Dahama

ငွေကြေးအဆင်ပြေစေသော ဂါထာ (သို့မဟုတ်) ကိုယ်တွေ့ ဒိဝါတပတိဂါထာ တန်ခိုး

Unicode

“ငွေကြေးအဆင်ပြေစေသော ဂါထာ (သို့မဟုတ်) ကိုယ်တွေ့ ဒိဝါတပတိဂါထာ တန်ခိုး”

ငယ်စဉ်ကကျောင်းသားဘဝမှာ အိမ်ကပေးထားတဲ့ပိုက်ဆံကုန်ပြီး ငွေပြတ်ပြီးစိတ်ညစ်နေတုန်းမှာ နားထဲက အသံတစ်ခုကြားလိုက်တယ်။ ဒိဝါတပတိဂါထာကို အခေါက် ၆ဝရွတ်လိုက်ပါတဲ့။ ချက်ချင်းပဲ အဲဒီနေရာမှာတင် အပြီးရွတ်လိုက်တယ်။ နောက်တနေ့ အိမ်ကပို့လိုက်တဲ့ ပိုက်ဆံရောက်လာပါတယ် …။

ငွေကြေးအခက်အခဲကြုံသူများ၊ တခုခုရောင်းထွက်လိုသူများ ဒိဝါတပတိဂါထာကိုတခါရွတ်လျှင် အခါ ၆၀ နေ့စဉ်ရွတ်ကြပါ။ အကြိမ်များရင်ပိုကောင်းပါတယ်။ မနက်အခါ ၆၀ ညအခါ ၆၀ စသဖြင့်ပူဇော်ကြပါ။ တတ်နိုင်ရင် အခါ ၆၀x၆ခါ = ၃၆ဝ ခေါက် ရွတ်နိုင်ပါတယ်။ ဒီထက်ပိုရွတ်ရန် မလိုပါ …။

ဒိဝါတပတိဂါထာက ” ဧတေနသဇ္ဇဝဇေန ဟောတုမေဇယမင်္ဂလံ စတဲ့ သစ္စာပြုဂါထာ ” နဲ့ဆုံးတဲ့ဂါထာ ၊ ” နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ ” ဆုံးတဲ့ဂါထာ စတဲ့ မူကွဲတွေရှိတယ်။ ကြိုက်တာနဲ့ပူဇော်ပါ ၊ အတူတူပါပဲ …။

မဟာမိသားစုဝင် ညီမတယောက် သူ့တိုက်ခန်းရောင်းချင်နေတာ ဗေဒင်ယကြာစုံနေပြီ ရောင်းမရတာကြာပြီဆိုတော့ ကိုယ်က ဗေဒင်ဆရာ အကြားအမြင်ဆရာ ဘာဆရာ ညာဆရာမဟုတ်တော့ ထုံးစံအတိုင်း ဘာသာရေးနည်းပဲပေးလိုက်တယ် ။ အနိမ့်ဆုံးတော့ ကုသိုလ်ရမှာမို့ အရှုံးမရှိပါဘူးဆိုပြီးတော့ …။

ကောင်းတာလုပ်ရင် ကောင်းတာတွေဖြစ်လာမှာပဲလေ။သူက မဟာကျင့်စဉ်ဖြစ်တဲ့ မဟာလေးမျိုးပူဇော်ပြီး အောင်ပြီ ၆ချက်ပုတီးစိပ်နေသူမို့မဟာလေးမျိုးနဲ့အောင်ပြီ ၆ချက်အပြင် ဒိဝါတပတိအခါ ၆ဝ ရွတ်ဖို့အကြံပေးလိုက်တယ် သူကရှမ်းအနွယ်ဆိုတော့ ဓနသိဒ္ဓိအောင်တဲ့ရှမ်းစော်ဘွားဘိုးတော် စဝ်ခွန်နောင်နဲ့စောဖသာကိုပါမေတ္တာပို့အကူအညီတောင်းဖို့မှာလိုက်တယ် …။

သုံးရက်နဲ့ထူးခြားသွားတယ်။ ဗေဒင်ယတြာပေါင်းစုံနဲ့ရောင်းမရတဲ့ တိုက်ခန်းကို ရက်ပိုင်းအတွင်းသိန်းရာဂဏန်းနဲ့ရောင်းရတယ် …။

