News

ကိုဗစ္ကာကြယ္ေဆးကို အျပင္မွာ ပိုက္ဆံေပးဝယ္ထိုးလို႔ မရတဲ့ ၿဗိတိန္ရဲ႕ ေလးစားဖြယ္ ဦးစားေပးစနစ္

Zawgyi

ကိုဗစ္ကာကြယ္ေဆးကို အျပင္မွာ ပိုက္ဆံေပးဝယ္ထိုးလို႔ မရတဲ့ ၿဗိတိန္ရဲ႕ ေလးစားဖြယ္ ဦးစားေပးစနစ္

ဒီဇင္ဘာမွာ ျပည္သူေတြ စ ထိုးႏွံရမယ့္ ကာကြယ္ေဆးေတြက ဘယ္ေလာက္အထိ စိတ္ခ်ႏိုင္မလဲ ဆိုတာကို သက္ေသျပတဲ့ အေနနဲ႔ ဝန္ႀကီးခ်ဳပ္ရယ္ ေဆးမႉးခ်ဳပ္ခင္ဗ်ားတို႔ ရယ္ – အဲဒီ ကာကြယ္ ေဆးကို အရင္ စထိုးတာမ်ိဳး မျဖစ္သင့္ဘူးလားလို႔ – ဘီဘီစီ ေဆးဘက္ ဆိုင္ရာအယ္ဒီတာ ဖားဂတ္စ္က သတင္းစာရွင္းလင္းပြဲမွာ ပါးပါးေလး ေမးလိုက္တဲ့ အခါ လက္ေထာက္ ေဆးမႉးခ်ဳပ္ ပါေမာကၡ ဗင္တင္းက ခုလိုျပန္ေျဖပါတယ္။


ကြၽန္ေတာ့္အသက္ ၅၆ ႏွစ္ ရွိပါၿပီ။ ကိုဗစ္နဲ႔ ပတ္သက္ရင္ ကြၽန္ေတာ့္ အသက္အပိုင္းအျခားက အေတာ္အတန္ စြန႔္စားရမယ့္ အႏၲရာယ္ရွိ အသက္ အပိုင္းအျခားထဲမွာ ပါပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္သာ အရင္ ထိုးခြင့္ရွိတဲ့ ဦးစားေပးစာရင္း ထဲမွာပါခဲ့ရင္ ကြၽန္ေတာ္ ထိုးမွာပါ ။ ဒီ ေဆးကိုလုံးဝ စိတ္ခ်ပါတယ္။ ကြၽန္ေတာ့္အေမ အသက္ ၇၈ ႏွစ္ က ထိုးခြင့္ရွိ ဦးစား‌ေပးစာရင္းထဲမွာ ပါတဲ့သူ မို႔ – သူ႔ကို – အေမေရ – ကာကြယ္ ေဆးထိုးဘို႔ ျပင္ ထားေတာ့လို႔ ကြၽန္ေတာ္ ႀကိဳတိုက္တြန္းၿပီးသားပါ ဆိုၿပီး ျပန္ ေျဖသြားတာေတြ႕လိုက္မိတယ္ ။

ၿဗိတိန္မွာ ကိုဗစ္ကာကြယ္ေဆး ပထမဆုံးစထိုးခြင့္ရမယ့္ လူေတြကို သတ္မွတ္ထားတဲ့အစဥ္က ေဆး႐ုံအသီးသီး မွာတာဝန္က်ေနတဲ့ ဆရာဝန္ဆရာမေတြ ေဆးဝန္ထမ္းေတြ ။ ေနာက္ အသက္ ၆၅ ႏွစ္ေက်ာ္- သက္ႀကီး႐ြယ္အိုေတြ- ေနာက္ ဘိုးဘြားရိပ္သာက ဝန္ထမ္းေတြ ။ ေနာက္ ကိုဗစ္ျဖစ္လာရင္ ခံႏိုင္ရည္ မရွိတဲ့ မူလ ေရာဂါ အခံရွိသူေတြ (ဆီးခ်ိဳ- ေက်ာက္ကပ္- ကင္ဆာ- အိုတိုအင္မ်ဴးန္ ေရာဂါသည္ေတြ အစရွိ သျဖင့္) သူတို႔ေတြကို အရင္ဆုံး ဦးစားေပး ထိုးသြားမွာျဖစ္ပါတယ္ ။


