News

ပထမဆုံး မိုင်းဝင်အောင်မြင်မှုအဖြစ် COVID-19 ကာကွယ်ဆေးအောင်မြင်

Unicode

ပထမဆုံး မိုင်းဝင်အောင်မြင်မှုအဖြစ် COVID-19 ကာကွယ်ဆေးအောင်မြင်

ထိရောက်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် လူပေါင်း ရာခိုင်နှုန်း ၉၀ ကျော်ကို COVID-19 ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ကြောင်း အကြိုလေ့လာ စမ်းသပ်ချက်များက ပြသခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော Pfizer နှင့် BioNTech တို့က ယင်းတွေ့ရှိချက်ရလဒ်နှင့်ပတ်သက်၍ သိပ္ပံပညာနှင့် လူသားတို့အတွက် မင်္ဂလာရှိသော နေ့ရက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၄င်းတို့၏ ကာကွယ်ဆေးကို နိုင်ငံပေါင်း ခြောက်နိုင်ငံမှ လူပေါင်း ၄၃,၅၀၀ တွင် စမ်းသပ်ထိုးနှံခဲ့ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာစိုးရိမ်ဖွယ်ရာများ ပေါ်ထွက်လာခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်းကုမ္ပဏီများသည် ယခုလကုန်တွင် ကာကွယ်ဆေးကို အသုံးပြုနိုင်ရေး အရေးပေါ်အတည်ပြုချက် ရယူရန်အတွက် လျှောက်ထားရန် စီစဉ်နေသည်။

ရှေ့တွင် ကြုံတွေ့ရဦးမည့် ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း ၄င်းတို့၏ ကြေညာချက်ကို သိပ္ပံပညာရှင်များက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

“ကျွန်တော်ဟာ ဒါကိုပြောတဲ့ ပထမဆုံးလူ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တစ်စုံတစ်ရာ ယုံကြည်စိတ်ချရမှုနဲ့ ပြောတာဖြစ်ပါလိမ့်မယ်” ဟု အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဆေးပညာ ပါမောက္ခ ဂျွန်ဘဲက ပြောကြားခဲ့သည်။

ယခုကာကွယ်ဆေးသည် သီတင်း သုံးပတ်ခြားလျက် နှစ်ကြိမ်ထိုးနှံရန် လိုအပ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဘရာဇီး ၊ အာဂျင်တီးနား ၊ တောင်အာဖရိကနှင့် တူရကီတို့တွင် စမ်းသပ်ထိုးနှံမှုများ ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ထိုးနှံမှုပြီးနောက် ခုနစ်ရက်အကြာတွင် ရာခိုင်နှုန်း ၉၀ ကာကွယ်နိုင်သည်ကို တွေ့ရှိရသည်။

Pfizer ကုမ္ပဏီက ယခုနှစ်ကုန်၌ ကာကွယ်ဆေးပေါင်း အကြိမ်သန်း ၅၀ စာအား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်တွင် အကြိမ်ပေါင်း ၁ ဒသမ ၃ ဘီလျံစာ ထုတ်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ဗြိတိန်သည် ယခုနှစ် အကုန်၌ ကာကွယ်ဆေး အကြိမ်ပေါင်း ၁၀ သန်းစာ ရရှိလိမ့်မည်ဖြစ်ပြီး နောက်ထပ် သန်း ၃၀ စာကို မှာယူထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Zawgyi

ပထမဆုံး မိုင္းဝင္ေအာင္ျမင္မႈအျဖစ္ COVID-19 ကာကြယ္ေဆးေအာင္ျမင္

ထိေရာက္သည့္ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသည္ လူေပါင္း ရာခိုင္ႏႈန္း ၉၀ ေက်ာ္ကို COVID-19 ေရာဂါ ကူးစက္ခံရမႈမွ ကာကြယ္ေပးႏိုင္ေၾကာင္း အႀကိဳေလ့လာ စမ္းသပ္ခ်က္မ်ားက ျပသခဲ့ေၾကာင္း သိရသည္။

