News

မဂ္ဂင်လမ်းအမှတ်(၃)မဲရုံတွင် သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမြတ်ဉာဏစိုးတို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရ

 

Unicode

မဂ္ဂင်လမ်းအမှတ်(၃)မဲရုံတွင် သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမြတ်ဉာဏစိုးတို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရ

တာမွေမြို့နယ် မဂ္ဂင်လမ်းရှိ မဲရုံအမှတ်(၃)တွင် ကြိုတင်မဲများရေတွက်ရာ ဒီချုပ်ပါတီ၏ လက်ရှိသမ္မတ ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်ဉာဏစိုးတို့က မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသည်။

အဆိုပါ မဲရုံတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကြိုတင်မဲ ၁၇၇မဲ ရှိသည့်အနက် သမ္မတ ဦးဝင်းမြင့်က ၁၆၆ မဲဖြင့် ဦးဆောင်ခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်သည် ရှစ်မဲရရှိခဲ့သည်။ ထို့အတူ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးမျိုးမင်းထွန်းမှာ တစ်မဲသာ ရရှိထားသည်။

အမျိုးသားလွှတ်တော်အတွက် ကြိုတင်မဲ ၁၇၇မဲရေတွက်ရာတွင်လည်း ဒေါက်တာမြတ်ဉာဏစိုးက ၁၆၇မဲဖြင့် ဦးဆောင်နေပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးတင်အောင်သည် ၉မဲရရှိခဲ့ရာ ကျန်သူများ တစ်မဲမှမရရှိပေ။

လက်ရှိတွင် တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် ကြိုတင်မဲများ ရေတွက်လျက်ရှိရာ ဒီချုပ်ပါတီက ဦးသိန်းမြင့်က မဲအပြတ်အသတ်ဖြင့် ဦးဆောင်ထားသည်။

တာမွေမြို့နယ် မဲဂ္ဂင်လမ်း မဲရုံအမှတ် (၃)တွင် မဲပေးခွင့်ရှိသူ ၁၂၀၀ကျော်ရှိပြီး ကျန်ရှိသည့် မဲလက်မှတ်များကို ဆက်လက်ရေတွက်နေသည်။
သတင်း – ဝဏ္ဏအောင်
ဓာတ်ပုံ – ကျော်ဇင်သန်း

Zawgyi

“မဂၢင္လမ္းအမွတ္(၃)မဲ႐ုံတြင္ သမၼတဦးဝင္းျမင့္ႏွင့္ ေဒါက္တာျမတ္ဉာဏစိုးတို႔ မဲအျပတ္အသတ္ျဖင့္ အႏိုင္ရ”

တာေမြၿမိဳ႕နယ္ မဂၢင္လမ္းရွိ မဲ႐ုံအမွတ္(၃)တြင္ ႀကိဳတင္မဲမ်ားေရတြက္ရာ ဒီခ်ဳပ္ပါတီ၏ လက္ရွိသမၼတ ဦးဝင္းျမင့္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒါက္တာျမတ္ဉာဏစိုးတို႔က မဲအျပတ္အသတ္ျဖင့္ အႏိုင္ရထားသည္။

အဆိုပါ မဲ႐ုံတြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္အတြက္ ႀကိဳတင္မဲ ၁၇၇မဲ ရွိသည့္အနက္ သမၼတ ဦးဝင္းျမင့္က ၁၆၆ မဲျဖင့္ ဦးေဆာင္ခဲ့ၿပီး၊ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမ်ိဳးဝင္းေက်ာ္သည္ ရွစ္မဲရရွိခဲ့သည္။ ထို႔အတူ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီမွ ဦးမ်ိဳးမင္းထြန္းမွာ တစ္မဲသာ ရရွိထားသည္။

အမ်ိဳးသားလႊတ္ေတာ္အတြက္ ႀကိဳတင္မဲ ၁၇၇မဲေရတြက္ရာတြင္လည္း ေဒါက္တာျမတ္ဉာဏစိုးက ၁၆၇မဲျဖင့္ ဦးေဆာင္ေနၿပီး ျပည္ခိုင္ၿဖိဳးပါတီမွ ဦးတင္ေအာင္သည္ ၉မဲရရွိခဲ့ရာ က်န္သူမ်ား တစ္မဲမွမရရွိေပ။

လက္ရွိတြင္ တိုင္းေဒသႀကီး လႊတ္ေတာ္ေနရာအတြက္ ႀကိဳတင္မဲမ်ား ေရတြက္လ်က္ရွိရာ ဒီခ်ဳပ္ပါတီက ဦးသိန္းျမင့္က မဲအျပတ္အသတ္ျဖင့္ ဦးေဆာင္ထားသည္။

တာေမြၿမိဳ႕နယ္ မဲဂၢင္လမ္း မဲ႐ုံအမွတ္ (၃)တြင္ မဲေပးခြင့္ရွိသူ ၁၂၀၀ေက်ာ္ရွိၿပီး က်န္ရွိသည့္ မဲလက္မွတ္မ်ားကို ဆက္လက္ေရတြက္ေနသည္။
သတင္း – ဝဏၰေအာင္
ဓာတ္ပုံ – ေက်ာ္ဇင္သန္း

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X