News

ကိုဗစ္ကာလက ၾကာျမင့္ လာသျဖင့္ လူမႈကူညီေရး အသင္းမ်ား အခက္ႀကဳံေန

ကိုဗစ္ကာလက ၾကာျမင့္ လာသျဖင့္ လူမႈကူညီေရး အသင္းမ်ား အခက္ႀကဳံေန

ကိုဗစ္-၁၉ ေရာဂါ ျဖစ္ေနတဲ့ ကာလၾကာျမင့္ လာတဲ့ အခ်ိန္မွာ လူမႈကူညီေရး အသင္းေတြ အခက္ အခဲ အမ်ားႀကီး ႀကဳံလာရၿပီး အေႂကြးနဲ႔ လည္ ပ တ္ကူညီ ေနရတာေၾကာင့္ ေရရွည္တြက္ အသင္း တာဝန္ရွိ သူေတြက ေျပာပါတယ္ လူနာေတြသယ္ပို႔ခ်ိန္မွာ အရင္ကလို မဟုတ္ဘဲ တစ္ကိုယ္ရည္ ကာကြယ္ေရး ဝတ္စုံ(PPE) ေတြ လိုတာေၾကာင့္ အရင္က ထက္လည္း စရိတ္စက ပိုကုန္လာတာပါ။ ရွင္သန္ေရး ကူညီမႈအသင္း ဥကၠ႒ ဦးထြန္းထြန္းဦးက “အရင္ကဆို တရက္ အေၾကာင္း ၂၀ေလာက္ ထြက္ရတယ္ ေနာက္ပိုင္း နည္းနည္း ျပန္ေလ်ာ့သြားၿပီး ခုေတာ့ တရက္ကို ၁၄၊ ၅ ေၾကာင္းေလာက္ ထြက္ရတယ္။ ဆီဖိုးက တစ္လကို က်ပ္သိန္း ၃၀ နဲ႔ ၄၅ သိန္းၾကားမွာ ရွိတယ္ PPE ကတ ရက္ကို အစုံ ၃၀ ကေန အစုံ ၇၀၊ ၈၀ အထိ သုံးရတယ္။

အခုအခ်ိန္ ထိေတာ့ PPE ကို ဘယ္ကမွ မရဖူးပါဘူး လို႔ ေျပာပါတယ္။ အသင္းမွာ လူနာတ င္ကား ၂၅ စီး ေဆးျဖန္းယာဥ္ ၂စီး ေရသယ္ယာ ဥ္ ၂ စီးရွိၿပီး ဗိုလ္တစ္ေထာင္ ၿမိဳ႕နယ္ အေျခစိုက္ ကူညီေပမဲ့ ေျမာက္ဥကၠလာ မဂၤလာဒုံ တြံေတးစတဲ့ၿမိဳ႕နယ္ တို႔မွာ ကား ၇ စီးထားၿပီး ကူညီေပးေနပါတယ္။ အသင္းအေနနဲ႔ ပုံမွန္အလႉရွင္ ေတြနဲ႔ လိုအပ္လာရင္ နာယကေတြဆီက အလႉခံတာမ်ိဳးလုပ္ၿပီး ကိုဗစ္ကာလမွာ လိုအပ္တာေတြကို သီး သန႔္ကူညီတဲ့ အလႉရွင္ ေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။

ေဒါပုံၿမိဳ႕နယ္ အေျခ စိုက္ၿပီး သစၥာမ႑ိဳင္ လူမႈကူညီ ကယ္ဆယ္ေရးအသင္း အတြ င္း ေရးမႉး ၁ ကိုျပည့္ၿဖိဳးေအာင္ ကေတာ့ သူတို႔ အသင္းအေနနဲ႔ တရက္ကို ၁၀ ေယာက္၊ ၁၂ ေယာ က္ေလာက္ သယ္ေဆာင္ ေပးေနရၿပီး ကြာရန္တင္စင္တာနဲ႔ ကုသေရးဌာန ေတြကိုေတာ့ တရက္ျခား ပို႔ ေပးေနတယ္လို႔ ဆိုပါတယ္။ အဲဒီရက္ ေတြမွာဆိုရင္ေတာ့ တရက္ကို လမ္းေၾကာင္း ၇၀ေလာက္ ရွိတယ္လို႔လည္း ဆိုပါတယ္။ ၿပီးခဲ့တဲ့ လက ဆီဆိုင္ ၄ ဆိုင္ကေန ဆီ အခမဲ့ထည့္ေပးခဲ့တယ္။ ဒီလကစၿပီး မေပးေတာ့ဘူး။

