Dahama Knowledge

ဗုဒ္ဓဘာသာကိုအမေးအများဆုံးမေးခွန်း (၁၃) ခုနှင့် အကောင်းဆုံးအဖြေ (၁၃)ခု

Unicode

ဗုဒ္ဓဘာသာကိုအမေးအများဆုံးမေးခွန်း (၁၃) ခုနှင့် အကောင်းဆုံးအဖြေ (၁၃)ခု

(၁) – ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

(၂) – ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။

(၃) – ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။

(၄) – ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာ၀န်မဲ့ရာ မရောက်ဘူးလား။

(၅) – ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။

(၆) – ဗုဒ္ဓဟာ ထာ၀ရဘုရား (God) လား။

(၇) – ဗုဒ္ဓဟာ ထာ၀ရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။

(၈) – ဗုဒ္ဓဘာသာ၀င်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။

(၉) – တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။

(၁၀) – ဗုဒ္ဓဘာသာ၀င်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။

(၁၁) – ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

(၁၂) – သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။

(၁၃) – ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

(၁) မေး – ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ – “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာ၀င်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာ၀င် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး – ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ – ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် “philo”ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ “sophy” ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ “Philosophy” ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာ၀တရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တဝါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

(၃) မေး – ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ – ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်၀န်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။

အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အဝိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။

ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနစျာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာ၀ကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာ၀အလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်၀င်စံတော် မူပါတယ်။)

(၄) မေး – ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာ၀န်မဲ့ရာ
မရောက်ဘူးလား။
ဖြေ – ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာ၀န်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

(၅) မေး – ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ – လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူး၀စ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။

ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘဝတွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး – ဗုဒ္ဓဟာ ထာ၀ရဘုရား (God) လား။
ဖြေ – ဗုဒ္ဓမြတ်စွာဟာ ထာ၀ရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာ၀ရဘုရားလို့ဖြစ်စေ၊ ထာ၀ရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာ၀ရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး – ဗုဒ္ဓဟာ ထာ၀ရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ – ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဗုဒ္ဓဘာသာ၀င်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။

ဒီလို အရိုအသေ ဂါရဝြပုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာ၀င်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။

ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ၀င်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး – ဗုဒ္ဓဘာသာ၀င်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ
ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ – ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာ၀ရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာ၀င်များဟာ ဗုဒ္ဓမြတ်စွာကို ထာ၀ရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာ၀င်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။

ဘာသာတရားတိုင်းမှာ ဘာသာ၀င်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ – တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကိုဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။

ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါ၀င်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာ၀များကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာ၀ရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ၀င်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး – တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ – ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာ၀င်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။

ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။

ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး – ဗုဒ္ဓဘာသာ၀င်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ
ဘာကြောင့်လဲ။
ဖြေ – ဗုဒ္ဓဘာသာ၀င်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာ၀င်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ဝါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရဝါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။

အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိ၀တ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။

ဗုဒ္ဓဘာသာ၀င်များဟာ တခြား ဘာသာ၀င်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး – ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ – လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရဝါဒ ဗုဒ္ဓဘာသာ၊ စျင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။

ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။

ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရား၀တ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး – သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ – ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာ၀င် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လဝီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။

ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။

ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာ၀န်၀တ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်၀တ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံး၀အုပ်စုံ ပြည့်စုံတဲ့ သဘာ၀ကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။

အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။

ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာ၀င်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှအမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

(၁၃) မေး – ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ – ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ “သိပ္ပံ” ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာ၀တစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာ၀ကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။

ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပါ ။
Credit -HlaThanAung

Zawgyi

ဗုဒၶဘာသာကိုအေမးအမ်ားဆုံးေမးခြန္း (၁၃) ခုႏွင့္ အေကာင္းဆုံးအေျဖ (၁၃)ခု

(၁) – ဗုဒၶဘာသာဆိုတာ ဘာလဲ။

(၂) – ဒီလိုဆိုရင္ ဗုဒၶဘာသာဟာ ဒႆနပညာရပ္ တစ္ခုဘဲေပါ့။

(၃) – ဗုဒၶဆိုတာ ဘယ္သူပါလဲ။

(၄) – ဗုဒၶဟာ သူ႔ရဲ႕ၾကင္ယာေတာ္နဲ႔ သားေတာ္ကို ပစ္ထားခဲ့တဲ့အတြက္ တာ၀န္မဲ့ရာ မေရာက္ဘူးလား။

(၅) – ဗုဒၶက ပရိနိဗၺာန္ စံသြားၿပီဆိုေတာ့ သူက ကြၽႏ္ုပ္တို႔ကို ဘယ္လို ကူညီႏိုင္ပါသလဲ။

(၆) – ဗုဒၶဟာ ထာ၀ရဘုရား (God) လား။

(၇) – ဗုဒၶဟာ ထာ၀ရဘုရား မဟုတ္ရင္ ဘာေၾကာင့္ သူ႔ကို လူေတြက ရွိခိုးကိုးကြယ္ေနၾကသလဲ။

(၈) – ဗုဒၶဘာသာ၀င္မ်ားဟာ ႐ုပ္တုကို ကိုးကြယ္ၾကတယ္လို႔ တခ်ိဳ႕လူမ်ားက ေျပာတာ ၾကားဘူးပါတယ္။ ဟုတ္ပါသလား။

(၉) – တ႐ုတ္ ဗုဒၶဘာသာ ဘုရားေက်ာင္းေတြ ထဲမွာ စကၠဴပိုက္ဆံေတြကို မီးရႈိ႕တာေတြ၊ ၿပီးေတာ့ တျခား ထူးထူးဆန္းဆန္း လုပ္ၾကတာ ေတြ႕ၾကရပါတယ္။ အဲဒါေတြကို ဘာေၾကာင့္ လုပ္ၾကပါသလဲ။

(၁၀) – ဗုဒၶဘာသာ၀င္ေတြ ကုသိုလ္ျဖစ္ လုပ္ငန္းေတြ လုပ္ၾကတာ သိပ္မၾကားမိပါဘူး။ အဲဒါ ဘာေၾကာင့္လဲ။

(၁၁) – ဘာေၾကာင့္ ဗုဒၶဘာသာေတြ အမ်ိဳးမ်ိဳး ကြဲျပားေနပါသလဲ။

(၁၂) – သင္က ဗုဒၶဘာသာကို အလြန္ အထင္ႀကီးတာပဲ။ သင္ဟာ သင့္ဘာသာတရားကို မွန္တယ္လို႔ ယူဆၿပီး တျခားဘာသာ အားလုံးကို မွားတယ္လို႔ ယူဆပုံရတယ္။

