Sport

အဂၤလန္ကိုဂိုးျပတ္ႏိုင္ကာ ေနးရွင္းလိဂ္ဆီမီးသို႔ ဘယ္လ္ဂ်ီယံတက္လွမ္း အဂၤလန္အသင္း နည္းျပေဆာက္ဂိတ္ႏွင့္အခ်ိန္ျဖဳန္းေနျခင္းျဖစ္

အဂၤလန္ကိုဂိုးျပတ္ႏိုင္ကာ ေနးရွင္းလိဂ္ဆီမီးသို႔ ဘယ္လ္ဂ်ီယံတက္လွမ္း အဂၤလန္အသင္း နည္းျပေဆာက္ဂိတ္ႏွင့္အခ်ိန္ျဖဳန္းေနျခင္းျဖစ္

Zawgyi

ဖီဖာကမာၻ႔ အဆင့္သတ္မွတ္ခ်က္အရ နံပါတ္(၁)ေနရာတြင္ ရပ္တည္ေနေသာ ဘယ္လ္ဂ်ီယံသည္ ႏိုဝင္ဘာ ၁၅ ရက္က ေနးရွင္းလိဂ္အုပ္စုပြဲစဥ္( ၅) အျဖစ္ အိမ္ကြင္း၌ အဂၤလန္ႏွင့္ကစားခဲ့ရာ ႏွစ္ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္သို႔ တက္လွမ္းခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

ႏွစ္သင္းစလုံး၌ အဓိကကစားသမားမ်ားပါဝင္လာၿပီး ဘယ္လ္ဂ်ီယံတိုက္စစ္ကို လူကာကူဦးေဆာင္ကာ အဂၤလန္ တိုက္စစ္၌ ဟယ္ရီကိန္းပါဝင္ခဲ့သည္။

ဘယ္လ္ဂ်ီယံသည္ ပြဲခ်ိန္ ၁၀ မိနစ္၌ပင္ ဦးေဆာင္ဂိုးရခဲ့ၿပီး တိုင္လီမန္း၏ အျပင္းကန္ခ်က္မွာ အဂၤလန္ေနာက္ခံကစားသမား တိုင္႐ိုနီမင့္စ္၏ေျခေထာက္ႏွင့္ထိခဲ့၍ လမ္းေၾကာင္းေျပာင္းကာဂိုးဝင္ခဲ့ျခင္းျဖစ္သည္။

ဘယ္လ္ဂ်ီယံသည္ ၂၃ မိနစ္၌လည္း ဒုတိယဂိုးရခဲ့ရာ တိုက္စစ္မႉးမာတန္က အလြတ္တည္ကန္ေဘာမွတစ္ဆင့္သြင္းယူခဲ့သည္။

Unicode

အင်္ဂလန်ကိုဂိုးပြတ်နိုင်ကာ နေးရှင်းလိဂ်ဆီမီးသို့ ဘယ်လ်ဂျီယံတက်လှမ်း အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်နှင့်အချိန်ဖြုန်းနေခြင်းဖြစ်

ဖီဖာကမ္ဘာ့ အဆင့်သတ်မှတ်ချက်အရ နံပါတ်(၁)နေရာတွင် ရပ်တည်နေသော ဘယ်လ်ဂျီယံသည် နိုဝင်ဘာ ၁၅ ရက်က နေးရှင်းလိဂ်အုပ်စုပွဲစဉ်( ၅) အဖြစ် အိမ်ကွင်း၌ အင်္ဂလန်နှင့်ကစားခဲ့ရာ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်သို့ တက်လှမ်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

နှစ်သင်းစလုံး၌ အဓိကကစားသမားများပါဝင်လာပြီး ဘယ်လ်ဂျီယံတိုက်စစ်ကို လူကာကူဦးဆောင်ကာ အင်္ဂလန် တိုက်စစ်၌ ဟယ်ရီကိန်းပါဝင်ခဲ့သည်။

ဘယ်လ်ဂျီယံသည် ပွဲချိန် ၁၀ မိနစ်၌ပင် ဦးဆောင်ဂိုးရခဲ့ပြီး တိုင်လီမန်း၏ အပြင်းကန်ချက်မှာ အင်္ဂလန်နောက်ခံကစားသမား တိုင်ရိုနီမင့်စ်၏ခြေထောက်နှင့်ထိခဲ့၍ လမ်းကြောင်းပြောင်းကာဂိုးဝင်ခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံသည် ၂၃ မိနစ်၌လည်း ဒုတိယဂိုးရခဲ့ရာ တိုက်စစ်မှူးမာတန်က အလွတ်တည်ကန်ဘောမှတစ်ဆင့်သွင်းယူခဲ့သည်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X