Knowledge

ရေသူမဆိုတာ တကယ်ရှိသလား

Unicode

ရေသူမဆိုတာ တကယ်ရှိသလား

ရေသူမဆိုတာ တကယ်ရှိသလား မေးလျှင် ရေသူမဆိုတာ တကယ်ရှိတယ်လို့ ဖြေချင်ပါတယ်။ ရေသူမကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကားလောက်လည်း ကြည့်ဖူးပါတယ်။ ရေသူမကို ကိုယ်တိုင်တွေ့ဖူးပါတယ်လို့ နိုင်ငံတော်အကြီးအကဲဟောင်းတစ်ယောက်ပြောတာ မှတ်သားဖူးပါတယ်။ သူက မုတ္တမပင်လယ်ထဲသွားရင်း ကျောက်ဆောင် ပေါ်မှာ ထိုင်နေတဲ့ ရေသူမကို တွေ့ခဲ့ဖူးတဲ့အကြောင်း ကျွန်တော့်ကိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြောခဲ့ဖူးပါတယ်။

ရေသူမက ရုပ်ရှင်ထဲမှာပါတဲ့အတိုင်း အပေါ် ပိုင်းက မိန်းကလေးခန္ဓာကိုယ်၊ အောက်ပိုင်းက ငါးရဲ့ ခန္ဓာကိုယ်နဲ့တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှာ လည်း ကျောက်ဆောင်ပေါ်မှာ ရေသူမရုပ် ထုလုပ် ထားတာ သတင်းဂျာနယ်ထဲမှာ တွေ့ဖူးပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က သံတွဲမှ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူက ရန်ကုန်ကို ဆေးကုသဖို့ရောက်နေတာ တစ်ပတ်လောက်ရှိပြီ ပြောပါတယ်။ သူ့ရဲ့ရောဂါက ဝမ်းဗိုက်ထဲမှာ တစ်ခုခုရှိနေသယောင် ရင်ပြည့်ပြီး အနေရ အထိုင်ရ ခက်တယ်။ ဝမ်းလည်း ချုပ်တယ်။ ငါးရက်မှတစ်ခါ လောက်ပဲ သွားတယ်။

ဒီဝေဒနာခံစားနေရတာ ၁၂ နှစ်လောက်ရှိပြီ သံတွဲမှာ ဆရာဝန်နဲ့ရော တိုင်းရင်းဆေးနဲ့ပါကုသတာ မပျောက်ကင်းဘူး။ ဆရာလည်း တော်တော်စုံနေပြီ။ ရန်ကုန်ဆင်းကုလျှင် ပျောက်မလားဆိုပြီး လာရောက်ကုသခြင်း ဖြစ်ပါတယ်။ သူ့ရောဂါက မသက်သာဘဲဖြစ်နေပါတယ်။ သံတွဲက သူ့သူငယ်ချင်းက ကျွန်တော့်ဆီ သွားပြကြည့်ပါ ညွှန်၍ရောက်လာခြင်းဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်ပုဂ္ဂိုလ်ရဲ့ အကူအညီနဲ့ အာရုံယူကြည့်တော့ သူ့ရောဂါဝေဒနာက သွေးရိုးသားရိုး ရောဂါမဟုတ်ဘဲ ပရလောကမှ တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ဝေဒနာခံစားနေရကြောင်း သိရပါတယ်။

သူ့ဝမ်းဗိုက်ထဲက ပြုစားထားတဲ့ ပုဂ္ဂိုလ်ကို အပြင်ထွက်ခိုင်းတော့ အရိပ်မည်းသဏ္ဌာန် ငါးခု တွေ့ ရပါတယ်။ စုန်းလား၊ အောက်လမ်းလား၊ နတ် အနှောင့်အယှက်လားဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ အဲဒီ အရိပ်မည်းမည်း သဏ္ဌာန်ငါးခုကို ရှင်းပစ်လိုက်သော်လည်း သူ့မှာ ရင်ခေါင်းထဲက ဝေဒနာပျောက်ကင်း မသွားပါဘူး။

ယခု ကျွန်တော့်အတွေ့အကြုံအရ ဝင်ရောက်ပူးကပ် နှောင့်ယှက်နေတဲ့ ပရလောကမှ ပုဂ္ဂိုလ်ရှိတယ်ဆိုလျှင် ချက်ချင်းသက်သာသွားတာ အကြိမ်ကြိမ် တွေ့ခဲ့ရဖူးပါတယ်။ သူက ဝမ်းလည်း ချုပ်တယ်ဆိုတော့ ဝမ်းမသွားလို့ ရင်ပြည့်တာလားလို့လဲ သံသယဝင်မိပါတယ်။ သူပြန်သွားပါတယ်။ ကျွန်တော်က နောက်တစ်ရက် မသက်သာလျှင် ကျွန်တော့်ဆီ ဖုန်းပြန်ဆက်ဖို့ မှာလိုက်ပါတယ်။ နောက်တစ်ရက် ကျွန်တော့်ဆီဖုန်းဆက်ပါတယ်။ သူ မသက်သာတဲ့အကြောင်းပြောပါတယ်။ ကျွန်တော်က ကျွန်တော့်ဆီ ထပ်လာဖို့ ပြောလိုက်ပါတယ်။ နာရီဝက်လောက်နေတော့ ကျွန်တော့်ဆီ ဖုန်းပြန်ဆက်လာပါတယ်။ သူ ကျွန်တော့်ဆီ မလာနိုင်တော့တဲ့အကြောင်း ဆေးခန်းသွားတော့မည့်အကြောင်း ပြောပါတယ်။ နောက်တစ်နေ့ နံနက် ၁၀ နာရီ လောက် ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူ သံတွဲကို ပြန်တော့မည့်အကြောင်းလာရောက် နှုတ်ဆက်တဲ့အကြောင်း၊ ရောဂါလည်း မသက်သာတဲ့ အကြောင်း ပြောပါတယ်။

