News

အမေရိကန်တွင် တစ်ရက်အတွင်း COVID-19 လူနာသစ် တစ်သိန်းရှစ်သောင်းခန့် စံချိန်တင် စစ်ဆေးတွေ့ရှိ

zawgyi

အေမရိကန္တြင္ တစ္ရက္အတြင္း COVID-19 လူနာသစ္ တစ္သိန္းရွစ္ေသာင္းခန႔္ စံခ်ိန္တင္ စစ္ေဆးေတြ႕ရွိ

အေမရိကန္ျပည္ေထာင္စုတြင္ COVID-19 ကူးစက္မႈမ်ား ျမင့္တက္လွ်က္ရွိရာ ၿပီးခဲ့သည့္ေသာၾကာေန႔တစ္ေန႔ထဲတြင္ပင္ ကူးစက္သူအသစ္ ၁၈၀၀၀၀ ခန႔္ကို စံခ်ိန္တင္ စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွ သိရသည္။

ထို႔အျပင္ ေန႔စဥ္ကူးစက္မႈအသစ္ တစ္သိန္ေက်ာ္ေနသည္မွာလည္း ၁၁ ရက္ခန႔္ရွိေနၿပီျဖစ္ေၾကာင္း ယင္းတကၠသိုလ္ကေျပာသည္။

အေမရိကန္ အေနာက္ပိုင္းျပည္နယ္မ်ားျဖစ္ၾကသည့္ ကယ္လီဖိုးနီးယား၊ ေအာ္ရီဂြန္ႏွင့္ ဝါရွင္တန္ျပည္နယ္တို႔တြင္ ေနထိုင္သူမ်ားအား မသြားမျဖစ္ကိစၥမဟုတ္လွ်င္ ျပည္နယ္ျပင္ပသို႔မထြက္ရန္ အမိန႔္ထုတ္ျပန္ထားၿပီး၊ အျခားျပည္နယ္(သို႔)အျခားႏိုင္ငံမ်ားမွ ျပန္ေရာက္လွ်င္လည္း ၁၄ ရက္ သီးျခားကန႔္သတ္ေနထိုင္ရန္ အမိန႔္ထုတ္ျပန္ထားသည္။

မက္ဆာခ်ဳးဆက္ျပည္နယ္တြင္လည္း COVID-19 ကုသေဆး႐ုံတစ္ခုကို ဒီဇင္ဘာလေစာေစာပိုင္းတြင္ထပ္မံဖြင့္လွစ္မည္ျဖစ္ၿပီး လူနာ ၂၄၀ ကို ကုသမႈေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ထို႔အတူပင္ ဥေရာပႏိုင္ငံမ်ားတြင္လည္း COVID-19 ကူးစက္မႈျပန္လည္ျမင့္မားလွ်က္ရွိသည္။ အီလတီႏိုင္ငံတြင္ ေသာၾကာေန႔က ကူးစက္ခံရသူအသစ္ ၄ေသာင္းခန႔္ကို စံခ်ိန္တင္ စစ္ေဆးေတြ႕ရွိခဲ့သည္။

ထို႔ေၾကာင့္ အီတလီႏိုင္ငံ ေနပယ္ၿမိဳ႕ႏွင့္ ဖေလာရင့္စ္ၿမိဳ႕မ်ားတည္ရွိသည့္ ကမ္ပါနီယာႏွင့္ တူပ္စကာနီ ေဒသတို႔ကို ကူးစက္မႈျမင့္မားသည့္ အနီေရာင္ဇုံအျဖစ္ ထပ္မံသတ္မွတ္လိုက္ေၾကာင္း အီတလီ က်န္းမာေရးဝန္ႀကီး ေရာဘတ္တို စပါရန္ဇာကေျပာၾကားသည္။

အဆိုပါ အနီေရာင္ဇုံေဒသမ်ားတြင္ ေနထိုင္သူတို႔အား ေန႔ေရာညပါ အျပင္ထြက္ခြင့္မျပဳေခ်။ မရွိမျဖစ္ပစၥည္းေရာင္းခ်သည့္ဆိုင္မ်ားမွလြဲ၍ စားေသာက္ဆိုင္မ်ားႏွင့္ အျခားဆိုင္မ်ားကိုလည္းဖြင့္ခြင့္မျပဳေခ်။