ကာကြယ္ေဆး ထုတ္လုပ္ေရး ကုမၸဏီမ်ားျဖစ္ေသာ Pfizer ႏွင့္ BioNTech တို႔က ယင္းေတြ႕ရွိခ်က္ရလဒ္ႏွင့္ပတ္သက္၍ သိပၸံပညာႏွင့္ လူသားတို႔အတြက္ မဂၤလာရွိေသာ ေန႔ရက္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

၄င္းတို႔၏ ကာကြယ္ေဆးကို ႏိုင္ငံေပါင္း ေျခာက္ႏိုင္ငံမွ လူေပါင္း ၄၃,၅၀၀ တြင္ စမ္းသပ္ထိုးႏွံခဲ့ၿပီး ေဘးကင္းလုံၿခဳံမႈဆိုင္ရာစိုးရိမ္ဖြယ္ရာမ်ား ေပၚထြက္လာခဲ့ျခင္း မရွိေၾကာင္း သိရသည္။

ယင္းကုမၸဏီမ်ားသည္ ယခုလကုန္တြင္ ကာကြယ္ေဆးကို အသုံးျပဳႏိုင္ေရး အေရးေပၚအတည္ျပဳခ်က္ ရယူရန္အတြက္ ေလွ်ာက္ထားရန္ စီစဥ္ေနသည္။

ေရွ႕တြင္ ႀကဳံေတြ႕ရဦးမည့္ ႀကီးမားေသာ စိန္ေခၚမႈမ်ား ရွိေနဆဲျဖစ္ေသာ္လည္း ၄င္းတို႔၏ ေၾကညာခ်က္ကို သိပၸံပညာရွင္မ်ားက ေႏြးေထြးလႈိက္လွဲစြာ ႀကိဳဆိုခဲ့ၾကသည္။

“ကြၽန္ေတာ္ဟာ ဒါကိုေျပာတဲ့ ပထမဆုံးလူ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က တစ္စုံတစ္ရာ ယုံၾကည္စိတ္ခ်ရမႈနဲ႔ ေျပာတာျဖစ္ပါလိမ့္မယ္” ဟု ေအာက္စ္ဖို႔ဒ္ တကၠသိုလ္မွ ေဆးပညာ ပါေမာကၡ ဂြၽန္ဘဲက ေျပာၾကားခဲ့သည္။

ယခုကာကြယ္ေဆးသည္ သီတင္း သုံးပတ္ျခားလ်က္ ႏွစ္ႀကိမ္ထိုးႏွံရန္ လိုအပ္ၿပီး အေမရိကန္ျပည္ေထာင္စု၊ ဂ်ာမနီ၊ ဘရာဇီး ၊ အာဂ်င္တီးနား ၊ ေတာင္အာဖရိကႏွင့္ တူရကီတို႔တြင္ စမ္းသပ္ထိုးႏွံမႈမ်ား ျပဳလုပ္ခဲ့ရာ ဒုတိယအႀကိမ္ ထိုးႏွံမႈၿပီးေနာက္ ခုနစ္ရက္အၾကာတြင္ ရာခိုင္ႏႈန္း ၉၀ ကာကြယ္ႏိုင္သည္ကို ေတြ႕ရွိရသည္။

Pfizer ကုမၸဏီက ယခုႏွစ္ကုန္၌ ကာကြယ္ေဆးေပါင္း အႀကိမ္သန္း ၅၀ စာအား ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အကုန္တြင္ အႀကိမ္ေပါင္း ၁ ဒသမ ၃ ဘီလ်ံစာ ထုတ္လုပ္ႏိုင္လိမ့္မည္ဟု ယုံၾကည္ထားသည္။

ၿဗိတိန္သည္ ယခုႏွစ္ အကုန္၌ ကာကြယ္ေဆး အႀကိမ္ေပါင္း ၁၀ သန္းစာ ရရွိလိမ့္မည္ျဖစ္ၿပီး ေနာက္ထပ္ သန္း ၃၀ စာကို မွာယူထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

Crd elevenmedia

 

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X