ကျွန်တော် သူ့ကို ထပ်မံအာရုံပြုပြီး ကျွန်တော့်ကို ဗေဒင်ကူဟောပေးတဲ့ တန်ခိုးရှင်ကြီးအား မေးကြည့်တော့ ရေသူမ လို့ပြောပါတယ်။ ကျွန်တော်လည်း ကြားရတဲ့စကား မယုံသင်္ကာဖြစ်နေစဉ်မှာ ကျွန်တော်မြင်ရတာက မျောက်မျက်နှာ မျောက်ရဲ့ ဦးခေါင်းနဲ့တူတယ်။ အရပ်သုံးပေလောက် ရှိမယ်။ ငါးခန္ဓာကိုယ်နဲ့ သတ္တဝါကိုတွေ့ရပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေ့ရတဲ့ ရေသူမက အပေါ်ပိုင်းက လူမိန်းကလေးပုံသဏ္ဌာန်၊ အောက်ပိုင်းငါး ခန္ဓာကိုယ်။ ယခုတွေ့ရတဲ့ ရေသူမက ဦးခေါင်းက မျောက်ဦးခေါင်းနဲ့၊ ဦးခေါင်းအောက်ပိုင်းက ငါးရဲ့ ခန္ဓာကိုယ် ဖြစ်ပါတယ်။ ဒီရေသူမက နာမ်လောကမှ သတ္တဝါ ဖြစ်ပါတယ်။ နာမ်လောကမှ သတ္တဝါတွေဖြစ်တဲ့ နဂါးတို့၊ ဂဠုန်တို့၊ နတ်မြင်း၊ နတ်မြွေ၊ နတ်မိကျောင်းလို နာမ်လောကမှ သတ္တဝါဖြစ်ပါတယ်။

ကျွန်ုပ်။ ။ ညည်းက ရေသူမဆိုတာ ဟုတ်သလား။

ရေသူမ။ ။ ဟုတ်ပါတယ်။

ကျွန်ုပ်။ ။ ညည်းက သူ့ခန္ဓာကိုယ်ထဲရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘာကြောင့်သူ့ကို ဒုက္ခပေးနေတာလဲ။

ရေသူမ။ ။ ၁၂ နှစ်ရှိပါပြီ။ ဒီအစ်ကိုနဲ့ ကျွန်မနဲ့က လူ့ဘဝတုန်းက အကြင်လင်မယားပါ။ မိန်းမယူမှာစိုးလို့ လာပြီးနေတာပါ။ သူ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ဖူးပါတယ်။ ကျွန်မ နှောင့်ယှက်လို့ ပျက်သွားပါပြီ။

ကျွန်တော်က လူငယ်ကို မင်းမိန်းကလေး တစ်ယောက်နဲ့ ချစ်ကြိုက်ဖူးသလား မေးတော့ ဟုတ်ပါတယ်။ ပျက်သွားပါပြီ ပြောပါတယ်။

ကျွန်ုပ်။ ။ ဦးက ရေသူမရှိတယ်ဆိုတာ သိပ်မယုံဘူး။ ယခု ရေသူမနဲ့ ကိုယ်တိုင်တွေ့တော့ မေး ပါရစေဦး။ ညည်းက လူယောင်ဖန်ဆင်းနိုင်သလား။ ဟိုနေ့ကတွေ့တော့ ဒီသူငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အရိပ်မည်း ငါးခုတွေ့တယ်။ အဲဒါဘယ်သူလဲ။

ရေသူမ။ ။ ကျွန်မတို့က လူယောင်ဖန်ဆင်းနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းသာ မိန်းကလေးအသွင် ဖန်ဆင်းနိုင်ပြီး အောက်ပိုင်းကတော့ ငါးရဲ့ခန္ဓာကိုယ်နဲ့ပဲ ဖန်ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကလည်း ကိုယ်ပွားခန္ဓာကိုယ် ငါးမျိုးအထိ ကိုယ်ပွားပြီး ဖန်ဆင်းနိုင်ပါတယ်။

ကျွန်ုပ်။ ။ ဦး မြင်ရတာက မျောက်ဦးခေါင်းနဲ့ တွေ့ရာမှာ ဆံပင်အရှည်တော့ မပါပါဘူး။
မိန်းကလေးအသွင် ဖန်ဆင်းတော့ ဆံပင်အရှည်နဲ့လား။

ရေသူမ။ ။ ဆံပင်ရှည်နဲ့ပါ။ အတော်အသင့်လှတဲ့ ရုပ်သွင်နဲ့ ဖန်ဆင်းနိုင်ပါတယ်။ ကျွန်မတို့ အနေများတာက ရေကြည်တဲ့နေရာ ကျောက်ဆောင် အကြိုအကြားမှာ နေကြပါတယ်။

ကျွန်ုပ်။ ။ ဦးက ညည်းကို မေတ္တာရပ်ခံချင်ပါတယ်။ ညည်းရဲ့ အတိတ်က ခင်ပွန်းကို ဆက်ပြီး ဒုက္ခမပေးစေချင်ဘူး။