(၁၃) – ဗုဒၶဘာသာဟာ သိပၸံနည္း က်ပါသလား။

(၁) ေမး – ဗုဒၶဘာသာဆိုတာ ဘာလဲ။
ေျဖ – “ဗုဒၶဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒၶိ“ ဆိုတဲ့ စကားလုံးမွ လာတာပါ။ “ဗုဒၶ“ ဆိုတာ (ကိေလသာ တည္းဟူေသာ အိပ္ေပ်ာ္ျခင္းမွ) “ႏိုးလာသူ“ လို႔ အဓိပၸါယ္ရပါတယ္။ ဒါေၾကာင့္ ဗုဒၶဘာသာဆိုတာ ႏိုးၾကားေရး အေတြးအျမင္ (ဒႆန) ပညာပါပဲ။ ဒီဒႆနပညာကို ေဂါတမႏြယ္ဖြား သိဒၶတၳ မင္းသားကေန ဘုရား ျဖစ္လာတဲ့ ဗုဒၶျမတ္စြာဘုရားက စတင္ေဟာေျပာခဲ့ပါတယ္။

ဗုဒၶရွင္ေတာ္ျမတ္ဘုရားဟာ သက္ေတာ္ ၃၅ႏွစ္မွာ (ကိေလသာ တည္းဟူေသာ အိပ္ေပ်ာ္ျခင္းမွ) ႏိုးလာၿပီးလွ်င္ ဘုရားအျဖစ္သို႔ ေရာက္ေတာ္မူပါသည္။ ဗုဒၶဘာသာဟာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္လို႔ ဗုဒၶဘာသာ၀င္ေပါင္း သန္းသုံးရာေက်ာ္ ရွိေနပါၿပီ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ရာေလာက္ အထိေတာ့ ဗုဒၶဘာသာဟာ အေရွ႕တိုင္း ဒႆနပညာရပ္ တစ္ခုအျဖစ္သာ တည္ရွိခဲ့ပါတယ္။ သို႔ေသာ္လဲ ယခုအခ်ိန္မွာ ဥေရာပႏွင့္ အေမရိကတိုက္ရွိ ႏိုင္ငံေပါင္း မ်ားစြာမွာလဲ ဗုဒၶဘာသာ၀င္ ဦးေရတျဖည္းျဖည္း တိုးပြါးေနပါတယ္။

(၂) ေမး – ဒီလိုဆိုရင္ ဗုဒၶဘာသာဟာ ဒႆနပညာရပ္ တစ္ခုဘဲေပါ့။
ေျဖ – ဒႆနပညာဆိုတာ အဂၤလိပ္စကား Philosophy ကို ဘာသာျပန္ထားတာပါ။ အဘိဓာန္မ်ား ဖြင့္ျပခ်က္အရ ဆိုရင္ “philo”ဆိုတာ “ခ်စ္ခင္ျခင္း ေမတၱာ“ လို႔ ဆိုလိုပါတယ္။ “sophy” ဆိုတာ “ပညာ“ လို႔ အဓိပၸါယ္ ရပါတယ္။ ဒီေတာ့ “Philosophy” ဆိုတာ “ပညာကို ခ်စ္ခင္ျခင္း“၊ သို႔မဟုတ္ “ေမတၱာႏွင့္ ပညာ“ လို႔ အဓိပၸါယ္ ရပါတယ္။

ဒီစကား ႏွစ္လုံးဟာ ဗုဒၶဘာသာရဲ႕ အဓိပၸါယ္ကို အျပည့္အ၀ ေဖၚျပႏိုင္ပါတယ္။ ဗုဒၶဘာသာ တရားက သဘာ၀တရားကို ၾကည္လင္ျပတ္သားစြာ ကြၽႏ္ုပ္တို႔ နားလည္ ႏိုင္ေရးအတြက္ အျပည့္စုံဆုံး ဥာဏ္ပညာအရည္အေသြး တိုးတက္ေအာင္ ႀကိဳးစားၾကဖို႔ သင္ေပးပါတယ္။ ၿပီးေတာ့ ကြၽႏ္ုပ္တို႔ဟာ သတၱဝါအားလုံးရဲ႕ မိတ္ေဆြသဖြယ္ ျဖစ္ႏိုင္ေစရန္ ေမတၱာ က႐ုဏာတရား တိုးပြါးေအာင္ ႀကိဳးစားဖို႔ကိုလဲ သင္ေပးပါတယ္။ ဒါေၾကာင့္ ဗုဒၶဘာသာကို အေတြးအျမင္ ပညာတစ္ရပ္လို႔ ဆိုႏိုင္ေသာ္လဲ သာမာန္ အေတြးအျမင္ပညာ မဟုတ္ပါဘူး။ ျမင့္ျမတ္ေသာ အေတြးအျမင္ပညာ (Supreme Philosophy) သာ ျဖစ္ပါတယ္။

(၃) ေမး – ဗုဒၶဆိုတာ ဘယ္သူပါလဲ။
ေျဖ – ခရစ္မေပၚမီ ၅၆၃ ခုႏွစ္မွာ အိႏၵိယျပည္ ေျမာက္ပိုင္း (ကပိလ၀တ္ျပည္) ဘုရင္ သုေဒၶါဓနႏွင့္ မိဖုရား မယ္ေတာ္မာယာတို႔မွ သားကေလးတစ္ေယာက္ ဖြားျမင္ပါတယ္။ ဒီမင္းသားကေလးဟာ စည္းစိမ္ဥစၥာ ျပည့္ျပည့္စုံစုံႏွင့္ ႀကီးျပင္းလာရေသာ္လဲ ေနာက္ဆုံးမွာ ေလာကီစည္းစိမ္ဥစၥာေတြဟာ ခ်မ္းသာေပ်ာ္႐ႊင္မႈကို မေပးႏိုင္ဘူးဆိုတာ ေတြ႕လာရတယ္။ ဒီမင္းသားဟာ သူ႔ပတ္၀န္းက်င္မွာ သူေတြ႕ျမင္ရတဲ့ ဆင္းရဲဒုကၡေတြေၾကာင့္ အႀကီးအက်ယ္ စိတ္မခ်မ္းမသာျဖစ္ၿပီး လူသားတို႔ ခ်မ္းသာေရးအတြက္ ေသာ့ခ်က္ကိုရွာဖို႔ ဆုံးျဖတ္လိုက္တယ္။

အသက္၂၉ႏွစ္ ရွိတဲ့အခါ ဒီမင္းသားဟာ သူ႔ရဲ႕ၾကင္ယာေတာ္ (ယေသာဓရာ)ႏွင့္ သားေတာ္(ရာဟုလာ)ကို ထားခဲ့ၿပီးေတာ့ အဲဒီေခတ္က ဘာသာေရး ဆရာႀကီးမ်ားရဲ႕ အထံမွာ အသိပညာ ဆည္းပူးဖို႔ ထြက္လာခဲ့တယ္။ သူတို႔ဟာ ဒီမင္းသားကို ေျမာက္ျမားစြာ သင္ၾကား ေပးၾကေသာ္လဲ သူတို႔ကိုယ္တိုင္ ဆင္းရဲဒုကၡရဲ႕ အေၾကာင္းရင္း ဇာစ္ျမစ္ကို မသိၾကတဲ့အတြက္ ဒီဆင္းရဲဒုကၡကို ဘယ္လို ေက်ာ္လြန္ေအာင္ လုပ္ႏိုင္တယ္ဆိုတာကိုလဲ မသိၾကဘူး။

