News

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အား သီတဂူဆရာတော်ကြီး ဝမ်းမြောက်စွာဖြင့် ကြိုဆို

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ အစိုးရအဖြဲ႕အား သီတဂူဆရာေတာ္ႀကီး ဝမ္းေျမာက္စြာျဖင့္ ႀကိဳဆို

“ျမန္မာႏိုင္ငံေတာ္ အစိုးရအဖြဲ႕အသစ္ကို ဝမ္းေျမာက္စြာျဖင့္ ႀကိဳဆိုျခင္း မွတ္တမ္း”

၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ-၈ ရက္ေန႔၊ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္တြင္ က်င္းပျပဳလုပ္သည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးသူ ျပည္သူမ်ား၏ ေ႐ြးေကာက္တင္ေျမႇာက္ျခင္း ခံရသည့္ အမတ္ေနရာ အမ်ားစုမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ UEC က ၁၅-၁၁-၂၀၂၀ ရက္ေန႔တြင္ ထုတ္ျပန္သည့္ အမိန္႔ေၾကညာခ်က္မ်ားျဖင့္ သိရွိရပါသည္။

လြတ္လပ္၍ တရားမွ်တၿပီး ျပည္သူ႔ဆႏၵႏွင့္အညီ တိုင္းျပည္တာဝန္ႏွင့္ တိုင္းျပည္၏ အနာဂတ္အက်ိဳးစီးပြါးမ်ားကို ထမ္းေဆာင္ၾကမည့္ ေ႐ြးေကာက္ခံ အမတ္မ်ားအားလုံးအတြက္ လြန္စြာ ဝမ္းေျမာက္ဂုဏ္ယူပါသည္။

၂၀၂၁-၂၀၂၅ အစိုးရအဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရအဖြဲ႕သည္ ျမန္မာႏိုင္ငံႏွင့္ ႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြါးတို႔ကို ကာယသုခ၊ စိတၱသုခ ျပည့္စုံစြာျဖင့္ သယ္ပိုးထမ္းေဆာင္ႏိုင္ပါေစေၾကာင္း သီတဂူဆရာေတာ္ဦးေဆာင္သည့္ သီတဂူသာသနာျပဳအဖြဲ႕မွ ဝမ္းေျမာက္ဝမ္းသာစြာ ဆုေတာင္းေမတၱာပို႔သကာ ဂုဏ္ျပဳမွတ္တမ္း တင္အပ္ပါသည္။

သီတဂူစန္းလပမာ ခ်မ္းျမသာယာရွိၾကပါေစ။
အျပည္ျပည္ဆိုင္ရာ သီတဂူသာသနာျပဳအဖြဲ႕။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ။ ၁၆-၁၁-၂၀၂၀ ရက္ေန႔၊ (တနလၤာေန႔)

Unicode

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အား သီတဂူဆရာတော်ကြီး ဝမ်းမြောက်စွာဖြင့် ကြိုဆို

“မြန်မာနိုင်ငံတော် အစိုးရအဖွဲ့အသစ်ကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုခြင်း မှတ်တမ်း”

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ-၈ ရက်နေ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ ပြည်သူများ၏ ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အမတ်နေရာ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ UEC က ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြေညာချက်များဖြင့် သိရှိရပါသည်။

လွတ်လပ်၍ တရားမျှတပြီး ပြည်သူ့ဆန္ဒနှင့်အညီ တိုင်းပြည်တာဝန်နှင့် တိုင်းပြည်၏ အနာဂတ်အကျိုးစီးပွါးများကို ထမ်းဆောင်ကြမည့် ရွေးကောက်ခံ အမတ်များအားလုံးအတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူပါသည်။

၂၀၂၁-၂၀၂၅ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွါးတို့ကို ကာယသုခ၊ စိတ္တသုခ ပြည့်စုံစွာဖြင့် သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း သီတဂူဆရာတော်ဦးဆောင်သည့် သီတဂူသာသနာပြုအဖွဲ့မှ ဝမ်းမြောက်ဝမ်းသာစွာ ဆုတောင်းမေတ္တာပို့သကာ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ။ ၁၆-၁၁-၂၀၂၀ ရက်နေ့၊ (တနင်္လာနေ့)

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X