ရေသူမ။ ။ သူက မိန်းမ မယူပါဘူးလို့ ကတိပေးလျှင် ကျွန်မ၊ မနှောင့်ယှက်တော့ပါဘူး။ကျွန်တော်က လူငယ်ကို မင်းရဲ့အတိတ်ဘဝက မိန်းမက ယခုရေသူမဖြစ်ပြီး မင်းကိုနှောင့်ယှက်နေတယ်။ မင်းက မိန်းမယူပါဘူးဆိုရင်တော့ သူက မနှောင့်ယှက်တော့ပါဘူးလို့ ပြောနေတယ်။ အဲဒါ မင်း သူတောင်းတဲ့ ကတိပေးနိုင်မလား မေးတော့ သူငယ်က မိန်းမ မယူပါဘူးလို့ ကတိမပေးပါဘူး။ သူရဲ့ ရောဂါ ပျောက်ကင်းချင်တဲ့အကြောင်းပဲ ပြောပါတယ်။

ကျွန်တော် လူငယ်ရဲ့ရောဂါကို ပျောက်စေချင်ရင် ဒီရေသူမကို ရှင်းပစ်မှရပါမယ်။ ရေသူမ ဘဝပြောင်းလျှင် ကောင်းရာသုဂတိသို့ရောက်နိုင်မည် ယူဆပြီး ရေသူမလေးကို ရှင်းပစ်လိုက်ပါတယ်။ အဲဒီလို ရှင်းပြီးလို့ သူ့ရဲ့ခံစားနေရတဲ့ ဝေဒနာသက်သာရဲ့လား မေးတော့ မသက်သာသေးကြောင်း ဝမ်းမသွား၍လည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ကျွန်တော် ရေသူမလေးကို ရှင်းပစ်တာ မအောင်မြင်လို့ဘဲလား ကျွန်တော်ပုဂ္ဂိုလ် မေးကြည့်တော့ ရေသူမ မရှိတော့ဘူးလို့တော့ ပြောပါတယ်။ ရေသူမက ခန္ဓာကိုယ်က ငါးမျိုးအထိ ပွားနိုင်တယ်ဆိုတော့ ကျွန်တော် ရှင်းတာက ခန္ဓာကိုယ်တစ်ခုတည်းရှင်းတာဆိုတော့ ခန္ဓာကိုယ်လေးခု ကျန်နေသေးတာလည်း ဖြစ်နိုင်ပါတယ်။ ယခု စာရေးတဲ့အထိတော့ ကျွန်တော့်ဆီ ဘာအကျိုးအကြာင်းမှ ပြန်မလာသေးပါဘူး။

၁၄-၁၀-၂၀၁၇ ရက်မှာ ရေသူမအကြောင်း ပြည့်ပြည့်စုံစုံသိချင်တာနဲ့ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးနေတဲ့ နီညိုရောင် သင်္ကန်းနဲ့ တန်ခိုးရှင်ကြီးကို မေးလျှောက်ကြည့်ပါတယ်။

တန်ခိုးရှင်ကြီး။ ။ ရေသူမဆိုတာ နာမ်လောကမှ သတ္တဝါတစ်ဦးဖြစ်တယ်။ ရေသူမဆို ပေမယ့် သူက ကျားရယ်၊ မရယ်မရှိဘူး။ ကာမဂုဏ် ခံစားမှုလည်း မရှိဘူး။ သက်တမ်းက လူ့သက်တမ်းနဲ့ဆိုလျှင် ၄၅ နှစ်အထိ ရှည်တယ်။ အစာအာဟာရအနေနဲ့ အစိမ်းရောင် ရေခဲမုန့်နဲ့တူတဲ့ အာဟာရကို တစ်ရက်လျှင် သုံးကြိမ်စားတယ်။ အလိုရှိတဲ့အခါမှာ ရေထဲမှာ အလိုလိုပေါ်လာတယ်။ လူယောင်ဖန်ဆင်းလို့ရတယ်။ ခန္ဓာကိုယ်အထက်ပိုင်းက မိန်းကလေး ရုပ်သွင်နဲ့ အောက်ပိုင်းကတော့ ငါးရဲ့ခန္ဓာကိုယ်နဲ့ ဖန်ဆင်းနိုင်တယ်။ ဒါပေမဲ့ ရေထဲကနေ ထွက်သွားလို့မရဘူး သုံးရက်အထိ ဖန်ဆင်းနိုင်တယ်။ လူယောင်မဖန်ဆင်းဘဲ ဆိုလျှင်တော့ လိုရာသွားလို့ရတယ်။ လူယောင်ဖန်ဆင်းထားလျှင် လူနဲ့ စကားပြောလို့ရတယ်။

ကျွန်ုပ်။ ။ လူယောင်ဖန်ဆင်းတာက ဘယ်လို အခြေအနေမျိုးမှာ လူယောင်ဖန်ဆင်းတတ်ပါသလဲ။

တန်ခိုးရှင်ကြီး။ ။ လူတွေကို သရော်လှောင်ပြောင်ချင်တဲ့အခါ လူယောင်ဖန်ဆင်းတတ်ပါတယ်။

ကျွန်ုပ်။ ။ ရုပ်ရှင်ထဲမှာ လူသားယောကျာ်းလေးနဲ့ ရေသူမလေးချစ်ခင်ကြတာ ကြည့်ရဖူးပါ တယ်။ လူသားယောကျာ်းလေးကို သရော်လှောင် ပြောင်ချင်လို့ပါလား။

တန်ခိုးရှင်ကြီး။ ။ ရေသူမဖြစ်ရတဲ့အကြောင်းကိုက လူ့သားဘဝတုန်းက ယောကျာ်းလေးတွေကို တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး ချစ်ခဲ့တဲ့၊ ယောကျာ်းလေးက တစ်ယောက်မက များခဲ့တာကြောင့် သေလွန်တဲ့အခါ ရေသူမဘဝရောက်ရခြင်း ဖြစ်ပါတယ်။ ရေသူမဘဝ ရောက်တော့လည်း ဒီ အကျင့်က ပါလာတာဖြစ်တယ်။