က်ေနာ္တို႔ အသင္းအေနနဲ႔ တရက္ကို ကားတစီးအတြက္ ဆီ တစ္ေသာင္း ဖိုးေလာက္ ကုန္တယ္။ အသင္းမွာအခုသုံးေနတာ ကား ၅ စီးရွိပါတယ္” လို႔ ေျပာပါတ ယ္။ ရွင္သန္ေရး ကူညီမႈ အသင္းႀကီးရဲ႕ ဥကၠ႒ဦးထြန္းထြန္းဦး ကလည္း “စက္သုံးဆီ ကလည္း အထူးလိုအပ္ ပါတယ္။ ဒီၾကားထဲမွာ သီးသန႔္အ လႉရွင္ေတြ ရွိေနလို႔ ခံသာေနတာ။ ဒါေၾကာင့္ အခုအခ်ိန္ထိ အေႂကြးက သိန္း ၃၀၀ ေက်ာ္ရွိတယ္။ ေပါ့စတစ္လူနာတို႔၊ မထႏိုင္လို႔ ေပြ႕ခ်ီရမယ့္လူနာတို႔ဆိုရင္ ၁၅၀၀၀၊ ၁၈၀၀၀ တန္ PPE ဝတ္ရ တ ယ္။ ဆက္စပ္ ပစၥည္းနဲ႔ ဆိုရင္ ႏွစ္ေသာင္းဝန္းက် င္ ကုန္တယ္။ က်ေနာ္တို႔က ေခြၽတာတဲ့ အေနနဲ႔ ကြန္တက္ ေကာက္ရင္ (လူနာနဲ႔ ဆက္စပ္ သူေတြ သြားေခၚရင္) ၅၅၀၀၊ ၆၀၀၀ တန္ PPE ကို သုံးတာ” လို႔ ေျပာပါတယ္။ ဒါေၾကာင့္ PPE တႀကိမ္ဝတ္ၿပီးရင္ တဆက္တည္း သြားလာသယ္ ေဆာင္လို႔ရမယ့္ လမ္းေၾကာင္းမ်ိဳးေတြ စီစဥ္ၿပီး ေခြၽတာရတယ္လို႔လည္း သူက ေျပာပါတယ္။ ၿပီးေတာ့ သာမန္ ထိခိုက္ ဖ်ားနာလူနာေတြ သြားသယ္ရင္လဲ ဒီကာလမွာ PPE ဝတ္ရတယ္လို႔ သူက ေျပာပါတယ္။

