News

ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ စာရင္းေကာက္တာနဲ႔ ပတ္သက္ၿပီး ‌ေဒါက္တာ ခင္ခင္ႀကီး ရွင္းလင္းေျပာၾကား

ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ စာရင္းေကာက္တာနဲ႔ ပတ္သက္ၿပီး ‌ေဒါက္တာ ခင္ခင္ႀကီး ရွင္းလင္းေျပာၾကား

ကာကြယ္ေဆးအေျခအေနသည္ လက္ရွိတြင္ ယခင္ကအတိုင္း တ႐ုတ္မွကာကြယ္ေဆး ၄ မ်ိဳး ႐ုရွားမွ ကာကြယ္ေဆး ၂ မ်ိဳး အကန႔္အသတ္ျဖင့္ အသုံးျပဳခြင့္ ရထားေသာ္လည္း လူေထာင္ေပါင္းမ်ားစြာတြင္ စမ္းသပ္မႈကို ဆက္လက္ေဆာင္႐ြက္ေနဆဲျဖစ္ပါသည္

ကာကြယ္ေဆးရရွိလာလွ်င္ ျမန္မာႏိုင္ငံတြင္ မည္သူ႔ကိုဦးစားေပးထိုးႏွံမည္ဟူေသာအစီအမံႏွင့္ပတ္သက္ၿပီး အႏၲရာယ္ရွိသည့္ လူအုပ္စုကို ဦးစားေပးထိုးႏွံရန္ ႀကိဳတင္ေဆာင္႐ြက္လ်က္ရွိပါသည္

အဆိုပါအစီအစဥ္၏ ပထမဆုံးေျခလွမ္းအျဖစ္ က်န္းမာေရးဝန္ထမ္းစာရင္းကို ေကာက္ခံလ်က္ရွိပါသည္ သို႔မွသာ ကာကြယ္ေဆးေရာက္ရွိလာလွ်င္ ထိုးႏွံႏိုင္ေရး အဆင္သင့္ျဖစ္ေစရန္ ရည္႐ြယ္ပါသည္

လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံသည္ COVAX အဖြဲ႕ဝင္ႏိုင္ငံျဖစ္သည္ႏွင့္အညီ လူဦးေရ၏ ၂၀% ကေတာ့ WHO, GAVI, EPI အစီအစဥ္ျဖင့္ ႏိုင္ငံ၏ ထည့္ဝင္ေငြ အနည္းငယ္ျဖင့္ ရရွိမည္ျဖစ္ပါသည္

ျမန္မာႏိုင္ငံတြင္လည္း ကာကြယ္ေဆးရရွိသည္ႏွင့္ ထိုးႏွံႏိုင္ရန္အတြက္ အိႏၵိယ ႐ုရွႏွင့္ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ သံတမန္နည္းလမ္းအရခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိပါသည္ (ေဒါက္တာ ခင္ခင္ႀကီး)

ကိုဗစ္ကာကြယ္ေဆးထိုးထို႔ က်န္းမာေရးဝန္ထမ္းအင္အား စာရင္း ေကာက္ယူတဲ့ သတင္းကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္-

ကိုဗစ္ ကာကြယ္ေဆးရလွ်င္ က်န္းမာေရး ဝန္ထမ္းမ်ားကို ထိုးႏွံေပးရန္စာရင္းေတာင္းယူျပင္ဆင္

ကိုဗစ္ ကာကြယ္ ေဆးထိုးရန္အတြက္ ကုသေရး ဦးစီးဌာနေအာက္ရွိ ဝန္ထမ္းအင္ အားစာရင္းမ်ားကို ေတာင္းယူ ထားေၾကာင္း ေဆး႐ုံအုပ္ႀကီး အခ်ိဳ႕က အတည္ျပဳသည္။

