News

ရန်ကုန်မှ နယ်များသို့ နေ့ချင်းပြန် မဲသွားပေးသူ ၁၀၀ ကျော်တွင် ပိုးတွေ့

ရန်ကုန်မှ နယ်များသို့ နေ့ချင်းပြန် မဲသွားပေးသူ ၁၀၀ ကျော်တွင် ပိုးတွေ့

ရန်ကုန်မြို့မှ တိုင်းဒေသကြီး နှစ်ခုသို့ နေ့ချင်းပြန်မဲသွားပေးသူ ၄၉၀၀ ကျော် ရှိပြီး လူ ၁၀၀ ကျော်တွင် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိကြောင်း သက်ဆိုင်ရာ ဒေသကျန်းမာရေးဌာန တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

နေရပ်ပြန်မဲပေးသူများအနက် ပဲခူးတိုင်းဒေသကြီးသို့ ၁၃၅၀ ဦး၊ ဧရာဝတီတိုင်း‌ဒေသကြီးသို့ ၃၆၂၀ ဦး အသီးသီးလာရောက် မဲပေးခဲ့သည်ဟု အထက်ပါ တာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ ရန်ကုန်နဲ့ ပဲခူးတိုင်းအစပ် သာယာဝတီမြို့နယ်ထဲက မီးနင်းချောင်ဂိတ်ကနေ စစ်ဆေးပါတယ်။ မဲပြန်လာပေးတဲ့သူ ၂၂၈ ဦးမှာ ၉ ဦးက ပိုးတွေ့ပါတယ်” ဟု သာယာဝတီမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သိန်းနိုင်လင်းက ပြောသည်။

ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှုများကို Test Kit များဖြင့် စစ်ဆေးခဲ့ပြီး ပိုးမတွေ့သူများကို သက်ဆိုင်ရာနေရပ်ပြန်ခွင့်ပြုကာ ပိုးတွေ့လူနာများကိုမူ သာယာဝတီဆေးရုံကြီး၌ ကုသမှု ခံယူစေကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန် – ပြည်လမ်း၌ သာမက ပဲခူးအရှေ့ခြမ်း ရန်ကုန် – မန္တလေးလမ်းဟောင်း၌လည်း နေရပ်သို့ မဲလာပေးသူ ၁၁၂၂ ဦးအား စစ်ဆေးရာ ၂၆ ဦးတွင် ပိုးတွေ့ကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့ကြောင့် ပဲခူးတိုင်းသို့ မဲပြန်ပေးသူ ၁၃၅၀ ဦးတွင် ပိုးတွေ့လူနာ ၃၅ ဦီး တွေ့ရှိခဲ့သည်။

“ပြန်လာတဲ့သူတွေထဲမှာ အုပ်စုတွေ ခွဲလိုက်တဲ့အခါ ရန်ကုန်မြို့ ဗဟန်း၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ စတဲ့မြို့နယ်တွေက အများစုလာရောက်ကြတာ တွေ့ရပါတယ်” ဟု ပဲခူးတိုင်းအဝင် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ဝင်းဘော်ဒက် စစ်ဆေးရေးဂိတ်မှ စေတနာ့ဝန်ထမ်းအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ရန်ကုန်မှ ပဲခူးတိုင်းသို့ မဲပြန်ပေးသကဲ့သို့ ဧရာဝတီတိုင်းသို့လည်း နေ့ချင်းပြန် မဲသွားပေးသူ ၃၆၂၀ ဦး ရှိကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

“ပြန်လာတဲ့သူ သုံးထောင်ကျော်ထဲက ၆၆ ဦးမှာ ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိပါတယ်။ သူတို့ကိုတော့ စစ်ဆေးမှု ပြုလုပ်ပေးတဲ့ အဝင်ဂိတ်တွေနဲ့ အနီးဆုံး ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ နောက်ရက်တွေမှာ လူနာတွေရဲ့ နေရပ်ဆေးရုံတွေဆီ လွှဲပေးပါမယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပသည့်ရက် နေရပ်ပြန်မဲပေးသူများတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် နယ်စပ်မြေထိစပ်နေသော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေ့ချင်းပြန် မဲပေးသူ အများအပြား ရှိခဲ့ပြီး အခြားဒေသမျာသို့ မဲပြန်ပေးသူများလည်း ရှိခဲ့သည်။

Zawgyi

ရန္ကုန္မွ နယ္မ်ားသို႔ ေန႔ခ်င္းျပန္ မဲသြားေပးသူ ၁၀၀ ေက်ာ္တြင္ ပိုးေတြ႕

ရန္ကုန္ၿမိဳ႕မွ တိုင္းေဒသႀကီး ႏွစ္ခုသို႔ ေန႔ခ်င္းျပန္မဲသြားေပးသူ ၄၉၀၀ ေက်ာ္ ရွိၿပီး လူ ၁၀၀ ေက်ာ္တြင္ ကိုဗစ္ပိုး စစ္ေဆးေတြ႕ရွိေၾကာင္း သက္ဆိုင္ရာ ေဒသက်န္းမာေရးဌာန တာဝန္ရွိသူမ်ားက အတည္ျပဳ ေျပာၾကားသည္။