ကိုျပည့္ၿဖိဳးေအာင္ ကေတာ့ သူတို႔အသ င္းကို ၿမိဳ႕နယ္ ေထြအုပ္က PPE အစုံ ၁၆၀ ေထာ က္ပံ့ ေပးဖူးတယ္လို႔ ေျပာပါတယ္။ အခုအခ်ိန္ထိ က်ေနာ္တို႔ PPE အစုံေပါင္း ၁၂၈၀ သုံးထားၿပီးၿပီ။ ၾကာလာေတာ့ သက္သာေအာင္ အဆင့္နိမ့္တာ ကိုမ်ိဳးကို သုံးႏိုင္တဲ့ ေနရာေတြမွာ သုံးရတယ္။ ကြန္တက္ေတြ ထည့္တဲ့ေန႔ဆိုရင္ တရက္ကို အစုံ ၃၀ ေလာက္ကုန္ ေနတာေလ” လို႔ ေျပာပါတယ္။ ဒီဗြီဘီက ဆက္သြယ္ေမးျမန္းခဲ့တဲ့ တခ်ိဳ႕အသင္းေတြ ကလည္း PPE ဝတ္စုံဖိုးက ဆီဖိုးထ က္ပိုမ်ားေနၿပီး သူတို႔အတြက္ အခက္အခဲရွိေနတယ္လို႔ ေျပာပါတယ္။ ရန္ကုန္တိုင္းထဲမွာ လူမႈကူညီေရး အသင္းေပါင္း ၁၂၀ ေလာက္ရွိၿပီး လ က္ ရွိမွာ အဲဒီအသင္းေတြရဲ႕ လူနာတင္ကား အစီး၃၀၀ ေလာက္က ကူညီေပးေန တာျဖစ္ပါတယ္။ဦးထြန္းထြန္းဦးက ကြန္တက္ေတြ၊ ေပါ့စတစ္ေတြ ျဖစ္လာရင္ ပရဟိတအသင္း ေတြကပဲ အရင္ဆုံး သယ္ရတာ။ က်ေနာ္တို႔ လူေတြမထိေအာင္ စီစဥ္ရတယ္။ တာဝန္မရွိသူ ေတြေတာင္ အခုလိုမ်ိဳးတာဝန္ယူ လုပ္ေနရင္ တကယ္ တာဝန္ရွိသူ ေတြကလည္း လိုအပ္တာကို စီစဥ္ေပးသင့္တယ္။ တ ခ်ိဳ႕အဆင္မေျပ တာေတြကို တာဝန္ရွိသူေတြ ပိုၿပီး ႀကီးၾကပ္မွ အသက္ရႉ ေခ်ာင္လာမယ္။ အခုေတာ့ ေရရွည္ေတာင့္ခံဖို႔ ေတာ္ေတာ္ခက္ေနၿပီ”လို႔လည္း ေျပာပါတယ္။

အသင္းေတြအေနနဲ႔ သြာ လာကူညီရာမွာ တခ်ိဳ႕ေနရာ ေဒသေတြရဲ႕ တာဝန္ ရွိသူေတြ အခ်င္းခ်င္း အခ်ိတ္ဆက္ မမိတာ မတူ ညီတဲ့ စည္းကမ္း ေတြေၾကာင့္ လူနာႀကိဳပို႔ ကားေတြ ဝင္ခြင့္မရတာ၊ အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္ရတာမ်ိဳးကလည္း ကူညီသူေတြအတြက္ အခက္ အခဲ ျဖစ္ေစတယ္လို႔ သူကေျပာပါတယ္ အသင္းက လုပ္အားေပး သူေတြမွာ ကိုဗစ္ ကူးစက္ခံရတာေတာ့ မရွိေပမယ့္ လုပ္ကိုင္ရတာ ၾကာလာတဲ့အခါ ကိုယ္ပိုင္လုပ္ငန္းေတြ ျပန္လုပ္ဖို႔ သြားၾကတာေၾကာင့္ လူေလ်ာ့သြားတယ္ လို႔လည္း သူက ဆိုပါတယ္။

Unicode-ကိုဗစ်ကာလက ကြာမြင့် လာသဖြင့် လူမှုကူညီရေး အသင်းများ အခက်ကြုံနေ

ကိုဗစ်-၁၉ ရောဂါ ဖြစ်နေတဲ့ ကာလကြာမြင့် လာတဲ့ အချိန်မှာ လူမှုကူညီရေး အသင်းတွေ အခက် အခဲ အများကြီး ကြုံလာရပြီး အကြွေးနဲ့ လည် ပ တ်ကူညီ နေရတာကြောင့် ရေရှည်တွက် အသင်း တာဝန်ရှိ သူတွေက ပြောပါတယ် လူနာတွေသယ်ပို့ချိန်မှာ အရင်ကလို မဟုတ်ဘဲ တစ်ကိုယ်ရည် ကာကွယ်ရေး ဝတ်စုံ(PPE) တွေ လိုတာကြောင့် အရင်က ထက်လည်း စရိတ်စက ပိုကုန်လာတာပါ။ ရှင်သန်ရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “အရင်ကဆို တရက် အကြောင်း ၂၀လောက် ထွက်ရတယ် နောက်ပိုင်း နည်းနည်း ပြန်လျော့သွားပြီး ခုတော့ တရက်ကို ၁၄၊ ၅ ကြောင်းလောက် ထွက်ရတယ်။ ဆီဖိုးက တစ်လကို ကျပ်သိန်း ၃၀ နဲ့ ၄၅ သိန်းကြားမှာ ရှိတယ် PPE ကတ ရက်ကို အစုံ ၃၀ ကနေ အစုံ ၇၀၊ ၈၀ အထိ သုံးရတယ်။ အခုအချိန် ထိတော့ PPE ကို ဘယ်ကမှ မရဖူးပါဘူး လို့ ပြောပါတယ်။