အဆိုပါဝန္ထမ္းအင္အားစာရင္းမ်ားကို ကုသေရးဦးစီးဌာန သို႔ ႏိုဝင္ဘာ ၁၂ ရက္ (ယေန႔) ျပန္လည္ေပးပို႔ရမည္ဟု ၎တို႔က ဆိုသည္။

“ေဆးအေနနဲ႔ေတာ့ မဟုတ္ ပါဘူး။ ကြၽန္ေတာ္တို႔ စာရင္းအ ရင္ေတာင္းတာပါ။ တကယ္လို႔ ျဖစ္လာလို႔ရွိရင္ ထိုးဖို႔အတြက္ ပထမဆုံးကာကြယ္ေဆးထိုးဖို႔ လို အပ္သူမ်ားေပါ့ေနာ္။ အဲလိုမ်ိဳးအ ေနနဲ႔ ေတာင္းတာပါ’’ ဟု ေတာင္ ဥကၠလာပ မိခင္ႏွင့္ကေလး ေဆး ႐ုံအုပ္ႀကီး ေဒါက္တာဝင္းေမာ္ဦး က ေျပာသည္။

သို႔ေသာ္ လက္ရွိအေျခအေန မ်ားအရ က်န္းမာေရးဆိုင္ရာ ပညာရွင္မ်ား အဝန္းအဝိုင္း၌ ကိုဗစ္ ေရာဂါကာကြယ္ ေဆးေပၚသည္ဟူ၍ အတည္မျပဳ ႏိုင္ေသးေသာ္လည္း ႀကိဳတင္ျပင္ ဆင္မႈအေနျဖင့္ ဝန္ထမ္းအင္ အားစာရင္းမ်ား ေတာင္းယူျခင္း ျဖစ္ႏိုင္ေၾကာင္း ၎ကေျပာသည္။

ေတာင္ဥကၠလာပ မိခင္ႏွင့္ ကေလး ေဆး႐ုံႀကီးအေနျဖင့္ လက္ရွိ တာဝန္ထမ္းေဆာင္ေန ေသာ ဆရာဝန္သူနာျပဳႏွင့္ က်န္း မာေရးဝန္ထမ္း၊ ၁၆၀ ေက်ာ္ စာရင္းပို႔ရန္ ျပင္ဆင္ထားသည္ဟု ေဒါက္တာဝင္းေမာ္ဦးက ရွင္းျပ သည္။

ကိုဗစ္ ကာကြယ္ေဆး ေပၚေပါက္ရရွိပါ ထိုးႏွံေပးႏိုင္ေရး ႀကိဳတင္ျပင္ဆင္ရန္ ဗဟိုအဆင့္ အစည္းအေဝးကို ယမန္ေန႔က ျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးႏွင့္ သမား ေတာ္၊ ဆရာဝန္ႀကီးမ်ားႏွင့္ အႀကံေပးမ်ားပါဝင္ေသာ ကိုဗစ္ ကာကြယ္ေဆးႏွင့္ပတ္သက္ သည့္ အႀကံေပးအဖြဲ႕ႏွင့္ေဆြးေႏြး ခဲ့ေၾကာင္း က်န္းမာေရးႏွင့္အား ကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ ၫႊန္ၾကားေရးမႉး ေဒါက္တာ သန္းႏိုင္စိုးက ရွင္းျပသည္။

“အခု ကာကြယ္ေဆးထိုးႏွံဖို႔ စာေတြထြက္ေနတဲ့ဟာက ႀကိဳ တင္ျပင္ဆင္ေရးအတြက္ေကာက္ တဲ့ဟာေပါ့။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ က်န္းမာေရးဝန္ ထမ္းေတြထဲကေန စာရင္းမပါ ေသးတဲ့ဟာေတြလည္းရွိတယ္။ ဥပမာ ေဟာက္စ္ဆာဂ်င္လိုမ်ိဳး ေတြ။ အဲဒါမ်ိဳးေတြဆို ႀကိဳတင္စာ ရင္းေကာက္မွရမွာ။ အဲဒါေတြ စာ ရင္းႀကိဳေကာက္ၿပီး ကာကြယ္ ေဆးရၿပီဆိုရင္ တစ္ခါတည္း တန္းထိုးႏိုင္ေအာင္ ျပည္ေထာင္ စုဝန္ႀကီးလည္း ေျပာသြားတယ္” ဟု ေဒါက္တာသန္းႏိုင္စိုးက ေျပာ သည္။

