News

လူ ၃၀ ထက် စုဝေးပါက ထိရောက်စွာ အရေးယူမည်ဟု ကျန်းမာရေးဝန်ကြီး ထုတ်ပြန်ပြီ

Unicode

လူ ၃၀ ထက် စုဝေးပါက ထိရောက်စွာ အရေးယူမည်ဟု ကျန်းမာရေးဝန်ကြီး ထုတ်ပြန်ပြီ

ယခုလို ကိုဗစ်ကာလမှာ သူ့စကားကို ဒေါ်အောင်ဆန်းစုကြည်တောင် နားထောင်ရတဲ့ ကျန်းမာရေးဝန်ကြီးက စာထုတ်လိုက်ပါပြီ။ စာအပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Covid 19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ စုဝေးခြင်း မပြုရန် ထုတ်ပြန်ခဲ့သော အမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ ၁၆-၈-၂၀၂၀ ရက်မှစ၍ လူ ၁၅ ဦး အစား လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ပြင်ဆင် ထုတ်ပြန်ခဲ့ပါသည်။

၂။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးမြောက်ပြီ ဖြစ်သော်လည်း လူစုလူဝေး ပြုလုပ်ခြင်းများ ရှိနေသေးသည်ကို တွေ့ရှိရပါသည်။

၃။ ယခုအချိန်သည် ကိုဗစ် ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး

Zawgyi

လူ ၃၀ ထက္ စုေဝးပါက ထိေရာက္စြာ အေရးယူမည္ဟု က်န္းမာေရးဝန္ႀကီး ထုတ္ျပန္ၿပီ

ယခုလို ကိုဗစ္ကာလမွာ သူ႔စကားကို ေဒၚေအာင္ဆန္းစုၾကည္ေတာင္ နားေထာင္ရတဲ့ က်န္းမာေရးဝန္ႀကီးက စာထုတ္လိုက္ပါၿပီ။ စာအျပည့္အစုံကို ေအာက္မွာ ေဖာ္ျပထားပါတယ္-

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒ ပုဒ္မ ၂၁ ပုဒ္မခြဲ (ခ) ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ဤအမိန္႔ကို ထုတ္ျပန္လိုက္သည္။

၁။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ လတ္တေလာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ (Covid 19) ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားႏွင့္ စပ္လ်ဥ္း၍ စုေဝးျခင္း မျပဳရန္ ထုတ္ျပန္ခဲ့ေသာ အမိန္႔မ်ားတြင္ ေဖာ္ျပထားေသာ ကိစၥရပ္မ်ားမွအပ ၁၆-၈-၂၀၂၀ ရက္မွစ၍ လူ ၁၅ ဦး အစား လူ ၃၀ ဦးျဖစ္ေစ၊ လူ ၃၀ ဦးထက္ ပို၍ျဖစ္ေစ စုေဝးျခင္း မျပဳရန္ ျပင္ဆင္ ထုတ္ျပန္ခဲ့ပါသည္။

၂။ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ (၈) ရက္ေန႔၌ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပၿပီးေျမာက္ၿပီ ျဖစ္ေသာ္လည္း လူစုလူေဝး ျပဳလုပ္ျခင္းမ်ား ရွိေနေသးသည္ကို ေတြ႕ရွိရပါသည္။

၃။ ယခုအခ်ိန္သည္ ကိုဗစ္ ေရာဂါ ျပန္႔ပြားႏိုင္သည့္ အႏၲရာယ္ႀကီးမားေနသည္ျဖစ္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ အမိန္႔ ၫႊန္ၾကားခ်က္မ်ားကို တိက်စြာ လိုက္နာရန္ႏွင့္ ပ်က္ကြက္ပါက တည္ဆဲစည္းမ်ဥ္း၊ စည္းကမ္း၊ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ အညီ ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

ေဒါက္တာျမင့္ေထြး
ျပည္ေထာင္စုဝန္ႀကီး

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X