Dahama Knowledge

ဘုန်းကြီးတွေကို ဝေဖန်ရင် ငရဲကြီးလား (ပါချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Unicode

ဘုန်းကြီးတွေကို ဝေဖန်ရင် ငရဲကြီးလား (ပါချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

ဘုန်းကြီးတွေ ဝေဖန်ရင် ငရဲကြီးတယ် ။အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်သလား ! လူပုဂ္ဂိုလ်တွေက ဘုန်းကြီးတွေကို လုံးဝေဝဖန်ပိုင်ခွင့် မရှိဘူးလား

မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာ ကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးက ငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲ မဆန်းပါဘူး။

မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလို အဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ `မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။

မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့ အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ ရဟန်းတော်တွေကို အကိုလိုမောင်လိုသားလို လေးစားကြည်ညို ချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် အဘက်ဘက်က လိုလေသေးမရှိ ထောက်ပံ့လှုဒါန်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ လှုဒါန်းစရာရှိရင်လည်း လိုသေးမရှိလှုဒါန်းတတ်ပြီး ရဟန်းတော်တွေကို ဆုံးမစရာရှိရင် ဆုံးမတတ်သလို ဝေဖန်စရာရှိရင်လည်း ဗွင်းဗွင်းကြီး အားမနာတမ်းဝေဖန်တတ်သူဖြစ်ပါတယ်။

ဝိသာခါဟာ သားသမီးမြေးမြစ်ပေါများပြီး အသက်လည်းရှည်တာကြောင့် ‘အလွန်မင်္ဂလာရှိသော သူလို့ မြို့သူမြို့သားများက အသိအမှတ်ပြုပြီး ဘာသာခြားတို့ကအစ လက်ထပ်မင်္ဂလာစသောကိစ္စတို့၌ ပင့်ဖိတ်ပြီး ဦးစွာကျွေးမွေးဧည့်ခံကာ “ဤသတို့သားနဲ့ သတိုးသမီးသည် အရှင်မကဲ့သို့ အသက်ရှည်စွာ အနားကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းကြပါတယ်။

တစ်နေ့မှာတော့ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်အိမ်အရောက်မှာ ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးဟာ သတိုးသမီးနဲ့အတူ အခန်းတစ်ခန်းထဲ မှာ နှစ်ယောက်ထဲ စကားပြောနေတာကို မြင်လိုက်ရပါတယ်။ မြင်လျှင်မြင်ချင်းပဲ အခန်းထဲဝင်သွားကာ “အရှင်ဘုရား မာတုဂါမနဲ့ နှစ်ယောက်ထဲ မဖွယ်ရာပြုနိုင်တဲ့နေရာမှာ စကားပြောနေတာဟာ မသင့်တော်ပါဘူး။ အရှင်ဘုရားက ရိုးရိုးသားသား ပြောဆိုနေတာဆိုရင်တောင် လူအများက အရှင်ဘုရားတို့ ရိုးရိုးသားသား ပြောဆိုနေတယ်ဆိုတာ ယုံကြည်ကြမှာ မဟုတ်ပါဘူးလို့ ပြောဆိုဆုံးမပါတယ်။