က်န္းမာေရးဝန္ထမ္းအင္အား ေတာင္းယူျခင္းႏွင့္စပ္လ်ဥ္း ၍ မႏၲေလးတိုင္း ေညာင္ဦးခ႐ိုင္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္ ေအာင္က “လူအင္အားစာရင္း ေတာင္းတာေတာ့ ရွိတယ္ဗ်။ ဟိုလိုမ်ိဳး (ကာကြယ္ေဆး)ဘယ္ ေန႔ရမယ္၊ ဘယ္လိုရမယ္ဆိုတာ မ်ိဳးေတာ့ မရွိေသးဘူး” ဟု ေျပာ သည္။

လက္ရွိ အေျခအေနတြင္ ကာကြယ္ေဆးရၿပီဟူ၍လည္း သတင္းမၾကားမိသကဲ့သို႔ ကာ ကြယ္ေဆးထိုးရန္ စာရင္းေတာင္း ယူရာ၌လည္း ေဆးဘယ္ႏွလုံး ရႏိုင္မည္အပါအဝင္ ေဆးႏွင့္ သက္ဆိုင္သည့္ ၫႊန္ၾကားခ်က္ တစ္စုံတစ္ရာ ပါဝင္ျခင္းမရွိဟု ၎က ဆိုသည္။

ေညာင္ဦးခ႐ိုင္အေနျဖင့္ ကုသေရးဦးစီးဌာနေအာက္၌ တာ ဝန္ထမ္းေဆာင္လ်က္ရွိသူ ၃၂၀ ေက်ာ္ရွိၿပီး ဝန္ထမ္းအင္အားစာ ရင္းမ်ားကို စနစ္တက်စုေဆာင္း ကာ အထက္ဌာနသို႔ေပးပို႔ရန္ လုပ္ေဆာင္ေနေၾကာင္း ေဒါက္ တာေအာင္ေအာင္က ေျပာသည္။

ကုသေရးဦးစီးဌာန၏ ႏိုဝင္ ဘာ ၁၁ ရက္စြဲပါ ဝန္ထမ္းအင္ အား ေတာင္းယူသည့္စာအရ ၂၀၂၀ ႏိုဝင္ဘာအထိ တာဝန္ ထမ္းေဆာင္လ်က္ရွိေသာ ဝန္ ထမ္းအင္အားစာရင္းကို ေပးပို႔ရန္ ေဖာ္ျပထားသည္။

ယမန္ေန႔က အစည္းအေဝး တြင္ ကမာၻ႔ႏိုင္ငံမ်ားတြင္ အစြမ္း ထက္ျမက္သည့္ ကိုဗစ္ ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ရန္ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ကုမၸဏီအမ်ား အျပားက ႀကိဳးစားေဆာင္႐ြက္ လ်က္ရွိၿပီး ယခုအခ်ိန္အထိ မည္ သည့္ ႏိုင္ငံ၊ မည္သည့္ ေဆးကုမၸ ဏီမွ ထုတ္လုပ္ေသာ ကာကြယ္ ေဆးတစ္မ်ိဳးမ်ိဳးတြင္မွ် တတိယ အဆင့္ လက္ေတြ႕စမ္းသပ္သုေတ သနျပဳမႈ (Phase-3 Clinical Trial) ကို အလုံးစုံ ၿပီးေျမာက္ျခင္း မရွိေသးေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးက ဆိုသည္။

