉးေတြေရာ အကုန္လုံးအေယာက္ ၂၀ ေလာက္ အကုန္လုံးႏုတ္ထြက္သြားတယ္ လို႔ ေျပာခဲ့ပါတယ္။

အခုလိုျဖစ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေမွာ္ဘီၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးတင္ေ႐ႊကို VOMက ဖုန္းနဲ႔ဆက္သြယ္ရာ အစည္းအေဝးရွိလို႔ ေနာက္မွျပန္ေခၚပါေျပာတဲ့အတြက္ ေန႔လယ္ပိုင္းအခ်ိန္မွာ အႀကိမ္ၾကမ္ျပန္လည္ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာမရွိေတာ့ပါဘူး။

အစိုးရက ေထာက္ပံ့ေပးေနတဲ့ ေငြ၄၀၀၀၀ က်ပ္နဲ႔ပတ္သက္ၿပီး ေတာ့ ေမွာ္ဘီၿမိဳ႕နယ္အျပင္ ရန္ကုန္တိုင္းထဲက တျခားၿမိဳ႕နယ္ေတြမွာပါ ရပ္ကြက္ေနထိုင္သူေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြအၾကား အျငင္းပြားဖြယ္ရာကိစၥရပ္ေတြျဖစ္ပြားၿပီး အုပ္ခ်ဳပ္ေရးမႉးေတြ ရာထူးကေန ႏႈတ္ထြက္ဖို႔ ဆႏၵျပေတာင္းဆိုတာေတြ၊

အုပ္ခ်ဳပ္ေရးမႉးေရွ႕မွာ စု႐ုံးေတာင္းဆိုတာေတြရွိေနပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပိး လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးမႉး ကိုေနမင္းထြန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ခုေပးတဲ့ ၄၀၀၀၀ က ႏိုင္ငံေတာ္ေထာက္ပံ့ေငြကိုမရရင္ ဒုကၡေရာက္ပါမယ္ဆိုတဲ့သူေတြ၊

ပုံမွန္ဝင္ေငြမရွိသူ၊ အမွန္တကယ္ ဆင္းရဲတဲ့သူေတြကိုေပးတာပါ။ လူတိုင္းကိုမေပးဘူး။ အရင္က ေထာက္ပံ့ေၾကးေတြရထားတဲ့ လူေဟာင္းေတြက စာရင္းပါၿပီးသားရတယ္။ ထပ္တိုးေတြကိုသာ စိစစ္ၿပီးထပ္ေပးတာပါ။ရပ္ကြက္ေျပာင္းသြားတဲ့သူေတြကိုလည္း

လူေဟာင္းစာရင္းကေန ျဖတ္ထုတ္လိုက္တာမရွိဘူး။ အိမ္ပိုင္ ကားပိုင္ေတြရွိမယ္။ စားႏိုင္ေသာက္ႏိုင္တဲ့သူေတြသာ က်န္ခဲ့ပါမယ္။ အဲ့ဒီလိုလူေတြကသာ က်ေနာ္တို႔မရပါဘူးဆိုၿပီး ေတာင္းဆိုမယ္ဆိုရင္ေတာ့ ဒါႀကီးက ႏိုင္ငံေတာ္အေနနဲ႔ အမ်ားႀကီးေထာက္ပံ့ထားတာ။ အကုန္းလုံးအဆင္ေျပေအာင္ေထာက္ပံ့ဖို႔ကေတာ့

မလြယ္ပါဘူး လို႔ေျပာတာပါ။ကိုဗစ္ကာလမွာ အစိုးရက ပထမအႀကိမ္ ဆန္၊ ဆီ၊ ဆား အေျခခံစားေသာက္ကုန္ ေထာက္ပံ့ခဲ့ၿပီး ဒုတိယအႀကိမ ္၊ တတိယအႀကိမ္၊ စတုတၱအႀကိမ္မွာ ေငြသားေထာက္ပံ့ခဲ့ၿပီး ခုတစ္ႀကိမ္မွာေတာ့ စေတးဟုမ္းသတ္မွတ္ထားတဲ့ၿမိဳ႕နယ္ေတြကို ၄၀၀၀၀ ႏႈန္းနဲ႔ က်န္ၿမိဳ႕နယ္ေတြကိုေတာ့ အရင္အတိုင္း ၂၀၀၀၀ က်ပ္ေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္ေနာ္။

