News

ေထာက္ပံ့ေငြ (၄၀၀၀၀) ႏွင့္ပတ္သက္၍ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးမ်ား အဂတိ လိုက္စားပါက အေရးယူမည္

Zawgyi

ေထာက္ပံ့ေငြ (၄၀၀၀၀) ႏွင့္ပတ္သက္၍ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးမ်ား အဂတိ လိုက္စားပါက အေရးယူမည္

မေကြးတိုင္းေဒသႀကီးတြင္ အစိုးရေထာက္ပံ့ေငြႏွင့္ပတ္သက္ၿပီး ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးမ်ား အဂတိေျမာက္ပါက အစိုးရအေနျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌဦးတာက ေျပာသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား အစိုးရေထာက္ပံ့ေငြကို အလြဲသုံးစားလုပ္ပါက မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ အဂတိလိုက္စားမႈ ေကာ္မရွင္သို႔ တိုင္ၾကား၍ရေၾကာင္း၊ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ အဂတိကင္းရွင္းေအာင္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ႏိုင္ငံေတာ္ကေထာက္ပံ့ေနတဲ့ ကိစၥနဲ႔ပတ္သက္ၿပီးၿမိဳ႕နယ္၊ ေက်း႐ြာေတြမွာ တစ္ကယ္ဆင္းရဲတဲ့ျပည္သူေတြ မရဘဲနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြက ေပးခ်င္သလိုေပးေနတဲ့အေပၚမွာ အစိုးကမွန္ကန္မႈရွိေအာင္လုပ္ေဆာင္ေနပါတယ္၊ မေကြးတိုင္းအတြင္းမွာ ဘယ္တိုင္တိုင္ရပါတယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ အဂတိေျမာက္တယ္ဆိုရင္ သက္ဆိုင္ရာက အေရးယူမွာပါ။ ဦးေဇာ္ေဌးကလဲ အေရးယူမယ္လို႔ ေျပာထားၿပီးသားပါ၊ ေနာက္လာမဲ့သက္တမ္းမွာလဲ အဂတိကင္းရွင္းစြာ လုပ္ေဆာင္ သြားမွာပါ၊

အဂတိနဲ႔ပတ္သက္ၿပီးတိုင္ၾကားလို႔ရေအာင္ ေကာ္မတီဖြဲ႕စည္းထားပါတယ္၊ ကြၽန္ေတာ္တို႔လည္းဆင္းၿပီး စစ္ပါတယ္၊ ၾကားနားၿပီးေတာ့ အစိုးရကိုတင္ျပပါတယ္၊ အစိုးရကေနၿပီးေတာ့ ေဆာင္႐ြက္ပါတယ္၊ မေကြးတိုင္းမွာေတာ့ အဂတိေကာ္မတီမရွိပါဘူး အစိုးရကဦးေဆာင္ၿပီးလုပ္တာပါ၊ အဂတိလိုက္စားမႈနဲ႔ပတ္သက္ၿပီးမေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ကို တိုင္ၾကားလို႔ရပါတယ္” ဟု မေကြးတိုင္းလႊတ္ေတာ္ ဥကၠဌဦးတာက ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္းမွျပည္သူမ်ား အဂတိလိုက္စားမႈမ်ားႏွင့္ ပတ္သက္ၿပီး လႊတ္ေတာ္ ကို တိုင္မည္ဆိလွ်င္ တိုင္ၾကားစာေကာ္မတီထံတိုင္ၾကားရမည္ျဖစ္ေၾကာင္း၊ တိုင္း/ၿမိဳ႕နယ္မ်ားတြင္ တိုင္ၾကားမည္ဆိုပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တိုင္ၾကားႏိုင္သည္။

