News

မြန်မာပြည် ကိုဗစ်ထိန်းချုပ်ရေးစင်တာကြီး ပြီးစီးပါက တရုတ်နဲ့ ပူးပေါင်းပြီး ကိုဗစ်ကို တိုက်ထုတ်မည်

Unicode

မြန်မာပြည် ကိုဗစ်ထိန်းချုပ်ရေးစင်တာကြီး ပြီးစီးပါက တရုတ်နဲ့ ပူးပေါင်းပြီး ကိုဗစ်ကို တိုက်ထုတ်မည်

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနပြီးစီးပါက တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက‌ပြောပါသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းကိရိယာများလှူဒါန်းပေးအပ်မှုအခမ်းအနားသို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့တွင် ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကို အမြန်ဆုံးစတင်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အဆိုပါ ဌာနပြီးစီးပါက ကူးစက်ရောဂါနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်ကောင်းမွန်စွာဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး စွမ်းဆောင်ရည်မြှင့်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ သုတေသနလေ့လာမှုများဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ ဓာတ်ခွဲလုပ်ငန်းများ ပိုမိုအဆင့်မြင့်မားစွာဆောင်ရွက်ခြင်း စသည် တို့ကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးကပြောသည်။

ကိုဗစ် ဖြစ်ပွားနေစဉ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ဗဟိုအစိုးရ၊ ဒေသဆိုင်ရာအစိုးရ၊ ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများက ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ပံ့ပိုးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့များလည်း (၃) ကြိမ်လာရောက်ခဲ့ကာ အတွေ့အကြုံများ မျှဝေပေးခဲ့သည်။

ထို့အပြင်တရုတ်နိုင်ငံ အစိုးရမှ အမေရိကန်ဒေါ်လာ (၅.၉၄) သန်းကျော်နှင့် ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများမှ ယခုနှင့် မတ်လ (၁၇) ရက်နေ့ မှ ယနေ့အထိ အမေရိကန်ဒေါ်လာ (၈) သိန်း (၉) သောင်းကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၆.၈) သန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းကိရိယာများအား ကိုဗစ်ကာလ ပံ့ပိုးပေးအပ်ခဲ့သည်။

Zawgyi

ျမန္မာျပည္ ကိုဗစ္ထိန္းခ်ဳပ္ေရးစင္တာႀကီး ၿပီးစီးပါက တ႐ုတ္နဲ႔ ပူးေပါင္းၿပီး ကိုဗစ္ကို တိုက္ထုတ္မည္

ျမန္မာႏိုင္ငံေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုဌာနၿပီးစီးပါက တ႐ုတ္ႏွင့္ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက‌ေျပာပါသည္။

ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္အတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ေဆးပစၥည္းကိရိယာမ်ားလႉဒါန္းေပးအပ္မႈအခမ္းအနားသို႔ Video Conferencing စနစ္ျဖင့္ တက္ေရာက္ခဲ့တြင္ ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားခဲ့သည္။

“တ႐ုတ္ႏိုင္ငံ၏ ပံ့ပိုးမႈျဖင့္ ျမန္မာႏိုင္ငံေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုဌာန (Myanmar Center for Disease Control) ကို အျမန္ဆုံးစတင္တည္ေဆာက္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနသည္ကိုလည္း ေက်းဇူးတင္ရွိပါတယ္။ အဆိုပါ ဌာနၿပီးစီးပါက ကူးစက္ေရာဂါႏွင့္ မကူးစက္ႏိုင္ေသာေရာဂါမ်ား ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို ပိုမိုထိေရာက္ေကာင္းမြန္စြာေဆာင္႐ြက္ျခင္း၊ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး စြမ္းေဆာင္ရည္ျမႇင့္လုပ္ငန္းမ်ား ပိုမိုက်ယ္ျပန႔္စြာေဆာင္႐ြက္ျခင္း၊ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္း၍ သုေတသနေလ့လာမႈမ်ားေဆာင္႐ြက္ျခင္း၊ ႏွစ္ႏိုင္ငံ ပညာရွင္မ်ား ပူးေပါင္းေဆာင္႐ြက္မႈလုပ္ငန္းမ်ား က်ယ္ျပန႔္စြာေဆာင္႐ြက္ျခင္း၊ ဓာတ္ခြဲလုပ္ငန္းမ်ား ပိုမိုအဆင့္ျမင့္မားစြာေဆာင္႐ြက္ျခင္း စသည္ တို႔ကိုလုပ္ေဆာင္သြားမွာျဖစ္ပါတယ္” ဟု ဝန္ႀကီးကေျပာသည္။

ကိုဗစ္ ျဖစ္ပြားေနစဥ္အတြင္း ျမန္မာႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံ ဗဟိုအစိုးရ၊ ေဒသဆိုင္ရာအစိုးရ၊ ကုမၸဏီႏွင့္ လူမႈအဖြဲ႕အစည္းမ်ားက ေဆးႏွင့္ေဆးပစၥည္းကိရိယာမ်ား ပံ့ပိုးခဲ့ၿပီး ေဆးဘက္ဆိုင္ရာ ပညာရွင္အဖြဲ႕မ်ားလည္း (၃) ႀကိမ္လာေရာက္ခဲ့ကာ အေတြ႕အႀကဳံမ်ား မွ်ေဝေပးခဲ့သည္။

ထို႔အျပင္တ႐ုတ္ႏိုင္ငံ အစိုးရမွ အေမရိကန္ေဒၚလာ (၅.၉၄) သန္းေက်ာ္ႏွင့္ ကုမၸဏီႏွင့္ လူမႈအဖြဲ႕အစည္းမ်ားမွ ယခုႏွင့္ မတ္လ (၁၇) ရက္ေန႔ မွ ယေန႔အထိ အေမရိကန္ေဒၚလာ (၈) သိန္း (၉) ေသာင္းေက်ာ္၊ စုစုေပါင္း အေမရိကန္ေဒၚလာ (၆.၈) သန္းေက်ာ္ တန္ဖိုးရွိ ေဆးႏွင့္ေဆးပစၥည္းကိရိယာမ်ားအား ကိုဗစ္ကာလ ပံ့ပိုးေပးအပ္ခဲ့သည္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X