ကျွန်ုပ်။ ။ ရေသူမလေးတွေက အုပ်စုဖွဲ့ပြီး နေကြတာလား။

တန်ခိုးရှင်ကြီး။ ။ ရေသူမဆိုတဲ့ နာမ်လောကရဲ့ သတ္တဝါက အလွန်ရှားပါတယ်။ တစ်ဦးချင်းပဲ နေကြပါတယ်။

ကျွန်ုပ်။ ။ သူတို့က ဘယ်လိုဖြစ်တည်ပြီး ဘယ်လိုဘဝနိဂုံးချုပ်ပါသလဲ။

တန်ခိုးရှင်ကြီး။ ။ နာမ်လောက နာမ်ရုပ်ရှိတဲ့ သတ္တဝါတို့ရဲ့ သဘောသဘာဝအတိုင်း ရုတ်တရက် ပေါ်လာပြီး ရုတ်တရက်သေဆုံးခြင်း၊ ဘဝပျောက်ကွယ်ပြီး ဘဝပြောင်းခြင်းဖြစ်ကြရပါတယ်။ ရေသူမနဲ့ ပတ်သက်ပြီး အချက်သုံးချက်ပြောစရာရှိသေးတယ်။

– ရေသူမဘဝကို အကုသိုလ်အလျောက် ရောက်လာသူသည် ရေသူမဘဝ ကွယ်လွန်တဲ့အခါ လူ့ဘဝမိန်းကလေးဘဝကိုပဲ ပြန်ရောက်ရပါတယ်။

– ရေသူမလေးတွေဟာ ရေထဲကျောက်ဆောင်အကြိုအကြားမှာ နေတတ်ကြတယ်။ လူတွေ ကျောက်ဆောင်တွေအနီး ဖြတ်သွားဖြတ်လာပြုတဲ့အခါ ကျောက်ဆောင်ပေါ်ထိုင်ပြီး မိန်းကလေးအသွင် ဆောင်နေတတ်ပါတယ်။ လူတွေအနီးအနား ကပ်လာလျှင်တော့ ရေထဲငုပ်ဆင်းသွားတတ်ပါတယ်။

– ရေသူမတွေက ပင်လယ်ထဲ ရေကြည်ရေသန့်တဲ့နေရာမှာ နေကြတယ်။ ပင်လယ်ထဲကို မသန့်တဲ့ရေတွေ ဝင်လာလျှင် ရေကြည်ရေသန့်ရှိတဲ့နေရာကို ပြောင်းပြေးကြတယ်။

ကျွန်ုပ်။ ။ ရေသူမတွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ နေလို့ရသလား။

တန်ခိုးရှင်ကြီး။ ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ၁၅ နှစ်အထိ နေလို့ရပါတယ်။ အဲဒီလူ ကို ချုပ်ကိုင်ချင်လို့ ဝင်လာတာဖြစ်တယ်။

ကျွန်ုပ်။ ။ ရေသူမတွေကို အုပ်ချုပ်တဲ့နာမ် လောကမှ ပုဂ္ဂိုလ်ရှိပါသလား။

တန်ခိုးရှင်ကြီး။ ။ ရှိပါတယ်။ အစိမ်းရောင် နတ်ကြီးတစ်ပါးက အုပ်ချုပ်ပါတယ်။ လူတွေကို သရော်လှောင်ပြောင်တာများလာလျှင် ရိုက်နှက်ဆုံးမလေ့ရှိပါတယ်။ ရေသူမက ခန္ဓာကိုယ်ငါးခုအထိ ပွားပြီး ဖန်ဆင်းနိုင်သော်လည်း အဲဒီလို ခန္ဓာကိုယ်ပွားတာ အလွန်နည်းပါတယ်။ ရန်သူနဲ့တွေ့တဲ့အခါမှသာ ပွားလေ့ရှိပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)
(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊ – အယ်ဒီတာအဖွဲ့)

Zawgyi

ေရသူမဆိုတာ တကယ္ရွိသလား

ေရသူမဆိုတာ တကယ္ရွိသလား ေမးလွ်င္ ေရသူမဆိုတာ တကယ္ရွိတယ္လို႔ ေျဖခ်င္ပါတယ္။ ေရသူမကို အေျခခံ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကား ႏွစ္ကားေလာက္လည္း ၾကည့္ဖူးပါတယ္။ ေရသူမကို ကိုယ္တိုင္ေတြ႕ဖူးပါတယ္လို႔ ႏိုင္ငံေတာ္အႀကီးအကဲေဟာင္းတစ္ေယာက္ေျပာတာ မွတ္သားဖူးပါတယ္။ သူက မုတၱမပင္လယ္ထဲသြားရင္း ေက်ာက္ေဆာင္ ေပၚမွာ ထိုင္ေနတဲ့ ေရသူမကို ေတြ႕ခဲ့ဖူးတဲ့အေၾကာင္း ကြၽန္ေတာ့္ကိုလြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က ေျပာခဲ့ဖူးပါတယ္။

ေရသူမက ႐ုပ္ရွင္ထဲမွာပါတဲ့အတိုင္း အေပၚ ပိုင္းက မိန္းကေလးခႏၶာကိုယ္၊ ေအာက္ပိုင္းက ငါးရဲ႕ ခႏၶာကိုယ္နဲ႔ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴဆိပ္ကမ္းမွာ လည္း ေက်ာက္ေဆာင္ေပၚမွာ ေရသူမ႐ုပ္ ထုလုပ္ ထားတာ သတင္းဂ်ာနယ္ထဲမွာ ေတြ႕ဖူးပါတယ္။