source;voiceofmyanmar VOM

ထောက်ပံ့ငွေ (၄၀၀၀၀) ကိစ္စ အငြင်းပွားမှုတွေကြောင့် မှော်ဘီမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်(၂၀) နီးပါး နှုတ်ထွက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက ရွှေမြယာကျေးရွာမှာ အစိုးရကထောက်ပံ့တဲ့ ငွေကျပ် ၄သောင်းနဲ့ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်တွေဖြစ်ပွားခဲ့တာကြောင့်ဘဲ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က

အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး၊ တာဝန်ခံနဲ့ အယောက် ၂၀ နီးပါး တာဝန်ကနေ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အငြင်းပွားဖွယ်ဖြစ်ခဲ့တာကြောင့်

ဒေသခံတွေဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အထိ တိုင်ကြားတာတွေရှိနေတယ်လို့လည်းသိရှိရတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေမြယာကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝေမိုးကတော့ ဒီငွေ ၄၀၀၀၀ နှုန်းကို ရွေးကောက်ပွဲမတိုင်ခင် ပေးမယ်ဆိုပြီး အသံထွက်တယ်၊ ဒါပေမယ့်မပေးဖြစ်ဘူး။

ဒါကို နိုင်ငံတော်ကထောက့်ပံ့မယ့် ၄၀၀၀၀ကို အုပ်ချုပ်ရေးမှူးကရထားပါလျက်နဲ့ ထုတ်မပေးဘဲ ဘတ်ထားတယ်၊ ထိန်ချန်ထားပါတယ်ဆိုပြီး အဂတိကော်မရှင်ကိုတင်တယ်ဗျ၊ ဝန်ကြီးချုပ်ဘာညာလည်း တင်တယ်ကြားတယ်။ အဲ့ဒါတွေက မြို့နယ်ထွေအုပ်ကိုဝင်လာတော့ ထွေအုပ်ကနေ ကျနော့်ကိုစစ်ဖို့ခုံအဖွဲ့ဖွဲ့ထားတယ်။

အဲ့ဒီအချိန် ကျနော်သိသွားတော့ သူနာမည်စာရင်းတောင်းတော့ မပေးဘူး။ ဒါနဲ့ကျနော်က ၄၀၀၀၀က ခုမှရတာကို မရသေးလို့ဆိုပြီး တိုင်တယ်ဆိုတော့ မရသေးဘူးဆိုတဲ့လူတွေကိုပြောပေါ့။

ကျနော်က ၁၇၇၃ အိမ်တင်ခဲ့တယ်။အဲ့ဒီမှာ ၇၈၅ အိမ်ပဲချပေးတော့ အိမ်ချေ ၁၀၀၀ လောက် ဟသွားတယ်။ အရင်တုန်းကငွေသားရဖူးတာက ၁၀၀၀ ဝန်းကျင်လောက်ရှိတော့ ကျနော်ကနေ ဒီ ၇၀၀ လောက်ကိုမှန်းပြီးတော့ ငွေလည်းမလျော့အောင်အိမ်ထောင်စုဇယားနဲ့ထိန်းပြီးတော့ အမေစုပြောတဲ့တစ်အိမ်ချင်းပေးရမယ် တစ်အိမ်ချင်းဆိုတာကို အိမ်ထောင်စုဇယားနဲ့သက်သေထူရမယ်၊

မိသားစုဆိုတာကို အိမ်ထောင်စုဇယားနဲ့သက်သေထူရမယ်ဆိုပြိးတော့ အိမ်ထာင်စုဇယားနဲ့ချိန်တော့ရွာထဲက ပိုက်ဆံရှိတဲ့သူတွေ ကား ၅ စီး ၊ ၁၀စီး ရှိတဲ့သူတွေက ကျနော့်အိမ်ရှေ့ကို ရုံးကို ဝုန်းဒိုင်းနဲ့လုပ်စောင့်ပြီးတော့ ငါမပါဘူးလား၊ ငါ့မပေးရင်တွေ့မယ် လုပ်တဲ့အခါကျတော့ ကျနော့်လို တခြားရာအိမ်မှူးတွေလည်း မတတ်နိုင်ပဲ သူတို့တွေကိုပါပေးလိုက်ရတယ်။ အားလုံးစုံလင်သွားတယ်။