သိဒၡတၳမင္းသားဟာ (ဥ႐ုေဝလေတာ) မွာ ေျခာက္ႏွစ္ ၾကာေအာင္ ေလ့လာ ပြါးမ်ား အားထုတ္ၿပီးတဲ့ အခါမယ္ အဝိဇၨာကို ပယ္ခြါႏိုင္တဲ့အတြက္ (အမွန္တရားကို) ထိုးထြင္းသိျမင္သြားပါတယ္။ အဲဒီအခ်ိန္ကစၿပီး သူ႔ကို “ဗုဒၶ“ (ကိေလသာတည္းဟူေသာ အိပ္ေပ်ာ္ျခင္းမွ) “ႏိုးလာသူ“လို႔ ေခၚေဝၚ သမုတ္ၾကပါတယ္။

ဗုဒၶရွင္ေတာ္ ျမတ္ဘုရားဟာ အဲဒီအခ်ိန္မွစၿပီး ၄၅ႏွစ္ပတ္လုံး အိႏၵိယျပည္ ေျမာက္ပိုင္းမွာ သူေတြ႕သိထားတဲ့ တရားေတာ္မ်ားကို လွည့္လည္ေဟာေျပာ ခဲ့ပါတယ္။(မွတ္ခ်က္ ။ ။ ဥ႐ုေဝလေတာ၌ ဒုကၠရစရိယာ ေျခာက္ႏွစ္ၾကာ က်င့္စဥ္က ဘုရား မျဖစ္ေသးပါ။ ထိုအက်င့္မွားကို စြန္႔၍ အာနာပါနစ်ာန္ အေျခခံလ်က္ မဂၢင္ရွစ္တန္ ပြါးမွသာ ဘုရားအျဖစ္သို႔ ေရာက္ပါသည္။) ရွင္ေတာ္ျမတ္ဘုရားရဲ႕ ႀကီးမားလွတဲ့ မဟာ က႐ုဏာေတာ္ႏွင့္ ခႏၲီတရားေၾကာင့္ မ်ားစြာေသာ လူတို႔ဟာ တပည့္သာ၀ကအျဖစ္ ခံယူၾကပါတယ္။ သက္ေတာ္ ရွစ္ဆယ္ ျပည့္ေတာ္မူတဲ့အခါ သဘာ၀အေလ်ာက္ အိုျခင္းတရား၊ နာျခင္းတရားမ်ား ဖိစီးႏွိပ္စက္ ခံရေသာ္လဲ ခ်မ္းေျမ့ေအးၿငိမ္းလ်က္ပင္ ေနာက္ဆုံးမွာ ပရိနိဗၺာန္၀င္စံေတာ္ မူပါတယ္။)

(၄) ေမး – ဗုဒၶဟာ သူ႔ရဲ႕ၾကင္ယာေတာ္နဲ႔ သားေတာ္ကို ပစ္ထားခဲ့တဲ့အတြက္ တာ၀န္မဲ့ရာ
မေရာက္ဘူးလား။
ေျဖ – ဗုဒၶျမတ္စြာဟာ သူ႔ရဲ႕ ၾကင္ယာေတာ္နဲ႔ သားေတာ္ကို လြယ္လြယ္နဲ႔ ပစ္ထားႏိုင္ခဲ့တာ မဟုတ္ပါဘူး။ သူအခ်ိန္ အၾကာႀကီး စဥ္းစားၿပီး တြန္႔ဆုတ္တြန္႔ဆုတ္ ျဖစ္ေနခဲ့ပါတယ္။ ေနာက္ဆုံးက်မွ သူ႔မိသားစုကို ေကြၽးေမြးေစာင့္ေရွာက္ တာထက္ တေလာကလုံးရဲ႕ အက်ိဳးကို ေဆာင္႐ြက္တာက ပိုၿပီး အက်ိဳး ႀကီးမားတယ္လို႔ ဆုံးျဖတ္ၿပီး ဒီလမ္းကို ေ႐ြးခ်ယ္လိုက္တာပါပဲ။ ႀကီးမားတဲ့ မဟာက႐ုဏာေတာ္က ဗုဒၶျမတ္စြာကို တေလာကလုံးရဲ႕ အက်ိဳးကို ေဆာင္ေစတာပါပဲ။ ဗုဒၶျမတ္စြာရဲ႕ ကိုယ္က်ိဳးစြန္႔ၿပီး အဆင္းရဲအပင္ပန္း ခံမႈေၾကာင့္ တေလာကလုံး ႀကီးမားတဲ့ အက်ိဳးကို အခုတိုင္ ခံစားေနၾကရတာ ျဖစ္ပါတယ္။ ဒါကိုၾကည့္ရင္ ဗုဒၶျမတ္စြာဟာ တာ၀န္မမဲ့ေၾကာင္း ထင္ရွားပါတယ္။ ဒါဟာ အႀကီးမားဆုံးေသာ စြန္႔လႊတ္မႈ ႀကီးပါပဲ။

(၅) ေမး – ဗုဒၶက ပရိနိဗၺာန္ စံသြားၿပီဆိုေတာ့ သူက ကြၽႏ္ုပ္တို႔ကို ဘယ္လို ကူညီႏိုင္ပါသလဲ။
ေျဖ – လွ်ပ္စစ္ဓါတ္ကိုေတြ႕ရွိတဲ့ မိုက္ကယ္ ဖာရာေဒး ဟာ ကြယ္လြန္သြားပါၿပီ။ သို႔ေသာ္လဲ သူ႔ရဲ႕ ေတြ႕ရွိခ်က္က ကြၽႏ္ုပ္တို႔ကို အခုတိုင္ ကူညီေနပါတယ္။ ေရာဂါေပါင္း မ်ားစြာကို ကုသတဲ့ ကုထုံးေတြကို ေတြ႕ရွိတဲ့ လူး၀စ္ပါးစ္ခ်ား ဟာလဲ ကြယ္လြန္သြားပါၿပီ။ သို႔ေသာ္လဲ သူေတြ႕ရွိတဲ့ ကုထုံးေတြက အခုတိုင္ အသက္ေပါင္း မ်ားစြာကို ကယ္ေနဆဲပါပဲ။

ေက်ာ္ၾကားတဲ့ အႏုပညာ မ်ားစြာကို တီထြင္ ဖန္တီးခဲ့တဲ့ လီယိုနာဒိုဒါဗင္ခ်ီ ဟာလဲ ေသသြားပါၿပီ။ သို႔ေသာ္လဲ သူဖန္တီးခဲ့တဲ့ အႏုပညာေတြက လူေတြကို အခုတိုင္ ေပ်ာ္႐ႊင္မႈ ေပးေနဆဲပါပဲ။ ျမင့္ျမတ္တဲ့ ပုဂၢိဳလ္ႀကီးမ်ားနဲ႔ အာဇာနည္ ပုဂၢိဳလ္ႀကီးမ်ား ကြယ္လြန္သြားၾကတာ ရာစုႏွစ္ေပါင္းမ်ားစြာ ၾကာေသာ္လဲ သူတို႔အေၾကာင္းကို ကြၽႏ္ုပ္တို႔ ဖတ္ရႈရတဲ့အခါမွာ သူတို႔လို ေနထိုင္ ျပဳမူလိုစိတ္မ်ား ကြၽႏ္ုပ္တို႔ သႏၲာန္မွာ တဖြားဖြား ေပၚလာပါတယ္။