ဥဒါယီရဟန်းဟာ ပြောစကားနားမထောင်တာကြောင့် ဝိသာခါဟာ လမ်းထွက်ပြီး “ဥဒါယီကိုယ်တော်ဟာ မိန်းကလေးနဲ့အတူ ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်ထဲ ထိုင်စကားပြောနေပါတယ်ဆိုပြီး လမ်းပေါ်သွားနေတဲ့ ရဟန်းမှန်သမျှကို လျှောက်ထားပါတယ်။ ရဟန်းတွေကလည်း ဘုရားကို ပြန်လျှောက်ကြပါတယ်။ ဒီအခါမှာ ဘုရားရှင်က သိက္ခာပုဒ်ပညတ်တော်မူပါတယ်။ ဝိသာခါဟာ ပြောဆိုဆုံးမဝေဖန်စရာရှိရင် ရဟန်းတွေကိုလည်း အကြွေးမထားပဲ ပြောဆိုဆုံးမဝေဖန်တတ်ပါတယ်။
ဘုရားရှင်လက်တော်က မစ္ဆိကာသဏ္ဍမြို့မှာ စိတ္တသူကြွယ်ဆိုတာ ရှိခဲ့ပါတယ်။ သူကပဉ္စ၀ဂ္ဂီအပါတွင်ပါ၀င်သော မဟာနာမ်ထေရ်ထံမှာ တရားနာပြီး သောတာပန်တည်ခဲ့သူပါ။ မဟာနာမ်မ္မေထရ္က သူလှုတဲ့ကျောင်းမှာ သီတင်းမသုံးတာမို့ သုဓမ္မအမည်ရှိတဲ့ ရဟန်းတစ်ပါးကို ကျောင်းအပ်ကာ ကိုးကွယ်ပါတယ်။ တစ်နေ့တော့ အဲဒီမြို့လေးကို အရှင်သာရိပုတ္တရာမထေရ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်တို့ဟာ နောက်ပါရဟန်းတစ်ထောင်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။

စိတ္တသူကြွယ်ဟာ အရှင်သာရိပုတ္တရာမထေရ်ထံမှာ တရားနာကြားပြီး အနာဂါမ်ဖြစ်သွားပါတယ်။ တစ်ရက်မှာ သူကြွယ်က အဂ္ဂသာဝကနှစ်ပါးကို အိမ်ဆွမ်းစားကြွဖို့ပင့်ဖိတ်ပါတယ်။ ပြီးမှ ကျောင်းထိုင်ဖြစ်တဲ့ သုဓမ္မရဟန်းကို ပင့်ဖိတ်ပါတယ်။ သုဓမ္မရဟန်းဟာ သူ့ကို အရင်မပင့်ဖိတ်လို့ စိတ်ဆိုးကာ ငြင်းလွှတ်လိုက်ပါတယ်။

သုဓမ္မရဟန်းဟာ နောက်နေ့ဆွမ်းစားချိန်ကျတော့ စိတ္တသူကြွယ်အိမ်ကို သွားပါတယ်။ အိမ်ရောက်လာတဲ့ သုဓမ္မရဟန်းကို စိတ္တသူကြွယ်က ကောင်းမွန်ချိုသာစွာနဲ့ “အရှင်ဘုရား ဒီနေရာမှာ သီတင်းသုံးပါလို့ လျှောက်ထားတဲ့အခါမှာ “ငါဆွမ်းစားလာတာမဟုတ်ဘူး။ လှုဖွယ်ဝတ္ထုတွေကို လာကြည့်တာလို့ ပြောပြီး ဟိုဟိုသည်သည် တစ်ခဏမျှကြည့်ကာ “ဒကာ သင့်လှုဖွယ်ဝတ္ထုတို့သည် များပြားပေစွ။ သို့သော်ကား နှမ်းကြွပ်မုန့်ကား မပါချေဆိုပြီး စိတ္တသူကြွယ်စိတ်ဆင်းရဲအောင် ပြောပါတယ်။

စိတ္တသူကြွယ်တို့မျိုးရိုးက နှမ်းကြွပ်မုန့်သည်တွေပါ။ `အရှင်သုဓမ္မ အရှင်ကား တစ်ခဏမျှပင်နား၍ရှု့သော်လည်း အကုန်အစင် မြင်တတ်သော ကျီးကန်းနဲ့တူပါပေတယ်လို့ စိတ္တသူကြွယ်က ပြန်ပြောလိုက်တဲ့အခါမှာ စိတ်ဆိုးပြီး `ဒီသူကြွယ်ရဲ့ ကျောင်းမှာ ငါမနေဘူးလို့ တွေးပြီး ရာဇဂြိုဟ်က ဘုရားရှင်ဆီသွားပါတယ်။