ကိုဗစ္ ကာကြယ္ေဆး ရရွိလာပါက ရရွိသည့္ အေရအ တြက္ပမာဏ၊ ကာကြယ္ေဆး၏ ေရာဂါ ကာကြယ္ေပးႏိုင္သည့္ အခ်ိန္ကာလ အတိုင္းအတာ၊ ကာကြယ္ေဆးမ်ား ထားသိုႏိုင္ရန္ အေအးလမ္းေၾကာင္းစနစ္မ်ားအ ေျခအေန၊ လူနာမ်ားကို ကိုင္ တြယ္ကုသေနရသည့္ က်န္းမာ ေရးဝန္ထမ္းမ်ားကဲ့သို႔ ေရာဂါကူး စက္ႏိုင္ေျခမ်ားျပားသူမ်ား၊ အ သက္အ႐ြယ္ႀကီးၿပီး ေရာဂါအခံ ရွိသူမ်ား၊ ေနရာေဒသအလိုက္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈအေျခအေန အပါအဝင္ အေျခအေနအရပ္ရပ္ ကို ဘက္စုံၿခဳံငုံစဥ္းစားကာ ဦးစား ေပးထိုးႏွံမည့္အုပ္စုမ်ား သတ္ မွတ္မည္ျဖစ္ၿပီး ကာကြယ္ေဆး အေရအတြက္ ပိုမိုရရွိလာပါက အဆင့္ဆင့္တိုးခ်ဲ႕ ထိုးႏွံသြားမည္ ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာ ၾကားသည္။

Unicode

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စာရင်းကောက်တာနဲ့ ပတ်သက်ပြီး ‌ဒေါက်တာ ခင်ခင်ကြီး ရှင်းလင်းပြောကြား

ကာကွယ်ဆေးအခြေအနေသည် လက်ရှိတွင် ယခင်ကအတိုင်း တရုတ်မှကာကွယ်ဆေး ၄ မျိုး ရုရှားမှ ကာကွယ်ဆေး ၂ မျိုး အကန့်အသတ်ဖြင့် အသုံးပြုခွင့် ရထားသော်လည်း လူထောင်ပေါင်းများစွာတွင် စမ်းသပ်မှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်

ကာကွယ်ဆေးရရှိလာလျှင် မြန်မာနိုင်ငံတွင် မည်သူ့ကိုဦးစားပေးထိုးနှံမည်ဟူသောအစီအမံနှင့်ပတ်သက်ပြီး အန္တရာယ်ရှိသည့် လူအုပ်စုကို ဦးစားပေးထိုးနှံရန် ကြိုတင်ဆောင်ရွက်လျက်ရှိပါသည်

အဆိုပါအစီအစဉ်၏ ပထမဆုံးခြေလှမ်းအဖြစ် ကျန်းမာရေးဝန်ထမ်းစာရင်းကို ကောက်ခံလျက်ရှိပါသည် သို့မှသာ ကာကွယ်ဆေးရောက်ရှိလာလျှင် ထိုးနှံနိုင်ရေး အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ပါသည်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် COVAX အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ လူဦးရေ၏ ၂၀% ကတော့ WHO, GAVI, EPI အစီအစဉ်ဖြင့် နိုင်ငံ၏ ထည့်ဝင်ငွေ အနည်းငယ်ဖြင့် ရရှိမည်ဖြစ်ပါသည်

မြန်မာနိုင်ငံတွင်လည်း ကာကွယ်ဆေးရရှိသည်နှင့် ထိုးနှံနိုင်ရန်အတွက် အိန္ဒိယ ရုရှနှင့် တရုတ်နိုင်ငံတို့နှင့် သံတမန်နည်းလမ်းအရချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည် (ဒေါက်တာ ခင်ခင်ကြီး)

ကိုဗစ်ကာကွယ်ဆေးထိုးထို့ ကျန်းမာရေးဝန်ထမ်းအင်အား စာရင်း ကောက်ယူတဲ့ သတင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