ဟုတ္ပါတယ္။ ဗုဒၶျမတ္စြာ ပရိနိဗၺာန္ စံတာဟာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ ၾကာသြားပါၿပီ။ သို႔ေသာ္လဲ ရွင္ေတာ္ျမတ္ဘုရားရဲ႕ တရားေတာ္မ်ားဟာ အခုတိုင္ ကူညီေနဆဲပါပဲ။ ဗုဒၶျမတ္စြာရဲ႕ နမူနာေကာင္းေတြက လူေတြကို အခုတိုင္ အားတက္ေစတုန္းပါပဲ။ သူ႔စကားေတာ္ေတြက အခုတိုင္ လူေတြရဲ႕ ဘဝေတြကို ေျပာင္းလဲေစတုန္းပါပဲ။ ဗုဒၶျမတ္စြာမွာသာလွ်င္ ပရိနိဗၺာန္စံၿပီးေနာက္ ရာစုႏွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ေအာင္ ဒီလိုစြမ္းအားမ်ား ရွိေနႏိုင္တာ ျဖစ္ပါတယ္။

(၆) ေမး – ဗုဒၶဟာ ထာ၀ရဘုရား (God) လား။
ေျဖ – ဗုဒၶျမတ္စြာဟာ ထာ၀ရဘုရား မဟုတ္ပါဘူး။ ဗုဒၶျမတ္စြာက သူဟာ ထာ၀ရဘုရားလို႔ျဖစ္ေစ၊ ထာ၀ရဘုရားရဲ႕ သားေတာ္လို႔ျဖစ္ေစ၊ ထာ၀ရဘုရားက လႊတ္လိုက္တဲ့ တမန္ေတာ္လို႔ျဖစ္ေစ မမိန္႔ၾကားပါဘူး။ ဗုဒၶျမတ္စြာဟာ အလုံးစုံ ျပည့္စုံတဲ့ လူသား တစ္ဦးပါပဲ။ ဒါေၾကာင့္ သူ႔လို ကြၽႏ္ုပ္တို႔ ႀကိဳးစားလွ်င္ ကြၽႏ္ုပ္တို႔လဲ သူ႔လိုပဲ အလုံးစုံ ျပည့္စုံသူမ်ား ျဖစ္ႏိုင္ေၾကာင္း မိန္႔ၾကားေတာ္ မူပါတယ္။

(၇) ေမး – ဗုဒၶဟာ ထာ၀ရဘုရား မဟုတ္ရင္ ဘာေၾကာင့္ သူ႔ကို လူေတြက ရွိခိုးကိုးကြယ္ေနၾကသလဲ။
ေျဖ – ကိုးကြယ္နည္း အမ်ိဳးမ်ိဳး ရွိပါတယ္။ တခ်ိဳ႕က တစ္စုံတစ္ခုေသာ တန္ခိုးရွင္ဘုရား (God) ကို ကိုးကြယ္တဲ့အခါ အဲဒီဘုရားကို ခ်ီးက်ဴးေထာပနာ ျပဳၾကတယ္။ ဂုဏ္ျပဳၾကတယ္။ တစ္စုံတစ္ရာ ပူေဇာ္ပသ ၾကတယ္။ ကိုယ္လိုတာကို ဘုရားဆီမွာ ေတာင္းၾကတယ္။ အဲဒီလို လုပ္ၾကတာကေတာ့ မိမိတို႔ရဲ႕ ခ်ီးက်ဴးေထာပနာသံကို အဲဒီဘုရားက ၾကားလိမ့္မယ္လို႔ ယုံၾကည္လို႔၊ ပူေဇာ္ပသ တာကို လက္ခံလိမ့္မယ္လို႔ ယုံၾကည္လို႔၊ ဆုေတာင္းတာကို ျဖည့္ဆည္းေပးလိမ့္မယ္လို႔ ယုံၾကည္လို႔ပါပဲ။

ဗုဒၶဘာသာ၀င္ေတြ ကေတာ့ ဒီလို ကိုးကြယ္ ဆည္းကပ္မႈ မ်ိဳးကို မလုပ္ၾကပါဘူး။ တျခား ကိုးကြယ္ ဆည္းကပ္မႈတစ္မ်ိဳးကေတာ့ မိမိတို႔ ေလးျမတ္ၾကည္ညိဳတဲ့ ပုဂၢိဳလ္ တစ္ဦးဦး သို႔မဟုတ္ တစ္စုံတစ္ရာကို ႐ိုေသသမႈ ဂါရ၀ ျပဳၾကတယ္။ ဆရာအခန္းထဲ ၀င္လာရင္ ေနရာက ထ ေပးၾကတယ္။ ဂုဏ္သေရရွိတဲ့ လူနဲ႔ေတြ႕ရင္လက္ဆြဲႏႈတ္ဆက္ၾကတယ္။ အမ်ိဳးသားသီခ်င္း တီးရင္ မတ္တပ္ရပ္ အေလးျပဳၾကတယ္။ ဒါေတြအားလုံးဟာ ႐ိုေသေလးစားမႈကို ျပတဲ့ အမူအရာေတြ ပါပဲ။ ေလးျမတ္ၾကည္ညိဳမႈကို ေဖၚျပၾကတာ ျဖစ္ပါတယ္။

ဒီလို အ႐ိုအေသ ဂါရျဝပုၿပီး ရွိခိုး ကိုးကြယ္မႈဟာ ဗုဒၶဘာသာ၀င္မ်ား ျပဳလုပ္ၾကတဲ့ ရွိခိုး ကိုးကြယ္မႈမ်ိဳးပါပဲ။ တင္ပလႅင္ေခြ ထိုင္ၿပီး ရင္ခြင္ထက္မွာ လက္ႏွစ္ဖက္ကို ႐ြ႐ြကေလးခ်ထားတဲ့ ဗုဒၶ႐ုပ္ပြါးေတာ္ရဲ႕ မဟာက႐ုဏာေတာ္ျဖင့္ ၾကည္လင္ လန္းဆန္းေနတဲ့ မ်က္ႏွာေတာ္ဟာ ကြၽႏ္ုပ္တို႔ရဲ႕ သႏၲာန္မွာ ၿငိမ္းေအးမႈနဲ႔ ေမတၱာတရား တိုးပြါးေအာင္ ႀကိဳးစားၾကဖို႔ ကြၽႏ္ုပ္တို႔ကို သတိေပး ေနပါတယ္။ အေမႊးတိုင္ရဲ႕ အေမႊးနံ႔က ကြၽႏ္ုပ္တို႔ သႏၲာန္မွာ ေကာင္းမႈကုသိုလ္ေတြ ပ်ံ႕ႏွံ႔ေနေစဖို႔ သတိေပးေနပါတယ္။