အသင်းမှာ လူနာတင်ကား ၂၅ စီး ဆေးဖြန်းယာဉ် ၂စီး ရေသယ်ယာ ဉ် ၂ စီးရှိပြီး ဗိုလ်တစ်ထောင် မြို့နယ် အခြေစိုက် ကူညီပေမဲ့ မြောက်ဥက္ကလာ မင်္ဂလာဒုံ တွံတေးစတဲ့မြို့နယ် တို့မှာ ကား ၇ စီးထားပြီး ကူညီပေးနေပါတယ်။ အသင်းအနေနဲ့ ပုံမှန်အလှူရှင် တွေနဲ့ လိုအပ်လာရင် နာယကတွေဆီက အလှူခံတာမျိုးလုပ်ပြီး ကိုဗစ်ကာလမှာ လိုအပ်တာတွေကို သီး သန့်ကူညီတဲ့ အလှူရှင် တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒေါပုံမြို့နယ် အခြေ စိုက်ပြီး သစ္စာမဏ္ဍိုင် လူမှုကူညီ ကယ်ဆယ်ရေးအသင်း အတွင်းရေးမှူး ၁ ကိုပြည့်ဖြိုးအောင် ကတော့ သူတို့ အသင်းအနေနဲ့ တရက်ကို ၁၀ ယောက်၊ ၁၂ ယော က်လောက် သယ်ဆောင် ပေးနေရပြီး ကွာရန်တင်စင်တာနဲ့ ကုသရေးဌာန တွေကိုတော့ တရက်ခြား ပို့ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီရက် တွေမှာဆိုရင်တော့ တရက်ကို လမ်းကြောင်း ၇၀လောက် ရှိတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ လက ဆီဆိုင် ၄ ဆိုင်ကနေ ဆီ အခမဲ့ထည့်ပေးခဲ့တယ်။ ဒီလကစပြီး မပေးတော့ဘူး။ ကျနော်တို့ အသင်းအနေနဲ့ တရက်ကို ကားတစီးအတွက် ဆီ တစ်သောင်းဖိုးလောက်ကုန်တယ်။ အသင်းမှာအခုသုံးနေတာ ကား ၅ စီးရှိပါတယ်” လို့ ပြောပါတယ်။

ရှင်သန်ရေး ကူညီမှု အသင်းကြီးရဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းဦး ကလည်း “စက်သုံးဆီ ကလည်း အထူးလိုအပ် ပါတယ်။ ဒီကြားထဲမှာ သီးသန့်အ လှူရှင်တွေ ရှိနေလို့ ခံသာနေတာ။ ဒါကြောင့် အခုအချိန်ထိ အကြွေးက သိန်း ၃၀၀ ကျော်ရှိတယ်။ ပေါ့စတစ်လူနာတို့၊ မထနိုင်လို့ ပွေ့ချီရမယ့်လူနာတို့ဆိုရင် ၁၅၀၀၀၊ ၁၈၀၀၀ တန် PPE ဝတ်ရ တ ယ်။ ဆက်စပ် ပစ္စည်းနဲ့ ဆိုရင် နှစ်သောင်းဝန်းကျ င် ကုန်တယ်။ ကျနော်တို့က ချွေတာတဲ့ အနေနဲ့ ကွန်တက် ကောက်ရင် (လူနာနဲ့ ဆက်စပ် သူတွေ သွားခေါ်ရင်) ၅၅၀၀၊ ၆၀၀၀ တန် PPE ကို သုံးတာ” လို့ ပြောပါတယ်။ ဒါကြောင့် PPE တကြိမ်ဝတ်ပြီးရင် တဆက်တည်း သွားလာသယ် ဆောင်လို့ရမယ့် လမ်းကြောင်းမျိုးတွေ စီစဉ်ပြီး ချွေတာရတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ သာမန် ထိခိုက် ဖျားနာလူနာတွေ သွားသယ်ရင်လဲ ဒီကာလမှာ PPE ဝတ်ရတယ်လို့ သူက ပြောပါတယ်။