မိမိကိုလာရောက်တဲ့ သုဓမ္မရဟန်းကို ဘုရားရှင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာကြောင့် ရာဇဂြိုဟ်ကို ပြောင်းရွှေ့ခဲ့တာလည်းဆိုတာကို မေးမြန်းတော်မူပါတယ်။ သုဓမ္မရဟန်းကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားပါတယ်။

ဒီအခါမှာ ဘုရားရှင်က “စိတ္တသူကြွယ်ရဲ့ အပြစ်မဟုတ်၊ သင်ရဲ့ အပြစ်သာဖြစ်တယ်။ စိတ္တသူကြွယ်ကို သွားတောင်းပန်ချေဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ သုဓမ္မရဟန်း လာတောင်းပန်းတာကို စိတ္တသူကြွယ်က သုဓမ္မရဟန်း မာနကျစေလိုတာကြောင့် ခွင့်မလွှတ်ပါဘူး။ ဒီအခါမှာ သုဓမ္မရဟန်းက ဘုရားရှင်ဆီ ပြန်ပြီး လျှောက်ထားရပါတယ်။ ဘုရားရှင်ကလည်း ပြန်သွားပြီး တောင်းပန်ခိုင်းပါတယ်။ ဒီလိုနဲ့ သုံးကြိမ်သုံးခါ သွားလိုက်ပြန်လိုက် လုပ်ပြီးမှ ခွင့်လွှတ်ပေးပါတယ်။ သုဓမ္မရဟန်းလည်း သိပ်မကြာခင်မှာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

တစ်ခါမှာလည်းပဲ သောတာပန်အရိယာများဖြစ်တဲ့ ဃောသကသူဌေးကြီးတို့ ဦးဆောင်သော ကောသမ္ဗီမြို့က ဒကာဒကာမတွေဟာ အကျင့်သီလအင်မတန်စင်ကြယ်ကြတဲ့ ရဟန်းတော်များ အတ္တမာနကို အခြေခံပြီးဖြစ်တဲ့ စိတ်ဝမ်းကွဲပြားမှုကို ပြန်လည်ညီညွတ်စေဖို့အတွက် ဝါတွင်းသုံးလပတ်လုံး ဆွမ်းလောင်းလှုခြင်း မရှိပဲ ရဟန်းတော်တွေကို အကြပ်ကိုင်ကာ ညီညွတ်စွာနေထိုင်ကြအောင် ပြုလုပ်ခဲ့ဘူးပါတယ်။

အထက်ပါ၀တ္ထုတွေကို ထောက်ဆပြီးတော့ သာသနာတော်ကြီး စင်ကြယ်စေဖို့အတွက် အပြုသဘောဆောင်တဲ့ စိတ်ကောင်းစိတ်မြတ်များနဲ့ဆိုရင် ရဟန်းသံဃာတွေကို ဝေဖန်ရုံမျှမက လိုအပ်ရင် အကြပ်ကိုင်ပြီးတောင် ဆုံးမနိုင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။ ရဟန်းသံဃာတွေကို ကောင်းစေလို၍ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးပြုလုပ်တာဟာ အပြစ်မရှိသလို ငရဲလဲမကြီးပါဘူး။

ဒကာဒကာမတွေအနေနဲ့ ဤကဲ့သို့ ဝေဖန်မှုမျိုးကို ပြုလဲပြုလုပ်သင့်ကြပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်စင်ကြယ်ကြယ်နဲ့ အဓွန့်ရှည်တည်တန့်နိုင်မှာဖြစ်ပါတယ်။

ဒုတိယရွှေကျင်သာသနာပိုင် ဘာသာဋီကာကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက “ဤဝိသာခါ၀တ္ထုကို မှတ်ချက်ထား၍ ယခုကာလ၌လည်း သာသနာ သန့်ရှင်းစေလိုသော သဘောဖြင့် မတော်မတဲ့ ပြုကျင့်သူများကို ယဉ်ကျေးစွာ ပြောဆိုတားမြစ်နိုင် ကဲ့ရဲ့ရှုံ့ချနိုင်၏။