ဆီမီးကေတာ့ ပညာဆီမီး တန္ေဆာင္ ထြန္းေျပာင္ေစဖို႔ သတိေပးေနပါတယ္။ ကပ္လႉထားတဲ့ ပန္းမ်ားရဲ႕ ညႇိဳးႏြမ္းေႂကြက်သြားတဲ့ သေဘာက ကြၽႏ္ုပ္တို႔အား အနိစၥတရားကို သတိရေစပါတယ္။ ဗုဒၶ႐ုပ္ပြါးေတာ္ေရွ႕မွာ ဦးၫႊတ္ရွိခိုးျခင္းက ကြၽႏ္ုပ္တို႔ကို တရားဓမၼ ေဟာေျပာၫႊန္ျပ ဆုံးမေတာ္မူတဲ့အတြက္ ဗုဒၶရွင္ေတာ္ ျမတ္ဘုရားရဲ႕ ဂုဏ္ေက်းဇူးေတာ္ကို ေလးျမတ္ေကာ္ေရာ္ ပူေဇာ္ျခင္း ျဖစ္ပါတယ္။ ဒါဟာ ဗုဒၶဘာသာ၀င္မ်ားရဲ႕ ရွိခိုးကိုးကြယ္မႈပါပဲ။

(၈) ေမး – ဗုဒၶဘာသာ၀င္မ်ားဟာ ႐ုပ္တုကို ကိုးကြယ္ၾကတယ္လို႔ တခ်ိဳ႕လူမ်ားက ေျပာတာ
ၾကားဘူးပါတယ္။ ဟုတ္ပါသလား။
ေျဖ – ဒီလို အေျပာမ်ိဳးဟာ ဗုဒၶဘာသာကို နားလည္မွားေနတဲ့ လူေတြ ေျပာၾကတဲ့ စကားေတြပါ။ အဘိဓာန္မ်ားကေတာ့ ႐ုပ္တုကို ထာ၀ရဘုရား(God) အျဖစ္နဲ႔ ရွိခိုးကိုးကြယ္ၾကတာကို ႐ုပ္တု ကိုးကြယ္မႈ လို႔ ဖြင့္ျပၾကပါတယ္။ သိၾကတဲ့အတိုင္းပဲ ဗုဒၶဘာသာ၀င္မ်ားဟာ ဗုဒၶျမတ္စြာကို ထာ၀ရဘုရားတစ္ပါး(God) အေနနဲ႔ ယုံၾကည္ သိမွတ္ၾကတာ မဟုတ္ပါဘူး။ ဒီေတာ့ ဗုဒၶဘာသာ၀င္မ်ားဟာ သစ္သား႐ုပ္တု၊ သံ႐ုပ္တု၊ ေၾကး႐ုပ္တု စသည္ကို ဘယ္မွာ ကိုးကြယ္ၾကပါမလဲ။ သို႔ေသာ္လဲ တစ္ခုေတာ့ ရွိပါတယ္။

ဘာသာတရားတိုင္းမွာ ဘာသာ၀င္တိုင္းဟာ အယူအဆ အမ်ိဳးမ်ိဳးကို ေဖၚျပဖို႔ အမွတ္လကၡဏာ(Symbol) အမ်ိဳးမ်ိဳးကို အသုံးျပဳၾကပါတယ္။ ဥပမာ – တာအိုဘာသာမွာဆိုရင္ ဆန္႔က်င္ဘက္ ႏွစ္ခုတို႔ရဲ႕ ညီၫႊတ္ ေပါင္းစည္းမႈကို ေဖၚျပဖို႔ရာ ယင္နဲ႔ယန္(Ying -Yang) ကို အမွတ္လကၡဏာအျဖစ္ အသုံးျပဳပါတယ္။

ဆစ္ဘာသာမွာ ဘာသာေရးဆိုင္ရာ ႐ုန္းကန္လႈပ္ရွားမႈကို ေဖၚျပဖို႔ရာ ဓားကို အမွတ္လကၡဏာအျဖစ္ အသုံးျပဳပါတယ္။ ခရစ္ယာန္ဘာသာမွာ ခရစ္ေတာ္ တည္ရွိျခင္းကို ေဖၚျပဖို႔ရာ ငါးကို အမွတ္လကၡဏာအျဖစ္ အသုံးျပဳၾကတယ္။ ခရစ္ေတာ္ရဲ႕ လူသားအတြက္ အသက္စြန္႔လႊတ္မႈကို ေဖာ္ျပဖို႔ရာ လက္ဝါးကပ္တိုင္ကို အမွတ္လကၡဏာအျဖစ္ အသုံးျပဳပါတယ္။ ဗုဒၶဘာသာမွာ လူသားတစ္ဦးရဲ႕ အလုံးစုံၿပီးျပည့္စုံမႈကိုေဖၚျပဖို႔ရာ ဘုရား႐ုပ္တုေတာ္ကို အမွတ္လကၶဏာအျဖစ္ အသုံးျပဳၾကပါတယ္။

ဗုဒၶ႐ုပ္တုေတာ္က ဗုဒၶရဲ႕ တရားေတာ္မ်ားမွာ ပါ၀င္တဲ့ လူသားနဲ႔ သက္ဆိုင္တဲ့ သဘာ၀မ်ားကို ကြၽႏ္ုပ္တို႔အား သတိရေစပါတယ္။ ဗုဒၶဘာသာဟာ လူသားကို ဗဟိုျပဳပါတယ္ ထာ၀ရဘုရား သိ ကို ဗဟိုမျပဳဘူး ဆိုတဲ့ အခ်က္နဲ႔ အလုံးစုံ ၿပီးျပည့္စုံေရးနဲ႔ အသိမွန္ အျမင္မွန္ ရေရးအတြက္ ဗဟိဒၶသႏၲာန္ကို မၾကည့္ရဘူး၊အဇၩတၱသႏၲာန္ကိုသာ ၾကည့္ရမယ္ဆိုတဲ့ အခ်က္ကိုလဲ ကြၽႏ္ုပ္တို႔အား သတိရေစပါတယ္။ ဒါေၾကာင့္ ဗုဒၶဘာသာ၀င္ေတြဟာ ႐ုပ္တုကို ရွိခိုးကိုးကြယ္တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ ေတြဟာ မမွန္ပါဘူး။

(၉) ေမး – တ႐ုတ္ ဗုဒၶဘာသာ ဘုရားေက်ာင္းေတြ ထဲမွာ စကၠဴပိုက္ဆံေတြကို မီးရႈိ႕တာေတြ၊ ၿပီးေတာ့ တျခား ထူးထူးဆန္းဆန္း လုပ္ၾကတာ ေတြ႕ၾကရပါတယ္။ အဲဒါေတြကို ဘာေၾကာင့္ လုပ္ၾကပါသလဲ။
ေျဖ – ကြၽႏ္ုပ္တို႔ဟာ ကြၽႏ္ုပ္တို႔ နားမလည္တဲ့ အရာမ်ားကို ေတြ႕ရတဲ့အခါ အဲဒါေတြကို ကြၽႏ္ုပ္တို႔အတြက္ ထူးဆန္းေနတတ္ပါတယ္။ အဲဒီလိုဟာေတြကို အထူးအဆန္း ေတြပဲလို႔ အမွတ္တမဲ့ ဘာသိဘာသာ မေနပဲ အဲဒါေတြရဲ႕ အဓိပၸါယ္ေတြကို ရွာေဖြဖို႔ ႀကိဳးစားသင့္ၾကပါတယ္။ မွန္ပါတယ္၊ တစ္ခါတစ္ရံမွာ ဗုဒၶဘာသာ၀င္ေတြ လိုက္နာ လုပ္ေဆာင္ေနၾကတာေတြဟာ ဗုဒၶတရားေတာ္မွာ အေျခမခံပဲ နားလည္မွားမႈနဲ႔ အမ်ားယုံၾကည္ လက္ခံထားတဲ့ အစြဲအလမ္းေပၚမွာ အေျခခံထားတာ ေတြ႕ရတတ္ပါတယ္။