ဒိဝါတပတိဂါထာကျင့်စဉ်တခုတည်းကြောင့်ဆိုတာထက် ကောင်းတဲ့ အကြောင်းတရားတွေပေါင်းဆုံ သွားလို့ဖြစ်မှာပါ။အဲဒီညီမက မဟာပဋ္ဌာန်း၊မဟာသမယ၊မဟာသရဏဂုံ၊ပရိတ်တဲ့မဟာလေးမျိုးပူဇော်တယ်။ ဗုဒ္ဓေါ အောင်ပြီ ၊ ဓမ္မော အောင်ပြီ ၊ သံဃော အောင်ပြီသုဂတောအောင်ပြီ ၊ သစ္စာအောင်ပြီ ၊ စဓဗဝအောင်ပြီ နဂါးမတောင်ဆရာတော်ကြီးတွေရဲ့အောင်ပြီ၆ချက်အစအဆုံး တစ်ရက်ကိုးပတ်စိပ်တယ် ဒိဝါတပတိဂါထာရွတ်တယ် …။

မိဘကိုသိန်းရာနဲ့ချီကန်တော့ဖို့နဲ့မဟာမိသားစုအလှူကြီးမှာ ပါဝင်နိုင်ဖို့အဓိဋ္ဌာန်တယ်။နဂါးမတောင်ဆရာတော်ကြီးတွေနဲ့ကျိုက်ထီးဆောင်းဆရာတော်ဘိုးသစ္စာကိုမေတ္တာပို့ဆုတောင်းတယ်။ လက်တွေ့ထူးခြားရတဲ့နည်းလမ်းကို ပြည့်စုံစွာမျှဝေလိုက်ပါတယ်နော် …။

ယုံကြည်စွာကျင့်ကြံသူတွေ…

(၁) ဆရာလိမ်နဲ့မတွေ့ပါ။အလိမ်မခံရ

(၂) တပြားမှမကုန်

(၃) ဗေဒင်ယတြာဖိုးမကုန်

(၄) ကုသိုလ်တွေအများကြီးရမယ်။

လွတ်လပ်စွာshareနိုင်ပါတယ် …။

Credit ဦးသစ္စာ

Zawgyi

“ေငြေၾကးအဆင္ေျပေစေသာ ဂါထာ (သို႔မဟုတ္) ကိုယ္ေတြ႕ ဒိဝါတပတိဂါထာ တန္ခိုး”

ငယ္စဥ္ကေက်ာင္းသားဘဝမွာ အိမ္ကေပးထားတဲ့ပိုက္ဆံကုန္ၿပီး ေငြျပတ္ၿပီးစိတ္ညစ္ေနတုန္းမွာ နားထဲက အသံတစ္ခုၾကားလိုက္တယ္။ ဒိဝါတပတိဂါထာကို အေခါက္ ၆ဝ႐ြတ္လိုက္ပါတဲ့။ ခ်က္ခ်င္းပဲ အဲဒီေနရာမွာတင္ အၿပီး႐ြတ္လိုက္တယ္။ ေနာက္တေန႔ အိမ္ကပို႔လိုက္တဲ့ ပိုက္ဆံေရာက္လာပါတယ္ …။

ေငြေၾကးအခက္အခဲႀကဳံသူမ်ား၊ တခုခုေရာင္းထြက္လိုသူမ်ား ဒိဝါတပတိဂါထာကိုတခါ႐ြတ္လွ်င္ အခါ ၆၀ ေန႔စဥ္႐ြတ္ၾကပါ။ အႀကိမ္မ်ားရင္ပိုေကာင္းပါတယ္။ မနက္အခါ ၆၀ ညအခါ ၆၀ စသျဖင့္ပူေဇာ္ၾကပါ။ တတ္ႏိုင္ရင္ အခါ ၆၀x၆ခါ = ၃၆ဝ ေခါက္ ႐ြတ္ႏိုင္ပါတယ္။ ဒီထက္ပို႐ြတ္ရန္ မလိုပါ …။

ဒိဝါတပတိဂါထာက ” ဧေတနသဇၨဝေဇန ေဟာတုေမဇယမဂၤလံ စတဲ့ သစၥာျပဳဂါထာ ” နဲ႔ဆုံးတဲ့ဂါထာ ၊ ” နမကၠာရာႏုဘာေဝန၊ သေဗၺ ပူေရႏၲဳ သကၤပၸါ ” ဆုံးတဲ့ဂါထာ စတဲ့ မူကြဲေတြရွိတယ္။ ႀကိဳက္တာနဲ႔ပူေဇာ္ပါ ၊ အတူတူပါပဲ …။