ထိုသို့ ကဲ့ရဲ့ရှုံ့ချမှုကြောင့် တစ်စုံတစ်ခုမျှ အပြစ်မရှိချေလို့ ဘုရားဥပဒေတော်ကြီးကျမ်းမှာ ရေးသားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတွေကို ကောင်းစေလိုတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုပြုလုပ်ခြင်းကြောင့် အပြစ်မဖြစ်သလို ငရဲလည်းမကြီးဆိုတာ သိမှတ်နားလည်ထားကြရပါမယ်။ ယုတ်မာသော စိတ်နေသဘောထားနဲ့ အပြစ်မရှိအပြစ်ရှာပြီး ရှုတ်ချဝေဖန်တာမျိုးကတော့ အပြစ်ရှိပါတယ်။ ငရဲကြီးပါတယ်။

ပါချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Zawgyi

ဘုန္းႀကီးေတြကို ေဝဖန္ရင္ ငရဲႀကီးလား (ပါခ်ဳပ္ဆရာေတာ္ ဘဒၵႏၲေဒါက္တာအရွင္နႏၵမာလာဘိဝံသ)

ဘုန္းႀကီးေတြ ေဝဖန္ရင္ ငရဲႀကီးတယ္ ။အျပစ္ျဖစ္တယ္ဆိုတာ ဟုတ္သလား ! လူပုဂၢိဳလ္ေတြက ဘုန္းႀကီးေတြကို လုံးေဝဝဖန္ပိုင္ခြင့္ မရွိဘူးလား

ေမးသင့္ေမးထိုက္တဲ့ ေမးခြန္းျဖစ္ၿပီး အေျဖကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ျပန္လည္ေဆြးေႏြးေျဖၾကားေပးမွ ေကာင္းမယ္လို႔ထင္ျမင္မိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘာသာေရးနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုရမွာကို ဗုဒၶဘာသာဝင္အမ်ားစုဟာ ေၾကာက္႐ြံ႕ထိတ္လန႔္တတ္ၾကသလို ေဝဖန္သူရွိရင္ေတာင္ မိစာၦဒိ႒ိတစ္ဦးသဖြယ္ ရႈ႕ျမင္တတ္ၾကလို႔ပါ။ ဗုဒၶဘာသာဝင္မွန္ရင္ ကေလးဘဝထဲက ငရဲႀကီးလိမ့္မယ္ဆိုတဲ့ စကားနဲ႔ ႀကီးပ်င္းလာခဲ့ရတာမို႔ ဗုဒၶဘာသာဝင္မွန္ရင္ အားလုံးနီးပါးက ငရဲႀကီးမွာ ေၾကာက္ၾကတာ ဆန္းေတာ့လဲ မဆန္းပါဘူး။

ျမတ္စြာဘုရားရွင္က ဝိဘဇၨဝါဒေတာ္ရွိေပမယ့္ ရွင္ရဟန္းေတြပဲျဖစ္ျဖစ္ ဘာသာဝင္ေတြပဲျဖစ္ျဖစ္ ကိုယ္တိုင္ေဝဖန္ေရးလုပ္ရမွာကိုလည္း ေသမေလာက္ေၾကာက္ၾကသလို အေဝဖန္ခံလိုက္ရၿပီဆိုရင္လည္း ငါ့ကို ေကာင္းေစခ်င္လို႔ အျပဳသေဘာေဝဖန္တာလား ဂုဏ္သိကၡာ ညႇိဳးႏြမ္းေအာင္လို႔ အပ်က္သေဘာကဲ့ရဲ႕အတင္းဆို ရႈတ္ခ်ၿပီးေျပာတာလားဆိုတာကို မေဝခြဲေတာ့ပဲ `မင္းကေတာ့ ဘယ္ေလာက္ေကာင္းေနလို႔လဲ!ဆိုတဲ့ စကားလုံးၾကမ္းၾကမ္းေတြနဲ႔ ျပန္လည္တုန႔္ျပန္တတ္ၾကပါတယ္။