လြန္ခဲ့တဲ့ စက္တင္ဘာလ ပထမပတ္က သံတြဲမွ အသက္ ၂၆ ႏွစ္အ႐ြယ္ လူငယ္တစ္ဦး ကြၽန္ေတာ့္ဆီ ေရာက္လာပါတယ္။ သူက ရန္ကုန္ကို ေဆးကုသဖို႔ေရာက္ေနတာ တစ္ပတ္ေလာက္ရွိၿပီ ေျပာပါတယ္။ သူ႔ရဲ႕ေရာဂါက ဝမ္းဗိုက္ထဲမွာ တစ္ခုခုရွိေနသေယာင္ ရင္ျပည့္ၿပီး အေနရ အထိုင္ရ ခက္တယ္။ ဝမ္းလည္း ခ်ဳပ္တယ္။ ငါးရက္မွတစ္ခါ ေလာက္ပဲ သြားတယ္။

ဒီေဝဒနာခံစားေနရတာ ၁၂ ႏွစ္ေလာက္ရွိၿပီ သံတြဲမွာ ဆရာဝန္နဲ႔ေရာ တိုင္းရင္းေဆးနဲ႔ပါကုသတာ မေပ်ာက္ကင္းဘူး။ ဆရာလည္း ေတာ္ေတာ္စုံေနၿပီ။ ရန္ကုန္ဆင္းကုလွ်င္ ေပ်ာက္မလားဆိုၿပီး လာေရာက္ကုသျခင္း ျဖစ္ပါတယ္။ သူ႔ေရာဂါက မသက္သာဘဲျဖစ္ေနပါတယ္။ သံတြဲက သူ႔သူငယ္ခ်င္းက ကြၽန္ေတာ့္ဆီ သြားျပၾကည့္ပါ ၫႊန္၍ေရာက္လာျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ ကြၽန္ေတာ္ပုဂၢိဳလ္ရဲ႕ အကူအညီနဲ႔ အာ႐ုံယူၾကည့္ေတာ့ သူ႔ေရာဂါေဝဒနာက ေသြး႐ိုးသား႐ိုး ေရာဂါမဟုတ္ဘဲ ပရေလာကမွ တစ္စုံတစ္ဦးရဲ႕ ပေယာဂေၾကာင့္ ေဝဒနာခံစားေနရေၾကာင္း သိရပါတယ္။

သူ႔ဝမ္းဗိုက္ထဲက ျပဳစားထားတဲ့ ပုဂၢိဳလ္ကို အျပင္ထြက္ခိုင္းေတာ့ အရိပ္မည္းသဏၭာန္ ငါးခု ေတြ႕ ရပါတယ္။ စုန္းလား၊ ေအာက္လမ္းလား၊ နတ္ အေႏွာင့္အယွက္လားဆိုတာ ကြဲကြဲျပားျပား မသိရပါဘူး။ ကြၽန္ေတာ့္နည္း ကြၽန္ေတာ့္ဟန္နဲ႔ အဲဒီ အရိပ္မည္းမည္း သဏၭာန္ငါးခုကို ရွင္းပစ္လိုက္ေသာ္လည္း သူ႔မွာ ရင္ေခါင္းထဲက ေဝဒနာေပ်ာက္ကင္း မသြားပါဘူး။

ယခု ကြၽန္ေတာ့္အေတြ႕အႀကဳံအရ ဝင္ေရာက္ပူးကပ္ ေႏွာင့္ယွက္ေနတဲ့ ပရေလာကမွ ပုဂၢိဳလ္ရွိတယ္ဆိုလွ်င္ ခ်က္ခ်င္းသက္သာသြားတာ အႀကိမ္ႀကိမ္ ေတြ႕ခဲ့ရဖူးပါတယ္။ သူက ဝမ္းလည္း ခ်ဳပ္တယ္ဆိုေတာ့ ဝမ္းမသြားလို႔ ရင္ျပည့္တာလားလို႔လဲ သံသယဝင္မိပါတယ္။ သူျပန္သြားပါတယ္။ ကြၽန္ေတာ္က ေနာက္တစ္ရက္ မသက္သာလွ်င္ ကြၽန္ေတာ့္ဆီ ဖုန္းျပန္ဆက္ဖို႔ မွာလိုက္ပါတယ္။ ေနာက္တစ္ရက္ ကြၽန္ေတာ့္ဆီဖုန္းဆက္ပါတယ္။ သူ မသက္သာတဲ့အေၾကာင္းေျပာပါတယ္။ ကြၽန္ေတာ္က ကြၽန္ေတာ့္ဆီ ထပ္လာဖို႔ ေျပာလိုက္ပါတယ္။ နာရီဝက္ေလာက္ေနေတာ့ ကြၽန္ေတာ့္ဆီ ဖုန္းျပန္ဆက္လာပါတယ္။ သူ ကြၽန္ေတာ့္ဆီ မလာႏိုင္ေတာ့တဲ့အေၾကာင္း ေဆးခန္းသြားေတာ့မည့္အေၾကာင္း ေျပာပါတယ္။ ေနာက္တစ္ေန႔ နံနက္ ၁၀ နာရီ ေလာက္ ကြၽန္ေတာ့္ဆီ ေရာက္လာပါတယ္။ သူ သံတြဲကို ျပန္ေတာ့မည့္အေၾကာင္းလာေရာက္ ႏႈတ္ဆက္တဲ့အေၾကာင္း၊ ေရာဂါလည္း မသက္သာတဲ့ အေၾကာင္း ေျပာပါတယ္။