မဟာမိသားစုဝင္ ညီမတေယာက္ သူ႔တိုက္ခန္းေရာင္းခ်င္ေနတာ ေဗဒင္ယၾကာစုံေနၿပီ ေရာင္းမရတာၾကာၿပီဆိုေတာ့ ကိုယ္က ေဗဒင္ဆရာ အၾကားအျမင္ဆရာ ဘာဆရာ ညာဆရာမဟုတ္ေတာ့ ထုံးစံအတိုင္း ဘာသာေရးနည္းပဲေပးလိုက္တယ္ ။ အနိမ့္ဆုံးေတာ့ ကုသိုလ္ရမွာမို႔ အရႈံးမရွိပါဘူးဆိုၿပီးေတာ့ …။

ေကာင္းတာလုပ္ရင္ ေကာင္းတာေတြျဖစ္လာမွာပဲေလ။သူက မဟာက်င့္စဥ္ျဖစ္တဲ့ မဟာေလးမ်ိဳးပူေဇာ္ၿပီး ေအာင္ၿပီ ၆ခ်က္ပုတီးစိပ္ေနသူမို႔မဟာေလးမ်ိဳးနဲ႔ေအာင္ၿပီ ၆ခ်က္အျပင္ ဒိဝါတပတိအခါ ၆ဝ ႐ြတ္ဖို႔အႀကံေပးလိုက္တယ္ သူကရွမ္းအႏြယ္ဆိုေတာ့ ဓနသိဒၶိေအာင္တဲ့ရွမ္းေစာ္ဘြားဘိုးေတာ္ စဝ္ခြန္ေနာင္နဲ႔ေစာဖသာကိုပါေမတၱာပို႔အကူအညီေတာင္းဖို႔မွာလိုက္တယ္ …။

သုံးရက္နဲ႔ထူးျခားသြားတယ္။ ေဗဒင္ယၾတာေပါင္းစုံနဲ႔ေရာင္းမရတဲ့ တိုက္ခန္းကို ရက္ပိုင္းအတြင္းသိန္းရာဂဏန္းနဲ႔ေရာင္းရတယ္ …။

ဒိဝါတပတိဂါထာက်င့္စဥ္တခုတည္းေၾကာင့္ဆိုတာထက္ ေကာင္းတဲ့ အေၾကာင္းတရားေတြေပါင္းဆုံ သြားလို႔ျဖစ္မွာပါ။အဲဒီညီမက မဟာပ႒ာန္း၊မဟာသမယ၊မဟာသရဏဂုံ၊ပရိတ္တဲ့မဟာေလးမ်ိဳးပူေဇာ္တယ္။ ဗုေဒၶါ ေအာင္ၿပီ ၊ ဓေမၼာ ေအာင္ၿပီ ၊ သံေဃာ ေအာင္ၿပီသုဂေတာေအာင္ၿပီ ၊ သစၥာေအာင္ၿပီ ၊ စဓဗဝေအာင္ၿပီ နဂါးမေတာင္ဆရာေတာ္ႀကီးေတြရဲ႕ေအာင္ၿပီ၆ခ်က္အစအဆုံး တစ္ရက္ကိုးပတ္စိပ္တယ္ ဒိဝါတပတိဂါထာ႐ြတ္တယ္ …။

မိဘကိုသိန္းရာနဲ႔ခ်ီကန္ေတာ့ဖို႔နဲ႔မဟာမိသားစုအလႉႀကီးမွာ ပါဝင္ႏိုင္ဖို႔အဓိ႒ာန္တယ္။နဂါးမေတာင္ဆရာေတာ္ႀကီးေတြနဲ႔က်ိဳက္ထီးေဆာင္းဆရာေတာ္ဘိုးသစၥာကိုေမတၱာပို႔ဆုေတာင္းတယ္။ လက္ေတြ႕ထူးျခားရတဲ့နည္းလမ္းကို ျပည့္စုံစြာမွ်ေဝလိုက္ပါတယ္ေနာ္ …။

ယုံၾကည္စြာက်င့္ႀကံသူေတြ…

(၁) ဆရာလိမ္နဲ႔မေတြ႕ပါ။အလိမ္မခံရ

(၂) တျပားမွမကုန္

(၃) ေဗဒင္ယၾတာဖိုးမကုန္

(၄) ကုသိုလ္ေတြအမ်ားႀကီးရမယ္။

လြတ္လပ္စြာshareႏိုင္ပါတယ္ …။

Credit ဦးသစၥာ

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X