မညႇာမတာေဝဖန္ရရင္ ဒါဟာ ပညာမဲ့ျခင္းရဲ႕ အစျဖစ္ၿပီး လူမိုက္ေတြရဲ႕ လကၡဏာလည္းျဖစ္ပါတယ္။

ပုဗၺာ႐ုံေက်ာင္းအမႀကီး ဝိသာခါဟာ ေထရဝါဒဗုဒၶသာသနာေတာ္မွာ ေနလိုလလို ထင္ရွားေက်ာ္ၾကားပါတယ္။ ဝိသာခါေက်ာင္းအမႀကီးဟာ ရဟန္းေတာ္ေတြကို အကိုလိုေမာင္လိုသားလို ေလးစားၾကည္ညိဳ ခ်စ္ခင္ျမတ္ႏိုးတတ္သူတစ္ဦးျဖစ္ၿပီး ရဟန္းေတာ္ေတြ သာသနာ့ဝန္ကို အားသြန္ႀကိဳးပမ္းထမ္း႐ြက္ႏိုင္ေအာင္ အဘက္ဘက္က လိုေလေသးမရွိ ေထာက္ပံ့လႈဒါန္းသူတစ္ဦးလည္းျဖစ္ပါတယ္။ ဝိသာခါေက်ာင္းအမႀကီးဟာ လႈဒါန္းစရာရွိရင္လည္း လိုေသးမရွိလႈဒါန္းတတ္ၿပီး ရဟန္းေတာ္ေတြကို ဆုံးမစရာရွိရင္ ဆုံးမတတ္သလို ေဝဖန္စရာရွိရင္လည္း ဗြင္းဗြင္းႀကီး အားမနာတမ္းေဝဖန္တတ္သူျဖစ္ပါတယ္။

ဝိသာခါဟာ သားသမီးေျမးျမစ္ေပါမ်ားၿပီး အသက္လည္းရွည္တာေၾကာင့္ ‘အလြန္မဂၤလာရွိေသာ သူလို႔ ၿမိဳ႕သူၿမိဳ႕သားမ်ားက အသိအမွတ္ျပဳၿပီး ဘာသာျခားတို႔ကအစ လက္ထပ္မဂၤလာစေသာကိစၥတို႔၌ ပင့္ဖိတ္ၿပီး ဦးစြာေကြၽးေမြးဧည့္ခံကာ “ဤသတို႔သားနဲ႔ သတိုးသမီးသည္ အရွင္မကဲ့သို႔ အသက္ရွည္စြာ အနားကင္း၍ ခ်မ္းသာျခင္းႏွင့္ ျပည့္စုံပါေစလို႔ ဆုေတာင္းၾကပါတယ္။

တစ္ေန႔မွာေတာ့ ဖိတ္ၾကားထားတဲ့ မဂၤလာေဆာင္အိမ္အေရာက္မွာ ဥဒါယီဆိုတဲ့ရဟန္းတစ္ပါးဟာ သတိုးသမီးနဲ႔အတူ အခန္းတစ္ခန္းထဲ မွာ ႏွစ္ေယာက္ထဲ စကားေျပာေနတာကို ျမင္လိုက္ရပါတယ္။ ျမင္လွ်င္ျမင္ခ်င္းပဲ အခန္းထဲဝင္သြားကာ “အရွင္ဘုရား မာတုဂါမနဲ႔ ႏွစ္ေယာက္ထဲ မဖြယ္ရာျပဳႏိုင္တဲ့ေနရာမွာ စကားေျပာေနတာဟာ မသင့္ေတာ္ပါဘူး။ အရွင္ဘုရားက ႐ိုး႐ိုးသားသား ေျပာဆိုေနတာဆိုရင္ေတာင္ လူအမ်ားက အရွင္ဘုရားတို႔ ႐ိုး႐ိုးသားသား ေျပာဆိုေနတယ္ဆိုတာ ယုံၾကည္ၾကမွာ မဟုတ္ပါဘူးလို႔ ေျပာဆိုဆုံးမပါတယ္။