ပိုက္ဆံရွိသူေတြက ထိုးခ်င္ တယ္ဆိုပါစို႔။ သူတို႔ က ဝယ္ထိုးလို႔ ရမလားဆိုတဲ့ေမးခြန္း ကို ျပန္ေျဖတာမွာ ေတာ့ ၿဗိတိန္ က်န္းမာေရးဌါနနဲ႔ -အစိုးရ ေပၚလစီမွာ ပိုက္ဆံတတ္ႏိုင္တဲ့ လူ၊ ရာထူးႀကီးတဲ့ လူ ေတြ ကို ကာကြယ္ ေဆးေရာင္းခ်ေပးသြားမယ္ဆိုတဲ့ အစီအစဥ္လုံးဝ မရွိထား ဘူး။ သတ္မွတ္ ျပဌါန္းခ်က္ နဲ႔ အညီ အရင္ ထိုးခြင့္ရွိသူအားလုံးကို အစဥ္အတိုင္း ထိုးေပးသြားဘို႔သာ ရွိတယ္လို႔ျပန္ ေျဖပါတယ္။

ဒီဇင္ဘာမွာ ျဖန႔္ျဖဴးမယ့္ ဖိုင္ဇာ (အေမရိကန္) နဲ႔ ဘိုင္အိုအင္တက္ (ဂ်ာမဏီ) ေဆးကုမၸဏီႀကီး ၂ခု ပူးေပါင္း ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆး ဟာ တတိယဆင့္ စမ္းသပ္မႈ မွာ လူ‌ ေပါင္း ေလးေသာင္းခြဲကို စမ္းသပ္ထိုးႏွံၾကည့္ၿပီးပါၿပီ။ ေဆးက အႏၲရာယ္ မရွိဘူး။ ကိုးဆယ္ရာခိုင္ႏႈန္း အစြမ္းထက္ ေအာင္ျမင္တဲ့ ေဆးလို႔ စမ္းသပ္ခ်က္အေျဖေတြကေျပာျပထား ပါ တယ္။ ဒါ‌ေပမယ့္ ေဆးကို ၂ ႀကိမ္ ၂ ခါထိုးဖို႔ေတာ့ လိုပါ လိမ့္မယ္။ ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္ ၂၁ ရက္စီ ျခား ထိုးၾကရ မယ္။ ဖိုင္ဇာေဆးကုမၸဏီ က သူတို႔ေဆးကို အခု ႏိုဝင္ဘာလအကုန္ မွာ ခြင့္ျပဳခ်က္ မွတ္ပုံတင္က်လာေအာင္ႀကိဳးစားေနပါ သတဲ့ ။ ၿဗိတိန္မွာ လူတိုင္း အခမဲ့ ကာကြယ္ေဆးထိုးႏိုင္မွာ ျဖစ္ေပမယ့္ စစခ်င္းမွာ တႏိုင္ငံလုံးအတိုင္းအတာအထိ လုံေလာက္ေအာင္ ျဖန႔္ျဖဴးေပးႏိုင္မွာ မဟုတ္ေသးဘူးလို႔ သိရတယ္ ။


ၿပီးေတာ့ ေဆးကို သိုေလွာင္ျဖန႔္ျဖဴးရတဲ့ေနရာမွာလဲအခက္အခဲေတြ ရွိပါမယ္ ။ သူ႔ကို အႏႈတ္ရွစ္ဆယ္ဒီဂရီ အထိ ေအးတဲ့ အေအးလြန္ထဲ မွာ ေအးခဲထားမွ ရတဲ့ေဆးမ်ိဳး။ ျမန္မာျပည္အေနအထားနဲ႔ တြက္ရင္ သိပ္မလြယ္။ သိပ္အံမကိုက္လွဘူး ။ ဒီဇင္ဘာထဲမွာ ထိုးေဆး ေပါင္း သန္း ၅၀ စတင္ထုတ္လုပ္ၿပီး- လာမယ့္ႏွစ္ထဲေရာက္ရင္ ၁.၃ ဘီလီယံ (သန္း ၁၃၀၀) အထိထုတ္လုပ္ျဖန႔္ခ်ိမယ့္ ေဆးပါ ။ ၿဗိတိန္မွာရွိတဲ့ေဆး႐ုံ ေဆးခန္းေတြအားလုံးကို အဲဒီ့ အေအးခ်ိန္မ်ိဳး နဲ႔ သိုေလွာင္ႏိုင္ေအာင္ ျပင္ဆင္ထားၾကပါလို႔ က်န္းမာေရးအတြင္းဝန္ မက္ဟင္းေကာ့ က တာဝန္ရွိသူေတြကို ႀကိဳတင္ အေၾကာင္းၾကား‌ေနပါတယ္။