အိမ်ထောင်စုနဲ့ဆို မရတဲ့သူမရှိသေလာက်ပဲ။ လိုအပ်ချက်ရှိတာတွေလည်းကျနော် စိုက်ခဲ့ရတယ်။ အဲ့ဒါတွေအကုန်လုံး လုပ်ပြီးသွားတော့ အုပ်ချုပ်ရေးမှူး တာဝန်ခံရော၊ ရာအိမ်မှူး ဆယ်အိမ်မှူးတွေရော အကုန်လုံးအယောက် ၂၀ လောက် အကုန်လုံးနုတ်ထွက်သွားတယ် လို့ ပြောခဲ့ပါတယ်။

အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ရွှေကို VOMက ဖုန်းနဲ့ဆက်သွယ်ရာ အစည်းအဝေးရှိလို့ နောက်မှပြန်ခေါ်ပါပြောတဲ့အတွက် နေ့လယ်ပိုင်းအချိန်မှာ အကြိမ်ကြမ်ပြန်လည်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိတော့ပါဘူး။

အစိုးရက ထောက်ပံ့ပေးနေတဲ့ ငွေ၄၀၀၀၀ ကျပ်နဲ့ပတ်သက်ပြီး တော့ မှော်ဘီမြို့နယ်အပြင် ရန်ကုန်တိုင်းထဲက တခြားမြို့နယ်တွေမှာပါ ရပ်ကွက်နေထိုင်သူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်တွေဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုတာတွေ၊

အုပ်ချုပ်ရေးမှူးရှေ့မှာ စုရုံးတောင်းဆိုတာတွေရှိနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြိး လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အုပ်ချုပ်ရေးမှူး ကိုနေမင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ခုပေးတဲ့ ၄၀၀၀၀ က နိုင်ငံတော်ထောက်ပံ့ငွေကိုမရရင် ဒုက္ခရောက်ပါမယ်ဆိုတဲ့သူတွေ၊

ပုံမှန်ဝင်ငွေမရှိသူ၊ အမှန်တကယ် ဆင်းရဲတဲ့သူတွေကိုပေးတာပါ။ လူတိုင်းကိုမပေးဘူး။ အရင်က ထောက်ပံ့ကြေးတွေရထားတဲ့ လူဟောင်းတွေက စာရင်းပါပြီးသားရတယ်။ ထပ်တိုးတွေကိုသာ စိစစ်ပြီးထပ်ပေးတာပါ။ရပ်ကွက်ပြောင်းသွားတဲ့သူတွေကိုလည်း

လူဟောင်းစာရင်းကနေ ဖြတ်ထုတ်လိုက်တာမရှိဘူး။ အိမ်ပိုင် ကားပိုင်တွေရှိမယ်။ စားနိုင်သောက်နိုင်တဲ့သူတွေသာ ကျန်ခဲ့ပါမယ်။ အဲ့ဒီလိုလူတွေကသာ ကျနော်တို့မရပါဘူးဆိုပြီး တောင်းဆိုမယ်ဆိုရင်တော့ ဒါကြီးက နိုင်ငံတော်အနေနဲ့ အများကြီးထောက်ပံ့ထားတာ။ အကုန်းလုံးအဆင်ပြေအောင်ထောက်ပံ့ဖို့ကတော့

မလွယ်ပါဘူး လို့ပြောတာပါ။ကိုဗစ်ကာလမှာ အစိုးရက ပထမအကြိမ် ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန် ထောက်ပံ့ခဲ့ပြီး ဒုတိယအကြိမ ်၊ တတိယအကြိမ်၊ စတုတ္တအကြိမ်မှာ ငွေသားထောက်ပံ့ခဲ့ပြီး ခုတစ်ကြိမ်မှာတော့ စတေးဟုမ်းသတ်မှတ်ထားတဲ့မြို့နယ်တွေကို ၄၀၀၀၀ နှုန်းနဲ့ ကျန်မြို့နယ်တွေကိုတော့ အရင်အတိုင်း ၂၀၀၀၀ ကျပ်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်နော်။

source;voiceofmyanmar VOM

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X