ဒီလိုကိစၥေတြဟာ ဗုဒၶဘာသာ တစ္ခုတည္းမွာသာ မဟုတ္ပါဘူး။ ဘာသာတိုင္းမွာပဲ ရံဖန္ရံခါ ေတြ႕ရတတ္ပါတယ္။ ဗုဒၶျမတ္စြာ တရားေတာ္မ်ားကို ရွင္းလင္းျပတ္သားစြာ အေသးစိတ္ ေဟာျပေတာ္မူပါတယ္။ အဲဒါကိုမွ ျပည့္ျပည့္စုံစုံ နားမလည္ရင္ေတာ့ ဗုဒၶျမတ္စြာကို အျပစ္ဆိုလို႔ မျဖစ္ႏိုင္ပါဘူး။ ဒါနဲ႔ပတ္သက္လို႔ မွတ္သားဖြယ္ အဆုံးအမ တစ္ခုကေတာ့ “ေရာဂါေဝဒနာ ခံစားေနရေသာ လူတစ္ေယာက္သည္ ေဆးဆရာအထံမွ ေဆးကုသမႈ ခံယူဖို႔ လြယ္ကူပါလ်က္နဲ႔ ကုသမႈ မခံယူလွ်င္ ေဆးဆရာ၏ အျပစ္မဟုတ္ေပ။

ထို႔အတူပင္ ကိေလသာေရာဂါ အဖိစီး အႏွိပ္စက္ခံေနရသူသည္ ျမတ္စြာဘုရား၏ တရားေတာ္မ်ား ရွိေနပါလ်က္နဲ႔ တရားေဆးျဖင့္ မကုစားလွ်င္ ျမတ္စြာဘုရား၏ အျပစ္မဟုတ္ေပ။” ဗုဒၶဘာသာကိုပဲျဖစ္ေစ၊ တျခား ဘာသာတရားကိုပဲျဖစ္ေစ အဲဒီဘာသာတရားအေၾကာင္း ေကာင္းေကာင္း နားမလည္သူမ်ားက အမွား၊ အမွန္၊ အဆိုး၊ အေကာင္းကို မဆုံးျဖတ္သင့္ပါဘူး။

(၁၀) ေမး – ဗုဒၶဘာသာ၀င္ေတြ ကုသိုလ္ျဖစ္ လုပ္ငန္းေတြ လုပ္ၾကတာ သိပ္မၾကားမိပါဘူး။ အဲဒါ
ဘာေၾကာင့္လဲ။
ေျဖ – ဗုဒၶဘာသာ၀င္ေတြလဲ ကုသိုလ္ျဖစ္ လုပ္ငန္းေတြ လုပ္ၾကပါတယ္။ သင္မၾကားမိတာကေတာ့ ဗုဒၶ ဘာသာ၀င္မ်ားဟာ သူတို႔လုပ္တဲ့ ကုသိုလ္ေကာင္းမႈေတြ အေၾကာင္းကို ဝါႂကြားေျပာဆိုဖို႔ မလိုဘူးလို႔ ယူဆထားၾကလို႔ ျဖစ္ပါလိမ့္မယ္။ ႏွစ္ေပါင္းေတာ္ေတာ္ၾကာဆီက ဂ်ပန္ ဗုဒၶဘာသာ ေခါင္းေဆာင္ တစ္ေယာက္ျဖစ္တဲ့ နစ္ခိုနိရဝါႏို ဟာ ဘာသာတရားအားလုံး ေပါင္စည္းညီၫြတ္မႈ တိုးတက္ေရးကို လုပ္ေဆာင္တဲ့အတြက္ (Templeton Prize) တင္ပယ္လ္တန္ဆုကို ရရွိပါတယ္။

အလားတူပဲ ထိုင္းဗုဒၶဘာသာ ဘုန္းေတာ္ႀကီး တစ္ပါးဟာ မူးယစ္ေဆး စြဲသူမ်ားကို ကုသရာမွာ ထူးခြၽန္တဲ့အတြက္ မက္ေဆးေဆး ဆုကို ရရွိခဲ့ပါတယ္။ ၁၉၈၇ ခုႏွစ္တုန္းကလဲ အရွင္ ကႏၲယပိ၀တ္ ဆိုတဲ့ ထိုင္းဘုန္းႀကီးတစ္ပါးဟာ ေက်းလက္ ေတာ႐ြာမ်ားမွာရွိတဲ့ အေျခအေနမဲ့ ကေလးမ်ားကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ျပဳစု ေစာင့္ေရွာက္ခဲ့တဲ့ အတြက္ ]ေနာ္ေဝ ကေလးမ်ား၏ ၿငိမ္းခ်မ္းေရးဆု} ကို ရရွိခဲ့ပါတယ္။ အေနာက္တိုင္း ဗုဒၶဘာသာအဖြဲ႕ (Western Buddhist Order) ဟာ အိႏၵိယျပည္မွာ ဆင္းရဲသားမ်ား အတြက္ ႀကီးမားက်ယ္ျပန္႔တဲ့ လူမႈေရး လုပ္ငန္းေတြကို လုပ္ေဆာင္ေနပါတယ္။ စာသင္ေက်ာင္းေတြ၊ ကေလးျပဳစု ေစာင့္ေရွာက္ေရး ဌာနေတြ၊ ေဆးေပးခန္းေတြ၊ တႏိုင္ စက္မႈလုပ္ငန္း အေသးစားေတြ တည္ေထာင္ၿပီး ျပဳစု ပ်ိဳးေထာင္ေပးေနပါတယ္။

ဗုဒၶဘာသာ၀င္မ်ားဟာ တျခား ဘာသာ၀င္မ်ားလိုပဲ သူတစ္ပါးကို အကူအညီ ေပးရတာဟာ သူတို႔ရဲ႕ ဘာသာတရား လိုက္နာက်င့္ႀကံမႈကို ေဖၚျပတာပဲလို႔ သိျမင္မွတ္ယူၾကပါတယ္။ သို႔ေသာ္လဲ ဒါေတြကို ကိုယ့္ကိုယ္ကို မထင္ေပၚေစပဲ တိုးတိုးတိတ္တိတ္ပဲ လုပ္သင့္တယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ ကုသိုလ္ျဖစ္လုပ္ငန္းေတြ အေၾကာင္းကို သင္ သိပ္မၾကားရတာ ျဖစ္ပါလိမ့္မယ္။