အီတလီတြင္ ယခု ေနာက္ဆုံးသတ္မွတ္လိုက္ေသာ ေဒသႏွစ္ခုအပါအဝင္ အနီေရာင္ဇုံအျဖစ္သတ္မွတ္ထားသည့္ ေဒသ ၇ ခုရွိၿပီျဖစ္သည္။

unicode

အမေရိကန်တွင် တစ်ရက်အတွင်း COVID-19 လူနာသစ် တစ်သိန်းရှစ်သောင်းခန့် စံချိန်တင် စစ်ဆေးတွေ့ရှိ

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်မှုများ မြင့်တက်လျှက်ရှိရာ ပြီးခဲ့သည့်သောကြာနေ့တစ်နေ့ထဲတွင်ပင် ကူးစက်သူအသစ် ၁၈၀၀၀၀ ခန့်ကို စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သိရသည်။

ထို့အပြင် နေ့စဉ်ကူးစက်မှုအသစ် တစ်သိန်ကျော်နေသည်မှာလည်း ၁၁ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ယင်းတက္ကသိုလ်ကပြောသည်။

အမေရိကန် အနောက်ပိုင်းပြည်နယ်များဖြစ်ကြသည့် ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင် နေထိုင်သူများအား မသွားမဖြစ်ကိစ္စမဟုတ်လျှင် ပြည်နယ်ပြင်ပသို့မထွက်ရန် အမိန့်ထုတ်ပြန်ထားပြီး၊ အခြားပြည်နယ်(သို့)အခြားနိုင်ငံများမှ ပြန်ရောက်လျှင်လည်း ၁၄ ရက် သီးခြားကန့်သတ်နေထိုင်ရန် အမိန့်ထုတ်ပြန်ထားသည်။

မက်ဆာချုးဆက်ပြည်နယ်တွင်လည်း COVID-19 ကုသဆေးရုံတစ်ခုကို ဒီဇင်ဘာလစောစောပိုင်းတွင်ထပ်မံဖွင့်လှစ်မည်ဖြစ်ပြီး လူနာ ၂၄၀ ကို ကုသမှုပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့အတူပင် ဥရောပနိုင်ငံများတွင်လည်း COVID-19 ကူးစက်မှုပြန်လည်မြင့်မားလျှက်ရှိသည်။ အီလတီနိုင်ငံတွင် သောကြာနေ့က ကူးစက်ခံရသူအသစ် ၄သောင်းခန့်ကို စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် အီတလီနိုင်ငံ နေပယ်မြို့နှင့် ဖလောရင့်စ်မြို့များတည်ရှိသည့် ကမ်ပါနီယာနှင့် တူပ်စကာနီ ဒေသတို့ကို ကူးစက်မှုမြင့်မားသည့် အနီရောင်ဇုံအဖြစ် ထပ်မံသတ်မှတ်လိုက်ကြောင်း အီတလီ ကျန်းမာရေးဝန်ကြီး ရောဘတ်တို စပါရန်ဇာကပြောကြားသည်။

အဆိုပါ အနီရောင်ဇုံဒေသများတွင် နေထိုင်သူတို့အား နေ့ရောညပါ အပြင်ထွက်ခွင့်မပြုချေ။ မရှိမဖြစ်ပစ္စည်းရောင်းချသည့်ဆိုင်များမှလွဲ၍ စားသောက်ဆိုင်များနှင့် အခြားဆိုင်များကိုလည်းဖွင့်ခွင့်မပြုချေ။

အီတလီတွင် ယခု နောက်ဆုံးသတ်မှတ်လိုက်သော ဒေသနှစ်ခုအပါအဝင် အနီရောင်ဇုံအဖြစ်သတ်မှတ်ထားသည့် ဒေသ ၇ ခုရှိပြီဖြစ်သည်။

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X