ကိုဗစ် ကာကွယ်ဆေးရလျှင် ကျန်းမာရေး ဝန်ထမ်းများကို ထိုးနှံပေးရန်စာရင်းတောင်းယူပြင်ဆင်

ကိုဗစ် ကာကွယ် ဆေးထိုးရန်အတွက် ကုသရေး ဦးစီးဌာနအောက်ရှိ ဝန်ထမ်းအင် အားစာရင်းများကို တောင်းယူ ထားကြောင်း ဆေးရုံအုပ်ကြီး အချို့က အတည်ပြုသည်။

အဆိုပါဝန်ထမ်းအင်အားစာရင်းများကို ကုသရေးဦးစီးဌာန သို့ နိုဝင်ဘာ ၁၂ ရက် (ယနေ့) ပြန်လည်ပေးပို့ရမည်ဟု ၎င်းတို့က ဆိုသည်။

“ဆေးအနေနဲ့တော့ မဟုတ် ပါဘူး။ ကျွန်တော်တို့ စာရင်းအ ရင်တောင်းတာပါ။ တကယ်လို့ ဖြစ်လာလို့ရှိရင် ထိုးဖို့အတွက် ပထမဆုံးကာကွယ်ဆေးထိုးဖို့ လို အပ်သူများပေါ့နော်။ အဲလိုမျိုးအ နေနဲ့ တောင်းတာပါ’’ ဟု တောင် ဥက္ကလာပ မိခင်နှင့်ကလေး ဆေး ရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး က ပြောသည်။

သို့သော် လက်ရှိအခြေအနေ များအရ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ အဝန်းအဝိုင်း၌ ကိုဗစ် ရောဂါကာကွယ် ဆေးပေါ်သည်ဟူ၍ အတည်မပြု နိုင်သေးသော်လည်း ကြိုတင်ပြင် ဆင်မှုအနေဖြင့် ဝန်ထမ်းအင် အားစာရင်းများ တောင်းယူခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

တောင်ဥက္ကလာပ မိခင်နှင့် ကလေး ဆေးရုံကြီးအနေဖြင့် လက်ရှိ တာဝန်ထမ်းဆောင်နေ သော ဆရာဝန်သူနာပြုနှင့် ကျန်း မာရေးဝန်ထမ်း၊ ၁၆၀ ကျော် စာရင်းပို့ရန် ပြင်ဆင်ထားသည်ဟု ဒေါက်တာဝင်းမော်ဦးက ရှင်းပြ သည်။

ကိုဗစ် ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါ ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန် ဗဟိုအဆင့် အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် သမား တော်၊ ဆရာဝန်ကြီးများနှင့် အကြံပေးများပါဝင်သော ကိုဗစ် ကာကွယ်ဆေးနှင့်ပတ်သက် သည့် အကြံပေးအဖွဲ့နှင့်ဆွေးနွေး ခဲ့ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြသည်။

“အခု ကာကွယ်ဆေးထိုးနှံဖို့ စာတွေထွက်နေတဲ့ဟာက ကြို တင်ပြင်ဆင်ရေးအတွက်ကောက် တဲ့ဟာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ကျန်းမာရေးဝန် ထမ်းတွေထဲကနေ စာရင်းမပါ သေးတဲ့ဟာတွေလည်းရှိတယ်။ ဥပမာ ဟောက်စ်ဆာဂျင်လိုမျိုး တွေ။ အဲဒါမျိုးတွေဆို ကြိုတင်စာ ရင်းကောက်မှရမှာ။ အဲဒါတွေ စာ ရင်းကြိုကောက်ပြီး ကာကွယ် ဆေးရပြီဆိုရင် တစ်ခါတည်း တန်းထိုးနိုင်အောင် ပြည်ထောင် စုဝန်ကြီးလည်း ပြောသွားတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြော သည်။

 