(၁၁) ေမး – ဘာေၾကာင့္ ဗုဒၶဘာသာေတြ အမ်ိဳးမ်ိဳး ကြဲျပားေနပါသလဲ။
ေျဖ – လူေတြ စားသုံးၾကတဲ့ သၾကားေတြလဲ အမ်ိဳးမ်ိဳး ရွိၾကတာ မဟုတ္လား။ သၾကားျဖဴ၊ သၾကားညိဳ၊ ေက်ာက္သၾကား၊ သၾကားရည္၊ ေရခဲသၾကား စသည္ အမ်ိဳးမ်ိဳး ရွိၾကတာပဲ။ သို႔ေသာ္လဲ အားလုံးဟာ သၾကားခ်ည္းပဲ ၿပီးေတာ့ သၾကားတိုင္းဟာ ခ်ိဳၾကတာခ်ည္းပဲ။ မခ်ိဳတဲ့ သၾကားရယ္လို႔ မရွိဘူး။ ဒီလို သၾကားအမ်ိဳးမ်ိဳးအစားစား ထုတ္ၾကတာက သူတို႔ကို သုံးစြဲပုံ သုံးစြဲနည္း အမ်ိဳးမ်ိဳး ရွိၾကလို႔ပါပဲ။

ဗုဒၶဘာသာလဲ ထို႔အတူပါပဲ။ ေထရဝါဒ ဗုဒၶဘာသာ၊ စ်င္ ဗုဒၶဘာသာ၊ အမိတာဘာ ဗုဒၶဘာသာ၊ ေယာဂါစာရ ဗုဒၶဘာသာ၊ ၀ဇီရယာန ဗုဒၶဘာသာ စသည္ျဖင့္ ကြဲျပားေနၾကေသာ္လဲ အႏွစ္သာရအားျဖင့္ အတူတူပါပဲ။ အဲဒီ အႏွစ္သာရက ဘာလဲဆိုေတာ့ ကိေလသာမွ လြတ္ေျမာက္ျခင္း၊ ဆင္းရဲမွ လြတ္ေျမာက္ျခင္းဆိုတဲ့ အႏွစ္သာရပါပဲ။

ဗုဒၶဘာသာဟာ သူျဖစ္ေပၚရာ ယဥ္ေက်းမႈ အမ်ိဳးမ်ိဳးနဲ႔ ဟပ္မိေအာင္ အသြင္ အမ်ိဳးမ်ိဳးနဲ႔ ဖြံ႕ၿဖိဳး တိုးတက္လာခဲ့ပါတယ္။ အသစ္ျဖစ္တဲ့ မ်ိဳးဆက္ အသီးသီးနဲ႔ ကိုက္ညီေအာင္ ရာစုႏွစ္မ်ား တေလ်ာက္မွာ ဗုဒၶဘာသာကို ျပန္ၿပီး အဓိပၸါယ္ ဖြင့္ဆိုၾကပါတယ္။ ျပင္ပ ပုံပန္းသဏၭာန္ အေနနဲ႔ အမ်ိဳးမ်ိဳး ကြဲျပားေနတယ္လို႔ ထင္ရေသာ္လဲ အားလုံးရဲ႕ ဗဟိုခ်က္မ အႏွစ္သာရကေတာ့ သစၥာေလးပါး မဂၢင္ရွစ္ပါးပါပဲ။

ဗုဒၶဘာသာ အပါအ၀င္ ဘာသာႀကီးမ်ား အားလုံးဟာ ဂိုဏ္း အမ်ိဳးမ်ိဳး ကြဲခဲ့ၾကပါတယ္။ သို႔ေသာ္လဲ ဗုဒၶဘာသာ ဂိုဏ္းအမ်ိဳးမ်ိဳးဟာ အခ်င္းခ်င္း ဘယ္ေတာ့မွ စစ္ပြဲေတြ မဆင္ႏႊဲခဲ့ၾကပါဘူး။ သူတို႔ဟာ အခ်င္းခ်င္း ဘယ္ေတာ့မွ ရန္မပြါး ခဲ့ၾကပါဘူး။ ခုေခတ္မွာဆိုရင္ ဂိုဏ္းတစ္ဂိုဏ္းရဲ႕ ေက်ာင္းကန္ဘုရားကို တစ္ျခား ဂိုဏ္းတစ္ခုက သြားေရာက္ၿပီး အတူတကြ ဘုရား၀တ္ျပဳၾကပါတယ္။ တျခားဘာသာေရး ေလာကမွာ တကယ္ေတာ့ အလြန္ရွားပါတယ္။

(၁၂) ေမး – သင္က ဗုဒၶဘာသာကို အလြန္ အထင္ႀကီးတာပဲ။ သင္ဟာ သင့္ဘာသာတရားကို မွန္တယ္လို႔ ယူဆၿပီး တျခားဘာသာ အားလုံးကို မွားတယ္လို႔ ယူဆပုံရတယ္။
ေျဖ – ဗုဒၶျမတ္စြာရဲ႕ တရားေတာ္မ်ားကို နားလည္ သေဘာေပါက္တဲ့ ဗုဒၶဘာသာ၀င္ မည္သူမဆို တျခား ဘာသာတရား မွားတယ္လို႔ မထင္ၾကပါဘူး။ တျခားဘာသာတရားမ်ားကို ပြင့္ပြင့္လင္းလင္း ေဝဖန္စစ္ေဆးဖို႔ရာ စစ္မွန္တဲ့ လုံ႔လဝီရိယကို ျပဳသူမွန္သမွ် ဘယ္သူမွ အဲဒီလို မထင္ၾကပါဘူး။

ဘာသာတရား အမ်ိဳးမ်ိဳးကို ေလ့လာတဲ့ အခါမွာ ပထမဆုံး သတိျပဳမိတာကေတာ့ ဒီဘာသာတရား ေတြဟာ အခ်င္းခ်င္း ဘယ္ေလာက္မ်ားမ်ား တူညီၾကတယ္ ဆိုတဲ့ အခ်က္ပါပဲ။ အားလုံးေသာ ဘာသာတရားမ်ားက လူသားရဲ႕ လက္ရွိ အေျခအေနဟာ ေက်နပ္ဖြယ္ မရွိဘူးလို႔ ၀န္ခံၾကတာပါပဲ။ လူသားရဲ႕ အေျခအေန တိုးတက္လိုရင္ စိတ္ေနစိတ္ထား အျပဳအမူ ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ အားလုံးယုံၾကည္ၾကပါတယ္။

ဘာသာတရား အားလုံးဟာ ေမတၱာ၊ က႐ုဏာ၊ ေပးကမ္းလႉဒါန္းျခင္း၊ လူမႈေရး၊ တာ၀န္၀တ္တရားမ်ား ေဆာင္႐ြက္ျခင္း စတဲ့ က်င့္၀တ္မ်ားကို သင္ၾကားေပးၾကပါတယ္။ ဒီဘာသာတရား အားလုံးက အဆုံးစြန္ ျပည့္စုံတဲ့ သေဘာတစ္ခုဟာ ပုံသဏၭာန္ အမ်ိဳးမ်ိဳးနဲ႔ ရွိတယ္ဆိုတာ လက္ခံၾကပါတယ္။ ဘာသာတရားမ်ားက ဒီ လုံး၀အုပ္စုံ ျပည့္စုံတဲ့ သဘာ၀ကို ဘာသာစကား အမ်ိဳးမ်ိဳး၊ နာမည္အမ်ိဳးမ်ိဳး၊ အမွတ္အသား အမ်ိဳးမ်ိဳးနဲ႔ ရွင္းလင္း ေဖၚျပၾကပါတယ္။