ကြၽန္ေတာ္ သူ႔ကို ထပ္မံအာ႐ုံျပဳၿပီး ကြၽန္ေတာ့္ကို ေဗဒင္ကူေဟာေပးတဲ့ တန္ခိုးရွင္ႀကီးအား ေမးၾကည့္ေတာ့ ေရသူမ လို႔ေျပာပါတယ္။ ကြၽန္ေတာ္လည္း ၾကားရတဲ့စကား မယုံသကၤာျဖစ္ေနစဥ္မွာ ကြၽန္ေတာ္ျမင္ရတာက ေမ်ာက္မ်က္ႏွာ ေမ်ာက္ရဲ႕ ဦးေခါင္းနဲ႔တူတယ္။ အရပ္သုံးေပေလာက္ ရွိမယ္။ ငါးခႏၶာကိုယ္နဲ႔ သတၱဝါကိုေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ထဲေတြ႕ရတဲ့ ေရသူမက အေပၚပိုင္းက လူမိန္းကေလးပုံသဏၭာန္၊ ေအာက္ပိုင္းငါး ခႏၶာကိုယ္။ ယခုေတြ႕ရတဲ့ ေရသူမက ဦးေခါင္းက ေမ်ာက္ဦးေခါင္းနဲ႔၊ ဦးေခါင္းေအာက္ပိုင္းက ငါးရဲ႕ ခႏၶာကိုယ္ ျဖစ္ပါတယ္။ ဒီေရသူမက နာမ္ေလာကမွ သတၱဝါ ျဖစ္ပါတယ္။ နာမ္ေလာကမွ သတၱဝါေတြျဖစ္တဲ့ နဂါးတို႔၊ ဂဠဳန္တို႔၊ နတ္ျမင္း၊ နတ္ေႁမြ၊ နတ္မိေက်ာင္းလို နာမ္ေလာကမွ သတၱဝါျဖစ္ပါတယ္။

ကြၽႏ္ုပ္။ ။ ညည္းက ေရသူမဆိုတာ ဟုတ္သလား။

ေရသူမ။ ။ ဟုတ္ပါတယ္။

ကြၽႏ္ုပ္။ ။ ညည္းက သူ႔ခႏၶာကိုယ္ထဲေရာက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။ ဘာေၾကာင့္သူ႔ကို ဒုကၡေပးေနတာလဲ။

ေရသူမ။ ။ ၁၂ ႏွစ္ရွိပါၿပီ။ ဒီအစ္ကိုနဲ႔ ကြၽန္မနဲ႔က လူ႔ဘဝတုန္းက အၾကင္လင္မယားပါ။ မိန္းမယူမွာစိုးလို႔ လာၿပီးေနတာပါ။ သူ မိန္းကေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ဖူးပါတယ္။ ကြၽန္မ ေႏွာင့္ယွက္လို႔ ပ်က္သြားပါၿပီ။

ကြၽန္ေတာ္က လူငယ္ကို မင္းမိန္းကေလး တစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ဖူးသလား ေမးေတာ့ ဟုတ္ပါတယ္။ ပ်က္သြားပါၿပီ ေျပာပါတယ္။

ကြၽႏ္ုပ္။ ။ ဦးက ေရသူမရွိတယ္ဆိုတာ သိပ္မယုံဘူး။ ယခု ေရသူမနဲ႔ ကိုယ္တိုင္ေတြ႕ေတာ့ ေမး ပါရေစဦး။ ညည္းက လူေယာင္ဖန္ဆင္းႏိုင္သလား။ ဟိုေန႔ကေတြ႕ေတာ့ ဒီသူငယ္ရဲ႕ ခႏၶာကိုယ္ထဲမွာ အရိပ္မည္း ငါးခုေတြ႕တယ္။ အဲဒါဘယ္သူလဲ။

ေရသူမ။ ။ ကြၽန္မတို႔က လူေယာင္ဖန္ဆင္းႏိုင္ပါတယ္။ ဒါေပမဲ့ ခႏၶာကိုယ္အေပၚပိုင္းသာ မိန္းကေလးအသြင္ ဖန္ဆင္းႏိုင္ၿပီး ေအာက္ပိုင္းကေတာ့ ငါးရဲ႕ခႏၶာကိုယ္နဲ႔ပဲ ဖန္ဆင္းႏိုင္ပါတယ္။ ခႏၶာကိုယ္ကလည္း ကိုယ္ပြားခႏၶာကိုယ္ ငါးမ်ိဳးအထိ ကိုယ္ပြားၿပီး ဖန္ဆင္းႏိုင္ပါတယ္။

ကြၽႏ္ုပ္။ ။ ဦး ျမင္ရတာက ေမ်ာက္ဦးေခါင္းနဲ႔ ေတြ႕ရာမွာ ဆံပင္အရွည္ေတာ့ မပါပါဘူး။
မိန္းကေလးအသြင္ ဖန္ဆင္းေတာ့ ဆံပင္အရွည္နဲ႔လား။

ေရသူမ။ ။ ဆံပင္ရွည္နဲ႔ပါ။ အေတာ္အသင့္လွတဲ့ ႐ုပ္သြင္နဲ႔ ဖန္ဆင္းႏိုင္ပါတယ္။ ကြၽန္မတို႔ အေနမ်ားတာက ေရၾကည္တဲ့ေနရာ ေက်ာက္ေဆာင္ အႀကိဳအၾကားမွာ ေနၾကပါတယ္။

ကြၽႏ္ုပ္။ ။ ဦးက ညည္းကို ေမတၱာရပ္ခံခ်င္ပါတယ္။ ညည္းရဲ႕ အတိတ္က ခင္ပြန္းကို ဆက္ၿပီး ဒုကၡမေပးေစခ်င္ဘူး။

