News

ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္လာႏိုင္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

Zawgyi

ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္လာႏိုင္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြထဲမွာ လူစုလူေဝးကိစၥရပ္ေတြျဖစ္ခဲ့တဲ့အတြက္ ကိုဗစ္ကပ္ေရာဂါပ်ံ႕ပြားမႈဟာ ေနာက္(၁)ပတ္ (၂)ပတ္အတြင္းမွာ ကူးစက္မႈႏႈန္းျမင့္လာႏိုင္တယ္လို႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ႏိုဝင္ဘာလ(၁၆)ရက္ေန႔ ကိုဗစ္ကပ္ေရာဂါအေျခအေနနဲ႔ပတ္သက္ၿပီး အတိုင္ပင္ခံရဲ႕ ျပည္သူေတြကို တင္ျပတဲ့မိန႔္ခြန္းမွာ ေျပာခဲ့တာပါ။

“အခုအခ်ိန္မွာ လူစုလူေဝးေတြ နည္းနည္းျဖစ္ခဲ့တာေၾကာင့္မလို႔ ကိုဗစ္ေရာဂါပ်ံ႕ပြားမႈႏႈန္းေလး ေနာက္(၁)ပတ္၊ (၂)ပတ္ထဲမွာ အနည္းငယ္တက္လာႏိုင္တယ္ဆိုတာကို ကြၽန္မတို႔ ဒါအခုကတည္းကစလို႔ သတိျပဳရမွာျဖစ္ပါတယ္။ ဆက္ၿပီးမျဖစ္ေအာင္လို႔ လူစုလူေဝးေတြကို ေရွာင္ပါ။” လို႔ သတိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း ႏိုဝင္ဘာလ (၈) ရက္ေန႔ ေ႐ြးေကာက္ပြဲၿပီးတဲ့ ညေနပိုင္းကစလို႔ အန္အယ္ဒီ ဝန္းရံသူေတြၾကား ေအာင္ပြဲခံတဲ့အေနနဲ႔ လူစုလူေဝးကိစၥရပ္ေတြျဖစ္ပြားခဲ့သလို ျပည္ခိုင္ၿဖိဳးရဲ႕ ရန္ကုန္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာလည္း လူစုလူေဝးျဖစ္ေပၚခဲ့ၿပီး ေနျပည္ေတာ္မွာလုပ္တဲ့ ျပည္ခိုင္ၿဖိဳးရဲ႕ ဆႏၵထုတ္ေဖာ္ပြဲမွာလည္း လူစုလူေဝးေတြျဖစ္ေပၚခဲ့ပါတယ္။


ဒါ့အျပင္ မဲေပးတဲ့ေန႔ကလည္း ရန္ကုန္၊ လႈိင္သာယာက မဲ႐ုံပရဝဏ္ထဲမွာ မဲေပးဖို႔ ေစာင့္ဆိုင္းခ်ိန္ လူစုလူေဝးျဖစ္ေပၚခဲ့ပါေသးတယ္။

ဒီေန႔ညပိုင္းအထိေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ (၇)ေသာင္းေက်ာ္လာၿပီး အဲဒီထဲမွာ ျပန္ေကာင္းမြန္သူ(၅)ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ(၁၅၉၉)ေယာက္ရွိေနပါတယ္။

Unicode

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာ လူစုလူဝေးကိစ္စရပ်တွေဖြစ်ခဲ့တဲ့အတွက် ကိုဗစ်ကပ်ရောဂါပျံ့ပွားမှုဟာ နောက်(၁)ပတ် (၂)ပတ်အတွင်းမှာ ကူးစက်မှုနှုန်းမြင့်လာနိုင်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နိုဝင်ဘာလ(၁၆)ရက်နေ့ ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး အတိုင်ပင်ခံရဲ့ ပြည်သူတွေကို တင်ပြတဲ့မိန့်ခွန်းမှာ ပြောခဲ့တာပါ။

“အခုအချိန်မှာ လူစုလူဝေးတွေ နည်းနည်းဖြစ်ခဲ့တာကြောင့်မလို့ ကိုဗစ်ရောဂါပျံ့ပွားမှုနှုန်းလေး နောက်(၁)ပတ်၊ (၂)ပတ်ထဲမှာ အနည်းငယ်တက်လာနိုင်တယ်ဆိုတာကို ကျွန်မတို့ ဒါအခုကတည်းကစလို့ သတိပြုရမှာဖြစ်ပါတယ်။ ဆက်ပြီးမဖြစ်အောင်လို့ လူစုလူဝေးတွေကို ရှောင်ပါ။” လို့ သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲပြီးတဲ့ ညနေပိုင်းကစလို့ အန်အယ်ဒီ ဝန်းရံသူတွေကြား အောင်ပွဲခံတဲ့အနေနဲ့ လူစုလူဝေးကိစ္စရပ်တွေဖြစ်ပွားခဲ့သလို ပြည်ခိုင်ဖြိုးရဲ့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်မှာလုပ်တဲ့ ပြည်ခိုင်ဖြိုးရဲ့ ဆန္ဒထုတ်ဖော်ပွဲမှာလည်း လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မဲပေးတဲ့နေ့ကလည်း ရန်ကုန်၊ လှိုင်သာယာက မဲရုံပရဝဏ်ထဲမှာ မဲပေးဖို့ စောင့်ဆိုင်းချိန် လူစုလူဝေးဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဒီနေ့ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၇)သောင်းကျော်လာပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ(၅)သောင်းကျော်နဲ့ သေဆုံးသူ(၁၅၉၉)ယောက်ရှိနေပါတယ်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X