အရာရာကို တစ္ဘက္သက္ ရႈျမင္သုံးသပ္တဲ့နည္းကို အျမင္က်ဥ္းစြာ တြယ္ကပ္ထားၾကတဲ့ အခါမွာသာ သည္းမခံႏိုင္မႈ၊ မာနတရားနဲ႔ ကိုယ္သာမွန္ စိတ္ထားေတြ ျဖစ္ပြါးေပၚေပါက္ လာတတ္ပါတယ္။ စဥ္းစားၾကည့္ပါ။ အဂၤလိပ္၊ ျပင္သစ္၊ တ႐ုတ္၊ အင္ဒိုနီးရွား၊ လူ ၄ ဦး ေကာ္ဖီပန္းကန္ တစ္လုံးကို ၾကည့္ၾကတယ္ ဆိုပါစို႔။ အဲဒီပန္းကန္ကို အဂၤလိပ္က Cup လို႔ေခၚတယ္။

ျပင္သစ္က Tasse လို႔ေခၚတယ္။ တ႐ုတ္က Pei ၊ အင္ဒိုနီးရွားက cawan လို႔ေခၚတယ္။ အဲဒါ သူ႔အေခၚမွန္တယ္၊ တစ္ျခားလူ႔အေခၚ မွားတယ္လို႔ ကိုယ့္အဘိဓာန္ ကိုယ္ ကိုးကားၿပီး အေၾကာက္အကန္ျငင္းခုံးေနၾကပါေရာ။ အဲဒီအခိုက္မွာ ဗုဒၶဘာသာ၀င္တစ္ဦး ေရာက္လာၿပီး ဘာမွေျပာမေနဘဲ ေကာ္ဖီပန္းကန္ကို ေကာက္ယူၿပီး ေမာ့ေသာက္ျပစ္လိုက္ပါတယ္။ ၿပီးေတာ့မွ သူက ဟိုလူေလးေယာက္ကို ေျပာလိုက္တယ္။ ဒီပန္းကန္ကို ဘယ္လိုပဲ မိတ္ေဆြတို႔ေခၚေခၚ လိုရင္းက ဒါကို ေကာ္ဖီေသာက္ဖို႔ အသုံးျပဳတာပါပဲ၊ျငင္းခုံေနလို႔ ဘာအက်ိဳးရွိမလဲ၊ ေသာက္ဖို႔ပန္းကန္ကို ေသာက္လိုက္မွအေမာေျပၿပီး လန္းဆန္းလာမွာေပါ့၊ အဲဒါ လိုရင္းပဲ။ ဒါဟာ ဘာသာတရားမ်ားအပၚ ဗုဒၶဘာသာက ျမင္တဲ့ အျမင္၊ ထားတဲ့ စိတ္ထားပါပဲ။

(၁၃) ေမး – ဗုဒၶဘာသာဟာ သိပၸံနည္း က်ပါသလား။
ေျဖ – ဒီအေမးကို မေျဖမီ သိပၸံ ဆိုတဲ့ စကားလုံးရဲ႕ အဓိပၸါယ္ကို ရွာၾကည့္တာ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။ အဘိဓာန္မ်ားက ဒီလိုဖြင့္ျပၾကပါတယ္။ “သိပၸံ” ဆိုတာ တကယ္ျဖစ္ေနတဲ့ သဘာ၀တစ္ခုကို လက္ေတြ႕မ်က္ျမင္ ၾကည့္ရႈျခင္းႏွင့္ စမ္းသပ္ျခင္းတို႔အေပၚ အေျခခံၿပီး စနစ္တစ္ခု ေဖာ္ထုတ္တဲ့ပညာ၊ တိတိက်က် ေလ့လာစမ္းသပ္ သိရွိထားတဲ့ အရာတစ္ခုနဲ႔ ပတ္သက္လို႔ သဘာ၀က်တဲ့ နည္းလမ္း ဥပေဒသမ်ား သတ္မွတ္ေဖၚျပတဲ့ ပညာပါပဲ။ အဲဒီပညာရဲ႕ အစိတ္အပိုင္း တစ္ခုခုလဲ သိပၸံပါပဲ။

ဗုဒၶဘာသာမွာ ဒီဖြင့္ဆိုခ်က္နဲ႔ မကိုက္ညီတဲ့ အခ်က္အလက္မ်ား ရွိေကာင္း ရွိႏိုင္ပါတယ္။ သို႔ေသာ္လဲ ဗုဒၶဘာသာရဲ႕ လိုရင္း တရားျဖစ္တဲ့ သစၥာေလးပါးကေတာ့ ေသေသခ်ာခ်ာ ကိုက္ညီပါတယ္။

ပထမဆုံး အမွန္တရားက ဒုကၡသစၥာပါ။ ဒီမွာ ဆင္းရဲျခင္းဆိုတာ ကိုယ္တိုင္ေတြ႕သိ ခံစားရတဲ့ အရာပါ။ သူ႔ကို အဓိပၸါယ္ သတ္မွတ္လို႔လဲ ရပါတယ္။ လက္ေတြ႕ ခံစားသိျမင္လို႔လဲ ရပါတယ္။
ဒုတိယ အမွန္တရားက သမုဒယသစၥာပါ။ လိုခ်င္တပ္မက္မႈ တဏွာကို ဆိုလိုပါတယ္။ ဆင္းရဲဒုကၡကို ျဖစ္ေပၚေစတဲ့ အေၾကာင္းျဖစ္တဲ့ ဒီတဏွာဟာလဲ ကိုယ္တိုင္ ေတြ႕သိ ခံစားရတဲ့ အရာပါ။ အဓိပၸါယ္ သတ္မွတ္လို႔လဲ ရတယ္။ လက္ေတြ႕ ခံစား သိျမင္လို႔လဲ ရပါတယ္။ ဒီဒုကၡနဲ႔ ဒုကၡရဲ႕ အေၾကာင္းတရား အမွန္ကို ဒႆနပညာဆိုင္ရာ စကားလုံးေတြနဲ႔ ရွင္းျပဖို႔ မလိုပါဘူး။ ကိုယ္ေတြ႕ ခံစားသိျမင္ရတဲ့ အရာေတြပါ။

တတိယ အမွန္တရားကေတာ့ နိေရာဓသစၥာပါ။ ဆင္းရဲကုန္ဆုံးတဲ့သေဘာ၊ ဆင္းရဲၿငိမ္းတဲ့သေဘာပါ။ ဒီသေဘာကို အနႏၲ တန္ခိုးရွင္ဆိုသူ တစ္ဦးဦးကို အားကိုးလို႔ မရပါဘူး။ ယုံၾကည္႐ုံမွ် ဆုေတာင္႐ုံမွ်နဲ႔လဲ မရႏိုင္ပါဘူး။ ဆင္းရဲဒုကၡရဲ႕ အေၾကာင္းတရားကို ပယ္သတ္ႏိုင္မွပါ ။
Credit -HlaThanAung

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X