ဥဒါယီရဟန္းဟာ ေျပာစကားနားမေထာင္တာေၾကာင့္ ဝိသာခါဟာ လမ္းထြက္ၿပီး “ဥဒါယီကိုယ္ေတာ္ဟာ မိန္းကေလးနဲ႔အတူ ဆိတ္ကြယ္ရာအရပ္မွာ ႏွစ္ေယာက္ထဲ ထိုင္စကားေျပာေနပါတယ္ဆိုၿပီး လမ္းေပၚသြားေနတဲ့ ရဟန္းမွန္သမွ်ကို ေလွ်ာက္ထားပါတယ္။ ရဟန္းေတြကလည္း ဘုရားကို ျပန္ေလွ်ာက္ၾကပါတယ္။ ဒီအခါမွာ ဘုရားရွင္က သိကၡာပုဒ္ပညတ္ေတာ္မူပါတယ္။ ဝိသာခါဟာ ေျပာဆိုဆုံးမေဝဖန္စရာရွိရင္ ရဟန္းေတြကိုလည္း အေႂကြးမထားပဲ ေျပာဆိုဆုံးမေဝဖန္တတ္ပါတယ္။
ဘုရားရွင္လက္ေတာ္က မစၦိကာသ႑ၿမိဳ႕မွာ စိတၱသူႂကြယ္ဆိုတာ ရွိခဲ့ပါတယ္။ သူကပၪၥ၀ဂၢီအပါတြင္ပါ၀င္ေသာ မဟာနာမ္ေထရ္ထံမွာ တရားနာၿပီး ေသာတာပန္တည္ခဲ့သူပါ။ မဟာနာမ္ေမၼထရၠ သူလႈတဲ့ေက်ာင္းမွာ သီတင္းမသုံးတာမို႔ သုဓမၼအမည္ရွိတဲ့ ရဟန္းတစ္ပါးကို ေက်ာင္းအပ္ကာ ကိုးကြယ္ပါတယ္။ တစ္ေန႔ေတာ့ အဲဒီၿမိဳ႕ေလးကို အရွင္သာရိပုတၱရာမေထရ္နဲ႔ အရွင္မဟာေမာဂၢလာန္မေထရ္တို႔ဟာ ေနာက္ပါရဟန္းတစ္ေထာင္နဲ႔အတူ ေရာက္ရွိခဲ့ပါတယ္။

စိတၱသူႂကြယ္ဟာ အရွင္သာရိပုတၱရာမေထရ္ထံမွာ တရားနာၾကားၿပီး အနာဂါမ္ျဖစ္သြားပါတယ္။ တစ္ရက္မွာ သူႂကြယ္က အဂၢသာဝကႏွစ္ပါးကို အိမ္ဆြမ္းစားႂကြဖို႔ပင့္ဖိတ္ပါတယ္။ ၿပီးမွ ေက်ာင္းထိုင္ျဖစ္တဲ့ သုဓမၼရဟန္းကို ပင့္ဖိတ္ပါတယ္။ သုဓမၼရဟန္းဟာ သူ႔ကို အရင္မပင့္ဖိတ္လို႔ စိတ္ဆိုးကာ ျငင္းလႊတ္လိုက္ပါတယ္။

