News

မြန်မာနိုင်ငံကို ဂျပန်က ဒေါ်လာ ၄၁၄ သန်း ထုတ်ချေး ပေးမည်

Unicode

မြန်မာနိုင်ငံကို ဂျပန်က ဒေါ်လာ ၄၁၄ သန်း ထုတ်ချေး ပေးမည်

မြန်မာနိုင်ငံအတွင်း အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့ဖို့နဲ့ လမ်းတွေ ဖောက်လုပ်ဖို့ အတိုးနည်းချေးငွေ အမေရိကန်ဒေါ်လာ ၄၁၄ သန်း ထုတ်ချေးဖို့ ဂျပန်နဲ့ မြန်မာအရာရှိတွေ နိုဝင်ဘာ ၈ ရက်မှာ လက်မှတ်ရေးထိုးပါတယ်။

မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သွားမယ့် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းအတွင်း ပဲခူး-ကျိုက်ထို လမ်းပေါ်မှာ တံတားတစင်း တည်ဆောက်ဖို့ ဂျပန်ယန်းငွေ ၂၇ ဒသမ ၇၈ ဘီလီယံကို လျာထားပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိချိရို မာရုယာ့မာ့နဲ့ မြန်မာစီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့အကြား ဒီသဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုးခဲ့ပါတယ်။တံတားတည်ဆောက်မှုဟာ ကုန်စည်သယ်ယူပို့ဆောင်ရေး ထိရောက်မှုကို တိုးမြှင့်ပေးလိမ့်မယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာရဲ့ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်ရေး ပမာဏ ပိုတိုးလာဖို့ မျှော်လင့်ထားလို့ ကုန်စည်သယ်ယူပို့ဆောင်ရေး ထိရောက်မှုကို တိုးမြှင့်ဖို့ အရှေ့ အနောက် စီးပွားရေး စင်္ကြံလမ်း တိုးတက်ရေးက မရှိမဖြစ် အရေးပါတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ကျန်တဲ့ချေးငွေတွေကတော့ မြန်မာနိုင်ငံအတွင်း အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေ လုပ်ငန်းတိုးချဲ့ဖို့နဲ့ သူတို့လုပ်ငန်းတွေ တည်ငြိမ်ရေး ထောက်ပံ့ဖို့ ရန်ပုံငွေအဖြစ် သုံးခွင့်ပြုမယ်၊ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။

ချေးငွေတွေဟာ ကပ်ရောဂါရဲ့ သက်ရောက်မှု ကြားကနေ အဲဒီလုပ်ငန်းတွေက ဝန်ထမ်းတွေကို ဆက်ပြီး အလုပ်ခန့်ထားနိုင်ရေး ဖန်တီးပေးလိမ့်မယ်လို့ ဝန်ကြီးဌာနကို ကိုးကားပြီး ဂျပန်တိုင်းမ်စ် သတင်းဌာနက ဖော်ပြပါတယ်။

Zawgyi

ျမန္မာႏိုင္ငံကို ဂ်ပန္က ေဒၚလာ ၄၁၄ သန္း ထုတ္ေခ်း ေပးမည္

ျမန္မာႏိုင္ငံအတြင္း အေသးစားနဲ႔ အလတ္စားကုမၸဏီေတြကို ေငြေၾကးေထာက္ပံ့ဖို႔နဲ႔ လမ္းေတြ ေဖာက္လုပ္ဖို႔ အတိုးနည္းေခ်းေငြ အေမရိကန္ေဒၚလာ ၄၁၄ သန္း ထုတ္ေခ်းဖို႔ ဂ်ပန္နဲ႔ ျမန္မာအရာရွိေတြ ႏိုဝင္ဘာ ၈ ရက္မွာ လက္မွတ္ေရးထိုးပါတယ္။

ျမန္မာ၊ ထိုင္း၊ လာအိုနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ကို ျဖတ္သြားမယ့္ အေရွ႕အေနာက္ စီးပြားေရး စႀကႍလမ္းအတြင္း ပဲခူး-က်ိဳက္ထို လမ္းေပၚမွာ တံတားတစင္း တည္ေဆာက္ဖို႔ ဂ်ပန္ယန္းေငြ ၂၇ ဒသမ ၇၈ ဘီလီယံကို လ်ာထားၿပီးၿပီလို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး အိခ်ိ႐ို မာ႐ုယာ့မာ့နဲ႔ ျမန္မာစီမံကိန္းဘ႑ာေရးနဲ႔ စက္မႈလုပ္ငန္းဝန္ႀကီးဌာန၊ ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔အၾကား ဒီသေဘာတူညီခ်က္ကို ဗုဒၶဟူးေန႔က လက္မွတ္ထိုးခဲ့ပါတယ္။တံတားတည္ေဆာက္မႈဟာ ကုန္စည္သယ္ယူပို႔ေဆာင္ေရး ထိေရာက္မႈကို တိုးျမႇင့္ေပးလိမ့္မယ္လို႔လည္း ဝန္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာရဲ႕ အႀကီးဆုံးကုန္သြယ္ေရးမိတ္ဖက္ထိုင္းႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံၾကား ကုန္သြယ္ေရး ပမာဏ ပိုတိုးလာဖို႔ ေမွ်ာ္လင့္ထားလို႔ ကုန္စည္သယ္ယူပို႔ေဆာင္ေရး ထိေရာက္မႈကို တိုးျမႇင့္ဖို႔ အေရွ႕ အေနာက္ စီးပြားေရး စႀကႍလမ္း တိုးတက္ေရးက မရွိမျဖစ္ အေရးပါတယ္လို႔ ဝန္ႀကီးဌာနက ေျပာပါတယ္။

က်န္တဲ့ေခ်းေငြေတြကေတာ့ ျမန္မာႏိုင္ငံအတြင္း အေသးစားနဲ႔ အလတ္စား ကုမၸဏီေတြ လုပ္ငန္းတိုးခ်ဲ႕ဖို႔နဲ႔ သူတို႔လုပ္ငန္းေတြ တည္ၿငိမ္ေရး ေထာက္ပံ့ဖို႔ ရန္ပုံေငြအျဖစ္ သုံးခြင့္ျပဳမယ္၊ ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါဟာ အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ပါ။

ေခ်းေငြေတြဟာ ကပ္ေရာဂါရဲ႕ သက္ေရာက္မႈ ၾကားကေန အဲဒီလုပ္ငန္းေတြက ဝန္ထမ္းေတြကို ဆက္ၿပီး အလုပ္ခန္႔ထားႏိုင္ေရး ဖန္တီးေပးလိမ့္မယ္လို႔ ဝန္ႀကီးဌာနကို ကိုးကားၿပီး ဂ်ပန္တိုင္းမ္စ္ သတင္းဌာနက ေဖာ္ျပပါတယ္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X