ကိုပြည့်ဖြိုးအောင် ကတော့ သူတို့အသ င်းကို မြို့နယ် ထွေအုပ်က PPE အစုံ ၁၆၀ ထော က်ပံ့ ပေးဖူးတယ်လို့ ပြောပါတယ်။ အခုအချိန်ထိ ကျနော်တို့ PPE အစုံပေါင်း ၁၂၈၀ သုံးထားပြီးပြီ။ ကြာလာတော့ သက်သာအောင် အဆင့်နိမ့်တာ ကိုမျိုးကို သုံးနိုင်တဲ့ နေရာတွေမှာ သုံးရတယ်။ ကွန်တက်တွေ ထည့်တဲ့နေ့ဆိုရင် တရက်ကို အစုံ ၃၀ လောက်ကုန် နေတာလေ” လို့ ပြောပါတယ်။ ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့တဲ့ တချို့အသင်းတွေ ကလည်း PPE ဝတ်စုံဖိုးက ဆီဖိုးထ က်ပိုများနေပြီး သူတို့အတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းထဲမှာ လူမှုကူညီရေး အသင်းပေါင်း ၁၂၀ လောက်ရှိပြီး လ က် ရှိမှာ အဲဒီအသင်းတွေရဲ့ လူနာတင်ကား အစီး၃၀၀ လောက်က ကူညီပေးနေ တာဖြစ်ပါတယ်။ဦးထွန်းထွန်းဦးက ကွန်တက်တွေ၊ ပေါ့စတစ်တွေ ဖြစ်လာရင် ပရဟိတအသင်း တွေကပဲ အရင်ဆုံး သယ်ရတာ။ ကျနော်တို့ လူတွေမထိအောင် စီစဉ်ရတယ်။

တာဝန်မရှိသူ တွေတောင် အခုလိုမျိုးတာဝန်ယူ လုပ်နေရင် တကယ် တာဝန်ရှိသူ တွေကလည်း လိုအပ်တာကို စီစဉ်ပေးသင့်တယ်။ တ ချို့အဆင်မပြေ တာတွေကို တာဝန်ရှိသူတွေ ပိုပြီး ကြီးကြပ်မှ အသက်ရှူ ချောင်လာမယ်။ အခုတော့ ရေရှည်တောင့်ခံဖို့ တော်တော်ခက်နေပြီ”လို့လည်း ပြောပါတယ်။ အသင်းတွေ အနေနဲ့ သွာ လာကူညီရာမှာ တချို့နေရာ ဒေသတွေရဲ့ တာဝန် ရှိသူတွေ အချင်းချင်း အချိတ်ဆက် မမိတာ မတူ ညီတဲ့ စည်းကမ်း တွေကြောင့် လူနာကြိုပို့ ကားတွေ ဝင်ခွင့်မရတာ၊ အချိန်အကြာကြီး စောင့်ဆိုင်ရတာမျိုးကလည်း ကူညီသူတွေအတွက် အခက် အခဲ ဖြစ်စေတယ်လို့ သူကပြောပါတယ် အသင်းက လုပ်အားပေး သူတွေမှာ ကိုဗစ် ကူးစက်ခံရတာတော့ မရှိပေမယ့် လုပ်ကိုင်ရတာ ကြာလာတဲ့အခါ ကိုယ်ပိုင်လုပ်ငန်းတွေ ပြန်လုပ်ဖို့ သွားကြတာကြောင့် လူလျော့သွားတယ် လို့လည်း သူက ဆိုပါတယ်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X