News

ရှားတော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် KySDP ပါတီ အသာစီးရ

Unicode

ရှားတော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် KySDP ပါတီ အသာစီးရ

နိုဝင်ဘာ ၈ ၊ ၂၀၂၀

ရှားတော ပြည်သူ့လွတ်တော် မဲဆန္ဒနယ်တွင် လက်ရှိမဲရေတွက်မှုအရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP )က အပြတ်အသတ်အနိုင်ရရှိ နေကြောင်းသိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိုးမြာနှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ရှားတောတောင်ပိုင်းစုစည်းမဲရုံတွင် NLDကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်း က ၁၈မဲ KySDP ကိုယ်စားလှယ်လောင်း ဒေါ်မိုးမြာက ၂၇၁မဲ ရရှိထားကြောင်းသိရသည်။

လက်ရှိရှားတောမြို့ပေါ်ရပ်ကွက်တွင် မဲ ရေတွက်မှုအရ ဒေါ်မိုးမြာကခိုင်လုံမဲ ၇၀၀ ကျော်ရရှိထားကြောင်း သိရသည်။ အမျိုးသားလွတ်တော်နှင့် ပြည်နယ်လွတ်တော် များအတွက် ရလဒ်များမှာမူ ထွက်ပေါ်ခြင်း မရှိသေးပေ။

ထို့အတူ ဖရူဆိုမြို့နယ်၊ ကေးလျားမဲရုံတွင်လည်း လွတ်တော်(၃)ရပ်အတွက် မဲရေတွက်မှုများ အရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP အနိုင်ရရှိထားသည်။

ပြည်သူ့လွတ်တော်နေရာ အတွက် KySDP ပါတီက ခိုင်လုံမဲ – ၄၃၁မဲ ၊ NLDပါတီက – ၂၃ မဲ နှင့် USDPပါတီက ၂၈မဲ ဖြင့် KySDPပါတီ အနိုင်ရရှိကြောင်း သိရသည်။

အမျိုးသားလွတ်တော်နေရာအတွက် KySDPပါတီက ၄၂၇မဲ၊ NLDပါတီက ၃၃မဲ၊ USDPပါတီက ၁၄ မဲ ရရှိခဲ့သည်။

ပြည်နယ်လွတ်တော်နေရာအတွက် KySDPပါတီက ၄၄၁ မဲ ၊ NLD ပါတီက ၁၄ မဲ၊ USDPပါတီက ၁၇
မဲ ရရှိခဲ့သည်။

Zawgyi

ရွားေတာ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္တို႔တြင္ KySDP ပါတီ အသာစီးရ

ႏိုဝင္ဘာ ၈ ၊ ၂၀၂၀

ရွားေတာ ျပည္သူ႔လြတ္ေတာ္ မဲဆႏၵနယ္တြင္ လက္ရွိမဲေရတြက္မႈအရ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ (KySDP )က အျပတ္အသတ္အႏိုင္ရရွိ ေနေၾကာင္းသိရသည္။

အဆိုပါ မဲဆႏၵနယ္တြင္ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) ကိုယ္စားျပဳ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚမိုးျမာႏွင့္ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ လက္ရွိ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚဝင့္ဝါထြန္းတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကျခင္း ျဖစ္သည္။

ရွားေတာေတာင္ပိုင္းစုစည္းမဲ႐ုံတြင္ NLDကိုယ္စားလွယ္ေလာင္း ေဒၚဝင့္ဝါထြန္း က ၁၈မဲ KySDP ကိုယ္စားလွယ္ေလာင္း ေဒၚမိုးျမာက ၂၇၁မဲ ရရွိထားေၾကာင္းသိရသည္။

လက္ရွိရွားေတာၿမိဳ႕ေပၚရပ္ကြက္တြင္ မဲ ေရတြက္မႈအရ ေဒၚမိုးျမာကခိုင္လုံမဲ ၇၀၀ ေက်ာ္ရရွိထားေၾကာင္း သိရသည္။ အမ်ိဳးသားလြတ္ေတာ္ႏွင့္ ျပည္နယ္လြတ္ေတာ္ မ်ားအတြက္ ရလဒ္မ်ားမွာမူ ထြက္ေပၚျခင္း မရွိေသးေပ။

ထို႔အတူ ဖ႐ူဆိုၿမိဳ႕နယ္၊ ေကးလ်ားမဲ႐ုံတြင္လည္း လြတ္ေတာ္(၃)ရပ္အတြက္ မဲေရတြက္မႈမ်ား အရ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ KySDP အႏိုင္ရရွိထားသည္။

ျပည္သူ႔လြတ္ေတာ္ေနရာ အတြက္ KySDP ပါတီက ခိုင္လုံမဲ – ၄၃၁မဲ ၊ NLDပါတီက – ၂၃ မဲ ႏွင့္ USDPပါတီက ၂၈မဲ ျဖင့္ KySDPပါတီ အႏိုင္ရရွိေၾကာင္း သိရသည္။

အမ်ိဳးသားလြတ္ေတာ္ေနရာအတြက္ KySDPပါတီက ၄၂၇မဲ၊ NLDပါတီက ၃၃မဲ၊ USDPပါတီက ၁၄ မဲ ရရွိခဲ့သည္။

ျပည္နယ္လြတ္ေတာ္ေနရာအတြက္ KySDPပါတီက ၄၄၁ မဲ ၊ NLD ပါတီက ၁၄ မဲ၊ USDPပါတီက ၁၇
မဲ ရရွိခဲ့သည္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X