ႏိုင္ငံေတာ္အစိုးရမွ ကိုဗစ္ ကာလအတြင္း အေျခခံလူတန္းစားမ်ား အဆင္ေျပေစေရးအတြက္ ေငြ ၂ ေသာင္း ၂ ႀကိမ္၊ ယခုရက္ပိုင္းတြင္ တစ္အိမ္ေထာင္လွ်င္ ေငြ ၄ ေသာင္း ေထာက္ပံ့ေပးရာတြင္ မရရွိသူမ်ားလည္းရွိကာ ရပ္ေက်းအုပ္ခ်ဳပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားတြင္ ျပႆနာ ျဖစ္ေနသည္။

Unicode

ထောက်ပံ့ငွေ (၄၀၀၀၀) နှင့်ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အဂတိ လိုက်စားပါက အရေးယူမည်

မကွေးတိုင်းဒေသကြီးတွင် အစိုးရထောက်ပံ့ငွေနှင့်ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အဂတိမြောက်ပါက အစိုးရအနေဖြင့် အရေးယူမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးတာက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အစိုးရထောက်ပံ့ငွေကို အလွဲသုံးစားလုပ်ပါက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု ကော်မရှင်သို့ တိုင်ကြား၍ရကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဂတိကင်းရှင်းအောင် လုပ်ဆောင်နေကြောင်း သိရသည်။

“နိုင်ငံတော်ကထောက်ပံ့နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးမြို့နယ်၊ ကျေးရွာတွေမှာ တစ်ကယ်ဆင်းရဲတဲ့ပြည်သူတွေ မရဘဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပေးချင်သလိုပေးနေတဲ့အပေါ်မှာ အစိုးကမှန်ကန်မှုရှိအောင်လုပ်ဆောင်နေပါတယ်၊ မကွေးတိုင်းအတွင်းမှာ ဘယ်တိုင်တိုင်ရပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အဂတိမြောက်တယ်ဆိုရင် သက်ဆိုင်ရာက အရေးယူမှာပါ။ ဦးဇော်ဌေးကလဲ အရေးယူမယ်လို့ ပြောထားပြီးသားပါ၊ နောက်လာမဲ့သက်တမ်းမှာလဲ အဂတိကင်းရှင်းစွာ လုပ်ဆောင် သွားမှာပါ၊

အဂတိနဲ့ပတ်သက်ပြီးတိုင်ကြားလို့ရအောင် ကော်မတီဖွဲ့စည်းထားပါတယ်၊ ကျွန်တော်တို့လည်းဆင်းပြီး စစ်ပါတယ်၊ ကြားနားပြီးတော့ အစိုးရကိုတင်ပြပါတယ်၊ အစိုးရကနေပြီးတော့ ဆောင်ရွက်ပါတယ်၊ မကွေးတိုင်းမှာတော့ အဂတိကော်မတီမရှိပါဘူး အစိုးရကဦးဆောင်ပြီးလုပ်တာပါ၊ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးမကွေးတိုင်းဒေသကြီးလွှတ်တော်ကို တိုင်ကြားလို့ရပါတယ်” ဟု မကွေးတိုင်းလွှတ်တော် ဥက္ကဌဦးတာက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းမှပြည်သူများ အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး လွှတ်တော် ကို တိုင်မည်ဆိလျှင် တိုင်ကြားစာကော်မတီထံတိုင်ကြားရမည်ဖြစ်ကြောင်း၊ တိုင်း/မြို့နယ်များတွင် တိုင်ကြားမည်ဆိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုင်ကြားနိုင်သည်။

နိုင်ငံတော်အစိုးရမှ ကိုဗစ် ကာလအတွင်း အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ငွေ ၂ သောင်း ၂ ကြိမ်၊ ယခုရက်ပိုင်းတွင် တစ်အိမ်ထောင်လျှင် ငွေ ၄ သောင်း ထောက်ပံ့ပေးရာတွင် မရရှိသူများလည်းရှိကာ ရပ်ကျေးအုပ်ချုပ်ချုပ်ရေးမှူးရုံးများတွင် ပြဿနာ ဖြစ်နေသည်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X