သုဓမၼရဟန္းဟာ ေနာက္ေန႔ဆြမ္းစားခ်ိန္က်ေတာ့ စိတၱသူႂကြယ္အိမ္ကို သြားပါတယ္။ အိမ္ေရာက္လာတဲ့ သုဓမၼရဟန္းကို စိတၱသူႂကြယ္က ေကာင္းမြန္ခ်ိဳသာစြာနဲ႔ “အရွင္ဘုရား ဒီေနရာမွာ သီတင္းသုံးပါလို႔ ေလွ်ာက္ထားတဲ့အခါမွာ “ငါဆြမ္းစားလာတာမဟုတ္ဘူး။ လႈဖြယ္ဝတၳဳေတြကို လာၾကည့္တာလို႔ ေျပာၿပီး ဟိုဟိုသည္သည္ တစ္ခဏမွ်ၾကည့္ကာ “ဒကာ သင့္လႈဖြယ္ဝတၳဳတို႔သည္ မ်ားျပားေပစြ။ သို႔ေသာ္ကား ႏွမ္းႂကြပ္မုန႔္ကား မပါေခ်ဆိုၿပီး စိတၱသူႂကြယ္စိတ္ဆင္းရဲေအာင္ ေျပာပါတယ္။

စိတၱသူႂကြယ္တို႔မ်ိဳး႐ိုးက ႏွမ္းႂကြပ္မုန႔္သည္ေတြပါ။ `အရွင္သုဓမၼ အရွင္ကား တစ္ခဏမွ်ပင္နား၍ရႈ႕ေသာ္လည္း အကုန္အစင္ ျမင္တတ္ေသာ က်ီးကန္းနဲ႔တူပါေပတယ္လို႔ စိတၱသူႂကြယ္က ျပန္ေျပာလိုက္တဲ့အခါမွာ စိတ္ဆိုးၿပီး `ဒီသူႂကြယ္ရဲ႕ ေက်ာင္းမွာ ငါမေနဘူးလို႔ ေတြးၿပီး ရာဇၿဂိဳဟ္က ဘုရားရွင္ဆီသြားပါတယ္။

မိမိကိုလာေရာက္တဲ့ သုဓမၼရဟန္းကို ဘုရားရွင္က ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ဘာေၾကာင့္ ရာဇၿဂိဳဟ္ကို ေျပာင္းေ႐ႊ႕ခဲ့တာလည္းဆိုတာကို ေမးျမန္းေတာ္မူပါတယ္။ သုဓမၼရဟန္းကလည္း ျဖစ္ေၾကာင္းကုန္စင္ ေလွ်ာက္ထားပါတယ္။

ဒီအခါမွာ ဘုရားရွင္က “စိတၱသူႂကြယ္ရဲ႕ အျပစ္မဟုတ္၊ သင္ရဲ႕ အျပစ္သာျဖစ္တယ္။ စိတၱသူႂကြယ္ကို သြားေတာင္းပန္ေခ်ဆိုၿပီး မိန႔္ေတာ္မူခဲ့ပါတယ္။ သုဓမၼရဟန္း လာေတာင္းပန္းတာကို စိတၱသူႂကြယ္က သုဓမၼရဟန္း မာနက်ေစလိုတာေၾကာင့္ ခြင့္မလႊတ္ပါဘူး။ ဒီအခါမွာ သုဓမၼရဟန္းက ဘုရားရွင္ဆီ ျပန္ၿပီး ေလွ်ာက္ထားရပါတယ္။ ဘုရားရွင္ကလည္း ျပန္သြားၿပီး ေတာင္းပန္ခိုင္းပါတယ္။ ဒီလိုနဲ႔ သုံးႀကိမ္သုံးခါ သြားလိုက္ျပန္လိုက္ လုပ္ၿပီးမွ ခြင့္လႊတ္ေပးပါတယ္။ သုဓမၼရဟန္းလည္း သိပ္မၾကာခင္မွာ ရဟႏၲာျဖစ္သြားခဲ့ပါတယ္။

