News

သန္လ်င္သဘာဝတရားရိပ္သာတြင္ ကူးစက္လူနာ (၄၀၇) ဦးအထိရွိလာ၊ ေသဆုံးသူ (၈) ဦးရွိ

Zawgyi

 

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္ရွိ သဘာဝတရားရိပ္သာတြင္ ကိုဗစ္ အတည္ျပဳလူနာ ၄၀၇ ဦးအထိရွိလာၿပီျဖစ္ေၾကာင္း အဆိုပါရိပ္သာမွ ေစတနာ့ဆရာဝန္အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနသူတဦးထံမွ သိရပါတယ္။

“အခုထိကူးစက္ခံရသူ ၄၀၇ ေယာက္ရွိပါၿပီ။ ဘုန္းႀကီး၊ သီလရွင္၊ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ ကူးစက္ခံထားရတာပါ။ Category (အမ်ိဳးအစား) ေတာ့ မခြဲရေသးဘူး။ ေသဆုံးသူကေတာ့ ခုလက္ရွိထိ ၈ ဦးပါ။ ေရာဂါျပင္းထန္တဲ့သူကေတာ့ ၄ ဦးေလာက္ရွိပါတယ္” ဟု ေျပာပါတယ္။

ကူးစက္ခံရသူမ်ားထဲတြင္ ေသဆုံးသူ ၈ ဦးအထိရွိေနၿပီး ေရာဂါမွသက္သာ၍ ေဆး႐ုံဆင္းခြင့္ရသူ စုစုေပါင္း ၂၀၀ ဦး အထိရွိၿပီျဖစ္ေၾကာင္း သိရပါတယ္။

သဘာဝတရားရိပ္သာရွိ သံဃာေတာ္ႏွစ္ပါးတြင္ ေအာက္တိုဘာလအတြင္းက ကိုဗစ္ ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ၿပီးေနာက္ အဆိုပါ ရိပ္သာရွိ ေသြးသစၥာအဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးတြင္ ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ယခုအခ်ိန္ထိ အဆိုပါရိပ္သာ၌ ကိုဗစ္ ေရာဂါပိုးေတြ႕ရွိသူ ၄၀၇ ဦးအထိရွိၿပီျဖစ္ၿပီး ေသဆုံးသူ ၈ ဦးထိရွိလာၿပီျဖစ္ပါတယ္။

Unicode

သန်လျင်သဘာဝတရားရိပ်သာတွင် ကူးစက်လူနာ (၄၀၇) ဦးအထိရှိလာ၊ သေဆုံးသူ (၈) ဦးရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာတွင် ကိုဗစ် အတည်ပြုလူနာ ၄၀၇ ဦးအထိရှိလာပြီဖြစ်ကြောင်း အဆိုပါရိပ်သာမှ စေတနာ့ဆရာဝန်အဖြစ် တာဝန်ယူဆောင်ရွက်နေသူတဦးထံမှ သိရပါတယ်။

“အခုထိကူးစက်ခံရသူ ၄၀၇ ယောက်ရှိပါပြီ။ ဘုန်းကြီး၊ သီလရှင်၊ အမျိုးသားရော အမျိုးသမီးရော ကူးစက်ခံထားရတာပါ။ Category (အမျိုးအစား) တော့ မခွဲရသေးဘူး။ သေဆုံးသူကတော့ ခုလက်ရှိထိ ၈ ဦးပါ။ ရောဂါပြင်းထန်တဲ့သူကတော့ ၄ ဦးလောက်ရှိပါတယ်” ဟု ပြောပါတယ်။

ကူးစက်ခံရသူများထဲတွင် သေဆုံးသူ ၈ ဦးအထိရှိနေပြီး ရောဂါမှသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၂၀၀ ဦး အထိရှိပြီဖြစ်ကြောင်း သိရပါတယ်။

သဘာဝတရားရိပ်သာရှိ သံဃာတော်နှစ်ပါးတွင် အောက်တိုဘာလအတွင်းက ကိုဗစ် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ရိပ်သာရှိ သွေးသစ္စာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ အဆိုပါရိပ်သာ၌ ကိုဗစ် ရောဂါပိုးတွေ့ရှိသူ ၄၀၇ ဦးအထိရှိပြီဖြစ်ပြီး သေဆုံးသူ ၈ ဦးထိရှိလာပြီဖြစ်ပါတယ်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X