News

မန္တလေးမြို့ပေါ်မှာ တရက်ထဲ ကိုဗစ်ပိုးတွေ့သူ ၈၀ ကျော်အထိ ရှိလာ

Unicode

မန္တလေးမြို့ပေါ်မှာ တရက်ထဲ ကိုဗစ်ပိုးတွေ့သူ ၈၀ ကျော်အထိ ရှိလာ

မန္တလေးမြို့ပေါ်တွင် ယနေ့ နိုဝင်ဘာ ၅ ရက် တစ်ရက်တည်းတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၈၁ယောက်အထိရှိခဲ့ပြီး တစ်တိုင်းလုံးတွင် တစ်ရက်တည်း ၉၂ဦးအထိ ရှိခဲ့ကြောင်း ထုတ်ပြန်သည့်စာရင်းဇယားများအရ သိရပါတယ်။

မန္တလေးခရိုင်အတွင်း ၇ မြို့နယ်တွင် မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့၌ နိုဝင်ဘာလဆန်းပိုင်းအတွင်း ပိုးတွေ့လူနာ များလာသကဲ့သို့ အဆိုပါလူနာများထဲတွင် အသက်အရွယ်ငယ်သောကလေးများလည်း ပါဝင်နေသည်ဟု လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

“လူနာတွေထဲမှာ ကလေးငယ်တွေပါလာသလို တစ်ချို့ ရုတ်တရက်အနံ့ပျောက်ပြီး ကိုဗစ်လူနာဖြစ်ခဲ့တာတွေလည်း ရှိတယ် ဒီတစ်ပတ်အတွင်းမှာ ချမ်းအေးသာစံနဲ့မဟာအောင်မြေက လူနာတိုးလာတယ် သူတို့နဲ့ထိစပ်တွေကလည်းများတယ်.နောက်ပြည်ကြီးတံခွန်ဘက်ကလည်းတိုးလာတယ် တစ်ရက်တစ်ရက်လူနာက ၅၀ ဝန်းကျင်အထက်မှာ ရှိနေတယ်”ဟု မန္တလေး မဟာအောင်မြေမြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့မှစေတနာ့ဝန်ထမ်းတစ်ဦးမှ ပြောပါတယ်။

တစ်ချို့သောကိုဗစ်လူနာများမှာ ၎င်းတို့၏အိမ်လိပ်စာများကို အတိအကျမပေးသောကြောင့် ထိစပ်သူများကို ရှာဖွေရန်အခက်အခဲရှိသည်ဟု သီရိမာလာအရှေ့ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပါတယ်။

Zawgyi

မႏၲေလးၿမိဳ႕ေပၚမွာ တရက္ထဲ ကိုဗစ္ပိုးေတြ႕သူ ၈၀ ေက်ာ္အထိ ရွိလာ

မႏၲေလးၿမိဳ႕ေပၚတြင္ ယေန႔ ႏိုဝင္ဘာ ၅ ရက္ တစ္ရက္တည္းတြင္ ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူ ၈၁ေယာက္အထိရွိခဲ့ၿပီး တစ္တိုင္းလုံးတြင္ တစ္ရက္တည္း ၉၂ဦးအထိ ရွိခဲ့ေၾကာင္း ထုတ္ျပန္သည့္စာရင္းဇယားမ်ားအရ သိရပါတယ္။

မႏၲေလးခ႐ိုင္အတြင္း ၇ ၿမိဳ႕နယ္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္တို႔၌ ႏိုဝင္ဘာလဆန္းပိုင္းအတြင္း ပိုးေတြ႕လူနာ မ်ားလာသကဲ့သို႔ အဆိုပါလူနာမ်ားထဲတြင္ အသက္အ႐ြယ္ငယ္ေသာကေလးမ်ားလည္း ပါဝင္ေနသည္ဟု လူမႈကူညီေရးအသင္းမ်ားထံမွ သိရပါတယ္။

“လူနာေတြထဲမွာ ကေလးငယ္ေတြပါလာသလို တစ္ခ်ိဳ႕ ႐ုတ္တရက္အနံ႔ေပ်ာက္ၿပီး ကိုဗစ္လူနာျဖစ္ခဲ့တာေတြလည္း ရွိတယ္ ဒီတစ္ပတ္အတြင္းမွာ ခ်မ္းေအးသာစံနဲ႔မဟာေအာင္ေျမက လူနာတိုးလာတယ္ သူတို႔နဲ႔ထိစပ္ေတြကလည္းမ်ားတယ္.ေနာက္ျပည္ႀကီးတံခြန္ဘက္ကလည္းတိုးလာတယ္ တစ္ရက္တစ္ရက္လူနာက ၅၀ ဝန္းက်င္အထက္မွာ ရွိေနတယ္”ဟု မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ လူမႈကူညီေရးအသင္းအဖြဲ႕မွေစတနာ့ဝန္ထမ္းတစ္ဦးမွ ေျပာပါတယ္။

တစ္ခ်ိဳ႕ေသာကိုဗစ္လူနာမ်ားမွာ ၎တို႔၏အိမ္လိပ္စာမ်ားကို အတိအက်မေပးေသာေၾကာင့္ ထိစပ္သူမ်ားကို ရွာေဖြရန္အခက္အခဲရွိသည္ဟု သီရိမာလာအေရွ႕ရပ္ကြက္ အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးမွ ေျပာပါတယ္။

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X