တစ္ခါမွာလည္းပဲ ေသာတာပန္အရိယာမ်ားျဖစ္တဲ့ ေဃာသကသူေဌးႀကီးတို႔ ဦးေဆာင္ေသာ ေကာသမၺီၿမိဳ႕က ဒကာဒကာမေတြဟာ အက်င့္သီလအင္မတန္စင္ၾကယ္ၾကတဲ့ ရဟန္းေတာ္မ်ား အတၱမာနကို အေျခခံၿပီးျဖစ္တဲ့ စိတ္ဝမ္းကြဲျပားမႈကို ျပန္လည္ညီၫြတ္ေစဖို႔အတြက္ ဝါတြင္းသုံးလပတ္လုံး ဆြမ္းေလာင္းလႈျခင္း မရွိပဲ ရဟန္းေတာ္ေတြကို အၾကပ္ကိုင္ကာ ညီၫြတ္စြာေနထိုင္ၾကေအာင္ ျပဳလုပ္ခဲ့ဘူးပါတယ္။

အထက္ပါ၀တၳဳေတြကို ေထာက္ဆၿပီးေတာ့ သာသနာေတာ္ႀကီး စင္ၾကယ္ေစဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ စိတ္ေကာင္းစိတ္ျမတ္မ်ားနဲ႔ဆိုရင္ ရဟန္းသံဃာေတြကို ေဝဖန္႐ုံမွ်မက လိုအပ္ရင္ အၾကပ္ကိုင္ၿပီးေတာင္ ဆုံးမႏိုင္တယ္ဆိုတာ လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားလွပါတယ္။ ရဟန္းသံဃာေတြကို ေကာင္းေစလို၍ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈမ်ိဳးျပဳလုပ္တာဟာ အျပစ္မရွိသလို ငရဲလဲမႀကီးပါဘူး။

ဒကာဒကာမေတြအေနနဲ႔ ဤကဲ့သို႔ ေဝဖန္မႈမ်ိဳးကို ျပဳလဲျပဳလုပ္သင့္ၾကပါတယ္။ ဒါမွသာလွ်င္ သာသနာေတာ္ႀကီးဟာ စင္စင္ၾကယ္ၾကယ္နဲ႔ အဓြန႔္ရွည္တည္တန႔္ႏိုင္မွာျဖစ္ပါတယ္။

ဒုတိယေ႐ႊက်င္သာသနာပိုင္ ဘာသာဋီကာက်မ္းျပဳအေက်ာ္ အဂၢမဟာပ႑ိတ ေက်းဇူးေတာ္ရွင္ အမရပူရ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီးက “ဤဝိသာခါ၀တၳဳကို မွတ္ခ်က္ထား၍ ယခုကာလ၌လည္း သာသနာ သန႔္ရွင္းေစလိုေသာ သေဘာျဖင့္ မေတာ္မတဲ့ ျပဳက်င့္သူမ်ားကို ယဥ္ေက်းစြာ ေျပာဆိုတားျမစ္ႏိုင္ ကဲ့ရဲ႕ရႈံ႕ခ်ႏိုင္၏။

ထိုသို႔ ကဲ့ရဲ႕ရႈံ႕ခ်မႈေၾကာင့္ တစ္စုံတစ္ခုမွ် အျပစ္မရွိေခ်လို႔ ဘုရားဥပေဒေတာ္ႀကီးက်မ္းမွာ ေရးသားေတာ္မူခဲ့ပါတယ္။ ဒါေၾကာင့္ ရဟန္းသံဃာေတြကို ေကာင္းေစလိုတာေၾကာင့္ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈျပဳလုပ္ျခင္းေၾကာင့္ အျပစ္မျဖစ္သလို ငရဲလည္းမႀကီးဆိုတာ သိမွတ္နားလည္ထားၾကရပါမယ္။ ယုတ္မာေသာ စိတ္ေနသေဘာထားနဲ႔ အျပစ္မရွိအျပစ္ရွာၿပီး ရႈတ္ခ်ေဝဖန္တာမ်ိဳးကေတာ့ အျပစ္ရွိပါတယ္။ ငရဲႀကီးပါတယ္။

ပါခ်ဳပ္ဆရာေတာ္ ဘဒၵႏၲေဒါက္တာအရွင္နႏၵမာလာဘိဝံသ

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X