ေနရပ္ျပန္မဲေပးသူမ်ားအနက္ ပဲခူးတိုင္းေဒသႀကီးသို႔ ၁၃၅၀ ဦး၊ ဧရာဝတီတိုင္း‌ေဒသႀကီးသို႔ ၃၆၂၀ ဦး အသီးသီးလာေရာက္ မဲေပးခဲ့သည္ဟု အထက္ပါ တာဝန္ရွိသူမ်ားက ဆိုသည္။

“ကြၽန္ေတာ္တို႔ ရန္ကုန္နဲ႔ ပဲခူးတိုင္းအစပ္ သာယာဝတီၿမိဳ႕နယ္ထဲက မီးနင္းေခ်ာင္ဂိတ္ကေန စစ္ေဆးပါတယ္။ မဲျပန္လာေပးတဲ့သူ ၂၂၈ ဦးမွာ ၉ ဦးက ပိုးေတြ႕ပါတယ္” ဟု သာယာဝတီၿမိဳ႕နယ္ က်န္းမာေရးဦးစီးမႉး ေဒါက္တာ သိန္းႏိုင္လင္းက ေျပာသည္။

ကိုဗစ္ေရာဂါပိုး ရွိ၊ မရွိ က်န္းမာေရးစစ္ေဆးမႈမ်ားကို Test Kit မ်ားျဖင့္ စစ္ေဆးခဲ့ၿပီး ပိုးမေတြ႕သူမ်ားကို သက္ဆိုင္ရာေနရပ္ျပန္ခြင့္ျပဳကာ ပိုးေတြ႕လူနာမ်ားကိုမူ သာယာဝတီေဆး႐ုံႀကီး၌ ကုသမႈ ခံယူေစေၾကာင္း ၎က ရွင္းျပသည္။

ထို႔အျပင္ ပဲခူးတိုင္းအေနာက္ျခမ္း ရန္ကုန္ – ျပည္လမ္း၌ သာမက ပဲခူးအေရွ႕ျခမ္း ရန္ကုန္ – မႏၲေလးလမ္းေဟာင္း၌လည္း ေနရပ္သို႔ မဲလာေပးသူ ၁၁၂၂ ဦးအား စစ္ေဆးရာ ၂၆ ဦးတြင္ ပိုးေတြ႕ေၾကာင္း တိုင္းက်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္ထားသည္။ ထို႔ေၾကာင့္ ပဲခူးတိုင္းသို႔ မဲျပန္ေပးသူ ၁၃၅၀ ဦးတြင္ ပိုးေတြ႕လူနာ ၃၅ ဦီး ေတြ႕ရွိခဲ့သည္။

“ျပန္လာတဲ့သူေတြထဲမွာ အုပ္စုေတြ ခြဲလိုက္တဲ့အခါ ရန္ကုန္ၿမိဳ႕ ဗဟန္း၊ ေျမာက္ဥကၠလာပ၊ လႈိင္သာယာ စတဲ့ၿမိဳ႕နယ္ေတြက အမ်ားစုလာေရာက္ၾကတာ ေတြ႕ရပါတယ္” ဟု ပဲခူးတိုင္းအဝင္ ရန္ကုန္-မႏၲေလးလမ္းေပၚရွိ ဝင္းေဘာ္ဒက္ စစ္ေဆးေရးဂိတ္မွ ေစတနာ့ဝန္ထမ္းအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာသည္။

ႏိုဝင္ဘာ ၈ ရက္ ေ႐ြးေကာက္ပြဲ က်င္းပသည့္ေန႔တြင္ ရန္ကုန္မွ ပဲခူးတိုင္းသို႔ မဲျပန္ေပးသကဲ့သို႔ ဧရာဝတီတိုင္းသို႔လည္း ေန႔ခ်င္းျပန္ မဲသြားေပးသူ ၃၆၂၀ ဦး ရွိေၾကာင္း ဧရာဝတီတိုင္း က်န္းမာေရးဦးစီးမႉး ေဒါက္တာ သန္းထြန္းေအာင္က ေျပာသည္။

“ျပန္လာတဲ့သူ သုံးေထာင္ေက်ာ္ထဲက ၆၆ ဦးမွာ ကိုဗစ္ေရာဂါ စစ္ေဆးေတြ႕ရွိပါတယ္။ သူတို႔ကိုေတာ့ စစ္ေဆးမႈ ျပဳလုပ္ေပးတဲ့ အဝင္ဂိတ္ေတြနဲ႔ အနီးဆုံး ေဆး႐ုံေတြကို ပို႔ေဆာင္ထားပါတယ္။ ေနာက္ရက္ေတြမွာ လူနာေတြရဲ႕ ေနရပ္ေဆး႐ုံေတြဆီ လႊဲေပးပါမယ္” ဟု ၎က ဆိုသည္။

ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပသည့္ရက္ ေနရပ္ျပန္မဲေပးသူမ်ားတြင္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ နယ္စပ္ေျမထိစပ္ေနေသာ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးတို႔မွာ ေန႔ခ်င္းျပန္ မဲေပးသူ အမ်ားအျပား ရွိခဲ့ၿပီး အျခားေဒသမ်ာသို႔ မဲျပန္ေပးသူမ်ားလည္း ရွိခဲ့သည္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X