News
I Do Nation ရန်ပုံငွေအစီအစဉ်ဖြင့် လမ်းဘေးဈေးသည် ခုနှစ်သောင်းကျော်ကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးရန်စီစဉ်နေ
Zawgyi
I Do Nation ရန်ပုံငွေအစီအစဉ်ဖြင့် လမ်းဘေးဈေးသည် ခုနှစ်သောင်းကျော်ကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးရန်စီစဉ်နေ
ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်ဦးရေ ခုနှစ်သောင်းကျော်ကို ထောက်ပံ့မှုများဆက်လက်လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း I Do Nation ရန်ပုံငွေအစီအစဉ်မှ သိရပါတယ်။
လက်ရှိတွင် I Do Nation အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှစ်မြို့နယ်မှ လမ်းဘေးဈေးသည် ၁၀၀၀ အတွက် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
ထို့အတူ COVID-19 ဖြစ်ပွားချိန်မှစတင်ကာ လမ်းဘေးဈေးသည် ၁၂၉၆ ဦးအတွက် ငွေကျပ် သိန်းပေါင်း ၅၀၀ ခန့်လှူဒါန်းခဲ့ပြီး ယခုအခါ လမ်းဘေးဈေးသည် ခုနှစ်သောင်းကျော်အတွက် ဆက်လက်လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
လမ်းဘေးဈေးသည်များထံလှူဒါန်းရာတွင် တိုက်ရိုက်အလှူငွေများလှူဒါန်းခြင်း၊ လုပ်အားဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ COVID-19 ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Unicode
I Do Nation ရန်ပုံငွေအစီအစဉ်ဖြင့် လမ်းဘေးစျေးသည် ခုနှစ်သောင်းကျော်ကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးရန်စီစဉ်နေ
ရန်ကုန်မြို့ရှိ လမ်းဘေးစျေးသည်ဦးရေ ခုနှစ်သောင်းကျော်ကို ထောက်ပံ့မှုများဆက်လက်လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း I Do Nation ရန်ပုံငွေအစီအစဉ်မှ သိရပါတယ်။
လက်ရှိတွင် I Do Nation အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှစ်မြို့နယ်မှ လမ်းဘေးစျေးသည် ၁၀၀၀ အတွက် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
ထို့အတူ COVID-19 ဖြစ်ပွားချိန်မှစတင်ကာ လမ်းဘေးစျေးသည် ၁၂၉၆ ဦးအတွက် ငွေကျပ် သိန်းပေါင်း ၅၀၀ ခန့်လှူဒါန်းခဲ့ပြီး ယခုအခါ လမ်းဘေးစျေးသည် ခုနှစ်သောင်းကျော်အတွက် ဆက်လက်လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
လမ်းဘေးစျေးသည်များထံလှူဒါန်းရာတွင် တိုက်ရိုက်အလှူငွေများလှူဒါန်းခြင်း၊ လုပ်အားဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ COVID-19 ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးခြင်းသည် ခိုင်မာသည့် လူထုအခြေပြုကူညီရေးကွန်ရက်တစ်ခု ပေါ်ပေါက်လာစေရန်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို စိတ်ဝင်စားသူများကိုလည်း လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ YMC
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X