News

ကိုဗစ္ လူနာမ်ားကို ကုသဖို႔အတြက္ ပုဂၢလိက ေဆး႐ုံ ၂ ႐ုံကို ခြင့္ျပဳလိုက္ၿပီ

Zawgyi

ကိုဗစ္ လူနာမ်ားကို ကုသဖို႔အတြက္ ပုဂၢလိက ေဆး႐ုံ ၂ ႐ုံကို ခြင့္ျပဳလိုက္ၿပီ

ပုဂၢလိေဆး႐ုံမ်ားတြင္ ကိုဗစ္ ကုသေရးအတြက္ ခြင့္ျပဳလိုက္ၿပီ လက္ရွိ ေဆး႐ုံ ၂ ႐ုံကို ခြင့္ျပဳထားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔ က်န္းမာေရးဌာနက ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ထြန္းျမင့္ က ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔ က်န္းမာေရးဌာနက ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ထြန္းျမင့္ က “ကြၽန္ေတာ္တို႔ ဒီဘက္မွာ ေဆာင္႐ြက္ေနတာကို ပုဂၢလိကေဆး႐ုံေတြ ဘက္အျခမ္းကလည္းသူတို႔က လည္းေဆာင္႐ြက္လိုပါတယ္လို႔ ကမ္းလွမ္းလာတာရွိပါတယ္။ အဲဒီလို ကမ္းလွမ္းလာလို႔ကြၽန္ေတာ္တို႔ ဦးစီး ဌာန နဲ႔က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကလည္း ကမ္းလွမ္းမႈကို ႀကိဳဆိုတယ္။ အလုပ္အတူတူတြဲလုပ္သြားဖို႔ေပါ့။


အဲဒါေၾကာင့္ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ခြင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ Proposal ကေတာ့ တင္ရမယ္။ ဒီဘက္က စစ္ေဆးမယ္ၿပီးရင္ ခြင့္ျပဳမယ္။ပုဂၢလိကေဆး႐ုံ အသင္းကိုလည္း ၫႊန္ၾကားထားၿပီးျဖစ္သလို ေဆာင္႐ြက္လိုတဲ့ေဆး႐ုံေတြနဲ႔ လည္း ေလွ်ာက္ထားလို႔ရၿပီဆိုတာ ၫႊန္ၾကားထားၿပီး ျဖစ္ပါတယ္။ အခုေတာ့ပုဂၢလိကေဆး႐ုံ ၂ ႐ုံကေတာ့ ေလွ်ာက္ထား တင္ျပထားပါတယ္။ ေဆာင္႐ြက္ခြင့္လည္းျပဳေတာ့မွာပါ။ ေဆး႐ုံအလိုက္ လက္ခံႏိုင္တဲ့ပမာဏအတိုင္းလုပ္ႏိုင္ဖို႔ လက္ခံကုသသြားဖို႔ လုပ္ေနတယ္” လို႔ဆိုပါတယ္။

လက္ရွိ ရန္ကုန္တိုင္းအတြင္း ကိုဗစ္လူနာမ်ားကို ကုသေရးစင္တာ ၁၃ ခုႏွင့္ တပ္မေတာ္ ကုသေရးစင္တာ ၇ ခုတို႔တြင္ လက္ခံကုသေပးေနေၾကာင္းသိရပါတယ္။

Unicode

ကိုဗစ် လူနာများကို ကုသဖို့အတွက် ပုဂ္ဂလိက ဆေးရုံ ၂ ရုံကို ခွင့်ပြုလိုက်ပြီ


ပုဂ္ဂလိဆေးရုံများတွင် ကိုဗစ် ကုသရေးအတွက် ခွင့်ပြုလိုက်ပြီ လက်ရှိ ဆေးရုံ ၂ ရုံကို ခွင့်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့် က ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့် က “ကျွန်တော်တို့ ဒီဘက်မှာ ဆောင်ရွက်နေတာကို ပုဂ္ဂလိကဆေးရုံတွေ ဘက်အခြမ်းကလည်းသူတို့က လည်းဆောင်ရွက်လိုပါတယ်လို့ ကမ်းလှမ်းလာတာရှိပါတယ်။ အဲဒီလို ကမ်းလှမ်းလာလို့ကျွန်တော်တို့ ဦးစီး ဌာန နဲ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ကမ်းလှမ်းမှုကို ကြိုဆိုတယ်။ အလုပ်အတူတူတွဲလုပ်သွားဖို့ပေါ့။


အဲဒါကြောင့်ကျွန်တော်တို့ ဆောင်ရွက်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Proposal ကတော့ တင်ရမယ်။ ဒီဘက်က စစ်ဆေးမယ်ပြီးရင် ခွင့်ပြုမယ်။ပုဂ္ဂလိကဆေးရုံ အသင်းကိုလည်း ညွှန်ကြားထားပြီးဖြစ်သလို ဆောင်ရွက်လိုတဲ့ဆေးရုံတွေနဲ့ လည်း လျှောက်ထားလို့ရပြီဆိုတာ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အခုတော့ပုဂ္ဂလိကဆေးရုံ ၂ ရုံကတော့ လျှောက်ထား တင်ပြထားပါတယ်။ ဆောင်ရွက်ခွင့်လည်းပြုတော့မှာပါ။ ဆေးရုံအလိုက် လက်ခံနိုင်တဲ့ပမာဏအတိုင်းလုပ်နိုင်ဖို့ လက်ခံကုသသွားဖို့ လုပ်နေတယ်” လို့ဆိုပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာများကို ကုသရေးစင်တာ ၁၃ ခုနှင့် တပ်မတော် ကုသရေးစင်တာ ၇ ခုတို့တွင် လက်ခံကုသပေးနေကြောင်းသိရပါတယ်။

TNO

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X