News

မဲရုံဝန်ထမ်းအမျိုးသမီးတစ်ဦး၏ ယောက်ျားဖြစ်သူတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသဖြင့် အတူတာဝန်ကြဆရာမများ Q ဝင်ရောက်

Unicdoe

မဲရုံဝန်ထမ်းအမျိုးသမီးတစ်ဦး၏ ယောက်ျားဖြစ်သူတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသဖြင့် အတူတာဝန်ကြဆရာမများ Q ဝင်ရောက်

မင်းတပ်မြို့၊ မြို့အဝင်ဂိတ်၌ နိုဝင်ဘာလ (၈) ရက်နေ့က သဲတင်ကား မောင်းသူတစ်ဦးအား RDT Test Kit ဖြင့် Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ရောဂါပိုးတွေ့ရှိရသဖြင့် မဲရုံတွင် တာဝန်ထမ်းဆောင်သည့် ၎င်း၏ ဇနီး၊ အတူ တာဝန်ကျ ဆရာ၊ ဆရာမ(၁၅) ဦး Quarantine ဝင်ရောက်ခဲ့ရကြောင်း အထက(၁) မဲရုံ အမှတ် (၂) မဲရုံမှူးထံမှ သိရသည်။

Covid-19 ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းသည် မင်းတပ်မြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးသည် နိုဝင်ဘာ(၈) ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ အထက(၁) မဲရုံ အမှတ်(၂) ပြည်နယ်လွှတ်တော်မဲပုံးကို တာဝန်ယူ ဆောင်ရွက်ရသူဖြစ်သည်။

သို့ဖြစ်၍ ပိုးတွေ့လူနာ၏ ဇနီး၊ မိသားစုဝင်များနှင့် အတူ တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမ(၁၅) ဦးကို Home Quarantine (၂၁) ရက် ထားရှိကြောင်း သိရသည်။

ပိုးတွေ့လူနာ၏ ဇနီးကို ယမန်နေ့၊ ညနေ(၄)နာရီတွင် မဲရုံမှပြန်လည်ခေါ်ပြီး RDT Test Kit ဖြင့် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရကြောင်း ခရိုင်ဆရာဝန် ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။

Ref-MRTV

Zawgyi

မဲ႐ုံဝန္ထမ္းအမ်ိဳးသမီးတစ္ဦး၏ ေယာက္်ားျဖစ္သူတြင္ ကိုဗစ္ ၁၉ ပိုးေတြ႕ရွိသျဖင့္ အတူတာဝန္ၾကဆရာမမ်ား Q ဝင္ေရာက္

မင္းတပ္ၿမိဳ႕၊ ၿမိဳ႕အဝင္ဂိတ္၌ ႏိုဝင္ဘာလ (၈) ရက္ေန႔က သဲတင္ကား ေမာင္းသူတစ္ဦးအား RDT Test Kit ျဖင့္ Covid-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးရာ ေရာဂါပိုးေတြ႕ရွိရသျဖင့္ မဲ႐ုံတြင္ တာဝန္ထမ္းေဆာင္သည့္ ၎၏ ဇနီး၊ အတူ တာဝန္က် ဆရာ၊ ဆရာမ(၁၅) ဦး Quarantine ဝင္ေရာက္ခဲ့ရေၾကာင္း အထက(၁) မဲ႐ုံ အမွတ္ (၂) မဲ႐ုံမႉးထံမွ သိရသည္။

Covid-19 ေရာဂါပိုးေတြ႕ရွိသူ ယာဥ္ေမာင္းသည္ မင္းတပ္ၿမိဳ႕၊ စံျပရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးျဖစ္ၿပီး ၎၏ ဇနီးသည္ ႏိုဝင္ဘာ(၈) ရက္တြင္ က်င္းပသည့္ ေ႐ြးေကာက္ပြဲ၌ အထက(၁) မဲ႐ုံ အမွတ္(၂) ျပည္နယ္လႊတ္ေတာ္မဲပုံးကို တာဝန္ယူ ေဆာင္႐ြက္ရသူျဖစ္သည္။

သို႔ျဖစ္၍ ပိုးေတြ႕လူနာ၏ ဇနီး၊ မိသားစုဝင္မ်ားႏွင့္ အတူ တာဝန္ထမ္းေဆာင္သည့္ ဆရာ၊ ဆရာမ(၁၅) ဦးကို Home Quarantine (၂၁) ရက္ ထားရွိေၾကာင္း သိရသည္။

ပိုးေတြ႕လူနာ၏ ဇနီးကို ယမန္ေန႔၊ ညေန(၄)နာရီတြင္ မဲ႐ုံမွျပန္လည္ေခၚၿပီး RDT Test Kit ျဖင့္ စစ္ေဆးရာတြင္ ေရာဂါပိုးမေတြ႕ရေၾကာင္း ခ႐ိုင္ဆရာဝန္ ေဒါက္တာေဇာ္ဝင္းႏိုင္ထံမွ သိရသည္။

Ref-MRTV

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X