ေရသူမ။ ။ သူက မိန္းမ မယူပါဘူးလို႔ ကတိေပးလွ်င္ ကြၽန္မ၊ မေႏွာင့္ယွက္ေတာ့ပါဘူး။ကြၽန္ေတာ္က လူငယ္ကို မင္းရဲ႕အတိတ္ဘဝက မိန္းမက ယခုေရသူမျဖစ္ၿပီး မင္းကိုေႏွာင့္ယွက္ေနတယ္။ မင္းက မိန္းမယူပါဘူးဆိုရင္ေတာ့ သူက မေႏွာင့္ယွက္ေတာ့ပါဘူးလို႔ ေျပာေနတယ္။ အဲဒါ မင္း သူေတာင္းတဲ့ ကတိေပးႏိုင္မလား ေမးေတာ့ သူငယ္က မိန္းမ မယူပါဘူးလို႔ ကတိမေပးပါဘူး။ သူရဲ႕ ေရာဂါ ေပ်ာက္ကင္းခ်င္တဲ့အေၾကာင္းပဲ ေျပာပါတယ္။

ကြၽန္ေတာ္ လူငယ္ရဲ႕ေရာဂါကို ေပ်ာက္ေစခ်င္ရင္ ဒီေရသူမကို ရွင္းပစ္မွရပါမယ္။ ေရသူမ ဘဝေျပာင္းလွ်င္ ေကာင္းရာသုဂတိသို႔ေရာက္ႏိုင္မည္ ယူဆၿပီး ေရသူမေလးကို ရွင္းပစ္လိုက္ပါတယ္။ အဲဒီလို ရွင္းၿပီးလို႔ သူ႔ရဲ႕ခံစားေနရတဲ့ ေဝဒနာသက္သာရဲ႕လား ေမးေတာ့ မသက္သာေသးေၾကာင္း ဝမ္းမသြား၍လည္း ျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။ ကြၽန္ေတာ္ ေရသူမေလးကို ရွင္းပစ္တာ မေအာင္ျမင္လို႔ဘဲလား ကြၽန္ေတာ္ပုဂၢိဳလ္ ေမးၾကည့္ေတာ့ ေရသူမ မရွိေတာ့ဘူးလို႔ေတာ့ ေျပာပါတယ္။ ေရသူမက ခႏၶာကိုယ္က ငါးမ်ိဳးအထိ ပြားႏိုင္တယ္ဆိုေတာ့ ကြၽန္ေတာ္ ရွင္းတာက ခႏၶာကိုယ္တစ္ခုတည္းရွင္းတာဆိုေတာ့ ခႏၶာကိုယ္ေလးခု က်န္ေနေသးတာလည္း ျဖစ္ႏိုင္ပါတယ္။ ယခု စာေရးတဲ့အထိေတာ့ ကြၽန္ေတာ့္ဆီ ဘာအက်ိဳးအၾကာင္းမွ ျပန္မလာေသးပါဘူး။

၁၄-၁၀-၂၀၁၇ ရက္မွာ ေရသူမအေၾကာင္း ျပည့္ျပည့္စုံစုံသိခ်င္တာနဲ႔ ကြၽန္ေတာ့္ကို ေဗဒင္ကူညီေဟာေပးေနတဲ့ နီညိဳေရာင္ သကၤန္းနဲ႔ တန္ခိုးရွင္ႀကီးကို ေမးေလွ်ာက္ၾကည့္ပါတယ္။

တန္ခိုးရွင္ႀကီး။ ။ ေရသူမဆိုတာ နာမ္ေလာကမွ သတၱဝါတစ္ဦးျဖစ္တယ္။ ေရသူမဆို ေပမယ့္ သူက က်ားရယ္၊ မရယ္မရွိဘူး။ ကာမဂုဏ္ ခံစားမႈလည္း မရွိဘူး။ သက္တမ္းက လူ႔သက္တမ္းနဲ႔ဆိုလွ်င္ ၄၅ ႏွစ္အထိ ရွည္တယ္။ အစာအာဟာရအေနနဲ႔ အစိမ္းေရာင္ ေရခဲမုန႔္နဲ႔တူတဲ့ အာဟာရကို တစ္ရက္လွ်င္ သုံးႀကိမ္စားတယ္။ အလိုရွိတဲ့အခါမွာ ေရထဲမွာ အလိုလိုေပၚလာတယ္။ လူေယာင္ဖန္ဆင္းလို႔ရတယ္။ ခႏၶာကိုယ္အထက္ပိုင္းက မိန္းကေလး ႐ုပ္သြင္နဲ႔ ေအာက္ပိုင္းကေတာ့ ငါးရဲ႕ခႏၶာကိုယ္နဲ႔ ဖန္ဆင္းႏိုင္တယ္။ ဒါေပမဲ့ ေရထဲကေန ထြက္သြားလို႔မရဘူး သုံးရက္အထိ ဖန္ဆင္းႏိုင္တယ္။ လူေယာင္မဖန္ဆင္းဘဲ ဆိုလွ်င္ေတာ့ လိုရာသြားလို႔ရတယ္။ လူေယာင္ဖန္ဆင္းထားလွ်င္ လူနဲ႔ စကားေျပာလို႔ရတယ္။

ကြၽႏ္ုပ္။ ။ လူေယာင္ဖန္ဆင္းတာက ဘယ္လို အေျခအေနမ်ိဳးမွာ လူေယာင္ဖန္ဆင္းတတ္ပါသလဲ။

တန္ခိုးရွင္ႀကီး။ ။ လူေတြကို သေရာ္ေလွာင္ေျပာင္ခ်င္တဲ့အခါ လူေယာင္ဖန္ဆင္းတတ္ပါတယ္။

ကြၽႏ္ုပ္။ ။ ႐ုပ္ရွင္ထဲမွာ လူသားေယာက်ာ္းေလးနဲ႔ ေရသူမေလးခ်စ္ခင္ၾကတာ ၾကည့္ရဖူးပါ တယ္။ လူသားေယာက်ာ္းေလးကို သေရာ္ေလွာင္ ေျပာင္ခ်င္လို႔ပါလား။

