Celebrity News

Unicode

သွေးရည်ကြည်အလှူရှင်တွေ၏ကျေးဇူးနှင့် Covid-19 ရောဂါပိုးကို ကြံ့ကြံ့ခံတိုက်ခိုက်နေတဲ့ ထွန်းကိုကို

FACE of MYANMAR 2013 Winner တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ထွန်းကိုကိုကတော့ အနုပညာလောကမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ပါပဲ။ အဆင်းရော အချင်းပါ ပြီးပြည့်စုံတဲ့ ထွန်းကိုကိုကတော့ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ကိုင်နေပြီး

အများအကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ လူငယ်တစ်ယောက်ပါပဲ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက အနေတည်ပြီး စိတ်ထားကောင်းလွန်းတဲ့ ထွန်းကိုကိုကို အနုပညာရှင်တစ်ယောက်ဆိုတာထက် စိတ်ကောင်းရှိသူတစ်ယောက်အဖြစ် ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထွန်းကိုကိုက ဦးကျော်သူနဲ့အတူတူ ဆေးရုံတက်ရင်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆေးရုံပေါ်ရောက်ရှိနေတာ ရက်ပေါင်းများစွာရှိနေပြီဖြစ်တဲ့ ထွန်းကိုကိုကတော့ သွေးရည်ကြည်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကြောင့် Covid-19 ရောဂါပိုးကို ကြံ့ကြံ့ခံတိုက်ခိုက်နေကြောင်း အခုလိုပဲ ပြသလာပါတယ်။

ထွန်းကိုကိုကတော့ မြောက်ဥက္ကလာဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထွန်းကိုကိုတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာစေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yanpaing Tunko’s fb

Zawgyi

ေသြးရည္ၾကည္အလႉရွင္ေတြ၏ေက်းဇူးႏွင့္ Covid-19 ေရာဂါပိုးကို ႀကံ့ႀကံ့ခံတိုက္ခိုက္ေနတဲ့ ထြန္းကိုကို

FACE of MYANMAR 2013 Winner တစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ ထြန္းကိုကိုကေတာ့ အႏုပညာေလာကမွာ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္တစ္ေယာက္ပါပဲ။ အဆင္းေရာ အခ်င္းပါ ၿပီးျပည့္စုံတဲ့ ထြန္းကိုကိုကေတာ့ ပရဟိတအလုပ္ေတြကိုလည္း စြမ္းစြမ္းတမံလုပ္ကိုင္ေနၿပီး

အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ေနတဲ့ လူငယ္တစ္ေယာက္ပါပဲ။ အဲ့ဒါေၾကာင့္လည္း ပရိသတ္ေတြက အေနတည္ၿပီး စိတ္ထားေကာင္းလြန္းတဲ့ ထြန္းကိုကိုကို အႏုပညာရွင္တစ္ေယာက္ဆိုတာထက္ စိတ္ေကာင္းရွိသူတစ္ေယာက္အျဖစ္ ခ်စ္ခင္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ထြန္းကိုကိုက ဦးေက်ာ္သူနဲ႔အတူတူ ေဆး႐ုံတက္ရင္း Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေဆး႐ုံေပၚေရာက္ရွိေနတာ ရက္ေပါင္းမ်ားစြာရွိေနၿပီျဖစ္တဲ့ ထြန္းကိုကိုကေတာ့ ေသြးရည္ၾကည္လႉဒါန္းေပးၾကတဲ့ အလႉရွင္ေတြေၾကာင့္ Covid-19 ေရာဂါပိုးကို ႀကံ့ႀကံ့ခံတိုက္ခိုက္ေနေၾကာင္း အခုလိုပဲ ျပသလာပါတယ္။

ထြန္းကိုကိုကေတာ့ ေျမာက္ဥကၠလာေဝဘာဂီေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ထြန္းကိုကိုတစ္ေယာက္ အျမန္ဆုံး ေနေကာင္းသက္သာေစဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yanpaing Tunko’s fb

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X