News

တ႐ုတ္ယူနန္အစိုးရက မႏၲေလးတိုင္းေဒသႀကီးအစိုးရသို႔ သိန္း ၈၀၀၀ တန္ဖိုးရွိ ကိုဗစ္ကာကြယ္ေရးပစၥည္းမ်ား လႉဒါန္း

Zawgyi

တ႐ုတ္ယူနန္အစိုးရက မႏၲေလးတိုင္းေဒသႀကီးအစိုးရသို႔ သိန္း ၈၀၀၀ တန္ဖိုးရွိ ကိုဗစ္ကာကြယ္ေရးပစၥည္းမ်ား လႉဒါန္း

တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္အစိုးရမွ မႏၲေလးတိုင္းေဒသႀကီးအစိုးရသို႔ က်ပ္ သိန္း ၈၀၀၀ တန္ဖိုးရွိ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ေရး ပစၥည္းမ်ား လႉဒါန္းေပးပြဲကို ယေန႔ ႏိုဝင္ဘာလ ၁၄ ရက္က ၇၃လမ္း၊ မဂၤလာမႏၲေလးရွိ Pullman Mandalay Mingalar Hotel တြင္ ျပဳလုပ္ခဲ့သည္။

“မႏၲေလးတိုင္းေဒသႀကီး ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္တဲ့ ပစၥည္း ၁၀ မ်ိဳးကို လႈဒါန္းေပးတာပါ၊ အားလုံးဟာ ကိုဗစ္ ကာကြယ္ကုသထိန္းခ်ဳပ္ေရးဆိုင္ရာ ပစၥည္းေတြျဖစ္တာ ေၾကာင့္ က်မတို႔ က်န္းမာေရး ဝန္ထမ္း ေတြ၊ ေဘာ္လန္ဒီယာေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာမွာ လိုအပ္ တဲ့ အေထာက္အကူျပဳ ပစၥည္းေတြကို လုံလုံေလာက္ ေလာက္နဲ႔ ျဖန္႔ေဝေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္” ဟု မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာန တိုင္းဦးမႈး ေဒါက္တာ သန္းသန္းျမင့္ ကေျပာသည္။

အဆိုပါအခမ္းအနားသို႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ အစိုးရအဖြဲ႕ ဝန္ႀကီးမ်ား၊ တ႐ုတ္ျပည္သူသမၼတႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္ Mr.Chen Chen ႏွင့္ တာဝန္ရွိ သူမ်ား တက္ေရာက္ခဲ့ၿပီး လႈဒါန္းမႈ ပစၥည္းမ်ားကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က လက္ခံရယူခဲ့သည္။

လႈဒါန္းသည့္ပစၥည္းမ်ားမွာ ျမန္မာက်ပ္ေငြ သိန္း ၈၀၀၀ (ယြမ္ သိန္း ၄၀) တန္ဖိုးရွိ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးပစၥည္း ၁၀ မ်ိဳးကို လႈဒါန္းေပးခဲ့ျခင္း ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ အစိုးရမွ မႏၲေလးတိုင္းေဒသႀကီးသို႔ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ကုသေရးပစၥည္းမ်ား လႉဒါန္းေပးျခင္းမွာ ယခုအခါ တတိယအႀကိမ္ေျမာက္ျဖစ္ေၾကာင္း သိရသည္။

Unicode

တရုတ်ယူနန်အစိုးရက မန္တလေးတိုင်းဒေသကြီးအစိုးရသို့ သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ မန္တလေးတိုင်းဒေသကြီးအစိုးရသို့ ကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ် ကာကွယ်ထိန်းချုပ် ရေး ပစ္စည်းများ လှူဒါန်းပေးပွဲကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်က ၇၃လမ်း၊ မင်္ဂလာမန္တလေးရှိ Pullman Mandalay Mingalar Hotel တွင် ပြုလုပ်ခဲ့သည်။

“မန္တလေးတိုင်းဒေသကြီး ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်း ၁၀ မျိုးကို လှုဒါန်းပေးတာပါ၊ အားလုံးဟာ ကိုဗစ် ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းတွေဖြစ်တာ ကြောင့် ကျမတို့ ကျန်းမာရေး ဝန်ထမ်း တွေ၊ ဘော်လန်ဒီယာတွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ လိုအပ် တဲ့ အထောက်အကူပြု ပစ္စည်းတွေကို လုံလုံလောက် လောက်နဲ့ ဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးမှုး ဒေါက်တာ သန်းသန်းမြင့် ကပြောသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တရုတ်ပြည်သူသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr.Chen Chen နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး လှုဒါန်းမှု ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ခံရယူခဲ့သည်။

လှုဒါန်းသည့်ပစ္စည်းများမှာ မြန်မာကျပ်ငွေ သိန်း ၈၀၀၀ (ယွမ် သိန်း ၄၀) တန်ဖိုးရှိ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးပစ္စည်း ၁၀ မျိုးကို လှုဒါန်းပေးခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရမှ မန္တလေးတိုင်းဒေသကြီးသို့ ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ လှူဒါန်းပေးခြင်းမှာ ယခုအခါ တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X