News
ကာကွယ်ဆေး စဖြန့်ဖို့ လုပ်နေတဲ့ အမေရိကန်နဲ့ မြန်မာပြည်ကို အစောဆုံး ရောက်လာနိုင်မယ့်အချိန်
Unicode
ကာကွယ်ဆေး စဖြန့်ဖို့ လုပ်နေတဲ့ အမေရိကန်နဲ့ မြန်မာပြည်ကို အစောဆုံး ရောက်လာနိုင်မယ့်အချိန်
အမေရိကန်မှာတော့ Pfizerr က ကာကွယ်ဆေးဖြန့်ဖို့တောင် စီစဉ်နေပြီး နောက်လလောက်ကစဖြန့်နိုင်မယ်လို့ဆိုတယ်။ FDA approval ကိုဒီဇင်ဘာလကုန််လောက် ရနိုင်မယ်လို့မှန်း ကြတယ်။
တော်ရုံကတိပေးလေ့ မရှိ၊ မီဒီယာတွေမှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိပ်စကားပြောလေ့မရှိတဲ့ Dr. Anthony Fauci ကတောင် အမေရိကန်နိုင်ငံသားတွေ ဧပြီလလောက်ဆို လိုချင်တဲ့သူတိုင်း ရနိုင်ဖို့ရှိတယ်လို့ ပြောလာပြီ။
အခက်အခဲက ဘာလဲဆိုတော့ ဒီကာကွယ်ဆေးကိုသိုလှောင်ဖို့ သယ်ယူဖို့ပဲ။ သုံညအောက် ၉၄ ဒီဂရီဖာရင်ဟိုက်မှာ သိုလှောင်ထားဖို့လိုတယ်။ အဲဒီအတွက် 350 ultra-cold freezers တွေကိုလည်း ပြင်ဆင်နေကြတယ်။ နောက်တစ်ခုက ီကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရမယ်။
နောက်သတင်းတစ်ပုဒ်မှာ Vaccine Tourism ဆိုတာတောင််ဖြစ်လာ နိုင်တယ်လို့ပြောကြတယ်။ ကာကွယ်ဆေး အရင်ထွက်တဲ့နိုင်ငံ တွေကို ပိုက်ဆံတတ်နိုင်ပြီး ကာကွယ်ဆေးမထွက်သေးတဲ့ နိုင်ငံက လူတွေလာပြီး ကာကွယ်ဆေးထိုးနိုင်ခြေရှိလို့။
မြန်မာနိုင်ငံအတွက်ဆိုရင်တော့ ဒီဆေးကရပြီဆိုရင်တောင် ဘယ်လိုသိုလှောင်မလဲ၊ ဖြန့်ဖြူးမလဲဆိုတာ မိတ်ဆွေ ဆရာကြီးတစ်ဦးပါတဲ့ အဖွဲ့အမြဲဆွေးနွေးကြရတယ်ဆိုတယ်။
ဒီဆေးကအစောဆုံးထွက်လာနိုင်တာဆိုတော့ မြန်မာနိုင်ငံ အများပြည်သူအတွက်ဆို (၆) လကနေ (၈) လအထိတော့ ကြာကိုကြာနိုင်သေးတယ်။
တရုတ်နာမည်ကြီးကာကွယ်ဆေး (အဓိက) နှစ်မျိုးထဲက Sinovac Covid 19 Vaccine တစ်မျိုးက ဘရာဇီးမှာ စမ်းသပ်နေစဉ် နောက်ဆုံးအဆင့်မှာ လူတစ်ယောက် ဆုံးသွားလို့ စမ်းသပ်မှုခဏရပ်ထားတယ်။ ကုမ္ပဏီကတော့ ဒါဆေးကြောင့်မဟုတ်ဘူးလို့ထုတ်ပြန်ထား ပါတယ်။ အရှေ့က Oxford ကာကွယ်ဆေးမှာအဲဒီလိုမျိုး လည်းဖြစ်ဖူးလို့ သူကတော့ပြန်စနေပါပြီ။
အားလုံးဒီကြားထဲတော့ ကျန်းမာရေးကထုတ်ပြန်တဲ့ စည်းကမ်းချက်တွေ အတတ်နိုင်ဆုံးလိုက်နာနေထိုင်မှ ကာကွယ်ဆေးကိုမြင်ခွင့်ရမယ်…
Aung Kyaw San
Zawgyi
Aung Kyaw San
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X