တန္ခိုးရွင္ႀကီး။ ။ ေရသူမျဖစ္ရတဲ့အေၾကာင္းကိုက လူ႔သားဘဝတုန္းက ေယာက်ာ္းေလးေတြကို တကယ္မခ်စ္ဘဲနဲ႔ ခ်စ္ဟန္ေဆာင္ၿပီး ခ်စ္ခဲ့တဲ့၊ ေယာက်ာ္းေလးက တစ္ေယာက္မက မ်ားခဲ့တာေၾကာင့္ ေသလြန္တဲ့အခါ ေရသူမဘဝေရာက္ရျခင္း ျဖစ္ပါတယ္။ ေရသူမဘဝ ေရာက္ေတာ့လည္း ဒီ အက်င့္က ပါလာတာျဖစ္တယ္။

ကြၽႏ္ုပ္။ ။ ေရသူမေလးေတြက အုပ္စုဖြဲ႕ၿပီး ေနၾကတာလား။

တန္ခိုးရွင္ႀကီး။ ။ ေရသူမဆိုတဲ့ နာမ္ေလာကရဲ႕ သတၱဝါက အလြန္ရွားပါတယ္။ တစ္ဦးခ်င္းပဲ ေနၾကပါတယ္။

ကြၽႏ္ုပ္။ ။ သူတို႔က ဘယ္လိုျဖစ္တည္ၿပီး ဘယ္လိုဘဝနိဂုံးခ်ဳပ္ပါသလဲ။

တန္ခိုးရွင္ႀကီး။ ။ နာမ္ေလာက နာမ္႐ုပ္ရွိတဲ့ သတၱဝါတို႔ရဲ႕ သေဘာသဘာဝအတိုင္း ႐ုတ္တရက္ ေပၚလာၿပီး ႐ုတ္တရက္ေသဆုံးျခင္း၊ ဘဝေပ်ာက္ကြယ္ၿပီး ဘဝေျပာင္းျခင္းျဖစ္ၾကရပါတယ္။
ေရသူမနဲ႔ ပတ္သက္ၿပီး အခ်က္သုံးခ်က္ေျပာစရာရွိေသးတယ္။

– ေရသူမဘဝကို အကုသိုလ္အေလ်ာက္ ေရာက္လာသူသည္ ေရသူမဘဝ ကြယ္လြန္တဲ့အခါ လူ႔ဘဝမိန္းကေလးဘဝကိုပဲ ျပန္ေရာက္ရပါတယ္။

– ေရသူမေလးေတြဟာ ေရထဲေက်ာက္ေဆာင္အႀကိဳအၾကားမွာ ေနတတ္ၾကတယ္။ လူေတြ ေက်ာက္ေဆာင္ေတြအနီး ျဖတ္သြားျဖတ္လာျပဳတဲ့အခါ ေက်ာက္ေဆာင္ေပၚထိုင္ၿပီး မိန္းကေလးအသြင္ ေဆာင္ေနတတ္ပါတယ္။ လူေတြအနီးအနား ကပ္လာလွ်င္ေတာ့ ေရထဲငုပ္ဆင္းသြားတတ္ပါတယ္။

– ေရသူမေတြက ပင္လယ္ထဲ ေရၾကည္ေရသန႔္တဲ့ေနရာမွာ ေနၾကတယ္။ ပင္လယ္ထဲကို မသန႔္တဲ့ေရေတြ ဝင္လာလွ်င္ ေရၾကည္ေရသန႔္ရွိတဲ့ေနရာကို ေျပာင္းေျပးၾကတယ္။

ကြၽႏ္ုပ္။ ။ ေရသူမေတြက လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲမွာ ႏွစ္ရွည္လမ်ား ေနလို႔ရသလား။

တန္ခိုးရွင္ႀကီး။ ။ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲမွာ ၁၅ ႏွစ္အထိ ေနလို႔ရပါတယ္။ အဲဒီလူ ကို ခ်ဳပ္ကိုင္ခ်င္လို႔ ဝင္လာတာျဖစ္တယ္။

ကြၽႏ္ုပ္။ ။ ေရသူမေတြကို အုပ္ခ်ဳပ္တဲ့နာမ္ ေလာကမွ ပုဂၢိဳလ္ရွိပါသလား။

တန္ခိုးရွင္ႀကီး။ ။ ရွိပါတယ္။ အစိမ္းေရာင္ နတ္ႀကီးတစ္ပါးက အုပ္ခ်ဳပ္ပါတယ္။ လူေတြကို သေရာ္ေလွာင္ေျပာင္တာမ်ားလာလွ်င္ ႐ိုက္ႏွက္ဆုံးမေလ့ရွိပါတယ္။ ေရသူမက ခႏၶာကိုယ္ငါးခုအထိ ပြားၿပီး ဖန္ဆင္းႏိုင္ေသာ္လည္း အဲဒီလို ခႏၶာကိုယ္ပြားတာ အလြန္နည္းပါတယ္။ ရန္သူနဲ႔ေတြ႕တဲ့အခါမွသာ ပြားေလ့ရွိပါတယ္။

သတၱဝါမ်ားက်န္းမာခ်မ္းသာၾကပါေစ။

ဆရာဝင္း(သာကီႏြယ္)
(ဤေဆာင္းပါးပါ အယူအဆမ်ားသည္ စာေရးသူ၏အယူအဆမ်ားသာျဖစ္ပါသည္၊ အယ္ဒီတာအဖြဲ႕၏အာေဘာ္မဟုတ္ပါေၾကာင္း၊ – အယ္ဒီတာအဖြဲ႕)

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X