ကျန်းမာရေးဝန်ထမ်းအင်အား တောင်းယူခြင်းနှင့်စပ်လျဉ်း ၍ မန္တလေးတိုင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင် အောင်က “လူအင်အားစာရင်း တောင်းတာတော့ ရှိတယ်ဗျ။ ဟိုလိုမျိုး (ကာကွယ်ဆေး)ဘယ် နေ့ရမယ်၊ ဘယ်လိုရမယ်ဆိုတာ မျိုးတော့ မရှိသေးဘူး” ဟု ပြော သည်။

လက်ရှိ အခြေအနေတွင် ကာကွယ်ဆေးရပြီဟူ၍လည်း သတင်းမကြားမိသကဲ့သို့ ကာ ကွယ်ဆေးထိုးရန် စာရင်းတောင်း ယူရာ၌လည်း ဆေးဘယ်နှလုံး ရနိုင်မည်အပါအဝင် ဆေးနှင့် သက်ဆိုင်သည့် ညွှန်ကြားချက် တစ်စုံတစ်ရာ ပါဝင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

ညောင်ဦးခရိုင်အနေဖြင့် ကုသရေးဦးစီးဌာနအောက်၌ တာ ဝန်ထမ်းဆောင်လျက်ရှိသူ ၃၂၀ ကျော်ရှိပြီး ဝန်ထမ်းအင်အားစာ ရင်းများကို စနစ်တကျစုဆောင်း ကာ အထက်ဌာနသို့ပေးပို့ရန် လုပ်ဆောင်နေကြောင်း ဒေါက် တာအောင်အောင်က ပြောသည်။

ကုသရေးဦးစီးဌာန၏ နိုဝင် ဘာ ၁၁ ရက်စွဲပါ ဝန်ထမ်းအင် အား တောင်းယူသည့်စာအရ ၂၀၂၀ နိုဝင်ဘာအထိ တာဝန် ထမ်းဆောင်လျက်ရှိသော ဝန် ထမ်းအင်အားစာရင်းကို ပေးပို့ရန် ဖော်ပြထားသည်။

 

ယမန်နေ့က အစည်းအဝေး တွင် ကမ္ဘာ့နိုင်ငံများတွင် အစွမ်း ထက်မြက်သည့် ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံများနှင့် ကုမ္ပဏီအများ အပြားက ကြိုးစားဆောင်ရွက် လျက်ရှိပြီး ယခုအချိန်အထိ မည် သည့် နိုင်ငံ၊ မည်သည့် ဆေးကုမ္ပ ဏီမှ ထုတ်လုပ်သော ကာကွယ် ဆေးတစ်မျိုးမျိုးတွင်မျှ တတိယ အဆင့် လက်တွေ့စမ်းသပ်သုတေ သနပြုမှု (Phase-3 Clinical Trial) ကို အလုံးစုံ ပြီးမြောက်ခြင်း မရှိသေးကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ကိုဗစ် ကာကွယ်ဆေး ရရှိလာပါက ရရှိသည့် အရေအ တွက်ပမာဏ၊ ကာကွယ်ဆေး၏ ရောဂါ ကာကွယ်ပေးနိုင်သည့် အချိန်ကာလ အတိုင်းအတာ၊ ကာကွယ်ဆေးများ ထားသိုနိုင်ရန် အအေးလမ်းကြောင်းစနစ်များအ ခြေအနေ၊ လူနာများကို ကိုင် တွယ်ကုသနေရသည့် ကျန်းမာ ရေးဝန်ထမ်းများကဲ့သို့ ရောဂါကူး စက်နိုင်ခြေများပြားသူများ၊ အ သက်အရွယ်ကြီးပြီး ရောဂါအခံ ရှိသူများ၊ နေရာဒေသအလိုက် ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ အပါအဝင် အခြေအနေအရပ်ရပ် ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစား ပေးထိုးနှံမည့်အုပ်စုများ သတ် မှတ်မည်ဖြစ်ပြီး ကာကွယ်ဆေး အရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည် ဟု ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X