ခြန္ဆိုင္း

Unicode

ကိုဗစ်ကာကွယ်ဆေးကို အပြင်မှာ ပိုက်ဆံပေးဝယ်ထိုးလို့ မရတဲ့ ဗြိတိန်ရဲ့ လေးစားဖွယ် ဦးစားပေးစနစ်

ဒီဇင်ဘာမှာ ပြည်သူတွေ စ ထိုးနှံရမယ့် ကာကွယ်ဆေးတွေက ဘယ်လောက်အထိ စိတ်ချနိုင်မလဲ ဆိုတာကို သက်သေပြတဲ့ အနေနဲ့ ဝန်ကြီးချုပ်ရယ် ဆေးမှူးချုပ်ခင်ဗျားတို့ ရယ် – အဲဒီ ကာကွယ် ဆေးကို အရင် စထိုးတာမျိုး မဖြစ်သင့်ဘူးလားလို့ – ဘီဘီစီ ဆေးဘက် ဆိုင်ရာအယ်ဒီတာ ဖားဂတ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပါးပါးလေး မေးလိုက်တဲ့ အခါ လက်ထောက် ဆေးမှူးချုပ် ပါမောက္ခ ဗင်တင်းက ခုလိုပြန်ဖြေပါတယ်။


ကျွန်တော့်အသက် ၅၆ နှစ် ရှိပါပြီ။ ကိုဗစ်နဲ့ ပတ်သက်ရင် ကျွန်တော့် အသက်အပိုင်းအခြားက အတော်အတန် စွန့်စားရမယ့် အန္တရာယ်ရှိ အသက် အပိုင်းအခြားထဲမှာ ပါပါတယ်။ ဒါပေမယ့် ကျွန်တော်သာ အရင် ထိုးခွင့်ရှိတဲ့ ဦးစားပေးစာရင်း ထဲမှာပါခဲ့ရင် ကျွန်တော် ထိုးမှာပါ ။ ဒီ ဆေးကိုလုံးဝ စိတ်ချပါတယ်။ ကျွန်တော့်အမေ အသက် ၇၈ နှစ် က ထိုးခွင့်ရှိ ဦးစား‌ပေးစာရင်းထဲမှာ ပါတဲ့သူ မို့ – သူ့ကို – အမေရေ – ကာကွယ် ဆေးထိုးဘို့ ပြင် ထားတော့လို့ ကျွန်တော် ကြိုတိုက်တွန်းပြီးသားပါ ဆိုပြီး ပြန် ဖြေသွားတာတွေ့လိုက်မိတယ် ။

ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးစထိုးခွင့်ရမယ့် လူတွေကို သတ်မှတ်ထားတဲ့အစဉ်က ဆေးရုံအသီးသီး မှာတာဝန်ကျနေတဲ့ ဆရာဝန်ဆရာမတွေ ဆေးဝန်ထမ်းတွေ ။ နောက် အသက် ၆၅ နှစ်ကျော်- သက်ကြီးရွယ်အိုတွေ- နောက် ဘိုးဘွားရိပ်သာက ဝန်ထမ်းတွေ ။ နောက် ကိုဗစ်ဖြစ်လာရင် ခံနိုင်ရည် မရှိတဲ့ မူလ ရောဂါ အခံရှိသူတွေ (ဆီးချို- ကျောက်ကပ်- ကင်ဆာ- အိုတိုအင်မျူးန် ရောဂါသည်တွေ အစရှိ သဖြင့်) သူတို့တွေကို အရင်ဆုံး ဦးစားပေး ထိုးသွားမှာဖြစ်ပါတယ် ။


ပိုက်ဆံရှိသူတွေက ထိုးချင် တယ်ဆိုပါစို့။ သူတို့ က ဝယ်ထိုးလို့ ရမလားဆိုတဲ့မေးခွန်း ကို ပြန်ဖြေတာမှာ တော့ ဗြိတိန် ကျန်းမာရေးဌါနနဲ့ -အစိုးရ ပေါ်လစီမှာ ပိုက်ဆံတတ်နိုင်တဲ့ လူ၊ ရာထူးကြီးတဲ့ လူ တွေ ကို ကာကွယ် ဆေးရောင်းချပေးသွားမယ်ဆိုတဲ့ အစီအစဉ်လုံးဝ မရှိထား ဘူး။ သတ်မှတ် ပြဌါန်းချက် နဲ့ အညီ အရင် ထိုးခွင့်ရှိသူအားလုံးကို အစဉ်အတိုင်း ထိုးပေးသွားဘို့သာ ရှိတယ်လို့ပြန် ဖြေပါတယ်။

ဒီဇင်ဘာမှာ ဖြန့်ဖြူးမယ့် ဖိုင်ဇာ (အမေရိကန်) နဲ့ ဘိုင်အိုအင်တက် (ဂျာမဏီ) ဆေးကုမ္ပဏီကြီး ၂ခု ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး ဟာ တတိယဆင့် စမ်းသပ်မှု မှာ လူ‌ ပေါင်း လေးသောင်းခွဲကို စမ်းသပ်ထိုးနှံကြည့်ပြီးပါပြီ။ ဆေးက အန္တရာယ် မရှိဘူး။ ကိုးဆယ်ရာခိုင်နှုန်း အစွမ်းထက် အောင်မြင်တဲ့ ဆေးလို့ စမ်းသပ်ချက်အဖြေတွေကပြောပြထား ပါ တယ်။ ဒါ‌ပေမယ့် ဆေးကို ၂ ကြိမ် ၂ ခါထိုးဖို့တော့ လိုပါ လိမ့်မယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ၂၁ ရက်စီ ခြား ထိုးကြရ မယ်။ ဖိုင်ဇာဆေးကုမ္ပဏီ က သူတို့ဆေးကို အခု နိုဝင်ဘာလအကုန် မှာ ခွင့်ပြုချက် မှတ်ပုံတင်ကျလာအောင်ကြိုးစားနေပါ သတဲ့ ။ ဗြိတိန်မှာ လူတိုင်း အခမဲ့ ကာကွယ်ဆေးထိုးနိုင်မှာ ဖြစ်ပေမယ့် စစချင်းမှာ တနိုင်ငံလုံးအတိုင်းအတာအထိ လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်မှာ မဟုတ်သေးဘူးလို့ သိရတယ် ။

ပြီးတော့ ဆေးကို သိုလှောင်ဖြန့်ဖြူးရတဲ့နေရာမှာလဲအခက်အခဲတွေ ရှိပါမယ် ။ သူ့ကို အနှုတ်ရှစ်ဆယ်ဒီဂရီ အထိ အေးတဲ့ အအေးလွန်ထဲ မှာ အေးခဲထားမှ ရတဲ့ဆေးမျိုး။ မြန်မာပြည်အနေအထားနဲ့ တွက်ရင် သိပ်မလွယ်။ သိပ်အံမကိုက်လှဘူး ။ ဒီဇင်ဘာထဲမှာ ထိုးဆေး ပေါင်း သန်း ၅၀ စတင်ထုတ်လုပ်ပြီး- လာမယ့်နှစ်ထဲရောက်ရင် ၁.၃ ဘီလီယံ (သန်း ၁၃၀၀) အထိထုတ်လုပ်ဖြန့်ချိမယ့် ဆေးပါ ။ ဗြိတိန်မှာရှိတဲ့ဆေးရုံ ဆေးခန်းတွေအားလုံးကို အဲဒီ့ အအေးချိန်မျိုး နဲ့ သိုလှောင်နိုင်အောင် ပြင်ဆင်ထားကြပါလို့ ကျန်းမာရေးအတွင်းဝန် မက်ဟင်းကော့ က တာဝန်ရှိသူတွေကို ကြိုတင် အကြောင်းကြား‌နေပါတယ်။

ခွန်ဆိုင်း

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X